မင်းထွက်ရပြီ။
Vol. 7 Ch. 104
ယီယွင် သည် သူ့နေရာသို့ တိတ်တဆိတ် ပြန်သွားပြီး နောက်ကျောကိုမှီကာ လက်ပိုက်၍ ရပ်နေလိုက်သည်။ အားလုံးက ယီယွင်ကို အာရုံစိုက်နေကြသည်။
လူအများမှာ ကောင်းကင်ရှိ ခရမ်းရောင်တိမ်တိုက်ကို မည်သို့ဖြစ်ကို ဆွေးနွေးနေကြတုန်းဖြစ်သည်။
အရှေ့အရပ်မှ လာသောခရမ်းရောင်လေ ဆိုသည်မှာ ကျယ်ပြောလှသော ကျတ်တီးမြေတွင် ထိပ်တန်း စစ်သည်များပင် မကြားခဲ့ဖူးသော အရာဖြစ်သည်၊သာမန်လူများမှာ ပို၍ မသိကြပေ။
တိမ်တိုက်ရိုင်းနယ်မြေတွင် ထိုမြင်ကွင်းမျိုးကို မည်သူမျှ မမြင်ဖူးကြပေ။တိုင်အာနတ်ပြည်တောင်မှ စစ်သည်တော်များ သည်ပင် အရှေ့အရပ်မှ ခရမ်းရောင်လေကို မြင်ဖူးသူ အလွန်နည်းပါးသည်။
ကြီးမားကျယ်ပြန့်သော ကျတ်တီးမြေမှ လူများကြားနှင့် တောက် မျိုးနွယ်စုမှ အကြီးအကဲများကိုယ်တိုင်ပင် သမိုင်းမှတ်စုစာအုပ်များတွင် အရှေ့အရပ်မှ လာသော ခရမ်းရောင်လေ ၏ မှတ်တမ်းများမှ အကြောင်းအရာများကိုသာ သိရှိကြခြင်းဖြစ်သည်။
သို့သော် ကျယ်ပြောလှသော ကျတ်တီးမြေရှိ ရှေးဟောင်းမှတ်တမ်း စာအုပ်များတွင် အသေးစိတ်ဖော်ပြထားခြင်းမရှိဘဲ အရှေ့အရပ်မှ ခရမ်းရောင်လေ ဟုသာဖော်ပြထားသည်။စာအုပ်တွေရေးသူများ ကိုယ်တိုင်ပင် ထိုခရမ်းရောင်လေ တစ်ခါမှမမြင်ဖူးသလို စိတ်ကူးထဲမှာ ပုံဖော်ထားခြင်းမျိုး ဖြစ်နိုင်ပေသည်။
ထိုကြောင့် မှတ်တမ်းများရှိ ခရမ်းရောင်လေ အကြောင်းမှာ ပါးစပ်ရာဇ၀င်သဖွယ် ဖြစ်နေလေသည်။
ယခု အရှေ့အရပ်မှလာသော ခရမ်းရောင်လေရဲ့ အခြေအနေမှာ လူအများ နားလည်နိုင်သော အခြေနေထက် ကျော်လွန်လျှက်ရှိသည်။ယီယွင်မှာ လူအများ မှန်းဆထားသော အရာထက် ကျော်လွန်လုပ်ဆောင်ပြခဲ့သဖြင့် နားလည်ရန် မစဉ်းစားနိုင်ပဲဖြစ်နေလေကြသည်။
တောက်မျိုးနွယ်စု၏ အကြီးအကဲအချို့ကသာ ခရမ်းရောင်လေ အကြောင်းကို သံသယအချို့ရှိခဲ့သော်လည်း အတည်မပြုဝံ့ကြပေ။ ကျန်းတန် ၏ တုံ့ပြန်မှုကိုသာ စောင့်စားနေလျှက်ရှိကြသည်။
ထိုအချိန်တွင် ကျန်းတန်သည် နေရာမှ ခဏထွက်ခွာသွားခဲ့သည်။ကျန်းတန် ခေါင်းဆောင်သော ကျင်းလုံဝေ့ အဖွဲ့ဝင်အနည်းငယ်က သေအမျိုး သွေးစစ်သည်များ၏ ရမှတ်တွေကို ပြုစုနေသည်။
