နင်ငါ့ကိုဘာလုပ်ပေးချင်တာလဲ
Vol. 7 Ch. 94
လင်ရှင်းထုံ သည် လျှို့ဝှက်ဆန်းကြယ်သောခံစားချက်ကို ထပ်မံခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပူလောင်လျှက်ရှိပြီး ယီယွင်၏ လက်သီးမှာ သူမဗိုက်ပေါ်သို့ ကျရောက်နေပြီ ဖြစ်သည်။
"အိုး"
လျင်မြန်သော တုံ့ပြန်မှုဖြင့် လင်ရှင်းထုံသည် ခန္ဓာကိုယ်ကို အနောက်သို့ ဆုတ်လိုက်ပေသည်။ လင်ရှင်းထုံ၏အရှိန်သည် ယီယွင် လက်သီးထိုးချက်ထက်ပင် လျင်မြန်လျက်ရှိသည်။
ယီယွင်မှာ လင်ရှင်းထုံအာရုံပျက်သွားသည်အခိုက်အတန့်ကြောင့် သူမခန္ဓာကိုယ်နှင့် ထိတွေ့နိုင်ခဲ့သော်လည်း လင်ရှင်းထုံ၏အရှိန်ကို လိုက်မှီနိုင်ခြင်း မရှိပေ။
ယီယွင် လက်သီးမှာ လင်ရှင်းထုံ၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း ထိတွေ့ခဲ့သော်လည်း သူမ၏ လျင်မြန်မှုကြောင့် လက်သီးချက်၏အင်အား အပြည့်အဝ မသက်ရောက်ပေ။ယီယွင်မှာ ဝါဂွမ်းကို ထိုးမိသကဲ့သို ခံစားရလိုက်ရသည်။
ယီယွင်မှာ မကျေမနပ်ဖြစ်နေလေသည်။ တစ်ညလုံး အရိုက်ခံရပြီး နောက်ဆုံးတွင် လင်ရှင်းထုံကို တစ်ကြိမ်မျှထိအောင် ကြိုးစားနိုင်ခဲ့သော်လည်း သူမ အလွန်လျှင်မြန်စွာ နောက်သိုရှောင်သွားသဖြင့် ကြိတ်မနိုင်ခဲမရဖြစ်နေလေတော့သည်။
ယီယွင်မှာ ဖြစ်ရပ်ကို လက်မခံနိုင်သေးပဲ။ လက်သီးကိုကွေးညွှတ်ကာ လက်သည်းများအဖြစ် ပြောင်းလဲ၍ လင်ရှင်းထုံ၏ဗိုက်အား ကုတ်ဖဲ့ရန် ပြင်လိုက်လေသည်။
ထိုသိုင်းကွက်မှာ "ကျောက်ခွဲကျားလက်သည်းသိုင်း" ၏ ဟန်ဖြစ်သည်။ ယီယွင် က လှုပ်ရှားမှုကို ထုတ်ပြန်လိုက်သောအခါ၊ ကောင်းကင်အဆင့် ယွမ်ချီများပေါ်ထွက်လာပြီး ကျားရုပ်ပုံသဏ္ဍာန်သည် ယီယွင်နောက်မှ ပေါ်ထွက်လာသည်။
“ဟောက်”
လင်ရှင်းထုံ ဆီသို့ ကျားရုပ်ပုံရိပ်မှာ ဟိန်းဟောက် လိုက်သည်။လင်ရှင်းထုံမှာ ကျားပုံရိပ်မှထွက်သောလေကိုပင် ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ကျားတကောင်က မိမိဆီသို့ ဦးတည်လာသကဲ့သို့ပင်။
"ဟင်"
လင်ရှင်းထုံမှာ ကျားပုံရိပ်ကိုမြင်ရသောအခါ အံ့သြလျက်ရှိနေသည်။ ထိုအံ့အားသင့်မှုကြောင့် သူမ၏လှုပ်ရှားမှုအရှိန်မှာ အနည်းငယ်နှေးကွေးသွားသည်။ထိုအခါတွင် ယီယွင်က လင်ရှင်းထုံ ခါးမှဖဲကြိုးကို ဆွဲကိုင်နိုင်ခဲ့သည်။
