← Chapters

ချူးယုချင် ဒုတိယအကြိမ် ကိုယ်ဝန်ရှိခြင်း

Vol. 53 Ch. 784

ချူးယုချင် ဒုတိယအကြိမ် ကိုယ်ဝန်ရှိခြင်း

Vol. 53 Ch. 784

လုချန်းသည် စကားဆုံးသည်နှင့် ကိုယ်ကို အနည်းငယ်လှုပ်လိုက်သည်။ ထို့နောက်

“တကယ်တော့ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ရွန်ရွန်နဲ့ ဝူကျန်းဝမ်ကိုလည်း မိဖုရားကြီးအဖြစ် တင်မြှောက်ဖို့ စဉ်းစားထားတယ်။”

လုချန်း၏ စကားကို ကြားရသော် ချူးယုချင် စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။

“မင်း... မိဖုရားကြီးတွေ အများကြီးတင်မြှောက်တာ... ဘာလုပ်ဖို့လဲ။”

လုချန်းက ရှင်းပြလိုက်သည်။

“ကျွန်‌တော့်စိတ်ကူးက နန်ရန်လို အရေးကြီးတဲ့ကိစ္စတွေမှာ ပါဝင်တဲ့သူတွေကို မိဖုရားကြီးတင်မြှောက်ဖို့ပဲ။ ယောင်ယောင်၊ ရှောင်ရှောင်နဲ့ ယိုယိုတို့လို ကလေးတွေကို အဓိကပြုစုတဲ့သူတွေကိုတော့ မိဖုရားအဖြစ် တင်မြှောက်မယ်။”

“ဒီအဆင့်နှစ်မျိုးပဲ ထားပြီး မိဖုရားအောက်က အဆင့်တွေကိုတော့ ဘွဲ့ထူးတွေ ထပ်မပေးတော့ဘူး။”

လုချန်း၏ အတွေးကို ကြားလိုက်ရသော် ချူးယုချင်က

“ရှေ့လျှောက် မင်းမှာ မိန်းမတွေ ပိုများလာမှာပဲ။ အားလုံးကို မိဖုရားအဖြစ် တင်မြှောက်မယ်ဆိုရင် အရမ်းမများလွန်းဘူးလား။”

သာမန်အားဖြင့် ဧကရာဇ်တစ်ပါး၏ မိန်းမများတွင် အဆင့်များ ကွဲပြားကြသည်။ မိန်းမတိုင်း မိဖုရားဖြစ်ခွင့်မရှိ။ ဧကရာဇ်၏ နဂါးအိပ်ရာတွင်လည်း မိန်းမတိုင်း အိပ်စက်ခွင့် မရပေ။

လုချန်းက မိန်းမအားလုံးကို မိဖုရားအဖြစ် တင်မြှောက်လိုက်ပါက ရှေ့လျှောက် မိန်းမအရေအတွက် တိုးလာသောအခါ ကုန်ကျစရိတ်များ ပိုမြင့်တက်လာမည်ကို ချူးယုချင် စိုးရိမ်မိသည်။

ဧကရာဇ်တော်တော်များများက မိန်းမအနည်းငယ်ကိုသာ မိဖုရားဆောင်တွင် အိပ်စက်စေသည်။ သို့သော် မိဖုရားဆောင်တွင် မိဖုရားများစွာရှိတတ်သည်။ လုချန်းက မိန်းမရာပေါင်းများစွာရွေးပြီး မိဖုရား ရာပေါင်းများစွာထည့်လိုက်ရင် ဘဏ္ဍာတိုက်ပြိုလဲသွားမည် မဟုတ်ပါလား။

ချူးယုချင်၏ စိုးရိမ်မှုကို ကြားရသောအခါ လုချန်းက ပြုံး၍

“ကိုယ်က ဘယ်မိန်းမကိုမဆို လိုချင်တာ မဟုတ်ပါဘူး။ ကိုယ် သဘောကျတဲ့ မိန်းမကိုပဲ လိုချင်တာ။ ရှေ့လျှောက် မိဖုရားတွေ ထပ်ရွေးမယ်ဆိုရင်တောင် ကိုယ် မကြိုက်ရင် အားလုံးကို ပြန်ပို့လိုက်မှာပါပဲ။”

