အကဲဖြတ်ခြင်းရလဒ်များ
Vol. 7 Ch. 105
ယီယွင် နှင့် လျှိုင်ချမ်းယု တို့သည် တစ်ဦးနှင်တစ်ဦး အပြန်အလှန် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေစဉ် ကျန်းတန် သည် ရင်ပြင်အလယ်သို့ လျှောက်လာသည်။သေမျိုးသွေးစစ်သည် များ၏ အကြိုဗိုလ်လုပွဲ အဆင့်နှင့် ရလဒ်များကို ကြေငြာရန်အတွက် ဖြစ်သည်။ အကြိုဗိုလ်လုပွဲက ပဏာမအဆင့်ပြိုင်ပွဲနှင့် မတူပေ။ ပဏာမအဆင့်ပွဲတွင် မည်သူအနိုင်ရခဲ့သည်ကို ရှင်းရှင်းလင်းလင်းသိရသော်လည်း အကြိုဗိုလ်လုပွဲ၏ ရလဒ်များကို ကျင်းလုံဝေ့မှ စာမေးပွဲစစ်ဆေးသူများမှ ဆုံးဖြတ်ရမည်ဖြစ်သည်။
ယခင်က ပြိုင်ပွဲ၀င်များကို ကျင်းလုံဝေ့ စာမေးပွဲစစ်ဆေးသူများသည် ပြိုင်ပွဲဝင်အသက်အရွယ်နှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ အမှတ်များပေးကြသည်။ အားလုံးဆွေးနွေးပြီးနောက် ရမှတ်များကို စီစစ်ကာ ပျမ်းမျှအားဖြင့် အဆင့်သတ်မှတ်ခြင်း ပြီးမြောက်ပြီ ဖြစ်သည်။
"ပြိင်ပွဲ၀င် အဆင့်သတ်မှတ်ချက်တွေကို ကြေငြာပါတော့မယ်။"
ကျန်းတန် က စင်ပေါ်ကို စာလိပ်ကိုင်ကာ တက်လာသည်ကို မြင်တော့ လူအုပ်ကြီးမှာ ချက်ခြင်းငြိမ်သက်စွာ စောင့်မျှော်နေကြသည်။
စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပင်…
မိမိတို့၏တတိယသခင် တောက်ယွင်ရှောင်း၏အဆင့်မှာ မည်သို့ရှိမည်ကို သိချင်နေကြသည်။
"အကြိုဗိုလ်လုပွဲရဲ့ အဆင့်တွေကို ကြေညာမယ်။ အမြင့်ဆုံးကနေ အနိမ့်ဆုံးအထိ ကောင်းကင်၊ ကမ္ဘာ၊ နတ်ဝိဇ္ဇာနဲ့ အဝါရောင်အဆင့်တွေပါ။ ကောင်းကင်အဆင့်က အမြင့်ဆုံးဖြစ်ပြီး အဝါရောင်အဆင့်က အနိမ့်ဆုံးပါ။ အဆင့်တစ်ခုစီမှာ သုညကနေ ကိုးအထိ ဆယ်ဆင့်ရှိတယ်။ စုစုပေါင်း၊ အဆင့်လေးဆယ်ရှိတယ်။"
"ကောင်းကင်အဆင့်၊ ရှေးခေတ်ဧကရာဇ်မင်းများရဲ့ အမှတ်အသားပဲ!"
"မြေကြီးအဆင့်သည် ရှေးပညာရှိများ၏ အမှတ်အသား"
"ဝိဇ္ဇာအဆင့်၊ လူသားသခင်တွေရဲ့ အမှတ်အသားပဲ!"
"အဝါရောင်အဆင့်က လူ့အထက်တန်းစားတွေရဲ့ အမှတ်အသားပဲ!"