"ပင်း"
ထိုနောက် ကျားပုံရိပ်မှာ လင်ရှင်းထုံ၏ ရှေ့တွင် ဖြာထွက်ပေါက်ကွဲသွားလေသည်။ တစ်ချိန်တည်းမှာပင် လင်ရှင်းထုံ ပြန်လည်ခုခံရန် ကြိုးစားနေစဉ် မြည်သံနှင့်အတူ လင်ရှင်းထုံ ၏ ခါးမှ ဖဲကြိုးသည်လည်း ဆုတ်ပြဲထွက်သွားလေသည် ။
"မင်း"
လင်ရှင်းထုံမှာ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး ထင်းရှူးပင်များဆီသို့ ပျံသန်းထွက်ခွာလိုက်သည်။ထိုသို့ပျံသန်းနေစဉ် ပတ်၀န်းကျင်မှာ ယွမ်ချီစွမ်းအင်များနှင့် ဖုံးလွှမ်းသွားလေသည်။
လင်ရှင်းထုံ၏ ခါးမှဖဲကြိုးမှာ ယီယွင်လက်ထဲတွင် ကျန်ခဲ့သည် ။
“အိုး…”ယီယွင်မှာ ကြက်သေ သေလျှက်...
မိမိဖဲကြိုးကို လက်ထဲတွင်ကိုင်ထားသော ယီယွင်အား လင်ရှင်းထုံသည် ထင်ရှူးပင်ပေါ်မှ ဒေါသတကြီးကြည့်နေသည်။ ထိုသို့အခြေအနေမှာ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်သွားခြင်းဖြစ်သည်။
အမှန်တွင် အင်္ကျီမှဖဲကြိုး ပြတ်ထွက်လာခြင်းသည် ပြဿနာ ကြီးကြီးမားမားမဟုတ်ပေ။သို့သော် ဖဲကြိုးမှာ လင်ရှင်းထုံ၏ခါး နေရာမှ ရှိနေသောကြောင့် ယီယွင်မှာ ရှက်ကိုးရှက်ကန်းဖြင့်...
"ကျွန်တော်က ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး၊ ဟို..."
ယီယွင်သည် လင်ရှင်းထုံ၏ ထိုးနှက်ချက်ကြောင့် ပြဲသွားသော ညာဖက်အင်္ကျီရင်ဘတ်ကို အပြစ်ကင်းစွာ ညွှန်ပြလေသည်။
ယီယွင် ဆိုလိုသည် အဓိပ္ပါယ်မှာ နှစ်ဦးသားတိုက်ခိုက်ရာတွင် ယီယွင်၏အဝတ်စားများမှာ လင်ရှင်းထုံထပ် ဆိုးဆိုးဝါးဝါးစုတ်ပြဲနေလျှက်ရှိခြင်းဖြစ်သည်။
လင်ရှင်းထုံသည် ငိုရခက် ရယ်ရခက်သော အခြေနေသို့ရောက်ရှိနေသည်။လင်ရှင်းထုံ၏မျက်လုံးထဲတွင် ယီယွင်မှာ ကလေးတစ်ဦးသာဖြစ်သည်။
ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦးသည် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိလိမ့်မည် မဟုတ်ဟု လင်ရှင်းယု ယုံကြည်သည်။