ထိုစကားကို ကြားရသောအခါ ချူးယုချင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

လုချန်းသည် အလှအပကို နှစ်သက်သော်လည်း စည်းကမ်းရှိသည်။ သူ သဘောကျသည့်သူကို တွေ့ပါက နည်းလမ်းပေါင်းစုံဖြင့် သူ့လက်ထဲ ရအောင်ယူသည်။

သို့သော် လုချန်း၏စိတ်ကို မဖမ်းစားနိုင်သော မိန်းမများဖြစ်ပါက မည်မျှပင် လှပနေပါစေ၊ သူ့ရှေ့တွင် နေ့တိုင်း မြင်နေရစေကာမူ သူ စိတ်မဝင်စားသလို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းလည်း မရှိပေ။

ယခင်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အကမယ် အမြောက်အမြားရှိသည်။ အစေခံများအားလုံးကိုလည်း အလှအပကို အခြေခံ၍ ရွေးချယ်ထားသည်။ သို့သော် လုချန်းသည် ထိုအကမယ်များ၊ အစေခံများကို ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ပေ။

ထိုအချက်က အရေအတွက်ထက် အရည်အသွေးကိုသာ လုချန်း ပိုနှစ်သက်ကြောင်း ပြသနေသည်။ သူ့မှာ အလှအပအတွက် သီးသန့်လိုအပ်ချက်များရှိပြီး အလွန်လှပမှသာ စိတ်ဝင်စားမည်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ယခင်က လုချန်းအတွက် ကိုယ်လုပ်တော်များ ရွေးချယ်ပေးခဲ့ဖူးသည်။ စနစ်တကျရွေးချယ်ပြီးနောက် မည်သူ့ကိုမှ လုချန်း မယူခဲ့ပေ။ ထိုအချက်က လုချန်း၏ စံနှုန်းများ မည်မျှတင်းကျပ်သည်ကို ပြသနေသည်။

လုချန်းသာ ထိုသို့သော တင်းကျပ်သည့် စံနှုန်းများကို ဆက်ထိန်းထားမည်ဆိုပါက သူ၏ မိဖုရားဆောင်တွင် ရှေ့လျှောက် မိန်းမများ တိုးပွားလာသည့်တိုင် အရေအတွက်များစွာ တိုးလာမည်မဟုတ်ပေ။

ထို့ကြောင့် အားလုံးကို မိဖုရားများအဖြစ် ဘွဲ့ပေးခြင်းသည် လက်ခံနိုင်သည်။

ထိုသို့ တွေးမိပြီး ချူးယုချင်၏ နှုတ်ခမ်းများ အနည်းငယ် ကော့ညွတ်သွားသည်။

“မင်းဘာသာ ဆုံးဖြတ်ပါတော့။”

ချူးယုချင်သည် ထိုအချိန်တွင် ဘာမှ ထပ်မပြောလိုတော့ပေ။ သူမသည် ထိုလူဆိုးလေးအား အမြန်ဆုံး မကောင်းမှုလုပ်စေလိုသည်။

ထိုအချိန်တွင် လုချန်းက

“ဒါဆိုရင် ဒီလိုပဲ သဘောတူလိုက်ကြတာပေါ့။”

ထို့နောက် လုချန်းက ချူးယုချင်၏ နားနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ချစ်သူ။ ခေါင်းလှည့်ပြီး ကိုယ့်မျက်လုံးကို ကြည့်ပါဦး။”

လုချန်း၏အသံ မဆုံးသေးမီမှာပင် ချူးယုချင် ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။

ထိုအချိန်တွင် ထိုလှပသောအမျိုးသမီး၏ ပါးပြင်က ပန်းရောင်သမ်းနေပြီး လှပသော မျက်တောင်များက အသာအယာ လှုပ်ခတ်နေသည်။ သူမ၏မျက်လုံးများက နွေဦးရာသီ ရေအိုင်ကဲ့သို့ ကြည်လင်နေရသဖြင့် အလွန်ဆွဲဆောင်မှု ရှိနေသည်။

လုချန်း၏ ကိုယ်ငွေ့ကို ခံစားရသည်နှင့် ချူးယုချင်က တိုးညင်းစွာဖြင့်

“ကလေးတစ်ယောက် ထပ်ယူရအောင် ချစ်သူ။”

ထိုလှပသောအမျိုးသမီး၏ စကားကို ကြားရသော် လုချန်း၏ အတွင်းစိတ်က ရုတ်တရက် ရိုင်းစိုင်းလာသည်။ သူက ချူးယုချင်၏ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။ ထို့နောက် လုပ်စရာရှိသည်တို့ကို စတင်လုပ်ဆောင်တော့သည်။

.....