စစ်သည်များ၏ နောက်ဆုံးရလဒ်များကို အသက်အရွယ်၊ ကျင့်ကြံခြင်းစနစ်အဆင့်၊ အင်အားနှင့် တခြားအချက်များစွာကို ထည့်သွင်းစဉ်းစားထားသည်။ထိုမှ နောက်ဆုံးရမှတ်တစ်ခု ထွက်လာခြင်းဖြစ်သည်။
ထိုရမှတ်သည် နောက်ဆုံးအဆင့်ကို ဆုံးဖြတ်ပြီး ပြိုင်ပွဲ၏ ပထမနေရာကို မည်သူ ရရှိမည် ဆုံးဖြတ်ကြသည်။ ပြိုင်ပွဲ၀င်က ကျင်းလုံဝေ့ ထိပ်တန်းလေ့ကျင်ရေးစခန်းထဲသို့ ၀င်ရောက်ခွင့်နှင့်၊ကျင်းလုံဝေ ၏ အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်များကို ခံစားခွင့်ရှိမရှိ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ရမှတ်သည် ပြိင်ပွဲ၀င်တို့၏ကံကြမ္မာကို ဆုံးဖြတ်ပေးသည့်အတွက် ပါဝင်သူများသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။
သို့သော်လည်း ယီယွင်မှာ ပြိုင်ပွဲ၀င်များကြားတွင် အလွန်ငြိမ်သက်နေ၏။
ရုတ်တရက် ယီယွင်က မိမိကိုသတ်လိုသော ရည်ရွယ်ချက်ဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည့် ခံစားချက်ရနေသည်။
ယီယွင်က ခေါင်းကို နောက်လှည့်ကြည့်လိုက်သောအခါ ဒေါသတကြီးဖြင့် မီးတောက်နေသောမျက်လုံးများနှင့် လျှိုင်ချမ်းယုကိုတွေ့လိုက်ရသည်။ ယီယွင်အား သတ်ဖြတ်ရန် မစောင့်နိုင်သကဲ့သို့ပင်။
ယခင်က လျှိုင်ချမ်းယုမှာ မိမိကို သတ်ချင်နေသည်ကိုသိသော်လည်း ယခုကဲ့သို့ မုန်းတီးမှုအဆင့်ကို ယီယွင် တစ်ခါမျှ မမြင်ဖူးပေ။ လျှိုင်ချမ်းယု မျက်လုံးများမှာ ယီယွင်၏သွေးကို သောက်ပြီး အသားများကို အစိမ်းလိုက်စားခြင်သလိုပင် ဖြစ်နေသည်။
လျှိုင်ချမ်းယု က ဘယ်လို ရူးသွပ်မှုမျိုးလဲ။
"လူယုတ်မာ၊ မင်း အအေးစပါးအုံ ပျက်ဆီးခြင်း အရိုးတွေကို တစ်ခုခုလုပ်ခဲ့လား" လျှိူင်ချမ်းယု အသံသည် ယီယွင် ၏နားထဲသို့ ရုတ်တရက် ရောက်လာသည်။
အစပိုင်းတွင် လျှိုင်ချမ်းယု သည် ပျက်ဆီးခြင်း အရိုးပြဿနာသည် ယီယွင်နှင့် သက်ဆိုင်သည်ဟု မထင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ပျက်ဆီးခြင်းအရိုးများကို သန့်စင်ခြင်းမပြီးဆုံးမှီ ယီယွင်မှာ အရှေ့မြစ်ထဲသို့ ခုန်ချသွားသောကြောင့်ဖြစ်သည်။ သန့်စင်ရေး လုပ်ငန်းစဉ်ကို နေ့ရောညပါ စောင့်ကြည့်နေသူများ ရှိခဲ့သည်။ ထို့အပြင် လီမီးတောက်ရေနှင့်အတူ ပွက်ပွက်ဆူနေသော အိုးကြီးထဲတွင် ပျက်ဆီးခြင်း အရိုးများလည်း ရှိနေသည်။ လီမီးတောက်ရေသည် အလွန်မြင့်မားသော အပူချိန်ရှိသောကြောင့်အရိုးများကို ထုတ်ယူရန် နည်းလမ်းမရှိပေ။
