← Chapters

ဒီည မေးစရာရှိလို့

Vol. 53 Ch. 782

ဒီည မေးစရာရှိလို့

Vol. 53 Ch. 782

လုချန်းသည် မုကျိရွှမ်းနှင့် ချူးယုချင်ကို ရင်ခွင်ထဲတွင် ဖက်ထားပြီး သူတို့၏ ခန္ဓာကိုယ်ရနံ့များကို ရှူရှိုက်နေမိသည်။

ထိုအချိန်တွင် လုချန်းက

“ကျိရွှမ်း၊ ဒေါ်လေးချူးတို့ ပင်ပန်းနေကြပြီ။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းနှင့် ချူးယုချင်တို့ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် လုချန်းက အနားရှိ အခြားဇနီးများကို လှည့်ကြည့်၍

“မင်းတို့လည်း ပင်ပန်းခဲ့ကြတယ်။”

ထို့နောက် လုချန်း၏ အကြည့်က လင်ဝမ်ရွန်ပေါ်သို့ ကျရောက်သွားသည်။ သူက ပြုံးပြီး

“လင်မိသားစုက ရန်ခရိုင်ကို ရွှေ့ပြောင်းပြီးပြီ ဒေါ်လေးလင်။ နောက်တစ်ရက် နှစ်ရက် လောက်ကျရင် သူတို့ဆီ သွားကြည့်လိုက်ပါဦး။”

ထိုစကားကို ကြားရသောအခါ လင်ဝမ်ရွန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ရှက်သွေးဖြာသွားသည်။ လင်မိသားစု ရန်ခရိုင်သို့ ပြောင်းလာခြင်းသည် သူမ လုချန်းနှင့် မကြာမီ တရားဝင် လက်ထပ်ရတော့မည်ဟု ဆိုလိုသည်ဟု သူမ နားလည်လိုက်သည်။

ထို့နောက် လုချန်းက အခြားသူများကို ကြည့်လိုက်ရာ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ မရှိသည်ကို သတိပြုမိသည်။

သူတို့နှစ်ဦးသည် သူ၏ မိန်းမများ ဖြစ်နေပြီဖြစ်သော်လည်း တရားဝင် အဆင့်အတန်းမရှိသောကြောင့် လူများ၏ ပြောစကားများကို ရှောင်ရှားရန်အတွက် လုချန်းကို ထွက်မကြိုဆိုကြခြင်း ဖြစ်သည်။

လုချန်း ထိုအချက်ကို သိပ်အာရုံမထားပေ။ သူက မုကျိရွှမ်းနှင့် ချူးယုချင်တို့၏ ခါးများကို ပွတ်သပ်ပြီးနောက်

“ကဲ။အခုတော့ ပြန်ကြတော့။ ကျွန်တော် နန်းတွင်းအစည်းအဝေးတစ်ခု လုပ်ရဦးမယ်။ ဒီည မိသားစုစားသောက်ပွဲကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။”

ထိုစကားများကို ကြားသောအခါ အမျိုးသမီးများ လုချန်းကို ထပ်မပြောတော့ပေ။ လုချန်း ပြန်ရောက်လာပြီ ဖြစ်သောကြောင့် သူတို့၏ စိတ်ထဲတွင် ရှိသမျှအရာအားလုံးကို တဖြည်းဖြည်း ပြောဆိုရန် အချိန်များစွာ ရှိနေပြိီဖြစ်သည်။

ထို့နောက် အမျိုးသမီးများ နန်းတော်တွင်းသို့ ပြန်သွားကြပြီး လုချန်းလည်း မြောက်ပိုင်းပြည်နယ်မှ အရာရှိများကို ချက်ချင်းပင် ခေါ်ယူလိုက်သည်။

နေပြည်တော်မှ အရာရှိအများအပြား လုချန်းနှင့်အတူ ရန်ခရိုင်သို့ လိုက်ပါလာကြသည်။ ယင်းမှာ မကြာမီ နိုင်ငံရေးနယ်ပယ်တွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည်ဟု ဆိုလိုဖြစ်သည်။

ယနေ့ ကျင်းပသော နန်းတွင်းအစည်းအဝေးမှာ နေပြည်တော်မှ အရာရှိများအား မြောက်ပိုင်းပြည်နယ်မှ အရာရှိများနှင့် သိကျွမ်းစေရန်သာ ဖြစ်သည်။

