ရန်ခရိုင်သို့ ပြန်ရောက်ခြင်း (၁)
Vol. 53 Ch. 781
နေ့ရက်များ ကုန်လွန်၍ ဆောင်းရာသီကုန်ဆုံးကာ နွေဦးပေါက်လာချိန်တွင် ရန်ခရိုင်သို့ မြို့တော်ပြောင်းရွှေ့ရန် ပြင်ဆင်မှုများမှာ အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သည်။ အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်၍ မင်္ဂလာရှိသောရက်ကို ရွေးချယ်ပြီး ပြောင်းရွှေ့ရန်သာ လိုတော့သည်။
ဤခြောက်လနီးပါးကာလအတွင်း နေဝင်ဆည်းဆာ ဓားဂိုဏ်းလည်း တိုင်ယင်ဂိုဏ်း၏ ပုန်းခိုရာကို ရှာမတွေ့ခဲ့ချေ။ အနိမ့်ပိုင်း ဂိုဏ်းဝင်အချို့ကိုသာ ဖယ်ရှားနိုင်ခဲ့သည်။
ရွှီလင်လုံ ပြောခဲ့သည့်အတိုင်း တိုင်ယင်ဂိုဏ်းခေါင်းဆောင်သည် အလွန်သတိကြီးသူဖြစ်၏။ တိုင်ယင်ဂိုဏ်း၏ အဓိကအဖွဲ့ဝင်များသည် ဤလောကမှ ပျောက်ကွယ်သွားသကဲ့သို့ အစအနပင် ရှာမရတော့ပေ။
ထိုအတွက် လုချန်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် အာရုံမစိုက်တော့ပေ။ ယခုအချိန်တွင် သူသည် ကမ္ဘာကြီးကို အမြန်ဆုံး စုစည်းစေပြီး ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန်သာ ဆန္ဒရှိနေသည်။
လွန်ခဲ့သော ခြောက်လအတွင်း ရွှီလင်လုံနှင့် ပိုင်ချင်းချင်းတို့ အလွန် ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။ သူတို့နှစ်ဦးသာ လုချန်း၏ ဘေးတွင် ရှိနေခဲ့သောကြောင့်ဖြစ်သည်။ လုချန်းသည်လည်း အရာရှိများ၏ အကြံပေးချက်အတိုင်း မိဖုရားရွေးချယ်ပွဲများ ကျင်းပခဲ့၏။ သို့သော် ခဏကြာမျှ ရွေးချယ်ပြီးနောက် အမှတ် ကိုးဆယ်အထက်ရသည့် အမျိုးသမီး တစ်ဦးကိုမှ ရှာမတွေ့ခဲ့ပေ။
နေပြည်တော်ရှိ အာဏာရှိ မိသားစုများတွင် လှပသော အမျိုးသမီးများစွာ ရှိသော်လည်း အမှတ်ကိုးဆယ်အထက် တစ်ယောက်မျှ မရှိသည်မှာ ရှင်းပြရခက်သည့် အနေအထားတစ်ခုဖြစ်သည်။ စနစ်တွင် ပြဿနာတစ်ခုခု ရှိနေသည်ဟုပင် လုချန်း သံသယဝင်မိသည်။
စနစ်က တမင်သက်သက် အမှတ်လျှော့နေခြင်းလားဟုပင် စနစ်ကို လုချန်း မေးမြန်းခဲ့သေးသည်။ သို့သော် စနစ်က မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
နောက်ပိုင်းတွင် လုချန်း အဖြစ်မှန်ကို တဖြည်းဖြည်း နားလည်လာသည်။ အမှတ်ကိုးဆယ်အထက် ရသော အမျိုးသမီးများသည် လှပရုံသာမကပဲ သူတို့၏ ခန္ဓာကိုယ်တွင် အထူးစွမ်းရည်များ ပါရှိနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
