← Chapters

ဒီလို ခံစားချက်မျိုး ထပ်ဖြစ်မလား။

Vol. 7 Ch. 93

ဒီလို ခံစားချက်မျိုး ထပ်ဖြစ်မလား။

Vol. 7 Ch. 93

ယီယွင် စိတ်အခြေအနေကို အမြန်ထိန်းလိုက်ပြီး အာရုံစူးစိုက်ထားသည်ကို မြင်လိုက်ရသဖြင့် လင်ရှင်းထုံမှာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ထိုနောက် ထပ်မံတိုက်ခိုက်ကြ‌လေသည်။ လင်ရှင်းထုံ၏ အရှိန်က လျှပ်စီးလက်သကဲ့လို မြန်လှ‌ပေသည်။

ယခုတစ်ခါတွင် လှုပ်ရှားမှုတိုင်းကို ယီယွင် ရှင်းလင်းစွာမြင်‌နေရသည်။ လင်ရှင်းထုံ၏ ခြေထောက်အောက်မှ ကျောက်တုံးများ ဖွာထွက်သွားပြီး သူမ၏ ဖြူ‌လွှလှသော လက်ဖဝါးမှာ ယီယွင်၏ ဗိုက်ဆီသို့ ဦးတည်လာသည်ကို မြင်လိုက်ရသည်။ထိုကိုယ်ဟန်မှာ 'နဂါးနံရိုး ကျားအရိုး လက်သီးသိုင်း' မှ '‌ ကျောက်ခွဲကျား လက်သည်း'ဖြစ်သည်။

ထိုသို့ လှုပ်ရှားမှုကို မြင်ရ‌သော်လည်း ယီယွင် မရှောင်နိုင်ခဲ့ပေ။ ၎င်းကို ရှောင်လွှဲရန် နည်းလမ်းမရှိသလို တိုက်ခိုက်မှုကို တားဆီးရန် အချိန်လည်းမရှိပေ။ လင်ရှင်းထုံ၏ ထိုးနှက်မှုကို ခံနိုင်ရည်ရှိရန်အတွက် ယီယွင်မှာ ကြွက်သားများကို တောင့်ထားသည်။

ယီယွင်၏ ဝမ်းဗိုက်ကြွက်သားများကို တင်းကြပ်ထားခြင်းဖြင့် တိုက်ခိုက်မှု ခံနိုင်ရည်မှာ ပိုမိုအားကောင်းလာသည်။ထိုးနှက်ချက်ကို မခံရသေးခင် ယီယွင် နောက်သို့လွင့်သွားပြီး ကျောက်တုံးတချို့မှာ လွင့်စင် ပျံ့ကြဲကုန်သည်။ယီယွင်ပါးစပ်မှာ သွေးများ အန်ထွက်လာသည်။

"မြန်တယ်၊ မြန်တယ်" ယီယွင် ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ ယခု ယီယွင်ရှေ့မှ လင်ရှင်းထုံ သည်အလွန်လေးနက်လှပြီး လွန်ခဲ့သောရက်များက တွေ့ခဲ့သော လင်ရှင်းထုံ နှင့် လုံးဝမတူပေ။ လင်ရှင်းထုံ သေမျိုးသွေး စတုတ္ထအဆင့်အထိ နှိမ့်ချ၍ တိုက်ခိုက်နေဆဲ‌ဖြစ်သည်။

“ငါ့ သေမျိုးသွေးပဉ္စမအဆင့်က ဘာလို့ သူရဲ့သေမျိုးသွေး စတုတ္ထအဆင့်‌ကို မခံနိုင်ရတာလဲ ”

လင်ရှင်းထုံ သည် ယီယွင် ၏ အတွေးများကို ကြားလိုက်ပုံဖြင့် “သေမျိုးသွေး အဆင့်ငါးဆင့်ကို ခွဲခြားဖို့က ထူးခြားတဲ့ ဖြစ်ရပ်တွေပေါ်မှာ အခြေခံထားတာ တကယ် အစစ်မှန် အဆင့်တွေမဟုတ်ဘူး။ ဥပမာ ကြမ်းကြုတ်မှုနယ်ပယ်မှာဆို လူအရိုးတွေက မိုးခြိမ်းသံလိုမျိုး အသံတွေထုတ်နိုင်တယ်… အဲဒီအဆင့်က မတူညီတဲ့ စစ်သည်နှစ်ဦးက မိုးခြိမ်းသံတွေကို အတူတူထုတ်နိုင်ပေမယ့် သူတို့ရဲ့ ခွန်အားတွေကို တူမယ်လို့ ထင်လား”

