လုချန်း၏ ဆုံးဖြတ်ချက်
Vol. 53 Ch. 783
မုကျိရွှမ်းသည် လုချန်းရွေးချယ်သည့် အိပ်ဖော်မည်သူဖြစ်မည် သို့မဟုတ် နောက်မိဖုရားခေါင် မည်သူဖြစ်မည်ကို ဂရုမစိုက်ပေ။ ဒါက သူမ လုချန်းကို မချစ်ခင်၍ မဟုတ်ပေ။ သူမ အလွန် သဘောထားကြီး၍လည်း မဟုတ်ပါ။ အဓိကအားဖြင့် သူမသည် အရာများစွာကို ဖြတ်သန်းခဲ့ပြီးပြီဖြစ်၍ ယခင်ကဲ့သို့ နန်းတွင်းအာဏာလုပွဲများတွင် ပါဝင်ရန် မလိုလားတော့သောကြောင့်ဖြစ်သည်။
ထိုနှစ်က လုချန်းသာ မရှိပါက မုမိသားစု ပျက်စီးသွားနိုင်သည်ကို သူမ ကောင်းစွာသိသည်။ ထို့ပြင် သူမသည် လုချန်း ဘယ်လိုလူစား ဖြစ်သည်ကိုလည်း သိထားသည်။ သူမသာ မိဖုရားခေါင် ရာထူးအတွက် တိုက်ပွဲဝင်ပါက သူမနှင့် လုချန်းကြားတွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ထို့ကြောင့် သူမ ဘာမှလုပ်စရာမလိုပဲ လုချန်း မည်သူ့ကို မိဖုရားခေါင်ဘွဲ့ ပေးမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာ လိုသည်။
မကြာမီ လုချန်း ချူးယုချင်၏ အဆောင်သို့ ရောက်လာသည်။ ချူးယုချင် သူမ၏ အဆောင်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် လုချန်းက နောက်မှ ရောက်လာပြီး သူမအား ပွေ့ဖက်လိုက်သည်။
အနည်းငယ် သက်ပြင်းချရင်း ချူးယုချင်က “မင်းကြီး။ ဒီည မင်းကြီးကို ကျိရွှမ်းကပဲ ပြုစုသင့်ပါတယ်။”
လုချန်း၏ စိတ်ထဲတွင် သူမသည် အရေးပါသော နေရာတစ်ခုတွင် ရှိနေသည်ကို ချူးယုချင် သိထားသော်လည်း သူမသည် အသိဉာဏ်ရှိသောသူ တစ်ဦးဖြစ်သည်။ မုကျိရွှမ်းသည် လုချန်း၏ တရားဝင် မိဖုရား ဖြစ်သည်။ ထို့ကြောင့် မည်သို့ကြည့်ကြည့် သူမသာ တရားဝင် အနာဂတ် မိဖုရားခေါင် ဖြစ်သည်။
လုချန်းသည် နေပြည်တော်မှ ပြန်လာကာစဖြစ်ရာ မုကျိရွှမ်း စိတ်အေးစေရန်အတွက် အနာဂတ် မိဖုရားခေါင်နှင့်သာ ယခုညကို ကုန်ဆုံးသင့်သည်။
လုချန်း အခြားမိန်းမတစ်ဦးဆီသို့ သွားခြင်းက မုကျိရွှမ်းအား သူမ၏ မိဖုရားခေါင်ရာထူး မတည်မြဲဟု ထင်ကာ အလွန်အမင်း တွေးတောမိနိုင်သည်။
ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်းက သူမကို အိပ်ရာဘက်သို့ တွန်းပို့ရင်း
“ဒေါ်လေးချူး။ ကျွန်တော့်အပေါ် အများကြီး အေးစက်လာတာ သတိထားမိတယ်။ ကျွန်တော်တို့ နှစ်ယောက်တည်း ရှိနေရင် ‘ချန်းလေး’လို့ ခေါ်သင့်တယ်လို့ အမြဲမပြောခဲ့ဖူးဘူးလား။”