အခြားရွေးချယ်စရာ မရှိသောအခါ လုချန်းလည်း သူ၏ အာရုံကို ပိုင်ချင်းချင်းနှင့် ရွှီလင်လုံတို့ထံသို့ လှည့်လိုက်ပြီး သူတို့ထံမှ သားသမီးရရှိရန် မျှော်လင့်ခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦးစလုံး လုချန်းကို နေ့တိုင်း ပြုစုစောင့်ရှောက်ရတော့သည်။ အထူးသဖြင့် နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးမလေး ရွှီလင်လုံကို လုံးဝမထိန်းသိမ်းပဲ ဆက်ဆံခဲ့သော်လည်း ယခုအချိန်ထိ သူမ ကိုယ်ဝန်မရရှိသေးပေ။
ယခုတော့ လုချန်းလည်း အခြေအနေကို လက်ခံထားပြီးဖြစ်သည်။ ကိုယ်ဝန်မရလျှင်လည်း ဖြစ်သည်။ ထိုကိစ္စအတွက် အလွန်အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ပေ။ ကံကောင်းထောက်မစွာဖြင့် သူတောင်ပိုင်းသို့ ခရီးမထွက်မီ ချင်ယူဝေကို ကိုယ်ဝန်ရှိစေခဲ့သေးသည်။
ချင်ယူဝေ၏ ကလေးမွေးဖွားလာပါက နောက်ထပ် အက်အားစုတစ်ခုကို ရရှိလာလိမ့်မည်။ ထိုအင်အားစုဖြင့် ကမ္ဘာကြီးကို စုစည်းရန် ပိုမိုလွယ်ကူလိမ့်မည်ဖြစ်သည်။
ခြောက်လကျော် အုပ်ချုပ်ပြီးနောက် ရှနိုင်ငံတော် တည်ငြိမ်လာပြီး မြေယာပိုင်ဆိုင်မှု လွှဲပြောင်းခြင်းလုပ်ငန်းစဉ်လည်း အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်သည်။ ယခုအခါတွင် ဥပဒေအရ မြေယာအားလုံးကို ဧကရာဇ်က ပိုင်ဆိုင်သွား ပြီဖြစ်သည်။
ဟုတ်ပါသည်။ ဒါက မြေယာပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော ဥပဒေ တစ်ခုသာဖြစ်ပြီး မြေယာရောင်းဝယ်ခြင်းကို လုံးဝတားမြစ်ထားခြင်း မရှိပေ။ ထို့ပြင် အကယ်၍ နိုင်ငံတော်အနေနှင့် မြေယာကို သိမ်းယူရန်လိုအပ်ပါက သင့်တင့်သော လျော်ကြေးငွေကို ပေးဆောင်မည်ဖြစ်သည်။
ပြည်တွင်း တည်ငြိမ်မှု ရရှိလာသောအခါ လုချန်းတွင် အရေးကြီးကိစ္စ နှစ်ခုသာ ကျန်တော့သည်။ ၎င်းတို့မှာ မြို့တော်ပြောင်းရွှေ့ခြင်းနှင့် ကျန်နိုင်ငံများကို သိမ်းပိုက်ခြင်းတို့ပင်ဖြစ်သည်။
မြို့တော်ပြောင်းရွှေ့မည့်ရက်ကိုလည်း မကြာမီ သတ်မှတ်လိုက်ကြသည်။
.......
ရှနိုင်ငံတော်။
နန်းတော်။
စာကြည့်ခန်း။
လုချန်း အမိန့်ပြန်တမ်းများကို ဖတ်ရှုစစ်ဆေးနေစဉ် ပိုင်ချင်းချင်း၏ အသံကို ကြားလိုက်ရသည်။
“မင်းကြီး။ ပညာရှိကြီး ရွှမ်ယွမ်က တွေ့ခွင့်တောင်းနေပါတယ်။”
လုချန်းက
“ဝင်ခွင့် ပေးလိုက်ပါ။”
ထို့နောက် ရွှမ်ယွမ်ချောင်ကဲ စာကြည့်ခန်းထဲသို့ ဝင်လာပြီး
“မင်းကြီးကို ဂါရဝပြုပါတယ်။”
လုချန်းက ပေါ့ပါးပါးပင်
“ဓလေ့ထုံးတမ်းတွေ မလုပ်ပါနဲ့။”