မကြာမီ နန်းတွင်းအစည်းအဝေး စတင်ခဲ့သည်။

လုချန်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်၍ ခန်းမကြီးအတွင်းရှိ လူများကို ကြည့်နေသည်။ နန်းတွင်းသည် သူ့အား မူလထောက်ခံသူများနှင့် နေပြည်တော်မှ လာသော ဝန်ကြီးများဟူ၍ အုပ်စုနှစ်စုအဖြစ် ပိုင်းခြားသွားသည်ကို တွေ့ရသည်။

ထိုအချိန်တွင် လုချန်းက

“ဒီနေ့ကစပြီး နန်းတွင်းအစည်းအဝေးတွေကို မြောက်ပိုင်းပြည်နယ်ရဲ့ စည်းမျဉ်းဟောင်းအတိုင်း လိုက်နာကျင်းပသွားမယ်။ ခုနစ်ရက်တစ်ကြိမ် အငယ်စား အစည်းအဝေးနဲ့ လစဉ် အကြီးစားအစည်းအဝေး လုပ်သွားမယ်။”

ဤစကားကို ကြားသောအခါ နေပြည်တော်မှ ဝန်ကြီးများမှာ အံ့အားသင့်သွားကြသည်။

ခုနစ်ရက်တစ်ကြိမ် အငယ်စားနန်းတွင်းအစည်းအဝေးလား။

ဒါ ဖြစ်နိုင်ပါ့မလား။

ဧကရာဇ်တွေက နေ့တိုင်း နန်းတွင်းအစည်းအဝေးကို တက်စရာ မလိုဘူးလား။

တာဝန်မဲ့သော အုပ်စိုးသူများသာ နန်းတွင်းအစည်းအ‌ဝေးကို မကြာခဏ ပျက်ကွက်ကြသည်။ ဧကရာဇ်ဖြစ်လာပြီးနောက် လုချန်းက ပျော်ရွှင်မှုများတွင် နစ်မြောရန် စီစဉ်နေခြင်းလားဟု သူတို့ တွေးလိုက်ကြသည်။

လုချန်းနှင့်အတူ နေပြည်တော်မှ လိုက်ပါလာသော အရာရှိများသည် ရည်မှန်းချက်ကြီး‌ သော၊ စိတ်ကူးအကြံဉာဏ် ရှိသော အရာရှိများဖြစ်သည်။ ရည်မှန်းချက်မရှိသူများနှင့် အနားယူလိုသူများမှာ နေပြည်တော်တွင်သာ နေရစ်ခဲ့ကြပြီး ရန်ခရိုင်သို့ လိုက်မလာကြပေ။

ဤအရာရှိများသည် ဧကရာဇ်အသစ် ပျက်စီးသွားမည်ကို မလိုလားကြချေ။

ထိုအချိန်တွင် လင်ကောင်းယွမ် ထရပ်လိုက်ပြီး

“မင်းကြီး။ နန်းတွင်းအစည်းအဝေးတွေကို ခုနစ်ရက်တစ်ကြိမ် ပြောင်းလဲလိုက်ရင် အမိန့်တွေ ထုတ်ပြန်ဖို့ နောက်ကျသွားမှာ မဟုတ်ဘူးလား။”

လုချန်းက

“အဲ့ဒါကို စိတ်ချပါ။ မြောက်ပိုင်းပြည်နယ်က ဒီလိုမျိုးပဲ အမြဲလုပ်ခဲ့တာ။ အမိန့်တွေ ထုတ်ပြန်တာ နောက်ကျသွားမှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အရာရှိတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တကယ် တိုးတက်စေပါလိမ့်မယ်။”

“ကျွန်တော် အ‌စောကြီးကတည်းက သတိထားမိတာက နေ့တိုင်း နန်းတွင်းအစည်းအဝေးတွေ လုပ်တဲ့အခါ အရာရှိအချို့က ကောင်းကောင်း မနိုးသေးပဲ နန်းတွင်းကို ရောက်လာပြီး အစည်းအဝေးအတွင်းမှာ အိပ်ငိုက်နေကြတယ်။ အစည်းအဝေးပြီးသွားတဲ့အခါ ဘာဆွေးနွေးခဲ့လဲဆိုတာ ဘာမှ မသိကြဘူး။”