လုချန်း ထိုသို့ပြောသော်လည်း ချူးယုချင်က
“မင်းကြီးက အခု ဧကရာဇ်ဖြစ်နေပြီ။အရင်လို မဟုတ်တော့ပါဘူး။”
လုချန်းက ချူးယုချင်၏ နားရွက်ထဲသို့ ညင်သာစွာ လေမှုတ်လိုက်ပြီး သူမ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ဒေါ်လေး ကျွန်တော့်ကို ‘မင်းကြီး’လို့ ဆက်ခေါ်နေရင် ကျွန်တော် စိတ်ဆိုးမိလိမ့်မယ်။”
ချူးယုချင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူမသည် လုချန်း၏ အကြိုက်များကို ကောင်းကောင်း သိထားသူ ဖြစ်သောကြောင့်
“ချန်းလေး။ မင်း ပြန်ရောက်တာနဲ့ ဒေါ်လေးကို ပြုစုခိုင်းတာ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့ ဖြစ်ရမယ်။ ဟုတ်တယ်မလား။”
လုချန်းက ပြုံးပြီး
“ကျွန်တော့် မိန်းမကို လွမ်းလို့ လာရှာတာ ဖြစ်လို့ မရဘူးလား။”
လုချန်း၏ စကားများ ပြီးဆုံးချိန်တွင် သူတို့အိပ်ရာ၏ အစွန်းသို့ ရောက်နေပြီဖြစ်သည်။ လုချန်း၏ လက်များသည် ချူးယုချင်၏ ခါးပတ်ကြိုးကို တွေ့သွားပြီး မကြာမီ သူမ၏ ခါးပတ်ကြိုးကို လွယ်ကူစွာ ဖြေချလိုက်သောကြောင့် အတွင်းခံအဝတ်အစားများ ပေါ်လာသည်။
ချူးယုချင်က
“မင်းက ဒေါ်လေးကိုပဲ လွမ်းနေခဲ့တာဆိုရင်တောင် ဒီည ဒေါ်လေးတစ်ယောက်တည်းကိုပဲ ခေါ်မှာ မဟုတ်ပါဘူး။”
လုချန်း ရန်ခရိုင်မှ မထွက်ခွာမီ ညက မုကျိရွှမ်းနှင့် သူမတို့ နှစ်ဦးစလုံး အတူတူ ခေါ်ထားခဲ့သည်။ သို့သော် ပြန်ရောက်သည့်အခါတွင်မူ သူမ တစ်ဦးတည်းဆီသာ လာခဲ့သည်။
ဤမျှလောက် ကာမစိတ်ရှိသော လုချန်းသည် မိန်းမတစ်ဦးတည်းကိုသာ စဉ်းစားနေတာ မည်သို့မှ မဖြစ်နိုင်ပေ။ ချူးယုချင်၏ အမြင်အရ သူ မိန်းမတိုင်းကို စဉ်းစားနေမည်မှာ သေချာသည်။
ထို့ကြောင့် သူပြန်လာသောအခါ သူ၏ ဇနီးများထဲမှ တော်တော်များများနှင့် ညကို ကုန်ဆုံးရန်ခြင်းက ပို၍သဘာဝကျသည်။
ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ချူးယုချင်က သူ၏ ရည်ရွယ်ချက်များကို တကယ်ပင် ခံစားမိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် လုချန်း တိတ်ဆိတ်သွားသည်။ သူက ချူးယုချင်၏ အပေါ်ဝတ်စုံကို ညင်သာစွာ ချွတ်လိုက်ပြီးနောက် သူ၏ ခါးပတ်ကြိုးကိုလည်း ဖြေချလိုက်သည်။
ထို့နောက် ချူးယုချင်၏ ခါးကို ပွေ့ဖက်ရင်း “ကျွန်တော် ဒေါ်လေးချူးကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်။”
ချူးယုချင်က