နံနက်ခင်း။

မိုးသောက်ချိန် ရောက်ခါစပင် ရှိသေးသည်။ ချူးယုချင်နှင့် လုချန်းတို့ မအိပ်ရသေးပေ။ ထိုအချိန်တွင် ချူးယုချင်သည် လုချန်း၏ ရင်ခွင်တွင် ရှိနေဆဲဖြစ်ပြီး အလွန်ပျော်ရွှင်နေသည်။

အစက ထိုလူဆိုး၏ လှည့်စားမှုကို သူမ ခံခဲ့ရသည်။ သို့သော် ယခုတွင်မူ သူမ နောင်တလုံးဝမရတော့ပေ။ ထိုလူဆိုးသာ မရှိခဲ့လျှင် သူမ ယခုလို ပျော်ရွှင်မှုများ ရရှိနိုင်မည် မဟုတ်ပေ။ သူမ အလွန်ကံကောင်းသည်ဟု ခံစားမိသည်။

ရုတ်တရက် ချူးယုချင် တစ်စုံတစ်ခုကို သတိရသွားပြီး

“ဒီနေ့ နန်းတွင်း အစည်းအဝေး ရှိတယ် မဟုတ်လား။”

သူမကြောင့် လုချန်း၏ နန်းတွင်းအစည်းအဝေး နောက်ကျမည်ကို ချူးယုချင် လုံးဝမလိုလားပေ။

သူမ၏စကားကို ကြားရသောအခါ လုချန်းက ပြုံးလိုက်သည်။ ချူးယုချင်၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ဒီနေ့ အစည်းအဝေး မရှိပါဘူး။ ရက်နည်းနည်းငယ်ကြာရင်တော့ အသေးစား အစည်းအဝေး တစ်ခု ရှိပါလိမ့်မယ်။”

အရာရှိစာရင်းအသစ် မထွက်မချင်း လက်ရှိအရာရှိများက ဘာလုပ်ရမည်ကို မသိနိုင်ပေ။ အရာရှိအသစ်များ ခန့်အပ်ပြီးမှသာ ၎င်းတို့ တာဝန်များကို သိကြမည်ဖြစ်သည်။

လာမည့်ရက်များသည် ပိတ်ရက်ကဲ့သို့ ဖြစ်နေသည်။ လုချန်းသည် ထိုအချိန်ကို မိမိ၏ဇနီးများနှင့် ချစ်ကြည်နူးရန် စီစဉ်ထားသည်။

ထိုအချိန်တွင် စနစ်မျက်နှာပြင်ကို လုချန်း ကြည့်လိုက်သည်။

နောက်ပိုင်းတွင် လုချန်းသည် သူ၏ဇနီးများနှင့် ချစ်တင်းနှောသည့်အခါတွင် စနစ်ကို အသံပိတ်ထားသည်။ အနှောင့်အယှက်မဖြစ်စေရန် ဖြစ်သည်။ ချစ်တင်းနှောပြီးမှသာ စနစ်မှ ဆုလာဘ်များ ရရှိခဲ့ခြင်းရှိမရှိကို စစ်ဆေးလေ့ရှိသည်။

လုချန်း စစ်ဆေးလိုက်သည်နှင့် ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

[ ချူးယုချင်ကို ကိုယ်ဝန်ဆောင်စေခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်: ကမ္ဘာ့ ဗဟုသုတ စာကြည့်တိုက် တစ်ခု]

[ကိုယ်ဝန်ဆောင်ဆုလာဘ်များသည် တိုက်တွန်းအားပေးမှုဆုလာဘ်များ ဖြစ်ပါသည်။ ဇနီးကို ဂရုစိုက်ပါ။ ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ကြောင်း သေချာပါစေ။ ကလေးအောင်မြင်စွာ မွေးဖွားပြီးပါက ပိုကြီးမားသည့် ဆုလာဘ်ကို ချီးမြှင့်ပါမည်။]`

ဒါက...

