ပြစ်မှုဆယ်ခု
Vol. 8 Ch. 112
လျှိုင်မျိုးနွယ် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ လုံးဝပင် မှင်တက်မိနေကြ၏။ သူတို့ မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
သူတို့၏နှလုံးသားများထဲတွင် ပြိုင်ဘက်ကင်းဖြစ်သည့် သခင်လေးလျှိုင်မှာ လူလွန်မသား ယီယွင်က ရိုက်နှက်သည်ကို ဆိုးရွားပင် ခံနေရချေသည်။
" ဒါက ဘာ...ဘာအဓိပ္ပါယ်လဲ "
" လျှိုင်ချမ်းယုက ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ် မဟုတ်ဘူးလား "
လျှိုင်ချမ်းယု၏ ကျင့်ကြံမှုအဆင့်ကို သိနေကြသည့် လူအချို့က ကြောင်အစွာဖြင့် ဆိုလိုက်ကြသည်။
သေမျိုးသွေးနယ်ပယ် အဆင့်ငါးဆင့်တွင် ချီစုဆောင်းမှုနယ်ပယ်က သေမျိုးသွေးနယ်ပယ်ထဲတွင် အမြင့်ဆုံးအဆင့် ဖြစ်လေသည်။ ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ် စစ်သည်တစ်ဦးကို ရိုက်နှက်ရန်မှာမူ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးကသာ စွမ်းနိုင်လေသည်။
" မဖြစ်နိုင်တာပဲ။ ယီယွင်က ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးလား "
" ဘယ်ဟုတ်မလဲ။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက သေမျိုးသွေးနယ်ပယ် စစ်သည်တွေရဲ့ ပြိုင်ပွဲမှာ ပြိုင်နေစရာမလိုဘူးလေ။ ပြီးတော့ ကျင်းလုံဝေ့ကလည်း ခွင့်ပြုမှာမဟုတ်ဘူး။ ဒါ့အပြင် ယီယွင်က ဘယ်လောက်ကြီးသေးလို့လဲ။ ဒီကောင်က အသက် ၁၂ နှစ်ပဲ ရှိသေးတာလေ။ အသက် ၁၂ နှစ်နဲ့ ခရမ်းသွေးနယ်ပယ်ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ "
ဟုတ်သည်။ ယီယွင်က အသက် ၁၂ နှစ်သာရှိသေးပြီး တောက်ယွင်ရှောင်းထက် နှစ်နှစ်ပိုငယ်သည်။ အသက် ၁၂ နှစ်၏ တိုက်ပွဲဝင်စွမ်းပကားက လျှိုင်ချမ်းယုကို ရိုက်နှက်နိုင်နေချေသည်။ ထိုကောင်က မည်ကဲ့သို့ မကောင်းဆိုးရွားမျိုးပေနည်း။
ထိုစဥ်တွင် ယီယွင်က လျှိုင်ချမ်းယုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ လျှိုင်ချမ်းယု၏လက်များ တုန်ယင်နေကာ ကျောက်ခဲပုံကြားမှ ရုန်းထလာ၏။ သူ၏မျက်နှာ သွေးလွှမ်းနေကာ ခက်ထန်နေ၏။
ယီယွင်က လျှိုင်ချမ်းယုကို စူးစိုက်ကြည့်လိုက်သည်။
" မင်းက ပြစ်မှုဆယ်ခု ကျူးလွန်ထားတယ်လို့ ငါပြောခဲ့တယ်မလား။ မင်းက ငါ့ဆီမှာ အသက်ဆယ်ချောင်း အကြွေးတင်နေတယ် "