“ဘာလဲ”
ဟု ချက်ချင်းမေးလိုက်သည်။
လုချန်းက တိုက်ရိုက်ပင်
“ဒီနေ့ နန်းတွင်းအစည်းအဝေး ပြီးတဲ့အခါ အရာရှိအချို့က ကျွန်တော့်ဆီ လာပြီး ပြောတယ်။ အခု ကျွန်တော် ရန်ခရိုင်ကို ပြန်ရောက်လာပြီဆိုတော့ ရှနိုင်ငံတော် တည်ငြိမ်အောင် မိဖုရားခေါင်ဘွဲ့ တစ်ယောက်ယောက်ကို ပေးပြီး အိမ်ရှေ့မင်းသားကို အမြန်ဆုံး သတ်မှတ်သင့်တယ်တဲ့။”
ထိုစကားများကြောင့် ချူးယုချင် အံ့အားသင့်သွားသည်။ လုချန်း သူမနှင့် ထိုကိစ္စကို ပြောဆိုလိုလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ထို့နောက် လုချန်းက ဆက်၍
“ကျိရွှမ်းက မိဖုရားခေါင် ဖြစ်ဖို့ သင့်တော်တယ်လို့ ဒေါ်လေးချူးထင်လား။”
ထိုမေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ချူးယုချင် တိုက်ရိုက်မဖြေဆိုပေ။ သူမက အလျင်အမြန်ပင်
“မင်းကြီး။ အခု ကျွန်မက မင်းကြီးရဲ့ ဇနီးတစ်ယောက် ဖြစ်နေပြီဆိုတော့ ဒီလိုကိစ္စမျိုးကို ထိတွေ့ဖို့ မသင့်လျော်ပါဘူး။ ကျွန်မသာ မင်းကြီးရဲ့ ဇနီးဟုတ်ဘူးဆိုရင် မင်းကြီး ကျွန်မရဲ့ အမြင်ကို တောင်းခံနိုင်ပါတယ်။ ဒါပေမဲ့ အခု မေးတာကို ကျွန်မ ဖြေလိုက်ရင် ဒါဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာ ဖြစ်သွားလိမ့်မယ်။”
မိဖုရားခေါင် သတ်မှတ်ခြင်းကိစ္စကို ချူးယုချင် ပေါ့ပေါ့ဆဆ မပြောရဲပေ။
ထို့ပြင် သူမသည် ယခုအခါ လုချန်း၏ အမျိုးသမီးများထဲမှ တစ်ဦးဖြစ်နေပြီဖြစ်သည်။ သူမသာ မှားယွင်းစွာ ပြောဆိုပါက သူမကိုယ်တိုင်ပင် အရှုပ်တော်ပုံထဲသို့ ရောက်ရှိသွားနိုင်သည်။
လုချန်းက သူမကို တစ်ခါတစ်ရံ ဒေါ်လေးချူးဟု ခေါ်နေဆဲဖြစ်သော်လည်း ယင်းမှာ လင်မယားအိပ်ခန်းထဲတွင် ရင်းနှီးပျော်ရွှင်မှု အနည်းငယ် ထပ်တိုးအောင် ပြုလုပ်ရုံသာ ဖြစ်သည်ကို ချူးယုချင် ကောင်းကောင်းသိထားသည်။ သူမ ယခင်ကလို ပေါ့ပေါ့ဆဆ ပြောဆို၍ မရတော့ပေ။
ချူးယုချင် ထိုမျှ သတိထားနေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ဒေါ်လေးချူး ဘယ်တုန်းက ဒီလောက် သတိကြီးသွားရတာလဲ။”
ချူးယုချင်က အနည်းငယ် သက်ပြင်းချလိုက်ပြီး
“မင်းကြီး။ ကျွန်မက မင်းကြီးကို ကလေးဘဝကတည်းက စောင့်ရှောက်ခဲ့တာဖြစ်လို့ မင်းကြီးကလည်း ကျွန်မကို အများကြီး ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဟာ အခု မင်းကြီးရဲ့ မိန်းမဖြစ်နေပြီဆိုတော့ တချို့အကျိုးစီးပွားတွေမှာ ပါဝင်နေပါတယ်။ ကျွန်မသာ ပေါ့ပေါ့ဆဆ ပြောလိုက်ရင် မကြာခင် ဝန်ကြီးတွေရဲ့ စွပ်စွဲမှုကို ခံရပါလိမ့်မယ်။”