လင်ရှင်းထုံ ရှင်းပြ‌လိုက်သောအခါ ယီယွင်နားလည်သွားပြီး”ဟုတ်တယ်၊ သေမျိုးသွေးအဆင့် ရဲ့ ပဉ္စမအဆင့်မှာ ရှိနေသူတိုင်းဟာ ခွန်အားတွေမတူနိုင်‌လောက်ဘူး။ လင်ရှင်းထုံက သေမျိုးသွေးအဆင့် စတုတ္ထအဆင့်အထိ နိမ့်ထားပေမယ့်၊ သူက စတုတ္ထအဆင့်က ခွန်အားက‌‌ တော့ ငါနဲ့တခြားဆီပဲ”

"ကျွန်တော်နားလည်ပါပြီ ထိုးလိုက်ပါ"မိမိ၏ ခွန်အားမှာ လင်ရှင်းထုံထက် နိမ့်သည်ကို သိသော်လည်း မည်သည်ကျွမ်းကျင်သူတစ်ဦး၏ ထိုးချက်ကိုမဆို ခံနိုင်ရမည်ကို ယီယွင်သိထားသည်။

“ထိုးချက်ကို မသိရင် တိုက်ပွဲ အတွေ့အကြုံတွေ ဘယ်လို စုဆောင်းမလဲ”

ထိုးနှက်ချက်ကို ခံနိုင်မည် မဟုတ်သော်လည်း ကြေကွဲဖွယ်ရာရှုံးနိမ့်မှုကို မခံစားချင်ပေ။ အနည်းဆုံးတော့ မိမိ၏မာနကို ပြန်ထိန်းထားရမည်ဖြစ်သည်။

"ပင်း"

ယီယွင်သည် လင်ရှင်းထုံ ထံမှ အကြိမ်ပေါင်းများစွာ ပျံသန်းရှောင်ထွက်ပြီးဖြစ်သည်။ ယခုတစ်ခါတွင် သစ်ပင်အကိုင်းအခက်ပေါင်းများစွာကို ချိုးဖျက်ပြီး တောထဲကို ပျံတက်သွားသည်။

လင်ရှင်းထုံနှင့်ယီယွင်တို့ နှစ်ဦးစလုံးမှာ သူတို့၏ ကိုယ်စီရည်ရွယ်ချက်များ ရှိပေသည် ။ လင်ရှင်းထုံ သည် သူမ၏ သွေးကြောနယ်ပယ်ကို အသက်သွင်းရသည့် အကြောင်းရင်းကို ရှာဖွေနေပြီး ယီယွင်မှာ သန်မာလာရန် ဆန္ဒရှိနေသည်။

"မရှောင်နိုင်ဘူး၊ မရှောင်နိုင်သေးဘူး။ သူ့အရှိန်က ငါ့အတွက် မြန်လွန်းတော့ သူ့လှုပ်ရှားမှုကို လိုက်ကိုမမှီတော့ဘူး၊မြင်ရတာလဲ ခပ်ဝါးဝါးပဲ၊ ငါ့ခန္ဓာကိုယ်က တုံ့ပြန်ဖို့ ပြင်တုန်းရှိ‌သေးတယ် အထိုးခံနေရပြီ"

လင်ရှင်းထုံ၏ ထိုးနှက်ချက်များသည် ကောင်းမွန်စွာ နေရာယူထားသည်။လင်ရှင်းထုံ၏ထိုးချက်များမှာ ယီယွင်၏ ခန္ဓာကိုယ်ကို နာကျင်စေသော်လည်း သူမပေးပို့လိုက်သော အတွင်းအားများသည် ကြွက်သားများနှင့် အရိုးများကိုသာ ထိခိုက်စေခဲ့သည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် ယီယွင် ကို ထိခိုက်နာကျင်စေရုံသာမက ဒေါသဖြစ်စေပြီး ခန္ဓာကိုယ်ကို ပို၍ သန်မာစေသည်။

လင်ရှင်းထုံမှာမိမိ ကိစ္စကို ဖြေရှင်းရန်အတွက် ယီယွင်ကို ကျေးဇူးမတင်ချင်ပေ။လင်ရှင်းထုံသည် သူမ၏ကိုယ်ပိုင် ယင် သွေးကြောကိုဖွင့်ရန် အတွက် ယီယွင် နှင့် ‌တိုက်ခိုက်နေခြင်းဖြစ်သည်။

လင်ရှင်းထုံကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို နားလည်ရန်အတွက် ယီယွင် ကို အနိုင်ယူရမည် ဖြစ်သည်။သို့သော် ထိုသို့တိုက်ခိုက်ရသည့် ယီယွင်အတွက် စိတ်မကောင်းပေ။ ထို့ကြောင့် လင်ရှင်းထုံမှာ ယီယွင်အား သန်မာလာစေရန်နှင့် တိုက်ခိုက်ရေးအတွေ့အကြုံရ‌‌စေရန် ကူညီရန် ဆုံးဖြတ်ခဲ့သည်။

“ဖွူး..ဖွူး..”