" ပြစ်မှုတိုင်းအတွက် ငါက မင်းကို တစ်ချက်စီရိုက်မယ်။ အခုက ပထမပဲ "
ယီယွင်၏ ထည်ဝါသောအသံက တစ်မိုင်ခန့်အထိ ပျံ့နှံ့သွားကာ လူတိုင်း ရှင်းလင်းစွာကြားလိုက်ရသည်။
" ပထမပြစ်မှု "
" မင်းက လက်ပါးစေတွေ မွေးထားပြီးတော့ ညှဥ်းပန်းဖိနှိပ်ပြီး အုပ်ချုပ်ခဲ့တယ်။ မျိုးနွယ်ရဲ့ အစားအစာနဲ့ အရင်းအမြစ်တွေကို မင်းက လက်ဝါးကြီးအုပ်ခဲ့တယ်။ သာမန်လူတွေက ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ကြရပေမဲ့ သူတို့ကိုပေးတဲ့ ဝေစုတွေကတော့ သူတို့ရဲ့ဝမ်းကို ဖြည့်တင်းဖို့အတွက် မလုံလောက်ခဲ့ဘူး။ နှစ်စဥ်နှစ်တိုင်းမှာလူတွေက ဆာလောင်မွတ်သိပ်ပြီး အေးစက်သေဆုံးခဲ့ရတယ်။ လျှိုင်မျိုးနွယ်က အသက်ပေါင်းများစွာရဲ့ သွေးတွေ မင်းရဲ့လက်မှာ စွန်းထင်းနေပြီ "
" ခုနက ရိုက်နှက်ခဲ့တာက သူတို့အတွက်ပဲ။ ဒီအသက်တွေက မင်း လျှိုင်မျိုးနွယ်ရဲ့ သာမန်လူတွေအပေါ်မှာ အကြွေးတင်နေတာတွေပဲ "
ယီယွင်၏စကားများကြောင့် လူတိုင်း ထိတ်လန့်သွားရသည်။ မူလက ယီယွင်က လျှိုင်ချမ်းယု၏ ပျက်စီးခြင်းအရိုးအဆီအနှစ်ကို ခိုးယူခဲ့သည်ဟု စွပ်စွဲပြောဆိုကာ လျှိုင်ချမ်းယုက အပြစ်ပေးလိုနေခဲ့သည်ဟုသာ သူတို့ ယုံထားခဲ့ကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယီယွင်သည် လျှိုင်ချမ်းယုက ပြစ်မှုဆယ်ခု ကျူးလွန်ထားသည်ဟု စွပ်စွဲနေပြန်သည်။
လျှိုင်ချမ်းယုနှင့် ယီယွင်တို့၏ ရန်ငြိုးက လျှိုင်ချမ်းယု ပြောထားသကဲ့သို့ မရိုးရှင်းပုံပင်။
" မင်းက ငါ့ကို ပြစ်မှုဆယ်ခုနဲ့ တရားစီရင်ချင်နေတယ်ပေါ့လေ။ မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ " လျှိုင်ချမ်းယုက အားတင်းကာ ဆိုလိုက်လေသည်။ သူ ယီယွင်ကို အရိုးခိုက်အောင်ပင် မုန်းလှချေ၏။
ယီယွင်က လုံးဝပင်အသားစီးရနေပြီး လျှိုင်ချမ်းယုကို အခြေအနေစတင်ချိန်ကတည်းကပင် မြေပြင်နှင့် ရိုက်ခဲ့ချေသည်။ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် သူ့အား အရှက်ရစရာပုံစံမျိုးဖြင့် ရိုက်နှက်နေခဲ့သည်မှာ သူ ရူးရတော့မည်ကဲ့သို့ ဖြစ်ခဲ့ရသည်။