သို့သော် ယီယွင် သည် ၎င်း၏ထူးခြားသောအစွမ်းသတ္တိကို ပိုမိုပြသလာသဖြင့် လျှိုင်ချမ်းယုသည် ပျက်ဆီးခြင်းအရိုးသန့်စင်မှု လုပ်ငန်းစဉ်တွင် ထူးခြားသည့်အရာတစ်ခု ရှိနေသည်ကို ရုတ်တရက် စဉ်းစားမိသွားသည်။
ပထမဦးစွာ အအေးစပါးအုံ ပျက်ဆီးခြင်းအရိုးများတွင် ပြဿနာမရှိသင့်ပေ။ လျှိုင်ချမ်းယု ပထမဆုံးလက်ခံရရှိသော အအေးချီ၏ အေးစက်မှုကို ခံစားနိုင်သည်။ ထိုအေးစက်မှုသည် ပျက်ဆီးခြင်း အရိုး၏ အရည်အသွေးကို သက်သေပြခြင်းဖြစ်သည်။ ပျက်ဆီးခြင်းအရိုးများကို သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များစွာကို မှတ်တမ်းတင်ထားသည်။ အရိုးများကို သန့်စင်ပေးသော ခန္ဓာကိုယ် ကြံ့ခိုင်သော အမျိုးသား အများအပြားသည် ဖျားနာသွားကြသည်။ အအေးဒဏ်ကြောင့် ဒဏ်ရာများ ရခဲ့ကြသည်။
၎င်းသည် အလွန်ကောင်းမွန်သော အအေးစပါးအုံ အရိုးတစ်ခုဖြစ်သည်၊ သို့သော် သန့်စင်ပြီးနောက် မည်သို့ သက်ရောက်မှုမရှိခဲ့ပေ။
လျှိုင်ချမ်းယု သည် ပျက်ဆီးခြင်းအရိုး ခြင်ဆီ ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည် အတွက် အတွေ့အကြုံမရှိခဲ့ပေ။ကျင့်ကြံခြင်း လုပ်ငန်းစဉ် လွဲချော်သွားခြင်း သို့မဟုတ် မိမိ၏ ခန္ဓာကိုယ် တစ်ခုခု လွဲမှားနေပြီဟု လျှိုင်ချမ်းယု ယုံကြည်ခဲ့ခြင်းဖြစ်သည်။
သို့သော် သေချာစဉ်းစားကြည့်ပါက အရာအားလုံးမှာ သာမာန်မဟုတ်သည်ကို စဉ်းစားမိလာသည်။
ပျက်ဆီးခြင်း အရိုးများကို သန့်စင်ပြီးနောက် လျှိုင်ချမ်းယုမှာ ခွန်အားမတိုးလာရုံသာမက၊၎င်း၏ ဒေါသသည် နှလုံးသားကို ပူလောင်စေကာ သွေးကြောများကိုပါ ဒဏ်ရာရစေခဲ့သည်။ သို့သော် ယီယွင်မှာ ကျောက်ထိုင်ကျူထပ်ပင် ခွန်အားပိုကြီးလာခဲ့သည်။
ထို့အပြင် ထိုကာလအတွင်း ယီယွင်မှာ ပျက်စီးခြင်း အရိုးများကို သန့်စင်ခဲ့သည်။ယီယွင် သည် အအေးစပါးအုံ ပျက်ဆီးခြင်း အရိုးများ စွမ်းအင်ကို အထူးနည်းလမ်းကို အသုံးပြု၍ ရယူသွားခြင်း ဖြစ်နိုင်သည်။