ချူးယုချင်၏ အသံထဲမှ စိုးရိမ်မှုကို လုချန်းကြားသိလိုက်သည်။ ဧကရာဇ်၏ အထီးကျန်မှုဆိုတာ တကယ်ပင် တည်ရှိကြောင်း သူနားလည်လိုက်သောအခါ သူ၏ စိတ်နှလုံးထဲတွင် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။
လုချန်း၏ အမြင်တွင် ချူးယုချင်သည် ဤကမ္ဘာပေါ်တွင် သူ အယုံကြည်ရဆုံး လူဖြစ်၏။ သို့သော် ယခုမူ သူမပင် အဆင့်အတန်းများကြောင့် ခပ်ဝေးဝေးနေလာသည်။
အကယ်၍ ဝေးကွာမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါက ထိုဝေးကွာမှုကို ပယ်ဖျက်ရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ မကြာမီ အဖြေတစ်ခုကို လုချန်း ရှာတွေ့လိုက်သည်။
လုချန်း၏ လက်က ချူးယုချင်၏ ကိုယ်ခန္ဓာတစ်လျှောက် လှည့်လည်သွားလာနေသည်။ သူက
“မိန်းမ။ မင်း ပြောင်းလဲသွားပြီ။ အခုတောင် ကိုယ်နဲ့ ခပ်ဝေးဝေးနေဖို့ တမင် ရည်ရွယ်နေတယ်။”
“ဒါဆို ကိုယ်တို့နှစ်ယောက်ကြားက ဝေးကွာမှုကို ပယ်ဖျက်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်ထင်တယ်။”
ထိုစကားများကို ကြားသောအခါ ချူးယုချင်၏ ပါးပြင်များ နီရဲလာသည်။ လုချန်း ပြောသော စကားများ၏ အဓိပ္ပာယ်ကို သူမ ကောင်းကောင်း နားလည်သည်။
ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပူလောင်မှုကို ခံစားလိုက်ရသည်။ အကြောင်းမှာ သူမသည် ဤကောင်ဆိုးလေးကို အချိန်အတော်ကြာ မတွေ့ခဲ့ရပဲ တစ်နှစ်နီးပါးစာ လွမ်းဆွတ်မှုများက သူမ၏ စိတ်နှလုံးထဲတွင် စုပြုံနေခဲ့ သောကြောင့်ဖြစ်သည်။
သူမ၏ အနီးတွင် ရှိရုံမျှဖြင့်ပင် လုချန်းသည် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို နှိုးဆွနေသည်။
ထိုအချိန်တွင် လုချန်းက ချူးယုချင်၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ကိုယ့်မိန်းမ။ မင်း နတ်ဆိုးမလေး ဖြစ်လာနေပြီ။”
လုချန်း၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားသောအခါ ချူးယုချင်၏ မျက်နှာ ပို၍ ပူလာသည်။ ထိုအချိန်တွင် သူမ၏ လည်ချောင်းမှ ညည်းသံတစ်ခု ထွက်လာခဲ့သည်။
ဤလူဆိုးနှင့် တစ်နှစ်နီးပါးကြာအောင် မကောင်းမှု မလုပ်ခဲ့ရသောကြောင့် သူမသည်...
