← Chapters

နောက်တကြိမ် လက်ရည်စမ်းပွဲ

Vol. 7 Ch. 92

နောက်တကြိမ် လက်ရည်စမ်းပွဲ

Vol. 7 Ch. 92

“အိုး…” ယီယွင် တုန်လှုပ်သွားပြီး၊ ငါတို့ တကယ်ပဲ တိုက်ခိုက်ရ‌တော့မှာလား။ယခင်က လင်ရှင်းထုံနှင့် လက်ရည်စမ်း တိုက်ခိုက်ခဲ့သည်မှာ ဘေးကနေ အဘိုးကြီးစုက မီးလောင်ရာလေပင့်နေ‌ သောကြောင့်ဖြစ်သည်။ယခု အခြေနေတွင် ယီယွင်က လင်ရှင်းထုံနှင့် တိုက်ခိုက်လိုခြင်းမရှိပေ။

လင်ရှင်းထုံ၏ ကျင့်ကြံခြင်းအဆင့်နှင့် ယီယွင်၏‌ ကျင့်ကြံခြင်း အဆင့်ကို ယှဉ်၍မရပေ။ လူကြီးတစ်ဦးက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသကဲ့သို ဖြစ်‌ပေလိမ့်မည်။

သို့သော် လင်ရှင်းထုံ သည် တခြား‌ ရွေးချယ်ရန်အ‌ခြေနေ မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ယီယွင်ကို တိုက်ခိုက်ရန်အတွက် လင်ရှင်းထုံ၏ တိုက်ခိုက်မည့်ကိုယ်ဟန်ပုံစံကို ပြောင်းလဲခြင်းမရှိ‌ခဲ့‌ပေ။ ထို့အတွက်ကြောင့် တိုက်ပွဲကို ရှေ့ဆက်မည် အခြေနေသာရှိသည်။

“ဒါပေမယ့် ဒီနေ့က ဘာအတွက်တိုက်ရမှာလဲ”ယီယွင်က အံ့ဩစွာမေးလိုက်သည်။

" အစ်မလင်း ၊ ကျေးဇူးပြုပြီး ငါ့ကို ငယ်ငယ်တုန်းကလို ကျီစားမနေပါနဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိုက်ခိုက်စရာ ဘာရှိလို့လဲ "

လင်ရှင်းထုံ က သူ့ခေါင်းကိုခါယမ်းလိုက်ပြီး “မင်းကို ကျီစားနေတာ မဟုတ်ဘူး၊ ဘာလို့ နင့်နဲ့ တိုက်ခိုက်ရလဲဆိုတာကလဲ ငါ့ရဲ့ လျှို့ဝှက်ချက်ပဲ"

"လျှို့ဝှက်ချက်" ယီယွင်မှာ သိချင်စိတ်ပြင်းပြလာသည်။

“ဒီလို ထူးထူးခြားခြား မိန်းကလေးတစ်ယောက်မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေတာလဲ”

"ဒါပေမယ့် အစ်မလင်း... ကျွန်‌တော်ဗိုက် နည်းနည်းဆာနေပြီ၊ ကျွန်တော် တစ်နေ့လုံးလှုပ်ရှားနေရတာ ခွန်အားမရှိတော့ဘူး" ယီယွင် က အလောတကြီးပြောကာ ဗိုက်ကို ပွတ်‌နေသည်။

လင်ရှင်းထုံက ထင်းရှူးပင်မှ ဆင်းလာပြီး ယီယွင် ရှေ့တွင် ရပ်လိုက်လေသည်။ သူမ၏ လက်ချောင်းများမှာ ဖျတ်ခနဲ အလင်းတန်းတစ်ခု လင်းလက်လာသည်။

ယီယွင်က ချက်ချင်းပင် ထိုအလင်းတန်းကို ဖမ်းလိုက်သည်၊ယီယွင်လက်ထဲသို့ရောက်သောအခါ မြေပဲအရွယ် အနီရောင်သလင်းခဲ ဖြစ်နေသည်။ ၎င်းသည် အရည်ခဲထားသော သွေးကဲ့သို့ဖြစ်ပြီး များပြားသော စွမ်းအင်ကို ထုတ်ပေးသည်။