ကျန်းတန် သည် ရလဒ်များကို မကြေငြာသေးပဲ အဆင့်များကို မိတ်ဆက်ကာ ပြိုင်ပွဲဝင်များနှင့် နားထောင်သူ ပရိသတ် အများအပြားကို စိတ်လှုပ်ရှားစေခဲ့သည်။
ရှေးဧကရာဇ်များ၊ ရှေးပညာရှိများ၊ လူသားသခင်များ။
အနိမ့်ဆုံး အဝါရောင်အဆင့်တောင်မှ လူ့အထက်တန်းစားပင်ဖြစ်သည်။
ရှင်းရှင်းလင်းလင်းပြောရရင် ထိုအကဲဖြတ်စည်းမျဉ်းများကို ကျန်းတန်နှင့် ကျင်းလုံဝေ့ သို့မှမဟုတ် တိုင်အာနတ်ပြည်ထောင်မှ မသတ်မှတ်ထားခြင်း မရှိပေ။
တိုင်အာနတ်ပြည်ထောင် သည် အလွန်ကြီးမားသော ဧကရာဇ်နိုင်ငံတော် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှေးခေတ်ဧကရာဇ်ကြီး သို့မဟုတ် ပညာရှိတစ်ဦးက အကဲဖြတ်ခြင်းမပြုဝံ့ကြပေ။
ထိုအကဲဖြတ်ခြင်းစည်းမျဉ်းများသည် ကမ္ဘာကအသိအမှတ်ပြုထားသော တူညီသောစံနှုန်းတစ်ခုရှိရမည် ဖြစ်သည်။
ထိုအချက်ကြောင့် ပြိုင်ပွဲဝင် တော်တော်များများဟာ အသက်ရှုချောင်ခဲ့ ပေသည်။ အချို့က ရလဒ်ကို စောင့်မျှော်နေရင် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေသည်။
လူတော်တော်များများက တခြားလူများဖြင့် မတူချင်သောစိတ်မှာ မသိစိတ်ထဲတွင် ရှိကြသည်။ သူတို့သည် ရှေးပညာရှိများ၊ ရှေးဧကရာဇ်များနှင့် အဆင့်မည်မျှကွာဝေးသည်ကို သိချင်ကြသည်။
ရှေးပညာရှင်များနှင့် နီးစပ်သည့် အဆင့်ကို ရနိုင်ပါ့မလား။
မာနအရှိဆုံးသူအချို့ အထူးသဖြင့် တောက်ယွင်ရှောင်း သည် ကြီးမားသော ကျတ်တီးမြေမှ ထွက်ခွာမည် သို့မဟုတ် တိုင်အာနတ်ပြည်ထောင်မှ ထွက်ခွာမည်ဟု ယုံကြည်ခဲ့ကြပြီး နောက်ဆုံးတွင် အင်ပါယာအသစ်တစ်ခုကိုဖန်တီးနိုင်သည်။ ထိုလူများအတွက် ရလဒ်ကြေငြာချိန်မှာ အေးအေးဆေးဆေးနေရန် အခက်ခဲဆုံး အချိန်များပင် ဖြစ်သည်။
တောက်ယွင်ရှောင်း သည် သူ့လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်သည်။ အေးစက်ပြီး မာနကြီးနေပုံရသော်လည်း လက်ချောင်းများဆီမှ စိတ်မသက်မသာဖြစ်နေသည်ကို မြင်တွေ့နိုင်သည်။
တောက်ယွင်ရှောင်း ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ ကမ္ဘာက သဘောတူထားတဲ့ စံနှုန်းတစ်ခုအပေါ် အခြေခံပြီး မိမိ၏ အနာဂတ် အောင်မြင်မှုများမှာ မည်သို့ဖြစ်လာမည်ကို သိချင်နေမိသည်။
“အသက်နှစ်ဆယ်အရွယ် စွန်းယွီ က 'နံဂါးနံရိုး ကျားအရိုး လက်သီးသိုင်း'မှာ အဆင့် မမှီဘူး”
ကျန်းတန် က အမိန့်ပေးသော အသံဖြင့် ကြေညာသည်။ လူအုပ်ထဲတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်သည် ကျန်းတန်၏ စကားများကို နားထောင်ရင်း မျှော်လင့်တကြီးစောင့်နေလျှက် ရှိနေသည်။ သို့သော် "မမှီဘူး" လို့ကြားလိုက်တဲ့အခါ ဆောက်တည်ရာမရ ဖြစ်သွားလေ၏
နောက်တစ်ဆင့် မတတ်ဘူးထင်တယ်...