ယီယွင် မြေပြင်ပေါ်တွင် ကီထိုင် ထိုင်ထားပြီး လက်အစုံပေါ်တွင် ကျောက်တုံးတစ်တုံးတင်ထားကာ အသက်ပြင်းပြင်းရှူနေလေ၏။ သူ၏ကိုယ်ဟန်သည် အိုးရန်ဖုန်း ဖားပြုတ်သိုင်း လေ့ကျင့်နေသည်နှင့် ဆင်တူလှသည်။

ကီထိုင် ထိုင်လိုက်ခြင်း၏ အကျိုးကျေးဇူးမှာ ခြေထောက်ကို ကွေးညွှတ်စရာမလိုဘဲ လျင်မြန်စွာ အားယူနိုင်ခြင်းကြောင့် အရှေ့ကို ပို၍ အားပြုနိုင်မည် ဖြစ်သည်။ခန္ဓာကိုယ်ကို ပုအောင် နိမ့်ထားသဖြင့် ထိခိုက်နိုင်သည့် မျက်နှာပြင်ဧရိယာကို လျှော့ချနိုင်သည်။ထို‌ကြောင့် လင်ရှင်းထုံ တိုက်ခိုက်သောအခါတွင် ရှောင်ရန်နေရာများ နည်းပါးသွားမည်ဖြစ်သည်။

“သူမရဲ့ လှုပ်ရှားမှုတွေကို မြင်နိုင်ပေမယ့် အဲဒါတွေကို ရှောင်လို့ မရဘူး။ငါခန္ဓာကိုယ်ရဲ့ အရှိန်က နှေးကွေးပြီး သူ့နောက်ကို လိုက်မမီနိုင်တော့ဘူး။ ဒါကို ဘယ်လို ကျော်ဖြတ်ရမလဲ”

ယီယွင်၏ နှေးကွေးသော ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ကျော်လွှားရန်အတွက် မဖြစ်နိုင်‌သောအလုပ်တစ်ခုလိုပင်ဖြစ်‌ နေလျှက်ရှိသည်။

ရုတ်တရက် ယီယွင် ခေါင်းထဲတွင် အကြံတခု ပေါ်လာသည်။

“ဟုတ်ပြီ အရင်က လင်ရှင်းထုံရဲ့ လှုပ်ရှားမှုတွေကို ရှောင်လိုက်တော့ တစ်ကိုယ်လုံး လှုပ်သွားပြီး သဘာဝအတိုင်း နှေးသွားတယ်”

လင်ရှင်းထုံ၏ လက်ဖဝါးဖြင့်ရိုက်လိုက်သောအချိန်တွငါ ယီယွင်မှာ ရှောင်ရန်အတွက် တစ်ဖက်သို့ ခုန်ဆင်းရန် တွေးနေသော်လည်း ရှောင်နိုင်ခြင်း မရှိခဲ့ပေ။

လူတစ်ဦး၏ ခန္ဓာကိုယ်သည် ငြိမ်သက်ခြင်းမှ ရွေ့လျားမှုဆီသို့ အရှိန်မြှင့်ရန် လုပ်‌ဆောင်မှုတစ်ခု ရှိသည်။

အကယ်၍ ယီယွင်နောက်သို့ဆုတ်လိုက်မည်ဆိုပါက တစ်ကိုယ်လုံးကို လှုပ်ရှားရန် မလိုအပ်‌‌ပေ။ ထိုသို့ ယီယွင်ခန္ဓာကိုယ် အနေအထားကို အနည်းငယ်လှုပ်ရှားပြောင်းလဲရုံဖြင် လင်ရှင်းထုံ၏ လက်ဖဝါးကို ရှောင်နိုင်‌ပေလိမ့်မည်။

ယီယွင်၏ ဗဟိုဆွဲငင်အားသည် ပြောင်းလဲမည်မဟုတ်သောကြောင့်၊ တစ်ခုတည်းသော အပြောင်းအလဲမှာ ယီယွင်၏ ဟန်ချက်ဖြစ်ပြီး၊ ယီယွင်ရှောင်လွှဲချက်များကို သဘာဝအတိုင်း ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