လုချန်း နေပြည်တော်တွင် ရှိစဉ်က ပိုင်ချင်းချင်းနှင့် ရွှီလင်လုံတို့ ကိုယ်ဝန်ရှိစေရန် နေ့တိုင်း ကြိုးစားခဲ့ရပုံကို မှတ်မိသည်။ သူတို့နှစ်ဦးနှင့် ခြောက်လကြာ ကြိုးစားပြီးနောက်တွင်ပင် ကိုယ်ဝန်ရမည့် လက္ခဏာ မပြခဲ့။ သူတို့၏ ဝမ်းဗိုက်များက မည်သို့မှ မတုံ့ပြန်ခဲ့ပေ။

သို့သော် ယခု သူ ပြန်လာပြီး ချူးယုချင်နှင့် တစ်ညတာ ကုန်ဆုံးခဲ့ပြီးနောက် သူမ ချက်ချင်း ကိုယ်ဝန်ရှိသွားသည်။

လူတွေကြားက ကွာခြားချက်က ဘာလို့ ဒီလောက်များရတာလဲ။ ပြန်တွေးကြည့်သော် ချူးယုချင်၏ ပထမကိုယ်ဝန်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ခဲ့သည်။ ပထမအကြိမ် ကြိုးစားမှုဖြင့်ပင် သူမ အောင်မြင်သွားခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ လုချန်းအလွန်စိတ်လှုပ်ရှားသွားသည်။ ချူးယုချင်လည်း လုချန်း၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိသည်။ သူမ တစ်စုံတစ်ခု ပြောရန် ကြိုးစားနေစဉ်တွင် လုချန်းက ပြုံးပြီး

“ သတင်းကောင်းတစ်ခု ပြောပြရမလား”

ချူးယုချင်က

“ဘာသတင်းကောင်းလဲ။”

လုချန်းသည် သူ၏လက်ကို မြှောက်ပြီး ချူးယုချင်၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက်

“သတင်းကောင်းက ဘာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။”

လုချန်း၏လက်ကို သူမ၏ ဝမ်းဗိုက်ပေါ်တွင် တွေ့လိုက်ရသောအခါ သူ ဘာကိုဆိုလိုသည်ကို ချူးယုချင် ချက်ချင်းသိလိုက်သည်။ သူ၏ အရိပ်အမြွက်က အလွန်ထင်ရှားသည်။ သူမ မသိဘဲ နေပါ့မလား။ သို့သော် သူမ အနည်းငယ် မယုံနိုင်သေးပေ။

မည်သို့ပင်ဆိုစေ ယခု သူမသည် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်နေသည်။ လုချန်းသည်လည်း အရိပ်အယောင် ကောင်းကင်လူသား ဖြစ်သည်။ ပြီးခဲ့သည့်ညက လုချန်းကို ကလေးတစ်ယောက် ထပ်ပေးရန် ပြောခဲ့ သော်လည်း လုချန်းကို စနောက်ရန်သာ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် တကယ်ပင် ကိုယ်ဝန်ရသွားတာလား။

ထို့နောက် ချူးယုချင်က

“တကယ်... တကယ်လား။ တို့က အဆင့်လွန်ပညာရှင်ဖြစ်နေပြီ။ ဒါတောင် ကိုယ်ဝန်ရနိုင်သေးလား။”

ချူးယုချင်၏စကားကို ကြားရသောအခါ လုချန်းက ဂုဏ်ယူစွာဖြင့်

“ဟုတ်တာပေါ့။ ကိုယ့်ကို လျှော့မတွက်ပါနဲ့။ မင်းအဆင့်လွန်ပညာရှင်ဖြစ်မှ မဟုတ်ဘူး။ ရှေ့လျှောက် ကောင်းကင်လူသား ဖြစ်သွားရင်တောင် ကိုယ်မင်းကို ကိုယ်ဝန်ရစေနိုင်သေးတယ်။”

သူမ၏ ဒုတိယကလေးကို ဤမျှ လျင်မြန်စွာ ကိုယ်ဝန်ရှိမည်ဟု ချူးယုချင် မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး ဖြစ်ပေါ်လာခဲ့သည်။

.....