“ကျွန်တော်က ရွှမ်ယွမ်သခင်ကြီးကို ကျွန်တော့်အစား ဝန်ကြီးဌာနခြောက်ခုကို တာဝန်ယူစေပြီး ဒီမှာထားခဲ့ဖို့ စဉ်းစားနေတယ်။ ဒီအစီအစဉ်ကို ဘယ်လိုမြင်ပါလဲ။”
ယခုအချိန်တွင် ရှနိုင်ငံတော်တွင် ပညာရှိကြီးနှစ်ဦး ရှိနေသည်။ တစ်ဦးက ကျူးကဲ့ကျုံကောင်းဖြစ်ပြီး နောက်တစ်ဦးက ရွှမ်ယွမ်ချောင်ကဲ ဖြစ်သည်။
နှစ်ဦးစလုံး ပညာရှိကြီးဘွဲ့ရထားသော်လည်း နယ်ပယ်ကွာခြားသည်။ ကျူးကဲ့ကျုံကောင်းသည် စာပေပိုင်းမှ ပညာရှိကြီးဖြစ်ပြီး ရွှမ်ယွမ်ချောင်ကဲကတော့ စစ်ရေးပိုင်း၏ ပညာရှိကြီးဖြစ်သည်။
သူတို့၏ နယ်ပယ်နှစ်ခုမှာ ကွဲပြားသော်လည်း မြို့တော်ရှိ အရာရှိများအား စောင့်ကြည့်ရန် ယုံကြည်ရသူတစ်ဦး လိုအပ်နေသည်။ ပြဿနာများ မဖြစ်ပေါ်စေဖို့ တားဆီးရန်ဖြစ်သည်။ ရွှမ်ယွမ်ချောင်ကဲသည် ထိုအခန်းကဏ္ဍနှင့် အလွန်သင့်လျော်သည်။
ထို့ပြင် ရွှမ်ယွမ်ချောင်ကဲသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ နေပြည်တော်ရှိ အရာရှိများသည် စွမ်းအားရှင်တစ်ဦး၏ အမိန့်ကို မလိုက်နာပဲ မနေရဲပေ။
လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ချောင်ကဲက ချက်ချင်းပင်
“ကျွန်တော် မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။”
ရွှမ်ယွမ်ချောင်ကဲလည်း နေပြည်တော်ရှိ ဝန်ကြီးဌာနခြောက်ခု၏ အရေးကြီးပုံကို သိသည်။ ထိုဝန်ကြီးဌာနတို့၏ အာဏာသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားမည်ဖြစ်သော်လည်း ယခုအဆင့်တွင် အရာရှိများစွာ ရှိနေသေးသောကြောင့် သူတို့ကို မစောင့်ကြည့်ပါက ရှနိုင်ငံတော်ကို ထိခိုက်စေမည့် အဖျက်အမှောင့်လုပ်ရပ်များကို လျှို့ဝှက်ကျူးလွန်ရန် အလွန်ဖြစ်နိုင်ခြေရှိသည်ဟု သူ သဘောပေါက်ထားသည်။
လုချန်းက ဆက်၍
“ဒါဆို ပညာရှိကြီး ရွှမ်ယွမ်ကို ကျွန်တော် ဒုက္ခပေးရတာပေါ့။ ကြေးနန်းကို တီထွင်ပြီးပြီဆိုတော့ မကြာခင် အသုံးပြုနိုင်တော့မှာပါ။ အနာဂတ်မှာ နေပြည်တော်မှာ ပြဿနာတစ်ခုခု ရှိလာရင် ကြေးနန်းနဲ့ ကျွန်တော့်ဆီကို သတင်းပို့ပါ။”
ရွှမ်ယွမ်ချောင်ကဲက
“မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါ။”
.....
နေပြည်တော်တွင် နေခဲ့မည့် သူများကို သတ်မှတ်ပြီးနောက် နောက်တစ်နေ့နံနက်စောစောတွင် မြို့တော်ပြောင်းရွှေ့ရေး လုပ်ငန်းများ စတင်ခဲ့သည်။
ပြောင်းရွှေ့မှု မစတင်မီကပင် ဝန်ကြီးအများအပြား၏ မိသားစုများမှာ ရန်ခရိုင်သို့ ရွှေ့ပြောင်းပြီးသားဖြစ်၍ အပြောင်းအရွှေ့သည် အတော်လေး မြန်ဆန်ခဲ့သည်။
......