သို့သော် ထိုအချိန်တွင် လုချန်းက ဆက်မလုပ်တော့ပဲ ထိုအခြေအနေကို ဆက်ထိန်းထားသည်။ ထို့နောက် သူက
“တကယ်တော့။ ကျွန်တော်က မိဖုရားခေါင် သတ်မှတ်တာ သိပ်မလုပ်ချင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒေါ်လေးတို့အားလုံးက ကျွန်တော့်ရဲ့ မိန်းမတွေပဲ။ ကျွန်တော့်မျက်လုံးထဲမှာ အကုန်အရေးပါတယ်။ တစ်ယောက်ကို မိဖုရားခေါင် သတ်မှတ်လိုက်ရင် အဆင့်အတန်းမှာ ကွာခြားမှု ရှိလာလိမ့်မယ်။”
“ပြီးတော့ မိဖုရားခေါင် တစ်ယောက် ရှိလာတာနဲ့ မိဖုရားဆောင် အရေးအခင်းတွေ ဖြစ်လာနိုင်တယ်။ လူတိုင်းက မိဖုရားခေါင် ရာထူးကို လိုချင်ကြမှာပဲ။”
လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင် အသက်ကို ပြင်းပြင်းရှူသွင်းပြီး
“မင်းသာ မိဖုရားခေါင် မသတ်မှတ်ရင် အဲ့ဒီရာထူးကို ပိုပြီး လိုချင်တဲ့သူတွေ ရှိလာလိမ့်မယ်။ အဲ့ဒါဆို လူတိုင်းက သူတို့ အခွင့်အရေးရှိတယ်လို့ ခံစားရလိမ့်မယ်။”
“ပြီးတော့ မိဖုရားခေါင် မရှိရင် အိမ်ရှေ့မင်းသား ရာထူးကို ဘယ်လိုဆုံးဖြတ်မလဲ။ မင်းက ရှနိုင်ငံတော်ရဲ့ အရင်နည်းလမ်းတွေနဲ့ ရွေးချယ်ဖို့ အစီအစဉ်ရှိလို့လား။”
ချူးယုချင် ရည်ညွှန်းသော နည်းလမ်းဟောင်းမှာ နန်းလျာပြိုင်ပွဲတွင် အနိုင်ရသူ အိမ်ရှေ့စံ ဖြစ်နိုင်သည့် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းတွင် အနိုင်ရသူသည် ဧကရာဇ် ဖြစ်လာပြီး အရှုံးသမားသည် မင်းမဲ့စရိုက် ဖြစ်လာမည်ဖြစ်သည်။
ဖခင်တစ်ဦးအနေနှင့် သူ၏ သားသမီးများ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေသည်ကို လုချန်း မမြင်လိုဟု ချူးယုချင် ယုံကြည်သည်။
ချူးယုချင်၏ စကားများကို ကြားသောအခါ လုချန်းသည် ခဏမျှ တွေးတောသွားသည်။ ထို့နောက် သူ၏ ကိုယ်ခန္ဓာကို အနည်းငယ် ရွှေ့လိုက်သောအခါ ချူးယုချင်လည်း အံတင်းတင်းကြိတ်လိုက်သည်။ လုချန်းက ဆက်၍
“တကယ်တော့ အိမ်ရှေ့မင်းသား သတ်မှတ်သည်ဖြစ်စေ မသတ်မှတ်သည်ဖြစ်စေ အာဏာလုပွဲတွေ ဖြစ်လာမှာပဲ။ ကျွန်တော့်ဖခင် ဧကရာဇ်ကို ဥပမာယူကြည့်ပါ။ သူက အိမ်ရှေ့မင်းသားနှစ်ပါးကို ခန့်အပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အိမ်ရှေ့မင်းသားနှစ်ပါးစလုံး ကံမကောင်းစွာနဲ့ သေဆုံးခဲ့ရတယ်။ နောက်ဆုံး ဧကရာဇ်ဖြစ်လာတဲ့သူက ကျွန်တော်ဖြစ်နေတယ်။ အစဉ်လိုက်သွားရင် နောက်ဆုံး မင်းသားက ကျွန်တော်ပဲလေ။”