လက်ရှိတွင် လျှိုင်ချမ်းယု၏စိတ် ဗလာကျင်းဖြစ်နေပြီး တွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးနေသည်။ သူနဲ့ ယီယွင်တို့ အကြားမှ စွမ်းအားကွာခြားချက်ကိုလည်း တည်ငြိမ်စွာတိုင်းဆနိုင်ခြင်း မရှိတော့ပေ။ သူက ယီယွင်ကို တစ်စစီဆွဲစုတ်ပစ်ရန်သာ တွေးမိလေတော့သည်။
" သေစမ်း " လျှိုင်ချမ်းယု အံကျိတ်ကာ ယီယွင်ဆီသို့ ခုန်ဝင်လိုက်လေ၏။
" ကျောက်ခွဲ ကျားလက်သည်း "
လျှိုင်ချမ်းယု လက်သည်းများ ဆန့်ထုတ်လိုက်ရာ အရိုးများ အသံမြည်သွားခဲ့သည်။
အရိုင်းနယ်မြေထဲတွင် လျှိုင်ချမ်းယုက သိုင်းပညာထူးချွန်မှု ရှိလေသည်။ သူ့အား ယိုယွင် သင်ကြားပေးထားသည့် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း၏ အနှစ်သာရကို ဖမ်းဆုပ်မိထားလေ၏။
ကျောက်ခွဲ ကျားလက်သည်းသိုင်းကွက်ကြောင့် သူ၏အရိုးများနှင့် အရွတ်အကြောများ တစ်သံတည်းမြည်ဟီးလာခဲ့သည်။ သူက ခါးနှင့်ကျောရိုးများ၏ အင်အားကို အသုံးပြုပြီး ကျားအစစ်တစ်ကောင်ပမာ ခုန်အုပ်လေသည်။
ယီယွင်၏အမြန်နှုန်းက လျှိုင်ချမ်းယု စွမ်းနိုင်သည်ထက် များစွာကျော်လွန်နေသည်။ တစ်ချိန်တည်းမှာပင် ယီယွင်၏အမြင်အာရုံက တိုက်ပွဲအလယ်မှာပင် အကဲဖြတ်နိုင်စွမ်းရှိနေသည်။ ထို့အပြင် သူ၏အကဲဖြတ်စွမ်းရည်က အထွတ်အထိပ်သို့ ရောက်နေလေ၏။ ယီယွင်၏ ခန္ဓာကိုယ်နှင့် ခွန်အားတို့က လျှိုင်ချမ်းယုထက် ပိုမိုကောင်းမွန်လေသောကြောင့် လျှိုင်ချမ်းယုက မည်သည့်အရာပင် အသုံးပြုပါစေ ယီယွင်အဖို့ အလွယ်တကူပင် ဖြေရှင်းနိုင်လေသည်။
ဖောင်း...။
ယီယွင် လျှိုင်ချမ်းယု၏တိုက်ကွက်ကို ရင်ဆိုင်လိုက်၏။ သူက လျှိုင်ချမ်း၏ခါးကို ဦးတည်ဖမ်းချုပ်သည်။ ယီယွင်က တင်းကျပ်စွာ ဖမ်းချုပ်ထားလေသောကြောင့် အရိုးမြည်သံများ ထွက်ပေါ်လာရသည်။ လျှိုင်ချမ်းယုမှာ နာကျင်မှုကြောင့် နဖူးကြာများထောင်ကာ ချွေးသီးချွေးပေါက်များ ကျဆင်းလာ၏။
" ငါ့ကိုယ်ငါ ကြီးမြတ်တဲ့သူလို့ ထင်မထားဖူးဘူး။ ဒါပေမဲ့ ငါက မင်းရဲ့ပြစ်မှူတွေကို တရားစီရင်ပေးဖို့အတွက်တော့ အရည်းအချင်းပြည့်မီတယ်။ ဘာကြောင့်လဲဆိုတော့ ငါက မင်းထက် ပိုသန်မာတာကြောင့်ပဲ။ ဒီလောကကြီးထဲမှာ အားနည်းသူတွေက ကျွန်ပြုခံရပြီး အားကြီးသူတွေကို သခင်အဖြစ် အသိအမှတ်ပြုရမှာပဲ " စကားဆိုရင်းဖြင့် ယီယွင်က လျှိုင်ချမ်းယု၏လက်ကို အောက်သို့ဆွဲချသည်။ လျှိုင်ချမ်းယုမှာ ခုခံနိုင်စွမ်းမရှိဘဲ တစ်ကိုယ်လုံး အောက်သို့ကျသွားရ၏။