နောက်ဆုံး လျှိုင်ချမ်းယု အသုံးပြုခဲ့သော ပျက်ဆီးခြင်းအရိုး ခြင်ဆီ များသည် အတုဖြစ်သည်။ တကယ့် ပျက်ဆီးခြင်းအရိုး ခြင်ဆီကို ယီယွင်က ခိုးယူအသုံးပြုလိုက်ခြင်း ဖြစ်နိုင်သည်။
လျှိုင်ချမ်းယုသည် ယီယွင် အသုံးပြုခဲ့သော နည်းလမ်းကို မသိသော်လည်း မိမိစဉ်းစားမိသည်မှာ ကျိုးကြောင်းဆီလျော်တဲ့ တစ်ခုတည်းသော ရှင်းပြချက်ပင် ဖြစ်သည်။
ယီယွင် က မိမိ နောက်ကျောကို ဓားဖြင့်ထိုးပြီး ပိုင်ဆိုင်သမျှ အားလုံးနှင့် မျှော်လင့်ချက်များကို လုယူသွားပြီ ဖြစ်သည်။
ယီယွင်သာ မရှိခဲ့လျှင် လျှိုင်ချမ်းယု သည် ယနေ့အချိန်၌ ခရမ်းရောင်သွေးနယ်ပယ်သို့ ရောက်ရှိကာ နိုင်ငံတော်၏ရွေးချယ်မှုကို အလွယ်တကူကျော်ဖြတ်ပြီး ကျင်းလုံဝေ့ အဖွဲ့ဝင်တစ်ဦးဖြစ်မည် သို့မဟုတ် ကျင်းလုံဝေ့၏ ထိပ်တန်းစစ်သည်တစ်ဦးပင် ဖြစ်နေမည် ဖြစ်သည် ။
လျှိုင်ချမ်းယုမှာ တွေးလေလေ၊ မိမိစဉ်းစားသည်မှာ မှန်သည်ဟု ပိုခံစားရလေလေဖြစ်သည်။၎င်း၏လက်သည်းများမှာ အသားကို ထိုးဖောက်သည့်အထိ လက်သီးနှစ်ဖက်လုံးကို ဆုပ်ထားကာ ဒေါသနှင့် တောက်လောင်နေ လျက်ရှိနေသည်။
“ယီယွင် မင်းငါ့ရဲ့အနာဂတ်ကို ဖျက်ဆီးပစ်လိုက်တယ်၊ မင်း သေခြင်းက ဘာလဲဆိုတာ သိစေရမယ်”
လျှိုင်ချမ်းယု အံကြိတ်ကာပြောလိုက်သည်။
လျှိုင်ချမ်းယု၏ ပြင်းထန်သော ဒေါသကြောင့် နှလုံးမှာ ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ သွေးကြောများမှာ ပိုးကောင်များကဲ့သို့ နဖူးပေါ်တွင် ပေါ်လာသည်။နှလုံးသွေးများပင် ပါးစပ်ထဲမှာ စုပုံနေပြီး တံတွေးနှင့်အတူ ထွေးထုတ်လုနီးပါး ဖြစ်နေသည်။
သွေးကြောများနှင့် နှလုံးခုန်သံများသည် လျှိုင်ချမ်းယု ၏ စွမ်းအင်ကို လျင်မြန်စွာ ပျံ့နှံ့စေပြီ စိတ်ကို တည်ငြိမ်စေရန် မနည်းထိန်းချုပ်ထားရသည်။
ယီယွင်သည် ဒေါသထွက်နေသော လျှိုင်ချမ်းယု ၏မျက်နှာကို မည်သို့ရင်ဆိုင်ရမှန်းမသိ ဖြစ်နေလေသည်။ ယီယွင်နှင့် လျှိုင်ချမ်းယု တို့သည် ညှိနှိုင်းမရသော အခြေအနေသို့ ရောက်ရှိကြပြီ ဖြစ်သည်။ယခင်က လျှိုင်ချမ်းယုသည် ယီယွင်အပေါ် အလေးအနက်မထားခဲ့သဖြင့် ၎င်း၏အကောင်းဆုံးအခွင့်အရေးကို ဆုံးရှုံးခဲ့ရလေပြီ။