“အာဏာရဲ့ သွေးဆောင်မှုက ကြီးမားပါတယ်။ ကျွန်တော် စဉ်းစားလို့ရတဲ့ အဖြေတစ်ခုကတော့ ကျွန်တော် အသက်ရှင်နေတုန်းမှာ သားတစ်ယောက်ကို ဧကရာဇ်ဖြစ်အောင် ထောက်ခံဖို့ပါ။ ကျွန်တော့်ရဲ့ ကြီးကြပ်မှုအောက်မှာ သူကို့ နန်းတွင်းနဲ့ အရာရှိတွေကို လုံးဝထိန်းချုပ်နိုင်အောင် သင်ပေးဖို့ပါ။ ဒီလိုဆို တခြားသားသမီးတွေမှာ စိတ်ကူးတွေရှိရင်တောင် သူတို့ အနေနဲ့ အာဏာအတွက် ယှဉ်ပြိုင်ဖို့ စွမ်းရည်ရှိသလား ဆိုတာကို အလေးထား စဉ်းစားသွားပါလိမ့်မယ်။”
လုချန်း၏ စကားများကို ကြားပြီးနောက် ချူးယုချင် ခဏမျှ စဉ်းစားလိုက်၏။ သူ၏အကြံဉာဏ်က အကျိုးအကြောင်း ဆီလျော်သည်ကို တွေ့လိုက်ရသည်။
သို့သော် ယခုအချိန်တွင် သူမအနေနှင့် ဆင်ခြင်တုံတရားဖြင့် တွေးတောရန် ခက်ခဲနေသည်။ လုချန်းကို မြန်မြန်လုပ်ဆောင်စေရန်သာ သူမ ဆန္ဒရှိနေသည်။
ဤအချိန်တွင် လုချန်း၏ လက်က ချူးယုချင်ကို ဖက်ထားပြီး ကိုယ်ကို အောက်သို့ နှိမ့်ချလိုက်သည်။ ယင်းက သူမကို နောက်ထပ်ညည်းသံတစ်ခု ထွက်စေသည်။ လုချန်းက
“ကျွန်တော်စဉ်းစားပြီးပြီ။ မိဖုရားခေါင်တစ်ယောက်တည်း မသတ်မှတ်ဘူး။ ဖုန်းလေးကို အိမ်ရှေ့မင်းသားအဖြစ် တိုက်ရိုက်ခန့်အပ်မယ်။ ပြီးတော့ ဒေါ်လေးနဲ့ ကျိရွှမ်းကို မိဖုရားကြီးဘွဲ့ ပေးရင် ဘယ်လိုလဲ။”
ချူးယုချင်သည် ခဏခန့် အံ့အားသင့်သွားသည်။ ရုတ်တရက် လုချန်းက လှုပ်ရှားလိုက်သောအခါ သူမထံမှ နောက်ထပ် ညည်းသံတစ်ခု ထွက်လာပြီး
“ဒါ မဖြစ်နိုင်ပါဘူး။ ကျွန်မက ဘယ်လိုလုပ်ပြီး မိဖုရားခေါင် ဖြစ်နိုင်မှာလဲ။ အဲ့ဒါက ကျွန်မကို ကျိရွှမ်းနဲ့ တန်းတူထားရာ ရောက်သွားလိမ့်မယ်။ ဝန်ကြီးတွေက မင်းကြီးကို ဘယ်လို မြင်ကြမလဲ”
ဟု အလျင်အမြန် တုံ့ပြန်လိုက်သည်။
လုချန်းက ပြုံးလျက်
“ကျွန်တော်က အခု ဧကရာဇ်ဖြစ်နေပြီ။ နန်းတွင်းကို လုံးဝ ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ပါ။ မိဖုရားကြီး ခန့်အပ်ဖို့အတွက် တခြားလူတွေရဲ့ မျက်နှာကို ကြည့်ဖို့ လိုသေးသလား။”