ယီယွင် တစ်ချက်ခုန်ကာ လျှိုင်ချမ်းယု၏ရင်ဝကို ဒူးဖြင့်တိုက်ချလိုက်သည်။
အွတ်...။
လျှိုင်ချမ်းယု ချက်ချင်းပင် သွေးတစ်လုတ်အန်လိုက်ရ၏။ နံရိုးရှစ်ချောင်းခန့် ကျိုးသွားခဲ့ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း ဖွဲအိတ်တစ်လုံးသဖွယ် လွင့်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ယီယွင်က လက်မှသွေးများကို သုတ်ကာ အေးစက်စက်ဆိုသည်..." ဒုတိယပြစ်မှု "
" မင်းက လျှိုင်မျိုးနွယ်က လူတွေကို ဆေးတောင်တန်းမှာ ဆေးပင်ခူးကြဖို့ ဖိအားပေးစေခိုင်းခဲ့တယ်။ ဆေးပင်ခူးရသူတွေထဲမှာ အချို့က ကလေးတွေပဲ။ ဒါတောင်မှပဲ သူတို့က တောင်နံရံပေါ် တက်ရပြီး လျှိုမြောင်တွေထဲ ဆင်းကြရတယ်။ အသက်သေဆုံးခဲ့ရတဲ့ လူတွေဆိုတာ မရေနိုင်လောက်အောင်ပဲ။ မင်းက သေဆုံးသွားခဲ့တဲ့သူတွေကို စောက်ရေးတောင်မစိုက်ခဲ့ဘူး။ ဘာထောက်ပံ့မှုမှလည်း မပေးခဲ့ဘူး "
" ငါ ဆေးပင်ခူးနေရင်း ကျောက်ဆောင်ပေါ်က ပြုတ်ကျပြီး သေလုမြောပါး ဖြစ်ခဲ့ချိန်တုန်းကလည်း ငါ့ကို မြေမြုပ်ပြီးတောင် သင်္ဂြိုဟ်ပစ်ခဲ့ကြတယ်။ ငါ အဲ့ဒီဘေးဆိုးကနေ ရှင်သန်လာနိုင်ခဲ့ပေမဲ့ တူညီစွာနဲ့ပဲ ဘာထောက်ပံ့မှုမှ မရခဲ့ဘူး။ ငါ အိမ်ပြန်ရောက်ပြီး ဆန်ပြုတ်ရည်ကျဲကျဲ သောက်ရဖို့အတွက်တောင် ငါ့အစ်မက အသားတွေ စွန့်လွှတ်ပေးခဲ့ရတယ်။ အသက်မသေခဲ့တဲ့ ငါက မျိုးနွယ်ရဲ့ သနားကြင်နာမှုတွေကို မရခဲ့ရုံတင်မကဘူး ငါက တစ်ကြိမ်အသက်ရှင်ခဲ့ပေမဲ့ နောက်ထပ်တစ်ကြိမ် အသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုပြီး မင်းရဲ့လက်ပါးစေတွေက လှောင်ပြောင်တာကိုလည်း ခံခဲ့ရတယ် "
" ဒုတိယအသက်က လျှိုင်မျိုးနွယ်ရဲ့ ဆေးပင်ခူး ကလေးတွေအပေါ်မှာ မင်း အကြွေးတင်နေတာပဲ။ ပြီးတော့ ငါ့အတွက်ရောပဲ "
ထို့နောက် ယီယွင်က လျှိုင်ချမ်းယုဆီသို့ တစ်ဖန်ထပ်၍ လျှောက်သွားလိုက်သည်။
" မင်း...မင်း..." လျှိုင်ချမ်းယု အလူးအလဲပင် ထရပ်သည်။ သူ၏မျက်ဝန်းတွင် ယီယွင်အား အကန့်အသတ်မဲ့ မုန်းတီးမှုများ ပြည့်နေလေ၏။
သူ ဆေးပင်မျိုးစုံ အသုံးပြုပြီး ဆယ်စုနှစ်ချီကာ လေ့ကျင့်ခဲ့ရသည်။ သူ၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို ကြိမ်ဖန်များစွာပင် လေ့ကျင့်ထားသည်ဖြစ်ပြီး ယခုကဲ့သို့ အရိုက်ခံထားရသည့်တိုင်အောင် သူ တိုက်ခိုက်နိုင်သေးသည်။
