← Chapters

အဘိုးကြီးစု ၏ ခန့်မှန်းချက်

Vol. 7 Ch. 103

အဘိုးကြီးစု ၏ ခန့်မှန်းချက်

Vol. 7 Ch. 103

အရှေ့အရပ်မှလာသော ခရမ်းရောင်လေသည် သူရဲကောင်း အသိုင်းဝိုင်းတွင် ရှားပါးသော်လည်း သမိုင်းစာအုပ်များတွင် ရှည်လျားသော မှတ်တမ်းများနှင့် မရေမတွက်နိုင်သော များပြားသော ကိန်းဂဏန်းများ အထိ ခရမ်းရောင်လေအကြောင်း ရေးမှတ်ထားသည်။ ထို့ကြောင့် သမိုင်းစာအုပ်များတွင် အရှေ့အရပ်မှလာသော ခရမ်း‌ရောင်လေ ဟူသော မှတ်တမ်းများရှိသည်။ သို့သော် ခရမ်းရောင်တိမ်များ ဖြစ်လာခြင်း ဖြစ်စဉ်ကိုတော့ မကြားဖူးကြပေ။

သမိုင်းစာအုပ်တွေမှာ အလားတူဖြစ်ရပ်မျိုးကို ရှာရခက်လှသည်။ ကြီးမားကျယ်ပြန့်သော ပတ်၀န်းကျင်ကို ဖုံးလွှမ်းနေသော ခရမ်းရောင်တိမ်တိုက်ကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မရေးသားထားပေ။

မူလက “ခရမ်းရောင်တိမ်များ ဖြစ်‌ပေါ်ခြင်း”နှင့်” အရှေ့ အရပ်မှလာသော ခရမ်းရောင်လေ”တို့ ဆက်စပ်မှုမျိုးကို မည်သူမျှမသိကြပေ။

သို့သော် အဘိုးကြီးစု သည် တစ်နည်းနည်းဖြင့် ဆက်စပ်တွေးခေါ် လာသည်။

လင်ရှင်းထုံ မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် "ဆရာ၊ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ခရမ်းရောင်တိမ်တွေက ဒီလောက်ကြီးတဲ့ ဧရိယာကို လွှမ်းခြုံထားတာ ပြီးတော့ ဘယ်လိုလုပ်အရှေ့အရပ်က ‌လေက ပါလာရတာလဲ"

"အရှေ့အရပ်မှ လာ‌သော ခရမ်းရောင်လေဟာ စစ်သည်တော်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ကောင်းကင်အဆင့် ယွမ်ချီ ရဲ့ အသိအမှတ်ပြုမှု ရရှိလိုက်တာပဲ၊ ခရမ်းရောင်တိမ်တိုက်တွေဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး၊ ကျယ်ပြန့်တဲ့ ကျတ်တီးမြေတစ်ခုလုံးရဲ့ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားနဲ့ အသက်သွင်းခဲ့မယ်ဆိုရင်တော့ အဲဒီလောက် အတိုင်းအတာနဲ့‌တော့ လုံလောက်မှာမဟုတ်ဘူး"

လင်ရှင်းထုံက မယုံကြည်နိုင်ဖြစ်‌ နေသည်။ ဧကရာဇ်မင်းမြတ်၏ အောင်မြင်မှုများကိုပင်လျှင် ထိုကဲ့သို့ ချဲ့ကားပြောဆိုခြင်း မရှိခဲ့ချေ။

အဘိုးကြီးစု က ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ ရယ်မောရင်း "ဟား၊ ငါ စိတ်ထဲရှိတာကို ပြောနေတာပဲ"

အဘိုးကြီးစုက ထိုကိစ္စကို ဆက်မပြောတော့ပေ။ သို့သော် အဘိုးကြီးစု သည် တစ်စုံတစ်ခု အလေးနက်စဉ်းစားသူ ဖြစ်သဖြင့် စဉ်းစားသည့် အရာများမှာလည်း တိကျလေ့ရှိသည်။