စွန်းယွီ က စိတ်ပျက်အားငယ်စွာ သက်ပြင်းကို ထုတ်လိုက်သည်။ သို့သော် စွန်းယွီမှာ အဝါရောင်အဆင့်သို့ ဝင်ရောက်နိုင်မည့် လူ့အထက်တန်းစား ဖြစ်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။
စွန်းယွီအနေဖြင့် အကြိုဗိုလ်လုပွဲတွင် ပထမဆုံးသရုပ်ပြရသူဖြစ်သဖြင့် ပဏာမအဆင့်ပွဲမှာ နောက်ဆုံးလူဟု အဓိပ္ပာယ်ရသည်။ “လက်ရွေးစင်” ဖြစ်မလာခြင်းသည် ကျိုးကြောင်းဆီလျော်သည်။
သို့သော် လူအများရှေ့တွင် မိမိ၏ရလဒ်များကို ကြေညာလိုက်ခြင်းကြောင့် စွန်းယွီ ရှက်ရွံ့သွားသည်။
သို့သော် ရှက်စိတ်ကို ကြာကြာမခံစားလိုက်ပေ…
စွန်းယွီ၊ ကျိုးခန်း၊ ချန်ပင်ကွမ်း နှင့် တောက်ဟိုင် တို့ကိုပါ ကျန်းတန် က အဆင့်မမှီဟု ပြောလိုက်သဖြင့် အဝါရောင်အဆင့်သို့ပင် မရောက်ခဲ့ချေ။
ကျန်းတန် သည် အကြိုဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့သူ အစီအစဉ်အတိုင်း ရလဒ်များကို ထုတ်ပြန်ကြေငြာခဲ့သည်။ အခြေခံအားဖြင့် အဆင့်မမှီသူများသည် ထုတ်ပယ်ခံရခြင်းဖြင့် နိုင်ငံတော်ရွေးချယ်မှု ပြိုင်ပွဲတွင် ၎င်းတို့၏ခရီးအဆုံးသို့ ရောက်ရှိပြီဟုဆိုနိုင်သည်။
အကြိုဗိုလ်လုပွဲ ပြိုင်ပွဲဝင်များ၏ ထက်ဝက်နီးပါးဖြစ်သည့် နှစ်ဆယ့်ငါးယောက်အထိ မည်သူမျှ အဆင့်မမှီခဲ့ပေ။
ရလာဒ်အများကို အခြေခံ၍ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မှ အဝါရောင်အဆင့်သို့ မရောက်ဘဲ သာမန်လူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ထိုသို့ တင်းကျပ်သော စစ်ဆေးမှုကြောင့် တောက်ယွင်ရှောင်း ၏ မျက်လုံးများမှာ မီးတောက်လာခဲ့သည်။ရလာဒ်ကြေငြာရမည့် လူစာရင်းနည်းလာလေ တောက်ယွင်ရှောင်း၏သွေးများ ဆူပွက်လေလေ ဖြစ်သည်။ထိုစစ်ဆေးမှုသည် ယုံကြည်စိတ်ချရမှုများစွာရှိခဲ့သည်။ ထို့ကြောင့် ထိုရလာဒ်မှာ မိမိ၏ အနာဂတ် အောင်မြင်မှုကို ပြောပြနိုင်လိမ့်မည်။
ကျန်းတန် ကြေငြာသည်မှာ အယောက်သုံးဆယ်အထိ ရောက်ရှိလာကာ တစ်ဦးမျှ အဆင့်မမှီသေးပေ။