ယီယွင် သည် ဖဲကြိုးကို ဆုတ်ဖြဲရခြင်း၏ အကြောင်းရင်းမှာ လင်ရှင်းထုံအာရုံပျံ့လွင့်နေသောကြောင့်ဖြစ်သည်။သို့သော် ယီယွင်မှာ မိမိ၏ ထိုးနှက်ချက်ကို ရှောင်ရှားလိုက်နိုင်ခြင်းမှာ အံအားသင့်စရာပင်ဖြစ်သည်။
လင်ရှင်းထုံသည် ယီယွင်ကို တစ်ရက်တည်း တိုက်ခိုက်ရာမှ လျင်မြန်စွာ တိုးတက်လာအတွက် အံ့အားသင့်သွားသည်။
လင်ရှင်းထုံသည် ယီယွင်၏ လှုပ်ရှားမှုများကို ဘယ်သောအခါမှ ညွှန်ပြပေးခြင်းမရှိသလို ယီယွင်က လှုပ်ရှားမှုအားလုံးကို ၎င်းကိုယ်တိုင် တိုးတက်တတ်ကျွမ်းလာခြင်းဖြစ်သည်။
ယီယွင် လင်ရှင်းထုံ၏ လက်ဖဝါးကို ရှောင်သွားသည့် လှုပ်ရှားမှုမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် လုပ်ဆောင်ရန် ခက်ခဲလှသည်။ ရန်သူ၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် အသေးငယ်ဆုံး လှုပ်ရှားမှုများကို အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွင် ချို့ယွင်းချက်များကို များစွာ လျှော့ချပေးနိုင်သည်။ ရန်သူကို နီးကပ်စွာ ကပ်နိုင်စေပြီး ရန်သူ၏ လှုပ်ရှားမှုပြီးဆုံးခါနီးတွင် တန်ပြန်တိုက်ခိုက်နိုင်ပေသည်။
အသက်ဆယ့်နှစ်နှစ်အရွယ် ယီယွင်သည် ထိုလှုပ်ရှားမှုမျိုးကို လုပ်နိုင်မှ ပြိုင်ဖက်ကင်းတစ်ယောက်လို့ သတ်မှတ်ခံရပါလိမ့်မည်။ ပြိုင်ဖက်ကင်းဟုသတ်မှတ်ရသည်မှာ လှုပ်ရှားချက်နှင့် ခန္ဓာကိုယ် ပေါင်းစပ်မှုကိုသာ ရည်ညွှန်းသည်။
ထိုအပြင်...
လင်ရှင်းထုံ အစိုးရိမ်ရဆုံးအရာမှာ တိုက်ခိုက်ချိန်၌ မိမိ၏သွေးကြော လမ်းကြောင်းများအတွင်း ထူးဆန်းသောတုံ့ပြန်မှုဖြစ်သည်..။
ဤကမ္ဘာတွင် ယင် သွေးကြော ဖြင့်မွေးဖွားလာသူအနည်းငယ်သာရှိသည်။ထိုသွေးကြောဖြင့် မွေးဖွားလာသူများသည် ကုသ၍မရနိုင်သည့်အခြေအနေရှိသည်ဟု ယူဆထားခြင်းကြောင့် ကြာရှည်စွာ နေထိုင်နိုင်မည် မဟုတ်ပေ။ ယင်သွေးကြောရှိသူများတွင် အများအားဖြင့် အသက်နှစ်ဆယ်ဝန်းကျင်တွင် သေဆုံးတတ်ကြသည်။ သိုင်းသမားမိသားစုတွင်ပင် မိသားစု၀င်တစ်ဦးမှာ ထိုကုသ၍မရသည့်ခြေအနေရှိသူအား ပြုစုပျိုးထောင်ရန် လိုအပ်သောအရင်းအမြစ်များကို သုံးစွဲလေ့ရှိကြသည်။