"ရှင်းထုံ မင်းက အဲကောင်လေးအတွက် ‘နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း’မှတ်စုစာအုပ် ပေးခဲ့တယ်မလား၊အဲဒီကနေ ဒီလောက်ထိ ထိုးထွင်းသိမြင်လာတာ သူ့ရဲ့ ခံယူချက်က မဆိုးဘူးဆိုတာ ‌သေချာတယ်။ အဲဒါနဲ့ ရှင်းထုံ မင်းက အဲဒီကလေးရဲ့ ဆရာဖြစ်သွားပြီလေ။ အိုး၊ ငါက မင်းရဲ့ဆရာ၊ အဲ‌တော့ အဲကောင်လေးက အခု ငါ့ရဲ့ တပည့်ပေါ့၊အေး ဒီကောင် ငါဆီကအခွင့်‌ရေး ထပ်ယူပြန်ပြီ ”

အဘိုးကြီး စု က ခေါင်းယမ်းပြီး ပြောလိုက်တယ်။လင်ရှင်းထုံမှာ ထိုစကားကိုကြားတော့ အားရပါးရ ရယ်လိုက်သည်။အကယ်၍ အခြားသူတစ်ဦးကသာ အဘိုးအိုတစ်ဦးကို ဆရာအဖြစ် အသိအမှတ်ပြုခဲ့ပါက အရေးမသာနိုင် ဖြစ်နိုင်ကောင်းလောက်သည်။ သူမ၏ဆရာသာ ထိုသို့ကိစ္စမျိုး ဖြစ်လာခဲ့လျှင်မူ ထိုသူက ဆရာဖြစ်သူအား ဆရာဘိုးဘိုးဟုပင် အသိအမှတ်ပြုပြီး အခွင့်ကောင်းယူနိုင် ကြလောက်သည်။

"ရှင်းထုံ ၊ မင်းမပြော‌ပေမယ့် ငါ သူ့ကို သဘောကျစပြုနေပြီ။ မင်းရဲ့ ယင် သွေးကြော တွေအပေါ် သူ့ရဲ့လွှမ်းမိုးမှုကို မင်းရှာတွေ့ပြီလား "

လင်ရှင်းထုံ က ခေါင်းခါလိုက်သည်။ အရိပ်တစ်ခုနောက်ကို ပြေးလိုက်သလိုမျိုးပင် အကြောင်းရင်းကို အဆုံးအဖြတ်ပေးနိုင်သည် နည်းလမ်းမရှိပေ။

ထိုညတွင် လင်ရှင်းထုံ ပြန်ရောက်သောအခါ သူမ၏ 'နတ်မိမယ်နှလုံးသားကျမ်း' ကို ပင်ပင်ပန်းပန်း ကြိုးစားကျင့်ကြံ သော်လည်း သူမ၏ သွေးကြောများသည် မည်သည့်တုံ့ပြန်မှုမရှိဘဲ ခြောက်ကပ်သွားခဲ့သည်။

လင်ရှင်းထုံမှာ ထိုရလဒ်မျိုးကိုလည်း မျှော်လင့်ထားသည်...

သို့သော် စုကျဲမှာ အကောင်းမြင်စိတ်ဖြင့် "ရှင်းထုံ ငါ အမတ်၀မ်ယွင် နဲ့ ရက်အနည်းငယ်ကြာမှ တွေ့ဖြစ်မယ်။ ခရမ်းရောင်တိမ်တိုက် ဖြစ်‌ပေါ်မှုကို စုံစမ်းကြည့်တော့ ဘာတစ်ခုမှ ထူးမလာဘူး။ ဒါပေမယ့် အမတ်၀မ်ယွင် က နိုင်ငံတော်ရတနာကို တိမ်တိုက်ရိုင်းနယ်မြေ ကို ယူဆောင်လာတယ်၊ အဲဒီရတနာသံလိုက်အိမ်မြှောင်က ရှေးဟောင်းအပျက်အစီးတွေကို ရှာဖွေနိုင်ခဲ့တယ်။ပြီးတော့ အဲဒီ လျှို့ဝှက်မြေပြင်က အန္တရာယ်အရမ်း များတယ်။တန်ခိုးရှင် အမတ်၀မ်ယွင် အပါအ၀င် တော်တော်များများ တောင်အလွယ်တကူဝင်လို့မရဘူး။ အချိန်အတော်ကြာအောင် ကြိုးစားပမ်းစားအချိန်ယူပြီး အမတ်၀မ်ယွင် က ရှေးဟောင်း အပျက်အစီးတွေရဲ့ မြေပုံကို အပြီးသတ်နိုင်ခဲ့တာ၊ငါအခု အဲဒီကို သွားဖို့ ဆုံးဖြတ်တာနဲ့တင် စိတ်လှုပ်ရှားနေပြီ၊အဲဒီမှာ ရှေးဟောင်း ပျက်ဆီးခြင်းကောင်းကင် သခင်ရှိရမယ်၊ သူကမင်းရဲ့ သွေးကြောတွေကို ဖွင့်ပေးနိုင်လိမ့်မယ်လို့ ငါထင်မိတယ်"