လာရောက်ကြည့်ရှုသည့် ပရိသတ် တစ်သောင်းကျော်သည် စတင်ငြင်းခုန်လာကြသည်။ အဆင့်မမှီသောလူအများစုသည် အထူးပြုစုပျိုးထောင်ပေးထားသည့် မျိုးနွယ်စုငယ်များ၏ အမွေဆက်ခံသူများဖြစ်ကြသည်။သို့သော် ယခုအထိ အကြိုဗိုလ်လုပွဲတွင် အဆင့်တစ်ခုပင် မရယူနိုင်ခြင်းမရှိကြချေ။
အဝါရောင်အဆင့်ကို မည်သူတွေ ရနိုင်မည်ကို မှန်းဆနေကြသည်။
"ပြောပါဦးဟ၊ ငါတို့ရဲ့သခင် ယွင်ရှောင်း ရဲ့အဆင့်က ဘယ်လိုဖြစ်မယ်ထင်လဲ" တောက် မျိုးနွယ်စုမှ လူအချို့က အချင်းချင်း မေးနေကြသည်။ ၎င်းတို့အမြင်တွင် တောက်ယွင်ရှောင်း၏ အရည်အချင်းမှာ တောက် မျိုးနွယ်စုရဲ့ ပထမဆုံး သခင်ထက် မနိမ့်ပေ။
တောက်ယွင်ရှောင်း သည် တောက် မျိုးနွယ်စုရှိ လေးစားခံရသူများထဲမှ တစ်ဦးဖြစ်ပြီး သူ့ကို အထင်ကြီးလေးစားသူ များစွာရှိသည်။
"ဟုတ်ပါတယ်၊ သခင်လေး ယွင်ရှောင်းက မဆိုးဘူး၊ ဒါပေမယ့် ယီယွင် ရဲ့ အဆင့်က ဘယ်လောက်ရမလဲ တွေးနေမိတယ်။"
လူများမှာ အမျိုးမျိုး ထင်ကြေးပေးနေကြသည်။အရှေ့အရပ်မှာလာသော ခရမ်းရောင်လေကို တစ်ခါမျှမမြင်ဖူးကြပေ။ လေထဲသို့ လွင့်ပျံလာသော ခရမ်းရောင် အခိုးအငွေ့က ဘာကိုဆိုလိုသည်ကို သူတို့ မသိခဲ့ကြပေ။ ထိုသို့သော ဖြစ်စဉ်များကို ဖြစ်ပေါ်လာခြင်းမှာ အံ့ဩစရာ တစ်စုံတစ်ရာ ဖြစ်သည်ဟု လူအုပ်ကြီးက ယူဆထားသည်။
အကြိုဗိုလ်လုပွဲတွင် ယီယွင်မှာ မိမိတို့သခင် ယွင်ရှောင်းနှင့် နှိုင်းယှဉ်နိုင်တဲ့ အရည်အချင်းရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လျှိုင်ချမ်းယုလို လူအတွက် ကတော့ ပိုဆိုးသည် ။
"မင်းပြောတာ ဒီကောင်လေးက လက်ဖက်ရည်ခွက်တွေကို ခွဲလိုက်တာက ငါတို့ရဲ့ သခင် ယွင်ရှောင်း ရဲ့ ဓားချီ နဲ့ ဘယ်လို နှိုင်းယှဉ်မှာလဲ" တောက်မျိုးနွယ်စု၀င် တစ်ဦးကပြောလိုက်သည်။
" လက်ဖက်ရည်ခွက်က မဟူရာ ကျောက်တုံးထက် ပိုမာတယ်လို့ မင်းထင်လား။ သခင် ယွင်ရှောင်း က မဟူရာသံကျောက်ကို ခွဲဖို့ ဓားချီကို အသုံးခဲ့တာ၊ နှစ်ခုစလုံးက အရာဝတ္ထုတွေကို လေထဲမှာ ကွဲကြေသွားတဲ့အတွက် ဘယ်အရာက ပိုခက်သလဲဆိုတာကို ဘယ်သူက ပိုအားကောင်းလဲ ငါလဲမသိဘူး၊ ယီယွင်က အဲဒါကို ဘယ်လို ယှဉ်နိုင်မှာလဲ၊ ဒါပေမယ့် အဲကောင်လေး ယီယွင် က တိမ်တိုက်ကို ထုတ်လိုက်တာတော့ သေချာတယ်။"