ယင် သွေးကြော ၏မှတ်တမ်းများ အလွန်နည်းပါးလှသည်။ "ယင် သွေးကြော များသည် ကုသနိုင်ခြင်းမရှိပေ၊ ကိုယ်ခံပညာကို လေ့ကျင့်နိုင်ခြင်းလည်း မရှိပေ" ဟူသော မှတ်တမ်းအချို့သာရှိသည်။ လင်ရှင်းထုံသည် သူမ၏ ယင် သွေးကြောကိုဖွင့်ရန်အတွက် နည်းလမ်းရှာဖွေနေ လျှက်ရှိသည်။
ယခုတွင် ယီယွင် ၏ ခန္ဓာကိုယ်သည် လင်ရှင်းထုံ အတွက် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း မည်မျှပြောင်းလဲသက်ရောက်မှုရှိသည်ကို မသိခဲ့ပေ။
"ယီယွင်" လင်ရှင်းထုံ တိုးညင်းစွာရေရွတ်လိုက်သည်။
"ဟုတ် မမနတ်သမီး၊ မမနတ်သမီးမှာ ဘာအမိန့်ရှိပါသလဲ"ယီယွင် သည် အလွန်နာခံပုံပေါ်ပြီး စကားများမှာ နားဝင်ချိုလှသည်။
လင်ရှင်းထုံ သည် ထင်းရှူးပင်မှ ဆင်းလာပြီး "မင်းအသုံးပြုတဲ့ 'ကျောက်ခွဲကျားလက်သည်းသိုင်း' လှုပ်ရှားမှုက မင်းရဲ့နောက်ကွယ်က ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအားက ကျားရုပ်ပုံသဏ္ဍာန်ကို ဖန်ဆင်းခဲ့တာကို သတိထားမိလား။"
“ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားက ဖန်တီးထားသော ကျားရုပ်ပုံ”
ယီယွင် ခေါင်းယမ်းလိုက်သည်။ယီယွင် 'ကျောက်ခွဲကျားလက်သည်းသိုင်း' ကိုသုံးသည်မှာ လုံးဝအရှုံးမပေးချင်သောကြောင့်ဖြစ်သည်။ထိုသိုင်းကွက်မှ စွဲမက်ဖွယ်ကောင်းတဲ့ ရောင်ဝါရှိသော တိုက်ခိုက်မှုကို ယီယွင် သတိမထားမိပေ။
ယီယွင် မြင်ဖူးသော ဝူရှ ပြဇာတ်များတွင် 'နဂါးနိုင်လက်၀ါးသိုင်း ၁၈ကွက်' ကဲ့သို့သော အတတ်ပညာများကို အသုံးပြုသောအခါတွင် ကောင်းကင်၌ ရွှေနဂါးကြီးတစ်ကောင် ပျံသန်းနေသည် ယီယွင် သတိရမိသည်။ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား က ပုံဖော်ထားတဲ့ သဏ္ဍာန်ရုပ်ပုံသည်လည်း အလားတူဖြစ်နိုင်ပေသည်။
လင်ရှင်းထုံသည် "သူရဲကောင်းတစ်ယောက်ရဲ့ အမူအရာနဲ့ လှုပ်ရှားမှုတိုင်းက ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား ကို သက်ရောက်နိုင်တယ်။ တချို့အဆင့်မှာ သူရဲကောင်းတိုက်ခိုက်ခံရတဲ့အခါ ကောင်းကင်အဆင့်ယွမ်ချီစွမ်းအား က အလိုအလျောက် ဖန်သားပြင်ပုံသဏ္ဍာန်ဖြစ်သွားလိမ့်မယ်။ တော်တော်များများကတော့ ခရမ်းရောင်သွေးနယ်ပယ်ကို ရောက်ပြီးသူတွေရဲ့ စွမ်းရည်တစ်ခုပဲ။ ဒါပေမယ့် မင်း ချီစုဆောင်းမှုနယ်ပယ်ထဲမှာပဲ ရှိနေသင့်တယ်"