ထိုသို့နားလည်လိုက်သောအခါ ယီယွင် အာရုံထဲတွင် ထူးထူးခြားခြား ကြည်လင်လာပြီး ခန္ဓာကိုယ်မှ စွမ်းအင်တွေနှင့်ပြည့်သကဲ့သို့ ခံစားလိုက်ရသည်။

လင်ရှင်းထုံ ၏ ခြေကျင်းဝတ်သည် ညင်သာစွာ လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ယီယွင်မှာ လင်ရှင်းထုံ တိုက်ခိုက်တော့မည်ကို သိလိုက်သည်။

လင်ရှင်းထုံသည် မတိုက်ခိုက်မီ သေးငယ်သော လှုပ်ရှားမှုတစ်ခုကို အမြဲပြုလုပ်‌လေ့ရှိသည်။လင်ရှင်းထုံသည် ထိုသို့ လှုပ်ရှားမှုများကို ပြုလုပ်ရန် မလိုအပ်သော်လည်း ယီယွင်အား သတိပေးရန်အတွက် ပြုလုပ်နေခြင်းဖြစ်သည်။

ယီယွင်စိတ်ထဲတွင် ထူးခြားသော ရှင်းလင်းပြတ်သားမှုကို ခံစား‌နေရပေသည်။အမြင်အာရုံတွင် လင်ရှင်းထုံ၏ လှုပ်ရှားမှုတိုင်းကိုသာ အာရုံစိုက်ထားခဲ့ပြီး ညလေ‌ပြေညင်းက လင်ရှင်းထုံအကြောင်း အချက်ပြပေးသကဲ့သို့ပင်ဖြစ်နေသည်။

ယီယွင်မှာ လင်ရှင်းထုံ ၏ နှလုံးခုန်နှုန်းနှင့် အသက်ရှူသံများကိုပင် ရှင်းလင်းစွာကြား‌နေရသည်။

“လာ”ယီယွင် နှလုံးသားထဲမှာ အော်ဟစ်လိုက်ပြီး တစ်ချိန်ထဲမှာပင် လင်ရှင်းထုံ လှုပ်ရှားလိုက်သည် ။

လင်ရှင်းထုံ၏ အရှိန်မှာ ပုံမှန်အတိုင်း မြန်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ မီတာသုံးဆယ်အကွာအဝေးကိုဖြတ်ပြီး ယီယွင် ရှေ့သို ရောက်ရှိလာပေသည်။

သို့သော် ယခုအခါတွင် ယီယွင်သည် အချိန်များ ရုတ်တရက် နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။

ကျောက်ထိုင်ကျူ က မိမိအိမ်ထဲကို ဝင်ပြီး ဖမ်းဆွဲလိုက်သော အချိန်ကနှင့် ခံစားချက်မှာ အတူတူပင်ဖြစ်သည်။ယီယွင်သည် ကျောက်ထိုင်ကျူ ၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာမြင်နိုင်စွမ်းရှိပြီး ခဏတာအတွင်း ကျောက်ထိုင်ကျုကို သတ်ပစ်ရန် အခွင့်အရေးရရှိခဲ့သည်။

ယခုမှာလည်း ယီယွင်တွင် ထိုအချိန်နှင့် အလားတူ ထင်ယောင်ထင်မှား ဖြစ်နေသည်။

လင်ရှင်းတုံ၏ လှုပ်ရှားမှုများမှာ နှေးကွေးလာသည်။ယခင်က လင်ရှင်းထုံ၏ လှုပ်ရှားမှုများကိူ မှုန်ဝါးဝါးမြင်ရသော်လည်း ယခုအခါတွင် လင်ရှင်းထုံ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်မြင်နေရပြီဖြစ်သည်။လင်ရှင်းထုံ၏ လက်မှာ အဖြောင့်မဟုတ်သော်လည်း ကွေးနေကြောင်း ယီယွင်ပြောနိုင်သည်။လင်ရှင်းထုံ၏ လက်ဖဝါးမှာ ပိုးမွှားများကိုခါသကဲ့လို့ လှုပ်ရမ်းနေပြီး ယီယွင်၏ ညာဖက်ရင်ဘတ်အခြမ်းမှ ဦးတည်နေပေသည်။

“ရှောင်” ယီယွင် သည် အံကြိတ်ကာ ခြေထောက်များဆီသို့ ခွန်အားများ ပေးပို့လိုက်ပြီး တင်ပါးကို ကွေးညွှတ်လိုက်ကာ ကျောရိုးကို အဆင်မပြေသည့် အနေအထားဖြင့် လိမ်လိုက်‌‌လေသည်။ ယီယွင်ခန္ဓာကိုယ်မှာ ဟန်ချက်ပျက်တော့မည့် ပုံစံမျိုးဖြစ်နေသည်။