“ဒါ…ဒါက… ပျက်ဆီးခြင်းအရိုး အဆီအနှစ်ဖြစ်နိုင်မလား... မဖြစ်နိုင်တာ” ယီယွင် စိတ်လှုပ်ရှားသွားသည်။ ဒဏ္ဍာရီလာ ပျက်ဆီးခြင်း အရိုးများကို ပျက်ဆီးခြင်းကောင်းကင်သခင် မှ သန့်စင်ပြီး အဖိုးတန်သော ကံကြမ္မာအရင်းမြစ် တစ်ခုဖြစ်သည်။ ချမ်းသာပြီး မျိုးနွယ်ကြီးမှသူများသာ ခံစားနိုင်မည့် အရာဖြစ်သည်။

“မဟုတ်ဘူး” လင်ရှင်းထုံ က ခေါင်းခါလိုက်သည်။ “မင်းရဲ့ လက်ရှိခွန်အားနဲ့ ပျက်ဆီးခြင်း အရိုးဓာတ်ကို စားသုံးရင် ပေါက်ကွဲသွားနိုင်တယ်။ အဲဒါက ငါ့အတွက် သန့်စင်ထားတဲ့ ရက်စက်တဲ့ သားရဲတွေရဲ့ ခြင်ဆီ‌ပဲ။ မျိုးနွယ်စုကြီးရဲ့ သားသမီးတွေက ကျင့်ကြုံခြင်းအတွက် ပျက်ဆီးခြင်း အရိုးဓာတ်ကို စားကြတယ်၊ အတော်များများက မင်းလက်ထဲမှာရှိတဲ့ အကောင်ကြီးလိုမျိုး ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေရဲ့ အဆီအနှစ်တွေကို စားသုံးနေကြတာ”

"ရက်စက်တဲ့ သားရဲရဲ့ခြင်ဆီ..."ယီယွင် အံ့အားသင့်သွားသော်လည်း ယီယွင်နားလည်သည်မှာ ပျက်ဆီးခြင်းသားရဲများထက် ကြမ်းတမ်းသော သားရဲများ၏ အရေအတွက်မှာ ပိုများသည်။ တိမ်ရိုင်းနယ်‌‌မြေတစ်ခုလုံးတွင်၊ လူသားများ၏အံ့ဖွယ်ကမ္ဘာများထဲတွင် ကြမ်းတမ်းခြင်းသားရဲ များသာ ကျန်ရှိတော့သည်။

ထိုကြမ်းတမ်းခြင်း သားရဲများသည် ကောင်းကင်အဆင့် ယွမ်ချီ ကိုစုပ်ယူနိုင်သည့်စွမ်းအားရှိပြီး ထိုမှတစ်ဆင့် သားရဲတို့သည် ပိုမိုအားကောင်းလာကြသည်။

ထိုကြမ်းတမ်းခြင်း သားရဲများကို သတ်ဖြတ်ခြင်းဖြင့် ၎င်းတို့အား ခြင်ဆီအဖြစ် အလွယ်တကူ သန့်စင်စေနိုင်သည်။ ထိုကြမ်းတမ်းခြင်း သားရဲခြင်ဆီအများအပြားကို မျိုးနွယ်စုကြီးများက စားသုံးကြသည်။

သို့သော် လင်ရှင်းထုံ က သားရဲရဲ့ ခြင်ဆီကို သူမကိုယ်တိုင် သန့်စင်နိုင်သည်ဟု ဆိုနိုင်သည်။ ယီယွင်ရှေ့က မိန်းကလေးသည် ပျက်ဆီးခြင်းကောင်းကင်သခင် သို့မဟုတ် အနိမ့်ဆုံး ပျက်ဆီးခြင်းကောင်းကင်သခင် အဆင့်သို့ တက်ရောက်နေသူ တစ်ဦးဖြစ်နိုင်သည်။

နှိုင်းယှဥ်ခြင်းသည် ဒေါသကို ဖြစ်စေသည်ဟု ဆိုရိုးစကားရှိခဲ့သည်။ လင်ရှင်းထုံသည် မြင့်မြတ်သော မျိုးနွယ်စုမှာလာသူဖြစ်ပြီး အလွန်သန်မာရုံသာမက၊ ပျက်ဆီးခြင်းကောင်းကင်သခင်လည်းဖြစ်သည်။ အသက် နှစ်ဆယ်ကျော်အရွယ်တွင် ထိုကဲ့သို့သော အောင်မြင်မှုများ ရရှိခြင်းသည် တခြားသူများက မနာလိုဖြစ်‌‌စေရန်မှာ လွယ်ကူလှပေသည်။