"မင်း ထွက်ရပြီ" ယီယွင် ပါးစပ်ကိုလှုပ်၍ ထိုစကားများကို ပြောလိုက်သည်။
လျှိုင်ချမ်းယုမှာ မျက်နှာလွှဲသွားကာ "မင်းတကယ်ပဲ မင်းရဲ့ စိတ်ဝိညာဉ်လို့ခေါ်တဲ့ ကျောက်စိမ်းစင်မြင့်ပေါ်က ကျင့်ကြံခြင်းစနစ်နဲ့ မင်းငါ့ကို ဘာမဆိုလုပ်နိုင်မှာလား၊ မင်းသိုင်းပညာကို သုံးလလောက်လေ့ကျင့်ခဲ့ပြီး တကယ့်ဘဝနဲ့ သေခြင်းတိုက်ပွဲမှာ ငါ့ကို မနိုင်ပါဘူး" လျှိုင်ချမ်းယု သည် ယီယွင် ကို အရိုးထိအောင် မုန်းတီးသွားကာ စကားလုံးတိုင်းက ယီယွင် ကို ဓားဖြင့် ထိုးသလို ပြင်းထန်လှသည်။
လျှိုင်ချမ်းယု စိတ်ထဲမှာတော့ ယီယွင်ဟာ မိမိပိုင်ဆိုင်သော အရိုးခြင်ဆီများကို စားလိုက်ခြင်းကြောင့် သိုင်းပညာမှာ မယှဉ်နိုင်တဲ့ အရည်အချင်းရှိခဲ့ခြင်းဖြစ်မည်ဟုတွေးသည်။
လျှိုင်ချမ်းယု သည်လည်း ချီစုဆောင်းမှု နယ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရှိတော့မည် ဖြစ်သည်။ ထိုအခြေအနေတွင် လျှိုင်ချမ်းယုသည် ပျက်ဆီးခြင်း အရိုးခြင်ဆီ၏ စွမ်းအင်အကူအညီဖြင့် ခရမ်းရောင်သွေးနယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်သည်။
ယီယွင်သည် ဆေးဖက်၀င်အပင်များ ရှာဖွေရင်း မသေခင်အထိ သိုင်းပညာနှင့် ပတ်သက်ခြင်းမရှိခဲ့ပေ။ ပျက်ဆီးခြင်း အရိုးခြင်ဆီ၏ စွမ်းအင်တစ်ခုလုံးကို စုပ်ယူခြင်းဖြင့် သွေးကြောနယ်ပယ် အထွတ်အထိပ် သို့မဟုတ် ချီစုဆောင်းမှာ နယ်ပယ်၏ အစအဆင့်များအထိ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့အပြင် ယီယွင် သည် တိုက်ပွဲအတွေ့အကြုံမရှိပဲ သိုင်းပညာကို စတင်ခဲ့သူဖြစ်သည်။ ယီယွင်သည် လျှိုင်ချမ်းယု နှင့် ဘယ်လိုမှယှဉ်ရန် မဟုတ်ပေ။
သို့သော် လျှိုင်ချမ်းယု သည် ယီယွင်၏ သိုင်းပညာစွမ်းရည်ထက် သာလွန်ကြောင်း မသိနိုင်သေးပေ။ ယီယွင်၏ စိတ်ဝိညာဉ် ဒါမှမဟုတ် နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း ကို သရုပ်ပြသော အခြေနေများက ထိုစွမ်းရည်များအပေါ် မူတည်လျှက်ရှိသည်။
ထိုကြောင့် ယီယွင် ယခုထက်ပိုသောစွမ်းအားများ မရခင်အချိန်တွင် သတ်နိုင်ရန်လိုအပ်ပေသည်။
ထိုသို့မဟုတ်ပါက ယီယွင်အခုထပ်ပို၍ အင်အားကြီးလာပါက ၎င်းကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။