"ဒါပေမယ့်၊ မင်းမှာ ‘မာကြောတဲ့ခန္ဓာကိုယ်, နဂါးပေါင်းစည်းခြင်း'တွေရှိပြီး၊ မင်းရဲ့ သွေးကြောလမ်းကြောင်းတွေက သာမန်စစ်သည်တော်တွေထက် ပိုကျယ်တယ်။ ခရမ်းရောင်သွေးနယ်ပယ်ရဲ့ အလယ်တန်းအဆင့်က သူရဲကောင်းတွေရဲ့ ကောင်းကင်အဆင့်ယွမ်ချီစွမ်းအားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တာကြောင့် ဖန်သားပြင်ပုံသဏ္ဍာန်ကို ထုတ်သုံးလို့ရတယ်"
" ကောင်းကင်ဆင့် ယွမ်ချီစွမ်းအားကို မင်းရဲ့ လှုပ်ရှားမှုထဲမှာ ပေါင်းထည့်လိုက်တာနဲ့ လှုပ်ရှားမှုတွေက ပိုအားကောင်းလာပြီး အရှိန်ပိုတိုးစေနိုင်တယ် ပြီးတော့ ငါ့လက်ဖဝါးကို ရှောင်ဖို့ မင်းအသုံးပြုတဲ့ လှုပ်ရှားမှုက 'တဒင်္ဂ လှုပ်ရှားမှု' လို့ခေါ်တဲ့ လှုပ်ရှားမှုစနစ်ရဲ့ နိဒါန်းအဆင့်ပဲ၊ ရန်သူရဲ့တိုက်ခိုက်မှုကို ရှောင်ရှားဖို့ အသေးငယ်ဆုံးလုပ်ဆောင်ချက်ကို အသုံးပြုခြင်းအားက ပြိုင်ဘက်ရဲ့ လှုပ်ရှားမှု’အင်အား’ဟာကွက်တွေကို ပိုမြင်ရလို့ တိုက်ပွဲ အောင်မြင်နိုင်ခြေများလို့ လူသိများတယ်၊ ကျန်တာကတော့ တိုက်ကွက်ကို အသုံးပြုတဲ့ မင်းပေါ်ပဲ မူတည်တယ်”
"ချီစုဆောင်းမှု နယ်ပယ်မှာ အဲဒီအရာနှစ်ခုကို လုပ်ဆောင်နိုင်တာက အတော်လေးကို အထင်ကြီးစရာပဲ။ဒီအံဩစရာတွေကို မင်းတဖြည်းဖြည်း နားလည်လာမှာပါ"လင်ရှင်းထုံ ၏ ချီးကျူးစကားကြားတော့ ယီယွင်က ခေါင်းကုတ်လိုက်သည်။ ကောင်းကင်အဆင့် ယွမ်ချီ၊ဖန်သားပုံသဏ္ဍန်၊ တဒင်္ဂလှုပ်ရှားမှု...
ယီယွင်သည် ထိုအကြောင်းအရာများကို တစ်ခုမှနားမလည်သော်လည်း လင်ရှင်းထုံ ပြောပြသည်များမှ ပြန်လည်သုံးသပ်ပြီးနောက် များစွာသင်ယူခဲ့သည်။ အနည်းဆုံးတော့ လက်ရှိ ယီယွင်မှာ စနစ်နှစ်ခုကို စဉ်းစားရမည့် ပန်းတိုင်တစ်ခုရှိသည်။
တဒင်္ဂလှုပ်ရှားမှု၏သေးငယ်သောအောင်မြင်မှုအဆင့်အတွက်၊လှုပ်ရှားမှု "အင်အား" စသည့်တို့မှာ ယီယွင်အတွက် လျှို့ဝှက်ဆန်းကြယ်လွန်းသော အရာများဖြစ်သဖြင့် လျစ်လျူရှုလိုက်လေသည်။
"ယီယွင်"လင်ရှင်းထုံ ထပ်မံရေရွှတ်လိုက်လေသည်။