"မင်းရဲ့ခွန်အားက ချီစုဆောင်းမှု နယ်ပယ်အထိ တိုးလာပြီ၊ ဒါကြောင့် မင်းနဲ့ တိုက်ခိုက်ဖို့ သေမျိုးသွေးအဆင့် ရဲ့ စတုတ္ထအဆင့်အထိ ‌နှိမ့်လိုက်မယ်။ 'နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း' ကို ဆက်သုံးနေဦးမှာပဲ၊ ဒါပေမယ့် မင်းသိထားရမှာက အရင်တိုက်ပွဲတုန်းက ငါက တခုခုကြောင့် အာရုံကို သေချာမစုစည်းမထားခဲ့ဘူး၊ ဒီတိုက်ပွဲမှာ အရင်တစ်ခါလို မဟုတ်တော့ဘူး။"လင်ရှင်းထုံ က တိုးတိုးလေးပြောလိုက်သည်။ အရင်တိုက်ပွဲအတွင်း လင်ရှင်းထုံ အာရုံပြောင်းရခြင်းအကြောင်းရင်းမှာ သူမ၏ သွေးကြောလမ်းကြောင်းများမှ ပြောင်းလဲမှုကို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။

လင်ရှင်းထုံ ၏ သွေးကြောလမ်းကြောင်း များသည် ယီယွင်ကို 'နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း' ကိုအသုံးပြုနေစဉ်တွင် ဖွံ့ဖြိုးတိုးတက်မှုအချို့ရှိခဲ့သည်။ ထိုကြောင့် ယခုတစ်ခါတွင် လင်ရှင်းထုံက ထိုသိုင်းကို ဆက်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

"အစ်မ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်သတိထားပါ့မယ်"ယီယွင်လက်ထဲရှိ သားရဲခြင်းဆီမှ စွဲမက်ဖွယ်ကောင်းသော အရသာရှိသည့် ဟင်းလျာ အနံ့ကို ထုတ်လွှတ်နေသည်။

လရောင်အောက်တွင်၊ ခြင်ဆီသည် အနီရောင်ဖြစ်သော်လည်း သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည်။

တကယ် အနုပညာလက်ရာတစ်ခု‌လိုပင် လင်ရှင်းထုံ သည် ထိုမျှလှပသော ကြမ်းကြုတ်ခြင်း သားရဲခြင်ဆီကို ပြုပြင်မွမ်းမံနိုင်ခဲ့သည်မှာ အံဩစရာကောင်းလှပေသည်။

ဘယ်လောက်ပဲ လှပနေပါစေ ယီယွင် ဗိုက်ဆာနေသည် အတွက် ထိုသားရဲခြင်ဆီကို စားရမည်သာဖြစ်သည်။

ယီယွင်မှာ ပေါက်ပေါက် စားသကဲ့သို့ သားရဲခြင်ဆီကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ယီယွင်မှာ တန်ဖိုးရှိသော အစားအစာကို ပထမဆုံးအကြိမ်စားခြင်းပင်ဖြစ်သည်။ ခြင်ဆီသည် ယီယွင်ထင်ထားသလောက် မာကြောပေ၊သွားများဖြင့် အလွယ်တကူပင် ကိုက်၀ါးနိုင်သည်။

ယီယွင် ထိုသားရဲ၏ခြင်ဆီကို စားသုံးလိုက်စဉ်၊ ရတနာခြင်ဆီအတွင်းမှ ကောင်းမွန်သောအဆီနှစ်‌များ ထွက်ကျလာပြီး ပါးစပ်တစ်ခုလုံး ပြည့်သွားသလိုပင် ခံစားနေရသည်။

"အရသာရှိလိုက်တာ၊ တကယ်အရသာရှိတာပဲ၊ ဒါက ကြမ်းတမ်းခြင်း သားရဲရဲ့ အရသာပဲ။ ဒါကို မကြာမကြာ စားမိရင် စွဲသွားမှာတောင် ကြောက်ရတယ် ဒါပေမယ့် တိရစ္ဆာန်ရဲ့ အာဟာရဓာတ်က အဖိုးတန်အစားအစာကို အစားမထိုးနိုင်တော့ဘူး ကြက်သားဆားအုံကင် စားတာနဲ့ လုံးဝ မတူတဲ့ ခံစားမှုပဲ။"