" ငါ မင်းကို သတ်မယ် "
အရှက်ရခြင်း ၊ ဒေါသထွက်ခြင်း ၊ နှစ်ဦးအကြားမှ စိတ်ကူးနှင့်လက်တွေ ကွာခြားချက်များကို နားလည်သွားခြင်း ၊ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန် ကျရှုံးရခြင်း အစရှိသဖြင့် လျှိုင်ချမ်းယု၏ ယီယွင်အပေါ် မုန်းတီးစိတ်များ စုပေါင်းသွားချိန်တွင် သူ၏စိတ်များ လွတ်ထွက်သွားခဲ့သည်။
လူတစ်ဦးက မည်မျှပင် စိတ်ရှည်တတ်ပါစေ ဤအခြေအနေသို့ ရောက်သွားခဲ့လျှင် တည်ငြိမ်နိုင်မည်မဟုတ်တော့ပေ။ လျှိုင်ချမ်းယုလည်း ထိုကဲ့သို့သာ ဖြစ်ချေသည်။
သူ ပြေးထွက်သွားကာ ယီယွင်၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်လေသည်။ သံသယဖြစ်ဖွယ်ရာ မရှိစွာဖြင့်ပင် လျှိုင်ချမ်းယု၏ လက်သီးချက်ကို ယီယွင်က အလွယ်တကူပင် ပုတ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ယီယွင်က လျှိုင်ချမ်းယု၏မျက်နှာကို လက်သီးတစ်ချက် ထိုးလိုက်လေသည်။
ဖြောင်း...။
လျှိုင်ချမ်းယု နာကျင်စွာ ဟစ်အော်လိုက်ရပြီး ခန္ဓာကိုယ်မှာ လေထဲသို့ တစ်ဖန်မြောက်တက်သွားရသည်။ သူ၏မျက်နှာသည် ယီယွင်ကြောင့် အစိမ်းရောင် ၊ အနီရောင် ၊ ခရမ်းရောင် ၊ အနက်ရောင် အရောင်များဖြင့် အရောင်သွေးစုံနေ၏။ သူ၏နှာခေါင်းအား ယီယွင်က လက်သီးဖြင့် ထိုးထားချေ၏။ ရှေ့သွားနှစ်ချောင်းကိုလည်း ယီယွင်က လက်သီးဖြင့် ထိုးထားသည်။
" တတိယပြစ်မှု.... မင်းက ပြည်ထောင်ရွေးချယ်ပွဲကို အရိုင်းနယ်မြေထဲကနေ ထွက်ခွာဖို့အတွက် လမ်းကြောင်းတစ်ခုအဖြစ် အသုံးချပြီးတော့ မျိုးနွယ်ကြီးတွေဆီက ပျက်စီးခြင်းအရိုးနဲ့ အလဲအလှယ်လုပ်ဖို့အတွက် လျှိုင်မျိုးနွယ်ရဲ့ အစားအစာတွေကို အလွဲသုံးစားလုပ်ခဲ့တယ်။ ပြီးတော့ ပျက်စီးခြင်းအရိုးကို သန့်စင်ဖို့အတွက် လူတွေကို အသုံးချခဲ့တယ်။ အဲ့ဒီလူတွေကလည်း မြို့ပေါ်ကိုခေါ်သွားမယ်ဆိုတဲ့ မင်းရဲ့အလိမ်အညာစကားတွေနဲ့ လှည့်စားခံခဲရတယ်။ ဒါဘာကြောင့်လဲဆိုတော့ ငါတို့မှာ အစာရေစာ နည်းပါးလွန်းနေပြီး လျှိုင်မျိုးနွယ်ထဲကလူတွေ ဆာလောင်မွတ်သိပ်ပြီး အေးစက်သေဆုံးခဲ့ရတာကြောင့်ပဲ "