“နောက်ပြီး နေ့စဉ် နန်းတွင်းအစည်းအဝေးတွေမှာ ဆွေးနွေးတဲ့ ကိစ္စတွေက အခြေခံအားဖြင့် အရေးမပါတဲ့ ကိစ္စတွေပဲ ဖြစ်တယ်။ အချိန်ဖြုန်းနေတာ သက်သက်ပဲ။”

“ဟုတ်ပါတယ်။ ခုနစ်ရက်တစ်ကြိမ်မှ အစည်းအဝေး လုပ်တယ်ဆိုပေမယ့် အရေးပေါ်ကိစ္စတွေကို ကျွန်တော့်ဆီ တင်ပြလို့ မရဘူးလို့ မဆိုလိုပါဘူး။ အရေးကြီးတဲ့ ကိစ္စတွေရှိရင် တရားဝင်စာရွက်စာတမ်းတွေ တင်သွင်းနိုင်ပါတယ်။ အဲ့ဒါတွေကို ကျွန်တော် နေ့တိုင်း ဖြေရှင်းပေးသွားမှာပါ။”

“ဒီကစပြီး ခုနစ်ရက်တစ်ကြိမ် အငယ်စား နန်းတွင်းအစည်းအဝေးနဲ့ လစဉ် အကြီးစားအစည်းအဝေးတွေဟာ အရေးပါတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အရေးမပါတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ မယူလာကြပါနဲ့တော့။”

လုချန်း၏ အဖြေကို ကြားပြီးနောက် လင်ကောင်းယွမ်က

“မင်းကြီးက ဉာဏ်ပညာရှိပါပေတယ်။”

ထို့နောက် လင်ကောင်းယွမ် သူ့နေရာသို့ ပြန်သွားသည်။

လုချန်းက အရာရှိများကို စစ်ဆေးကြည့်ရှုလိုက်ပြီး

“နောက်ပြီး နေပြည်တော်ကနေ ကျွန်တော်နဲ့အတူ လိုက်ပါလာတဲ့ ချစ်ခင်ရတဲ့ ဝန်ကြီးတွေ စိတ်ပူစရာ မလိုပါဘူး။ လုပ်ငန်းခွဲဝေမှုတွေကို ရက်အနည်းငယ်အတွင်း ခင်ဗျားတို့ဆီကို ဖြန့်ဝေပေးပါ့မယ်။ ရှနိုင်ငံတော်သတင်းစာမှာလည်း ထည့်သွင်းဖော်ပြပေးပါ့မယ်။”

လုချန်းသည် နေပြည်တော်မှ အရာရှိအချို့ကို အထင်သေးသော်လည်း သူ့နှင့်အတူ ရန်ခရိုင်သို့ လိုက်ပါလာသောသူများထဲတွင် ထိုးထွင်းဉာဏ်နှင့် အမြော်အမြင်ရှိသူများ ရှိနေသေးသည်။ နန်းတွင်း၏ ဝန်ထမ်းဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရန် လုချန်း ရည်ရွယ်ထားသည်။

ဟုတ်ပါသည်။ သူ၏ အဓိကအာရုံစိုက်မှုကတော့ သူ့ရဲ့ လူတွေပေါ်မှာသာ ဖြစ်သည်။ အရေးကြီးသော ဌာနများ ဥပမာ ဘဏ္ဍာရေးကို ထိန်းချုပ်သော ဌာနများကို စနစ်မှ ခေါ်ယူထားသော အရာရှိများ ကိုသာပေးအပ်မည်ဖြစ်သည်။ ထိုသူတို့မှာ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီမှ လာကြသူများပင် ဖြစ်သည်။

ယနေ့ နန်းတွင်းအစည်းအဝေးသည် အတော်လေးတိုတောင်းသည်။ မည်သည့်အရေးကြီးသော ကိစ္စကိုမှ မထိတွေ့ခဲ့ပေ။ ၎င်း၏ရည်ရွယ်ချက်က နေပြည်တော်မှ အရာရှိများနှင့် မြောက်ပိုင်းပြည်နယ်မှ အရာရှိများအတွက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်ရန် အခွင့်အရေး ဖန်တီးခြင်းသာ ဖြစ်သည်။ သူတို့၏ ရာထူးများ ခွဲဝေပေးပြီး လုပ်ငန်းတာဝန်များ စတင်နိုင်ရန် ပြင်ဆင်ခြင်းပင် ဖြစ်သည်။