အရသာရှိရှိ စားသုံးခြင်းသည် ပျော်ရွှင်မှုတစ်ခုဖြစ်ပြီး ဝိုင်သောက်ခြင်းသည် ပျော်ရွှင်မှုတစ်မျိုးဖြစ်ပြီး ဆေးလိပ်သောက်ခြင်းကလည်း ပျော်ရွှင်မှုတမျိုးဖြစ်သည်။ သုံးခုကို နှိုင်းယှဉ်ဖို့ ခက်သော်လည်း တစ်ခုနှင့်တစ်ခုကို အစားထိုးလို့မရနိုင်ပေ။

ယီယွင်ဗိုက်ထဲတွင် အငွေ့အသက်များနှင့်အတူ နွေးထွေး‌သောစွမ်းအင်များမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

ယီယွင်၏ ဗိုက်ထဲတွင် ရုတ်တရက် ပြည့်လာပြီး သူ့ခန္ဓာကိုယ်အတွင်း နွေးထွေးသော စွမ်းအင်များ ထွက်လာသည်ကို ခံစားလိုက်ရသဖြင့် ၎င်းကို စွမ်းအင်အဖြစ်ထုတ်သုံးရန် စိတ်အားထက်သန်လာခဲ့သည်။

ယီယွင် တိုက်ပွဲဝင်ချင်နေပြီး တိုက်ပွဲထဲတွင် အားကုန်သုံးတိုက်ခိုက်ချင်လာသည်။

ယီယွင် သည် လင်ရှင်းထုံ အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ယီယွင်သည် ချီစုဆောင်းမှု နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသော်လည်း၊ယီယွင်၏ စွမ်းအားထိန်းချုပ်နိုင်မှုမှာ ကန့်သတ်ချက်တစ်ခုအဖြစ်ရှိ‌နေသည်။ လျှိုင်ချမ်းယု နှင့် ယှဉ်လျှင် တိုက်ပွဲအတွေ့အကြုံမရှိပေ။

လျှိုင်ချမ်းယု သည် ယိုယွမ် နှင့် နေ့စဥ်လက်ရည်စမ်း တိုက်ခိုက်မှုများ လုပ်ဆောင်သည်။ ယခင်က ခရမ်းရောင်သွေးစစ်သည် ယိုယွမ် နှင့်အတူ သွေးထွက်သံယိုမှုတိုက်ခိုက်မှုများဖြင့် လေ့ကျင့်နေသည့် လျှိုင်ချမ်းယု သင်ယူထားသော တိုက်ပွဲအတွေ့အကြုံများသည် ထူးထူးခြားခြား ဖြစ်‌ပေလိမ့်မည်။

ယီယွင်တွင် တိုက်ခိုက်နည်းစနစ်ကိုပင် မသိခဲ့ပေ။ ယီယွင်တွင်ရှိသည်မှာ မာကြောမှု ခန္ဓာကိုယ်တစ်ခုသာဖြစ်ပြီး စစ်မှန်သောတိုက်ပွဲနှစ်ပွဲကိုသာ တိုက်ခိုက်ဖူးသဖြင့် တိုက်ပွဲစွမ်းရည်မှာ အားနည်းလှသည်။

ယခုတွင် လင်ရှင်းထုံ ကဲ့သို့ ကျွမ်းကျင်သော ပညာရှင်တစ်ဦးနှင့် ပေါင်း၍ သူ၏ အားနည်းချက်ကို ကုစားနိုင်ပြီဖြစ်သည်။

ယီယွင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် လင်ရှင်းထုံဘက်သို့ လက်ပြကာ 'ငါ့ဆီလာပါ' ဟုပြောရုံမျှဖြင့် သူမအား လှုပ်ရှားစေခဲ့သည်။

သို့သော် ယီယွင်က အလျင်မြန် မလှုပ်ရှားနိုင်ပါက လင်ရှင်းထုံကို တိုက်ခိုက်နိုင်မည် မဟုတ်မှာကို သဘောပေါက်သည်။

လင်ရှင်းထုံ ကို တိုက်ခိုက်ရန် အမိန့်ပေးပြီးနောက်တွင် သူမသည် ယီယွင်အကြည့်မှ ပျောက်ကွယ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းရှင်းထုံ က ယီယွင်၏ ရှေ့မှာ ဖြတ်ကနဲ့ ပေါ်လာတယ်။ ယီယွင်၏ရင်ဘတ်ကို စူးရှသော ထိုးနှက်မှုမခံစားရမီတွင် ယီယွင်မြင်သမျှမှာ မှုန်ဝါး‌နေလျှက်ရှိသည်။