" ပြီးတော့ ငါ့အစ်မကလည်း ငါ့အတွက် အသားနည်းနည်းလေး ရဖို့အတွက် တစ်ညလုံး မြားတွေလုပ်ပေးခဲ့ရတယ်။ ဒါပေမဲ့ အစာဝေစု ခွဲပေးတဲ့နေကျ အသားမရတဲ့အပြင် ဆန်ကောင်းတောင် မရခဲ့ဘူး။ ဆန်ကွဲတစ်ထုပ်ပဲ ရလာခဲ့တယ်။ အဲ့ဒါက ငါတို့မောင်နှမကို သေတွင်းထဲပို့နေတာနဲ့ အတူတူပဲ။ ငါ့ရဲ့အစ်မက အဲ့ဒါကို ငြင်းဆန်ချင်ခဲ့ပေမဲ့ မင်းရဲ့လက်ပါးစေတွေ ရိုက်နှက်တာကို ခံရလုနီးပါး ဖြစ်ခဲ့ရတယ် "
" ဒီအသက်က လျှိုင်မျိုးနွယ်ရဲ့ ဆာလောင်နေကြတဲ့ လူတွေဆီမှာ မင်း တင်နေတဲ့ အကြွေးပဲ။ ငါနဲ့ ငါ့အစ်မအတွက်ရောပဲ " ယီယွင်၏အမူအရာ အေးစက်နေပြီး အသံကမူ ယုံကြည်ချက်ပြည့်ဝနေသည်။ သူက လျှိုင်ချမ်းယု၏ ပြစ်မှုများကို တစ်ခါလျှင်တစ်ကြိမ် ကြေညာနေ၏။ ကြည့်ရှုနေကြသူများမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြရသည်။
တိုက်ပွဲက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ယီယွင်က လျှိုင်ချမ်းယု၏လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရပြီး ကံကောင်း၍သာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။ ယခုက ယီယွင် လက်စားချေရမည့်အချိန်ပင်။
ယီယွင် ပြောခဲ့သည်များက အမှန်ဖြစ်နေလျှင် လျှိုင်ချမ်းယုကို ရိုက်နှက်သည်မှာ ပြီးပြည့်စုံစွာပင် တရားမျှတသည်။ ဟုတ်သည်။ လျှိုင်ချမ်းယုကလည်း ယီယွင်က ပျက်စီးခြင်းအရိုးအဆီအနှစ်ကို ခိုးယူခဲ့ခြင်းကြောင့် သတ်လိုနေသည်ကိုလည်း နားလည်နိုင်သည်။
နှစ်ဦးအကြားရှိ ရန်ငြိုးများက ရေနှင့်မီးကဲ့သို့ပင် ပေါင်းဖက်၍မရပေ။ လက်ရှိအချိန်၌ မည်သူက မှန်သည်ဖြစ်စေ မှားသည်ပင်ဖြစ်စေ စွမ်းအားပိုကြီးကသာ အမှန်ဖြစ်လာပေလိမ့်မည်။ အားနည်းသူက သေသင့်သည်။ ယင်းသည် တိုင်အာနတ်ပြည်ထောင်၏ လက်စားချေစည်းမျဥ်း ဖြစ်လေ၏။
လက်ရှိတွင် တပ်သားလေ့ကျင့်ရေးစခန်းမျ အဖွဲ့ဝင်များ လုံးဝမှင်တက်မိနေကြ၏။ သူတို့က ယီယွင်က တစ္ဆေတစ်ကောင်ပမာပင် ပြူးပြဲကြည့်နေကြသည်။ လျှိုင်ချမ်းယုနှင့် ယီယွင်တို့၏ တိုက်ပွဲက ကလေးငယ်နှင့်လူကြီး တိုက်ခိုက်နေသည့်အလား လုံးဝပင် တစ်ဖက်သတ်ဆန်နေသည်။ ယနေ့တွင် သူတို့၏ သခင်လေးက အလွန်ပင် သနားစရာကောင်းသည့်ပုံစံဖြင့် အဆုံးသတ်ဖို့ရာသာ များနေကြောင်းကို သူတို့ နားလည်သွားကြသည်။