"ဟုတ်ကဲ့ မမနတ်သမီး ဘာကိစ္စရှိလို့လဲ" ယီယွင် သည် လင်ရှင်းထုံ စိတ်ထဲတွင် တစ်ခုခု ရှိနေသည်ကို သတိပြုမိသော်လည်း မေးရန်အတွက် ချီတုံချတုံ ဖြစ်နေသည်။
“ဟမ်…” လင်ရှင်းထုံ ယီယွင်၏ လက်ဖဝါးကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။
ထိုထူးဆန်းသော ဖြစ်စဉ်နှစ်ခုစလုံးကို ခံစားခဲ့ရသည်မှာ ယီယွင် ၏ခန္ဓာကိုယ်ကိုထိလိုက်ခြင်းကြောင့်ဖြစ်သည်။
တိုက်ပွဲအတွင်း ယီယွင်ကိုယ်ခန္ဓာနှင့် အဆက်အသွယ်သည် ခေတ္တခဏမျှသာဖြစ်သော်လည်း အချိန်ပိုကြာအောင် အဆက်အသွယ်ရှိနေပါက မည်သို့ထူးခြားလာမည်ကို လင်းရှင်းထုံ မသိပေ။
လင်ရှင်ထုံမှာ ထိုဖြစ်နိုင်ချေကို သိရှိအတည်ပြုလိုသည်ကို ယီယွင်အားပြောမထွက်ပဲ ရှိနေလေသည်။
သို့သော်၊ ဆန့်ကျင်ဘက်လိင်၏ ခန္ဓာကိုယ်ကို လက်ဖြင့် ထိထားရန်မှာ အဆင်မပြေလှပေ။ ထို့အပြင် လင်ရှင်းထုံဘက်မှ တောင်းဆိုမှု ပြုလုပ်ခဲ့လျှင် ထူးဆန်းနေမည် ဖြစ်သည်။
“သူက ကလေးပဲ၊ အဆင်ပြေမှာပါ…” လင်ရှင်းထုံကရှေ့သို့လာရန် ယီယွင်အား လက်ပြကာကို တကိုယ်တီးရေရွတ်လိုက်သည်။
အကြောင်းရင်းကို သေချာမသိသောယီယွင်မှာ လင်ရှင်းထုံရှေ့သို့ လျှောက်လာလေသည်။
လင်ရှင်းထုံ ဘာလုပ်နေမှန်း မသိသော်လည်း ပြောသည်စကားများကြောင့် ယီယွင် အံသြသွားစေသည်။
"ငါ မင်းလက်ကိုထိလို့ရမလား"
လင်ရှင်းထုံသည် ကွေ့ဝိုက်မနေတော့ တိုက်ရိုက်ပြောရန် ဆုံးဖြတ်လိုက်သည်။
"အယ်"
ယီယွင်မှာ လင်ရှင်းထုံ၏တောင်းဆိုချက်မှာ အလွန်ထူးဆန်းသောကြောင့် မည်သို့တုံ့ပြန်ရမှန်း မသိဖြစ်နေလေသည်။
"ကျွန်တော် ဘာလုပ်ပေးရမှာလဲ"
ထိုစကားကြောင့် လင်ရှင်းထုံ ကြောင်သွားသည်။
“ငါ…”
ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦးသည် အများအားဖြင့် ခေါင်းရှုပ်အောင်လုပ်တတ်ကြသည်။ အစ်မကြီးတစ်ယောက်က ထိုစကားတွေပြောသောအခါ ကလေးတစ်ဦး ဘာအကြောင်းမှန်းမသိဘဲ သူ့လက်ကို အလိုလျှောက်ဆန့်တန်းထားမည်မဟုတ်ပေ။
"ငါ... တစ်ခုခုကို စီစစ်ချင်တယ်..."
လင်ရှင်းထုံသည် ထိုစကားများကို ရှက်စရာကောင်းသောကြောင့် ပြောရန်ခက်ခဲ နေလျှက်ရှိနေလေသည်။