စုကျဲ က ထိုသို့ပြောလိုက်သောအခါ လင်ရှင်းထုံ က ကြုံတွေ့လာရမည်အရာများကို စိုးရိမ်တကြီးဖြင့် “ဆရာကြီး၊ အဲဒီရှေးဟောင်းအပျက်အစီးတွေ…”

"ဟာဟား၊ စိတ်မပူပါနဲ့၊ ငါအဆင်ပြေမှာပါ။ ငါသွားရတဲ့ အဓိက အကြောင်းရင်းက မြေပုံဖွဲ့စည်းပုံတာကို ဖြေရှင်းဖို့ပဲ၊ အပြင်က ကျယ်ပြောလှတဲ့ တောထဲမှာ နှစ်တွေ အကြာကြီး လမ်းလျှောက်ဖူးတယ်၊ ဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ။ ငယ်ငယ်တုန်းကတော့ ဒီ‌နယ်မြေတွေရဲ့ အန္တရာယ်တွေကြားမှာ ရတနာတွေ ရယူနိုင်ခဲ့တယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖြေရှင်းပြီးပြီ။ ငါအဲနယ်မြေတွေဆီ ရောက်တာ ဘယ်နှစ်ခေါက်ရှိမှန်းတောင် မသိတော့ဘူး" အဘိုးကြီးစုက ဂုဏ်ယူစွာပြောသည်။စုကျဲမှာ ထိုအကြောင်းကို ကြွားလုံးထုတ်ခြင်း သာမကပဲ အန္တရာယ်ကို အမှန်ပင် ချေဖျက်နိုင်စွမ်းရှိသည်။ အန္တရာယ်များစွာဖြင့် ရင်ဆိုင်ဖူးပြီး ရတနာတွေ အများကြီးနဲ့ ပြန်လာနိုင်ခဲ့ဖူးသည်။

သို့သော် ယခုအခါ အဘိုးကြီးစုကို မှော်ဆန်သောနယ်မြေများသို့ ဝင်ရောက်ရန် ခေါ်ယူသည့် လူအများမှာ ဆန့်ကျင်ဘက်ဖြစ်သည်။

စုကျဲ သည် ငယ်ရွယ်စဉ်ကာလတွင် ထိုမျှ ကျော်ကြားခြင်းမရှိသောလည်း မှော်ဆန်သောနယ်ပယ်များကို စူးစမ်းလေ့လာမှုများများစွာတွင် ပါဝင်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် အဘိုးကြီးစု မှလွဲ၍ တခြားသူအားလုံး၏ ခရီးစဥ်တစ်ခုလုံးကို ဖျက်သိမ်းပစ်ရန် မမျှော်လင့်ထားသော အန္တရာယ်အချို့ကို ကြုံတွေ့ခဲ့ရပေသည်။

ထိုခရီးစဥ်မှ ရတနာအချို့ကို အဘိုးကြီးစု ရဖူးသော်လည်း ထိုအကြောင်းများကို တခါမှ ထုတ်ပြောခြင်းမရှိပေ။

စုကျဲသည် ထိုအဖြစ်အပျက်များမှ အခြားသူများအား ပြန်သတိရသည့်အခါတိုင်းတွင် ဝမ်းနည်းပူဆွေးမှု ပေါ်လာပြီး သေဆုံးသွားသူများကိုပင် ဂုဏ်ပြုပေးလေ့ရှိသည်။ ထိုမှော်ဆန်သောနယ်မြေ၌ အဘိုကြီးစု ကြုံတွေ့ခဲ့ရသော စိတ်ဒဏ်ရာများစွာ ရှိပုံပေါ်သည်။