လျှိုင်ချမ်းယု ထပ်မံကာ ထရပ်လာသည်။ သူ၏စိတ်ဝိညာဥ်က ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။ သို့သော် ရုပ်ခန္ဓာကိုယ် ထိခိုက်မှုများနှင့် နှိုင်းယှဥ်မည်ဆိုလျှင် သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက သည်းမခံနိုင်စရာပင်။ လူတစ်ဦး ထိုအခြေအနေသို့ ရောက်သွားလျှင် အသိလွတ်ကာ ရူးသွားပေလိမ့်မည်။ လျှိုင်ချမ်းယုက မရူးသေးသည့်တိုင်အောင် ထိုအခြေအနေနှင့် နီးကပ်နေ၏။
သူ ယီယွင်ဆီသို့ ထပ်မံကာပြေးဝင်သွားသည်။ သူက မည်သည့်နည်းစနစ်မျှ အသုံးမပြုဘဲ အကြမ်းထည်ခွန်အားကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနှင့်ပင် ယီယွင်ကို ယှဥ်နိုင်ခြင်းမရှိပေရာ ဤအကြမ်းထည်ခွန်အားက အသုံးမဝင်ချေ။
လျှိုင်ချမ်းယုက ယီယွင်၏ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် ယီယွင်က ဗိုက်အားကျုံ့ကာ ချီများကို တန်းထျန်ထဲတွင် သိပ်သည်းစေပြီး လျှိုင်ချမ်းယု၏ လက်သီးချက်ကို ခံယူလိုက်သည်။
၎င်းကသာ နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း ဖြစ်နေမည်ဆိုပါက ယီယွင်သည် လက်သီးချက်ကို တိုက်ရိုက်ခံယူမည် မဟုတ်ပေ။ သို့သော် သုံးခါဆက်တိုက် ပြင်းထန်စွာအရိုက်ခံထားရပြီး ခွန်အားများ ကြီးစွာကျဆင်းနေသည့် လျှိုင်ချမ်းယု၏ ထိုကဲ့သို့လက်သီးချက်မျိုးကိုမူ ယီယွင် ဖိအားများစွာမရှိဘဲ ခံယူနိုင်သည်။
ယီယွင် လျှိုင်ချမ်းယု၏လက်သီးချက်ကို ခံယူပြီးနောက် မသဲမကွဲညည်းညူသည်။ သို့သော် ယီယွင်က ခြေတစ်လှမ်းပင် ဆုတ်သွားခြင်းမရှိဘဲ လျှိုင်ချမ်းယုကို အေးစက်စက်စူးစိုက်ကြည့်လိုက်သည်။
" စတုတ္ထပြစ်မှု... မင်းက ငါ့ကို အခြားသူတွေ ရွံရှာမုန်းတီးလာအောင် သွေးထိုးပေးခဲ့တယ်။ ပြီးတော့ ငါကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး သေလုမြောပါးဖြစ်အောင် လုပ်ခဲ့တယ်။ မင်းက ငါ့ဆီမှာ အဲ့ဒီအသက်ကြွေး တင်နေတယ် " ယီယွင်က လျှိုင်ချမ်းယု၏ဗိုက်ကို လက်သီးတစ်ချက် ထိုးလိုက်သည်။
ဖြောင်း...။
လျှိုင်ချမ်းယု၏ခန္ဓာကိုယ်မှာ ပုစွန်တုပ်ပမာ ကွေးသွားရလေ၏။ လျှိုင်ချမ်းယုက ယီယွင်ကို မည်မျှပင် တိုက်ခိုက်နေပါစေ ယီယွင်က လျှိုင်ချမ်းယုကို ပုံစံတူနည်းလမ်းဖြင့်သာ တုန့်ပြန်ခဲ့ချေသည်။