နံနက်ခင်း။

ချူးယုချင်သည် မုကျိရွှမ်းတို့ ရှေ့တွင် ပြုံးရွှင်စွာပေါ်လာခဲ့သည်။ မနေ့ညက သူမ ကောင်းစွာချစ်ခင်မြတ်နိုးခြင်းခံခဲ့ရသည်မှာ ထင်ရှားသည်။

အခြားမိန်းမများလည်း အားကျသွားကြပြီး ညဘက်တွင် လုချန်း သူတို့ကိုရွေးချယ်မလားဟု မျှော်လင့်နေကြသည်။

ဤအချိန်တွင် လုချန်းကတော့ အသစ်တည်ဆောက်ထားသော နန်း‌တွင်းစာကြည့်ခန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

နန်းတွင်းစာကြည့်ခန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်းနှင့် ဆင်တူသည်။ နန်းတွင်းစာကြည့်ခန်းတွင် အနားယူရန် နေရာတစ်ခုလည်း ပါဝင်သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ် စာကြည့်ခန်းထက် များစွာ ပိုကျယ်ဝန်းသည်။ ထိုနေရာသည် ဧကရာဇ်လုချန်း၏ အလုပ်နေရာဖြစ်၍ စံနှုန်းများ ပိုမြင့်ရမည်မှာ သဘာဝကျပေသည်။

စာကြည့်ခန်းထဲသို့ ဝင်ပြီးနောက် လုချန်းက တံခါးများကို ပိတ်ရန် ညွှန်ကြားသည်။ ထို့နောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

စနစ်မှ သူ့အား ဆုချခဲ့သည့် ကမ္ဘာ့ ဗဟုသုတ စာကြည့်တိုက်ကို မည်သို့အသုံးပြုရမည်ကို သူ သိလိုသည်။

လုချန်းက [ကမ္ဘာ့ ဗဟုသုတ စာကြည့်တိုက်]ကို နှိပ်လိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော စာအုပ်များကို သူ၏ရှေ့တွင် တွေ့လိုက်ရသည်။ ထိုစာအုပ်များတွင် သူငယ်တန်းမှ တက္ကသိုလ်အဆင့် စာအုပ်များအထိ ပါဝင်သည်။ အချို့သော ပညာရပ်ဆိုင်ရာ စာတမ်းများလည်း ပါဝင်သည်။

လုချန်း ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေမိသည်။

ဒါက ကမ္ဘာ့ ဗဟုသုတ စာကြည့်တိုက်လား။

ထိုစာအုပ်များဖြင့် နှစ်တစ်ရာ သို့မဟုတ် နှစ်နှစ်ရာအတွင်းတွင် ဤရှေးဟောင်းကမ္ဘာကို ခေတ်သစ်ကမ္ဘာအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပါလား။

စနစ်သည် အမြဲတမ်း အပိုင်းအစများကိုသာ ဆုအဖြစ်ပေးလေ့ရှိပြီး ဤတစ်ကြိမ်တွင်မူ ကမ္ဘာ့အသိပညာအားလုံးကို တစ်ပြိုင်နက်တည်း ပေးလိုက်ခြင်းဖြစ်သည်။

ဤစာကြည့်တိုက်ရှိ အသိပညာများကို ဖြန့်ဝေပါက နောင်တွင် ဤကမ္ဘာ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မှာ သေချာသည်။

သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ လုချန်းက တံခါးနားရှိ အစေခံ မိန်းကလေးကို

“တုန်းဖန်လုံယွဲ့ကို ခေါ်လာခဲ့”

“ဟုတ်ကဲ့ မင်းကြီး။”

ဤစာကြည့်တိုက်ကို တုန်းဖန်လုံယွဲ့ထံ တိုက်ရိုက်အပ်နှံရန် လုချန်း စဉ်းစားထားသည်။ စာကြည့်တိုက်တွင် အရေးကြီးသောကိစ္စများစွာ ပါဝင်သောကြောင့် ယင်းကို သူယုံကြည်ရသူတစ်ဦးက စီမံခန့်ခွဲရမည်ဖြစ်သည်။

All Chapters