မျက်စိတမှိတ် အတိတ်ကာလတွင်၊လူများသည် စုကျဲကို မြေအောက်အလုပ်ရုံ ဒါမှမဟုတ် လေလံအိမ်မှာတွင် လူအများ အသုံးမ၀င်သော ပစ္စည်းများကို ၀ယ်နေသည်ကို မြင်တွေ့လေ့ရှိကြသည်။ ညစ်ပတ်‌‌နေသော အပြုံးဖြင့် စုကျဲသည် ၎င်း၏ အိတ်အတွင်းတွင် ပစ္စည်းများပြည့်သောအခါ၌ ပြန်သွားလေ့ရှိသည်။

ထိုသို့ အကြိမ်အနည်းငယ်တွေ့ပြီးနောက်တွင် လူများက စုကျဲအား “အပြေးသမားစု” ဟု နာမည်ပြောင်ပေးကြပြီး “အပြေးသမားစု”ဟုလူသိများသော နာမည်‌ ပြောင်သည် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်တွင် စူးစမ်းလေ့လာမှု အဖွဲ့မှာ စုကျဲအား ခေါ်ယူခြင်းမရှိတော့ပဲ ဖယ်ရှားလိုက်ကြသည်။

သို့သော် အဘိုးကြီးစုကို အလွယ်တကူကြောက်ရွံနိုင်သူ ဟု ထင်ခဲ့ကြသော်လည်း စုကျဲမှာ အန္တာရယ်များကို အလျင်အမြန်ရင်ဆိုင် နိုင်သဖြင့် စူစမ်းလေ့လေ့လာမှု အ‌ဖွဲ့မှာ ထုတ်ပယ်၍မရနိုင်ပေ။

ထို့ကြောင့် အဘိုးကြီး စုထံသို့ အမတ်၀မ်ယင် ၏ဖိတ်ကြားမှုမှာ မှော်ပညာနယ်ပယ်တွင် အလွန်ဖြေရှင်း၍မရသော ပြဿနာတစ်ရပ်ကို ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် စုကျဲမှာ နောက်ဆုံးနည်းလမ်းတစ်ခုအနေနဲ့ဖြင့် ရှိနေခြင်းဖြစ်သည်။

“...”

ထိုအချိန်တွင် လူအုပ်ကြီး အံ့သြတုန်လှုပ်‌နေစဉ် ယီယွင်မှာ ကျောက်စိမ်းစင်မြင့်ပေါ်မှ ဆင်းလာလာသည်။

"မင်းက ဆယ့်နှစ်နှစ်လား" ထိုအချိန်တွင် ယီယွင် နားထဲသို့ အသံတစ်ခု တိုး၀င်လာသည်။ယီယွင် ခေါင်းကို မော့လိုက်ပြီး မိမိကို ကြည့်နေသော ကျန်းတန် အား တွေ့လိုက်ရသည်။

ယီယွင်က ခြေလှမ်းများကို အရှိန်လျှော့ကာ ခေါင်းညိတ်လိုက်သည်။

"မင်း ချီစု‌ဆောင်းမှုနယ်ပယ်ရဲ့ ဘယ်အဆင့်ရောက်နေပြီလဲ "

ယီယွင် ခေါင်းညိတ်ပြပြန်သည်။

"ချီ စုဆောင်းမှု နယ်ပယ်ရဲ့ အစောပိုင်းအဆင့်တွေလား။ ဒါမှမဟုတ် ထိပ်တန်း အဆင့်မှာလား။"

"ထိပ်တန်း" ယီယွင် နှုတ်ခမ်းကို ညင်သာစွာ လှုပ်လိုက်သည်။ သို့သော် ကျန်းတန်သည် အဝေးမှပင် ဖတ်နိုင်ခဲ့သည်။

“ဒီကလေးက သူ့အသံကို အသံလှိုင်းဖြစ်အောင် ဘယ်လိုတွန်းရမလဲ မသိဘူးလား”

ထိုအချက်မှာ စိတ်ဝင်စားစရာဖြစ်သည်။ သွေးကြောနယ်ပယ်မှ လူများပင် သိနိုင်မည့် လှည့်ကွက်လေးတစ်ခုပင်ဖြစ်သည်။ ယီယွင်ဆရာက သူ့ကို မသင်ပေးထားခြင်းကြောင့်လား။

“မဖြစ်နိုင်ဘူး၊ ဆရာမရှိပဲ သူဒီလို 'နဂါးနံရိုး ကျားအရိုး လက်သီး' ကို ကျွမ်းကျင်နိုင်မှာ မဟုတ်ဘူး”