လင်ရှင်းထုံ ရည်မှန်းထားသည့်နေရာဖြစ်သည့် ယီယွင် ၏ညာဘက်ရင်အုံသည် အနောက်သို့ လျင်မြန်စွာရွေ့လျားသွားပြီး ယီယွင်၏ ဘယ်ဘက်လက်မှာ လက်သီး ဆုပ်လျှက် ရှေ့သို့ ရွေ့သွားသည်။

ဟန်ချက်ပျက်လုနီးပါးအထိ ခန္ဓာကိုယ်ကို စောင်းလိုက်ခြင်းဖြင့် ယီယွင်မှာ လင်ရှင်းထုံ ၏ ထိုးနှက်ချက်ကို ရှောင်ရှားနိုင်ခဲ့သည်။

"ချာ"

ယီယွင်၏ ရင်ဘတ်ပေါ်ရှိ ရှပ်အင်္ကျီစမှာ ထိုးနှက်ချက်ကြောင့် တွန့်‌‌ကြေသွားကာ ရင်ဘတ်မှာပူလောင်နာကျင်လျှက်ရှိနေလေသည်။

“လင်ရှင်းထုံ ရဲ့ ထိုးချက်ကို ရှောင်ပြီးတာတောင် နာနေတုန်းပဲလား”

ယီယွင်စိတ်ထဲမှ အတွေးများထွက်လာသည်။ ယီယွင်တို့တိုက်ပွဲမစခင်မှာ လင်ရှင်းထုံ ပြောခဲ့သော စကားများကို ယီယွင် ရှင်းရှင်းလင်းလင်း သဘောပေါက်လာသည် "အရင်တိုက်ပွဲတုန်း ငါ အလေးအနက် မရှိခဲ့ဘူး"

ယီယွင်မှာ တစ်ညလုံး အထိုးနှက်ခံနေရာမှ နောက်ဆုံးတွင် လင်ရှင်းထုံ၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို ယီယွင် လက်လွှ‌တ်ခံမည်မဟုတ်ပေ။

ယီယွင်ခန္ဓာကိုယ် ဟန်ချက်မပျက်ခင်မှာပင် လင်ရှင်းထုံ၏ဗိုက်ကို ဘယ်ဘက်လက်သီးဖြင့် ထိုးလိုက်သည်။

ထိုအချိန်တွင် ယီယွင်နှင့်လင်ရှင်းထုံတို့၏ ခန္ဓာကိုယ်မှာ အလွန်နီးကပ်နေပြီး လင်ရှင်းထုံ၏ ကိုယ်သင်းရနံ့ကိုပါ ခံစားနေရသည်။ ယီယွင် ထိုးချက်၏ထိုးထောင့်မှာ လင်ရှင်းထုံနှင့်အလွန်နီးကပ်လွန်းလှပြီး ရှောင်ရန်မလွယ်ကူလှပေ။

"ပင်း"

ယီယွင်၏ ခန္ဓာကိုယ်မှ အရွတ်အကြောများတင်းကြပ်လာပြီး အသံများပင် ထွက်‌ပေါ်လာသည်။ ယီယွင်သည် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို ကျွမ်းကျင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်သီးချက်တိုင်းသည် အရွတ်များ၏ ခွန်အား အလိုလျောက်စုစည်း ပါ၀င်လာသည်။

“ရိုက်ပါဟ၊ သူ့ကို ထိခါနီးနေပြီ”

ယီယွင်၏ စိတ်ထဲမှ ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း ထိုအချိန်တွင် အာရုံစူးစိုက်မှု လွန်ကဲနေသော ယီယွင်နှင့် နှိုင်းယှဉ်ပါက လင်ရှင်းထုံမှာ အာရုံမစိုက်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

လင်ရှင်းထုံ၏ လက်ဖဝါးသည် ယီယွင်၏ ရင်ဘတ်ကို ဖြတ်သွားသည့်အခိုက်တွင် အေးမြမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ ထိုအေးမြမှုသည် ရေတစ်စက်သည် ခြောက်သွေ့နေသော ရေတွင်းထဲသို့ ကျဆင်းသွားသကဲ့သို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ထို‌အေးမြသော ခံစားချက်‌ကြောင့် လင်ရှင်းထုံ၏ အာရုံစူးစိုက်မှုများ ခဏတာ ပျောက်ကွယ်သွားသည်။

“ဒီလို ခံစားချက်မျိုး ထပ်ဖြစ်ပြန်ပြီလား”

All Chapters