နန်းတွင်းအစည်းအဝေး ပြီးဆုံးပြီးနောက် လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ သွားလိုက်သည်။

လေပြင်းမိုးတိမ်ဆောင်ကို မူလ လေပြင်းမိုးတိမ်ဆောင်မှ ချဲ့ထွင်ထားခြင်းဖြစ်ပြီး ယခုအခါ ပို၍ ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသည်။

လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ ရောက်သောအခါ မုကျိရွှမ်းတို့ စောင့်ဆိုင်းနေကြပြီးဖြစ်သည်။ ညစာစားပွဲ၌ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ကိုပါ သူတွေ့လိုက်ရသည်။

လုချန်းက သူတို့နှစ်ဦးဆီသို့ လျှောက်သွားပြီး ဖက်ရန် စဉ်းစားနေစဉ်တွင် ရုတ်တရက် ကလေးငယ်တစ်ဦး ပေါ်ထွက်လာသည်။

“ဖခင်။ ဖခင်...”

ထိုအသံကို ကြားသောအခါ လုချန်း ခဏမျှ တွေဝေသွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာသည်။ သူက အလျင်အမြန်ပင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ထိုကောင်လေးသည် လုချန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။

လုချန်းက လုချန်းဖုန်းကို ချီလိုက်ပြီး ရယ်မောလျက်

“ဖုန်းလေး။ မင်း ဒီလောက် မြန်မြန် စကားပြောတတ်လာမယ်လို့ ဖခင် မထင်ထားဘူး။”

ထိုအချိန်တွင် လုဟွမ်းဟွမ်းနှင့် လုချန်းရှန်တို့သည်လည်း လုချန်းရှေ့သို့ ရောက်လာသည်။ သူတို့သုံးဦးကို မြင်သောအခါ လုချန်း၏ မျက်နှာတွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။

သူ ရန်ခရိုင်မှ ခွဲခွာခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူ၏ ကလေးများသည် ထိုအချိန်အတွင်း၌ အလွန်အမင်း ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကလေးများနှင့် ခဏကြာမျှ ဆော့ကစားပြီးနောက် လုချန်းက စားပွဲ၏ ထိပ်ဆုံးတွင် နေရာယူလိုက်သည်။

မိသားစု ညစာစားပွဲအတွင်း မုကျိရွှမ်းက “မင်းကြီး။ အခု ဖုန်းလေးကလည်း စကားပြောတတ်နေပြီဆိုတော့ သူ့အတွက် ဆရာတစ်ယောက် ရှာပေးဖို့ အချိန်တန်ပါပြီ။”

ဤခေတ်တွင် မင်းသားတစ်ပါး၏ ဆရာကို အလွယ်တကူ မရွေးချယ်နိုင်ပေ။ ထိုကိစ္စသည် နိုင်ငံရေးဆိုင်ရာ စီစဉ်မှုများနှင့် မကြာခဏ ပတ်သက်နေတတ်သည်။

လုချန်း ခဏမျှ စဉ်းစားပြီး

“သူ့ရဲ့ ဆရာကိစ္စကို ကိုယ်စီစဉ်ထားပြီးပါပြီ။”

လုချန်း၏ အဖြေကို ကြားသောအခါ မုကျိရွှမ်းလည်း ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ လုချန်းတွင် အစီအစဉ်တစ်ခုရှိပြီးသားဖြစ်သောကြောင့် သူမအနေနှင့် ထပ်ပြောရန် မလိုအပ်တော့ပေ။

လုချန်းက ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ကို ကြည့်လိုက်ပြီးနောက် သူ၏အကြည့်က မုကျိရွှမ်းထံသို့ ပြန်ရောက်လာသည်။

“ကျိရွှမ်း။ ကိုယ် မရှိတုန်း ရန်ခရိုင်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့မယ်ထင်တယ်။ မှတ်မိသေးတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တစ်စုံတစ်ယောက်က အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တယ်ဆိုပြီး ကိုယ့်ဆီကို စာတစ်စောင် ရေးခဲ့တယ် မဟုတ်လား။”

မုကျိရွှမ်းက

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို အန္တရာယ်ပြုဖို့ ကြံစည်မှုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အစ်မဝူရဲ့ အကူအညီနဲ့ အဲ့ဒီကိစ္စကို ဖြေရှင်းပြီးပါပြီ။”