လဝက်ခန့် ကြာပြီးနောက်။
ရန်ခရိုင်။
ယနေ့ ရန်ခရိုင်တွင် လူအများအပြားဖြင့် စည်ကားနေသည်။ မြို့တော်၏ နေထိုင်သူအားလုံးနီးပါး လုချန်းကို ကြိုဆိုရန် ထွက်လာခဲ့ကြသည်။
ယခုအခါ ရန်ခရိုင်သည် ရှနိုင်ငံ၏ မြို့တော်ဖြစ်လာသောကြောင့် ရန်ခရိုင် ဒေသခံများ၏ ဘဝများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ထိုသူများ ဘာမှမလုပ်ပဲနေလျှင်တောင် ယခင်က ဝယ်ယူခဲ့သော အိမ်ဈေးများ ချက်ချင်းပင် အဆမတန် မြင့်တက်လာပေလိမ့်မည်။
မြို့သစ်တွင်သာမက ရန်မြို့ဟောင်း၌လည်း မြေဈေးများ လျင်မြန်စွာ မြင့်တက်နေသည်။ ရန်ခရိုင်သားများ တစ်ဦးပြီးတစ်ဦး ချမ်းသာလာကြသည်။
ထိုအရာ အားလုံးသည် လုချန်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ရန်ခရိုင်သားများက သူတို့၏ ဧကရာဇ်အသစ်အား အလွန်ကျေးဇူးတင်နေကြသည်။
မကြာမီပင် ရထားဥဩဆွဲသံကို အဝေးမှ ကြားလိုက်ရသည်။ မြို့သစ်သည် ရထားဘူတာရုံနှင့် အနည်းငယ် ကွာဝေးသော်လည်း ရထားသံကို ကြားလိုက်သောအခါ ဧကရာဇ် ရောက်တော့မည်ဖြစ်ကြောင်း လူတိုင်းနားလည်သွားပြီး မြို့တံခါးဝတွင် ချက်ချင်း တိတ်ဆိတ်သွားသည်။
မကြာမီပင် ခမ်းနားသော မြင်းရထားတစ်စီးအဝေးမှ ရောက်ရှိလာသည်။ အတွင်းတွင် လုချန်း ထိုင်နေသည်။
ဤအချိန်တွင် မုကျိရွှမ်းသည် မိဖုရားများအဖွဲ့နှင့်အတူ နန်းတော်သစ်၏ အဝင်ဝတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး လုချန်း ပြန်လာမည့်အချိန်ကို စောင့်နေကြသည်။
ရထားပေါ်တွင် ထိုင်နေသော လုချန်း၏ စိတ်ထဲ အလွန်တက်ကြွနေသည်။ သူ၏ ဇနီးများကို အချိန်အတော်ကြာ မတွေ့ရသောကြောင့် အလွန်လွမ်းဆွတ်နေမိသည်။
တစ်ချိန်တည်းမှာပင် အခြားမြင်း ရထားတစ်စီးပေါ်တွင် ထိုင်နေသော ရွှီလင်လုံသည် လက်ကိုင်ပုဝါကိုသုံး၍ မရှိသော မျက်ရည်များကို သုတ်ရင်း
“ငါ ရန်ခရိုင်ကို နောက်ဆုံးတော့ ပြန်ရောက်ပြီ”
ဟု တီးတိုးရေရွတ်နေသည်။
နေပြည်တော်တွင် နေထိုင်စဉ်က လုချန်းကို သူမ နေ့တိုင်းနီးပါး ပြုစုစောင့်ရှောက်ခဲ့ရသည်။ သူမ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
လုချန်းက ထာဝရတန်ခိုးရှင် ကုသနည်းဖြင့် ကုသပေးသဖြင့် သူမ မသက်မသာ ခံစားရခြင်း မရှိသော်လည်း အဆက်မပြတ် လှုံ့ဆော်မှုများကြောင့် သူမ၏ ဦးနှောက်လုပ်ဆောင်မှုများ သိသိသာသာ နှေးကွေးသွားသည်။
ထို့ပြင် သူမသည် အမျိုးသမီး အစေခံတစ်ဦးကဲ့သို့ ပို၍ ပြုမူလာနေမိသည်ကို သူမကိုယ်သူမ သတိပြုမိသည်။ လုချန်းကို မြင်တိုင်း မရည်ရွယ်ပဲ တင်ပါးကို လှုပ်ခါနေမိသည်။
ယခု ပြန်ရောက်ပြီဖြစ်သည်။ လုချန်း၏ ဇနီးများသည် ရန်ခရိုင်တွင် တစ်နှစ်နီးပါး စောင့်မျှော်နေခဲ့ကြသည်။ လုချန်း သူမထံ တော်တော်ကြာကြာ လာတော့မည် မဟုတ်ပေ။