ကျန်းတန် ၏ စိတ်တွင် အတွေးမျိုးစုံ ၀င်လာသည်။

“ဒီကောင် ယီယွင် က အမိုက်စားပဲ”

ယီယွင် နယ်ပယ်တခုကိုဖြတ်ကျော်သွားပုံရသည်၊ ယီယွင် ချီစုဆောင်းမှု နယ်ပယ်၏ အစောပိုင်းအဆင့်မှ အထွတ်အထိပ်သို့ ရောက်သွားပုံရသည်။

အခြားသူများသည် ကြီးမားသောဖိအားအောက်တွင် ရုန်းကန်နေကြရသည်။ သို့သော် ယီယွင်က အောင်မြင်မှုရရှိရန် ထိုဖိအားများကို အသုံးပြုခဲ့သည်။

ပိုထင်ရှားသည်မှာ ယီယွင် ဆယ့်နှစ်နှစ်သာရှိနေခြင်းဖြစ်သည်။

ကောင်းစွာထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကောင်းမွန်သော ကျင့်ကြံခြင်းအဆင့်ဖြင့် တစ်ဆယ့်နှစ်နှစ်အရွယ် ယီယွင်မှာ အရည်ချင်းပြည့်မီသူ တစ်ဦးဖြစ်သည်။

"မင်း ထုတ်လိုက်တဲ့ တိမ်တွေက ဘာကိုဆိုလိုလဲ သိလား" ကျန်းတန်း မေးလိုက်သည်။

ယီယွင်က ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာသည်။ ကောင်းကင်၌ ခရမ်းရောင်အခိုးငွေ့များတစ်စွန်းတစ်စ ရှိ‌နေသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ တိမ်တိုက်များက တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ပြန့်ကျဲနေသော ခရမ်းရောင် ချည်မျှင်များကဲ့သို့ အလွန်လှပသည်။

ခရမ်းရောင်ကောင်းကင်...

ယီယွင် ကျင့်ကြံနေစဉ်၊ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ခရမ်းရောင်သလင်းကျောက်ဖြင့် ပေါင်းစည်းသွား ပြီးနောက်မရေမတွက်နိုင်သော ချွေးပေါက်များမှ စွမ်းအင်များ ထွက်လာသည်။

ဤစိတိဝိညာဉ်စွမ်းအင်သည် ကောင်းကင်အဆင့် ယွမ်ချီ နှင့် ခရမ်းရောင်အခိုးအငွေ့များဖြစ်ပေါ်လာပုံရသည်။

ဤခရမ်းရောင်အခိုးအငွေ့များသည် ခရမ်းရောင်သလင်းကျောက်၏ မူလအစနှင့် သက်ဆိုင်နေနိုင်သည်။

"မင်းမသိရင် ကောင်းပြီ၊ မောက်မာမှုနဲ့ ဒေါသကို သတိထားပါ၊ ဒီကမ္ဘာကြီးမှာ အရည်အချင်းတွေ အများကြီးရှိပြီး ကျယ်ပြန့်လွန်းတယ်။ တိုင်အာ နတ်ပြည်ထောင် မှာ နယ်နိမိတ်မရှိသလောက် ကျယ်၀န်းတယ်။ မင်းရဲ့ လက်ရှိအောင်မြင်မှုတွေကို အရမ်းကြီးမစဉ်းစားနဲ့၊ အလုပ်ကြိုးစားတာက နည်းလမ်းပဲ" ကျန်းတန်၏သွန်သင်ချက်များကို ယီယွင် လက်ခံခဲ့သည်။ တကယ်တော့ ကျန်းတန်၏ စကားများကြောင့် မိမိမှာသိုင်းလမ်းကြောင်းရဲ့အစ၌ မရှိတော့သည် သိလိုက်ရသည်။ ယီယွင် တွင် ရှေ့ဆက်ရမည့် ခရီးရှည်ကြီး ရှိနေသေးသည်။

ထိုအတွေးများဖြင့် ယီယွင် သည် ကျောက်စိမ်းစင်မှ ထွက်ခွာကာ ၎င်း၏နေရာသို့ လျှောက်လာခဲ့သည်။ လျှိုင် မျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် ယီယွင် ၏နေရာသည် လျှိုင် မျိုးနွယ်စု၏ ဘေးတွင်ရှိသည်။

All Chapters