မုကျိရွှမ်း၏ အဖြေကို ကြားသောအခါ လုချန်းက ဝူကျန်းဝမ်ဘက်သို့ ထပ်မံကြည့်လိုက်ပြီး ပြုံးလျက်

“ကျန်းဝမ်။ မင်း ပင်ပန်းခဲ့ရမှာပဲ။”

ဝူကျန်းဝမ်က

“ဒါက ကျွန်မရဲ့ တာဝန်ပါ”

ဟု အေးစက်စက် တုံ့ပြန်လိုက်သည်။

ဝူကျန်းဝမ်သည် အပြင်ပန်းအားဖြင့် အေးစက်နေသော်လည်း အတွင်းစိတ်တွင် လုချန်းပြန်လာမည်ကို မျှော်လင့်နေခဲ့သည်။

ဟုတ်ပါသည်။ ဝူကျန်းဝမ် တစ်ဦးတည်း မဟုတ်ပါ။ ခန်းမကြီးထဲရှိ အမျိုးသမီးတိုင်းသည် လုချန်း ပြန်လာဖို့ကို မျှော်လင့်နေကြပြီး ယခုညတွင် သူတို့၏အခန်းသို့ လာရောက်မည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။

သို့သော် လုချန်းက ပြန်ရောက်ကာစဖြစ်သောကြောင့် အမျိုးသမီးတိုင်းဆီကို လာရောက်လည်ပတ်ရန် မဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။ ယခုညတွင် မုကျိရွှမ်းကသာ သူ့ကို ပြုစုစောင့်ရှောက်ရမည်မှာ သေချာနေသည်။

သို့သော် အမျိုးသမီးများသည် လုချန်း၏ ရည်ရွယ်ချက်ကို မှားယွင်းစွာ ခန့်မှန်းမိကြသည်။

ညစာစားပွဲတွင် လုချန်းသည် ရန်ခရိုင်တွင် သူမရှိစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသေးစိတ် မေးမြန်းခဲ့သည်။ ည ၁၁ နာရီအထိ စားသောက်ပွဲ ဆက်လက်ကျင်းပခဲ့သည်။

ညစာစားပွဲ ပြီးဆုံးသောအခါ အမျိုးသမီးအားလုံး၏ မျက်လုံးများက လုချန်းပေါ်သို့ စိုက်ကြည့်နေကြသည်။ ဝံပုလွေအုပ်ကြီးက ဝဖြိုးနေသော သိုးတစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

လုချန်းက ခပ်ဖွဖွပြုံးပြီး ချူးယုချင်ကို “ဒေါ်လေးချူး။ ဒီည ကျွန်တော် ဒေါ်လေးနဲ့ အရေးကိစ္စလေးတွေ ပြောချင်လို့။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးများ၏ စိတ်ထဲ သက်ပြင်းချလိုက်ကြသည်။ သူပြန်ရောက်သည့် ပထမဆုံးညတွင် လုချန်းသည် သူတို့ထဲမှ အများအပြားကို တစ်ပြိုင်နက်တည်း ခေါ်လိမ့်မည်ဟု တွေးခဲ့ကြသည်။ တစ်ဦးတည်းကိုသာ ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ထို့ပြင် မုကျိရွှမ်းကို မရွေးပဲ ချူးယုချင်ကို ရွေးချယ်မည်ဟု မထင်ခဲ့ကြပေ။

ဤအချိန်တွင် ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က မုကျိရွှမ်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူမသည် ယခင်က မင်းသားမိဖုရားဖြစ်ခဲ့ပြီး နောက်လာမည့် မိဖုရား‌ခေါင် ဖြစ်လာနိုင်သူ ဖြစ်သည်။ သို့သော် လုချန်းပြန်ရောက်သည့် ပထမနေ့တွင် မုကျိရွှမ်းကို မခေါ်ပဲ ချူးယုချင်ကို ခေါ်ခြင်းကြောင့် မုကျိရွှမ်း စိတ်မသက်မသာ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

သို့သော် ထိုအချိန်တွင် မုကျိရွှမ်း၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ မရှိပေ။ လုချန်း မည်သူ့ကို ရွေးချယ်သည်ကို သူမ ဂရုမစိုက်ပါ။ မိဖုရား‌ခေါင် ရာထူးကိုလည်း သူမ သိပ်မလိုချင်ပေ။

All Chapters