ယခုတော့ သူမ ကောင်းစွာ အနားယူနိုင်တော့မည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရွှီလင်လုံ၏ စိတ်ထဲ အလွန်ပျော်ရွှင်နေမိသည်။ သူမ တိုင်ယင်ဂိုဏ်းတွင် ရှိစဉ်က ယနေ့ကဲ့သို့သော နေ့မျိုးကို အိပ်မက်ပင် မမက်ခဲ့ပေ။
အခြား နတ်ဆိုးဂိုဏ်းမှ မှော်ဆရာမများသည် ယောက်ျားများ၏ ယန်စွမ်းအားကို စုပ်ယူ၍ ကျင့်စဉ်အတွက် အသုံးပြုကြသည်။ သို့သော် သူမသည် နတ်ဆိုးဂိုဏ်းမှ ဖြစ်ပါလျက် ဧကရာဇ်လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသည်။
ထိုအချက်ကို တွေးလိုက်သောအခါ ရွှီလင်လုံစိတ်ထဲ သက်ပြင်းချမိသည်။ သူမက မည်သို့သော မှော်ဆရာမမျိုး ဖြစ်နေပါလိမ့်ဟု တွေးမိသည်။
လုချန်းကို တင်ဆောင်လာသော မြင်းရထားသည် နန်းတော်တံခါးဝသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
နန်းတော်ကို မူလ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အခြေခံအုတ်မြစ်များမှ ချဲ့ထွင်ထားခြင်းဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဆောက်လုပ်နေစဉ်ကပင် အနာဂတ် ချဲ့ထွင်မှုအတွက် မြေနေရာ အလုံအလောက်ကို ချန်ထားခဲ့သည်။ ထိုအချိန်ကတည်းကပင် လုချန်းသည် မြို့တော်ပြောင်းရွှေ့ရန် စဉ်းစားနေခဲ့ပြီးဖြစ်သည်။
နန်းတော်တံခါးဝသို့ ရောက်ရှိလာသောအခါ လုချန်း ရထားပေါ်မှ ဆင်းလာသည်။ မုကျိရွှမ်းတို့က ချက်ချင်းပင် အရိုအသေပြုကာ
“မင်းကြီးကို ဂါရဝပြုပါတယ်။”
လုချန်းသည် အမြင့်ဆုံးသော အုပ်စိုးရှင် ဖြစ်လာပြီဖြစ်သည်။ ယခင်ကလို နယ်စားမင်းသား မဟုတ်တော့ပေ။ စိတ်ထဲတွင် သူ့ကို အလွန်လွမ်းဆွတ်နေသော်လည်း သူ့ထံသို့ ပြေးဖက်လိုသည့် စိတ်ဆန္ဒများကို သူတို့ ထိန်းချုပ်ထားရသည်။
မုကျိရွှမ်းနှင့် ချူးယုချင်တို့ သူ့ကို ပြေးဖက်ခြင်းမရှိသည်ကို မြင်သောအခါ လုချန်းလည်း သူတို့ စိုးရိမ်နေသည့်အရာကို ချက်ချင်းပင် နားလည်လိုက်သည်။
ထို့နောက် လုချန်းက ပြုံးရယ်လျက်
“ကျွန်တော့်ရဲ့ အမျိုးသမီးတွေ။ ကျွန်တော် ပြန်ရောက်လာပြီ။”
ထို့နောက် လုချန်းက မုကျိရွှမ်းထံသို့ တည့်တည့်လျှောက်သွားပြီး သူမ ဘာမှ မပြောခင်တွင် မုကျိရွှမ်းနှင့် သူမဘေးမှ ချူးယုချင်ကို ဖက်လိုက်သည်။
လုချန်းက ဆက်၍
“ကျွန်တော် အခု ဧကရာဇ်ဖြစ်နေပေမယ့် ကျွန်တော်က ခင်ဗျားတို့ရဲ့ အချစ်တော်လေးပါပဲ ။ ဒီလောက်အေးစက်စက် ဆက်ဆံတာကို ကျွန်တော် စိတ်ပျက်မိတယ်။”
ထိုစကားကို ကြားသောအခါ အားလုံးချက်ချင်းပင် သူ့ဆီ ဝိုင်းအုံလာကြပြီး ဝန်းရံထားလိုက်တော့သည်။
လုချန်း ဧကရာဇ်ဖြစ်လာခြင်းကြောင့် စိတ်နေစိတ်ထား ပြောင်းလဲသွားမည်ကို သူတို့စိုးရိမ်ခဲ့ကြသည်။ သို့သော် ယခုတော့ သူတို့၏ စိုးရိမ်မှုများက အခြေအမြစ်မရှိကြောင်း ထင်ရှားနေသည်။