"ပင်း" လင်ရှင်းထုံ၏ လက်ဖဝါးမှာ ယီယွင်၏ ရင်ဘတ်ကို ထိသွားသည်။ ယီယွင်အရိုးများမှာ ပုံပျက်ပြီး ကိုယ်တွင်းအင်္ဂါများ ကမောက်ကမ ဖြစ်နေသကဲ့သို့ နာကျင်စွာခံစားလိုက်ရသည်။ ထိုမိန်းကလေးသည် နူးညံ့မည့်ပုံပေါ်သော်လည်း လူသား အမဲလိုက် ဒိုင်နိုဆောတစ်ကောင်ကဲ့သို ဖြစ်‌‌နေသည်။

"ဗွမ်း"

ယီယွင်သည် သစ်ပင်ကြီးတစ်ပင်ပေါ်သို့လွှင့်စင် ပြုတ်ကျသွားသည်။ ပြန်ထဖို့ ရုန်းကန်ရင်း ကြယ်တွေကိုပါမြင်လိုက်ရသည်။

ထိုအချိန်တွင် လင်ရှင်းထုံက ယီယွင် ကို မကြည့်ဘဲ သူမ၏လက်ကို ကြည့်နေလေသည်။

“ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်က အခုထိ မပေါ်သေးဘူး..”

“တကယ်ပဲ ထင်ယောင်ထင်မှားဖြစ်ခဲ့တာလား..”

လင်ရှင်းထုံက ယီယွင်ဘက်သို့ လှည့်ကြည့်ရင်း စိတ်ပျက်သွားကာ "မင်းက သတိမထားဘူး။ တကယ့် စစ်သည်တော်တွေက ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အာရုံတွေကို စုစည်းထားနိုင်အောင် ရန်သူတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေရတယ်။ မင်းကို ငါမတိုက်ခိုက်ခင်မှာ မင်းမျက်လုံးတွေက ငါ့ကို စိုက်ကြည့်နေတာ ဖြစ်နိုင်ပေမယ့် ငါ့လှုပ်ရှားမှုကို မကြည့်ဘဲ ငါ့မျက်နှာကို ကြည့်နေတယ်"

လင်ရှင်းထုံ သည် ထိုစကားကို ပြောသောအခါ ယီယွင်မျက်နှာ နီရဲသွားသည်။ ထိုမိန်းမပျိုရဲ့ အာရုံတွေက တကယ်ကို အဆိပ်ပြင်းလှသည်။

“သူကို စိုက်ကြည့်တာ သတိထားမိရင်တောင် အကျယ်ကြီး မပြောသင့်ဘူး...”

ယီယွင် က ချောင်းဟန့်လိုက်ပြီး သူ့စိတ်အခြေအနေကို ပြန်လည်ပြင်ဆင်လိုက်ပြီး လင်ရှင်းထုံ ၏ လှုပ်ရှားမှုတိုင်းကို အလေးအနက်ထားကြည့်လာသည်။

ယီယွင် သည် ယခင်က သတိမထားမိဘဲ လင်ရှင်းထုံ ၏ မျက်နှာကို ကြည့်ခြင်းသည် မသိစိတ်၏လှုပ်ရှားမှုတစ်ခု‌ကြောင့် သာဖြစ်သည်။ ယီယွင်သည် ကျွမ်းကျင်သော စစ်သည်တော်မဟုတ်ပေ၊ ထို့ကြောင့် လျင်မြန်‌လှ‌သော လှုပ်ရှားမှုတိုင်းကို အာရုံစိုက်စောင့်ကြည့်နေသည့် လင်ရှင်းထုံ ပြောပြသည်ကို ချက်ချင်းလုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

လင်ရှင်းထုံ သည် ချောမောလှသော်လည်း ယီယွင်နှင့် အမှတ်တမဲ့သာ တွေ့ဆုံဖူးကြသည်။လင်ရှင်းထုံအား နှစ်သက်ဖွယ်ကောင်းသော အမြင်ရှိခဲ့သော်လည်း အခြားမည်သည့် အကြံအစည်မှ မရှိခဲ့ပေ။

All Chapters