"ဟုတ်လား၊ ပြောပါဦး အဲဒီတိမ်တွေ ဘယ်လို ထွက်လာတာလဲ"
ကျယ်ပြောလှသော ကျတ်တီးမြေမှ ပြည်သူများမှာ မေးခွန်းများ ပြည့်နှက်နေပါသည်။
“လူသားတွေက ဒီလိုလုပ်နိုင်ပါ့မလား”
“သူ့မှာ အစွမ်းအစမရှိပေမယ့် တော်တော်မိုက်ပုံရတယ်”
“တိမ်ကို ထုတ်တာ မည်သူမည်ဝါဆိုတာကို ဆုံးဖြတ်ရခက်ပါတယ်ကွာ”
နောက်ဆုံးတွင် ကျန်းတန် က ပိုင်ချုံး အသက် ဆယ့်ကိုးနှစ်၊ နဂါးနံရိုးကျားရိုးလက်သီး အဆင့်- အဝါရောင်အဆင့်၊ အဆင့်တစ်၊
ကျယ်ပြောလှသော ကျတ်တီးမြေတွင် စံစနစ်ကိုး ကို အသုံးပြုခဲ့သည်။ ကိုးသည် အမြင့်ဆုံးကို ဆိုလိုပြီး တစ်မှာ အနိမ့်ဆုံးဖြစ်သည်။
ပိုင်ချုံး သည် အဝါရောင်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် သူ့ကိုစိတ်လှုပ်ရှားစေခဲ့သည်။ ပိုင်ချုံးရှေ့က လူသုံးဆယ်လောက်က အဆင့်မမှီသော်လည်း ပိုင်ချုံးမှာ အဆင့်တစ်ခုကို ရအောင်ယူနိုင်ခဲ့သည်။
ထိုနေ့မှစ၍ ပိုင်ချုံးကို အဝါရောင်အဆင့် လူ့အထက်တန်းစား အဖြစ် သတ်မှတ်နိုင်သည်။
ပိုင်ချုံး ပြီးနောက် အဆင့်မမှီသောလူအနည်းငယ်ရှိပြန်သည်။ သူတို့သည် ပဏာမအဆင့်တွင် ပိုင်ချုံး ထက် ပိုကောင်းအောင် လုပ်ထားနိုင်သော်လည်း အကြိုဗိုလ်လုပွဲတွင် သူ့ကို မကျော်နိုင်ခဲ့ပေ။
အဆင့်မှီသူများ မရှိဘဲ သုံးကြိမ်ဆက်တိုက် ကြေငြာပြီးနောက် ကျန်လူများ အားလုံးတွင် အဆင့်မှီသူများရှိလာသည်။
နောက်ဆုံးပါဝင်သူ ဆယ်ဦးသို့ ရောက်သည်နှင့်အမျှ အဝါရောင်အဆင့်နှစ် နှင့် တစ်ခါတစ်ရံ အဝါရောင် အဆင့်သုံး ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းတန် က လူငါးဆယ်အတွက် ရလဒ်များကို ကြေငြာပြီးသွားပြီဖြစ်သည်။ ကြေငြာရန် ခြောက်ယောက်သာကျန်တော့သည်။
ယီယွင်၊ လျှိုင်ချမ်းယု နှင့် တောက်ယွင်ရှောင်း တို့ အပါအ၀င် ခြောက်ဦးဖြစ်သည်။