← Chapters

ဘုရင်လမ်းစဉ်ကို ရွေးချယ်မှာလား သို့မဟုတ် အာဏာရှင်လမ်းစဉ်ကို ရွေးချယ်မှာလား

Vol. 53 Ch. 785

ဘုရင်လမ်းစဉ်ကို ရွေးချယ်မှာလား သို့မဟုတ် အာဏာရှင်လမ်းစဉ်ကို ရွေးချယ်မှာလား

Vol. 53 Ch. 785

တုန်းဖန်လုံယွဲ့ စာကြည့်ခန်းသို့ ရောက်ရှိလာသောအခါ အနုပညာမြောက်စွာ ဒီဇိုင်းထုတ်ထားသော စာအုပ်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ရသဖြင့် အနည်းငယ်အံ့အားသင့်သွားသည်။

ဤသို့သပ်ရပ်စွာ ချုပ်လုပ်ထားသော စာအုပ်များကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ စက္ကူများလည်း အလွန်ဖြူစင်ပြီး စာလုံးများကလည်း ထင်ရှားသပ်ရပ်လှသည်။

တုန်းဖန် လုံယွဲ့ စာကြည့်ခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ လုချန်းက ဖတ်လက်စ စာအုပ်ကို ချလိုက်သည်။

တုန်းဖန် လုံယွဲ့ သတိပြန်ဝင်လာသည်။ ထို့နောက် အလျင်အမြန် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဤလက်‌အောက်ခံ မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး အသက်ရာကျော် ရှည်ပါစေ။”

လုချန်းက ညင်သာစွာ ပြုံးလိုက်သည်။

“လုံယွဲ့။ ဒီနေ့ကစပြီး ‘လက်‌အောက်ခံ’လို့ မသုံးစွဲပါနဲ့တော့။ ပြီးတော့ ဒီနေ့ကစပြီး အရှေ့ပိုင်း သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် ရာထူးကနေ နုတ်ထွက်လိုက်ပါတော့။”

တုန်းဖန် လုံယွဲ့၏ ရင်ထဲ တုန်လှုပ်သွားသည်။ သို့သော် လုချန်းတွင် သူမအတွက် အခြားအလုပ်တစ်ခု ရှိရမည်ဟု သူမ ချက်ချင်းသိလိုက်သည်။ ထို့ကြောင့်

“အမိန့်တော်အတိုင်းပါ မင်းကြီး”

လုချန်းက ဆက်လက်၍

“မင်းက တစ်နေရာတည်း ထိုင်မနေနိုင်တဲ့သူမှန်း ကိုယ်သိတယ်။ ဒါကြောင့် မင်းကို နန်းတော်ထဲမှာ အမြဲတမ်း နေခိုင်းဖို့ အစီအစဉ် မရှိဘူး။ မင်းအတွက် အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုရှိတယ်။”

ထိုစကားကို ကြားရသောအခါ ဧကရာဇ်မှာ သူမအတွက် အရေးကြီးသည့် တာဝန်တစ်ခုရှိသည်ဟု တုန်းဖန် လုံယွဲ့ စိတ်ထဲမှ တွေးလိုက်သည်။

ထိုအချိန်တွင် လုချန်းက စားပွဲပေါ်ရှိ စာအုပ်များကို ကြည့်လိုက်သည်။

“ဒီစာအုပ်တွေမှာပါတဲ့ အသိပညာတွေက ကောင်းကင်ဘုံက ပေးအပ်ထားတာ။ ကိုယ်က ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်ကို တည်ထောင်ဖို့ စီစဉ်ထားတယ်။ မင်းက ဒီစာအုပ်တွေကို ပုံနှိပ်ထုတ်ဝေဖို့ အလုပ်သမားတွေကို ကြီးကြပ်ရလိမ့်မယ်။ စာအုပ်တစ်အုပ်စီကို အုပ်ရေထောင်ပေါင်းများစွာ ပုံနှိပ်ရမယ်။ အခုကစပြီး မင်းက ရှနိုင်ငံတော်တော်ဝင်စာကြည့်တိုက်ရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာပြီ။”

ထိုစကားကို ကြားရသော် တုန်းဖန် လုံယွဲ့ နားမလည်နိုင် ဖြစ်သွားသည်။

ကောင်းကင်ဘုံက ပေးအပ်ထားသည့် အသိပညာတွေလား.....

လုချန်းက ဆက်လက်၍

“ဒီစာအုပ်တွေထဲက အကြောင်းအရာတွေက အရမ်းအရေးကြီးတယ်။ အခုအချိန်မှာတော့ ဘယ်သူ့ဆိီကိုမှ မပေါက်ကြားအောင် ဂရုစိုက်ရမယ်။”

“ ကျွန်မ နားလည်ပါတယ်။ စာကြည့်တိုက်က ဘယ်စာအုပ်အကြောင်းကိုမှ အပြင်လူတစ်ယောက်မှ မသိအောင် ဂရုစိုက်ပါ့မယ်။”

လုချန်းက

“ အဲ့ဒီလောက်တော့ တင်းကျပ်စရာ မလိုပါဘူး။ စာကြည့်တိုက်က စာအုပ်တွေက အသိပညာတွေ ပေးဖို့ပဲ။ ဒါတွေက အခြားသူတွေဆီ ပေးအပ်သင့်ပါတယ်။ လူတွေ လေ့လာအသုံးပြုဖို့ပါပဲ။”

ခဏစဉ်းစားပြီးနောက် လုချန်းက

“ပထမဆုံးအနေနဲ့ ဒီစာအုပ်တွေထဲက အသိပညာတွေကို လေ့လာပြီး ဆရာအဖြစ် သင်တန်းပေးဖို့ လူအချို့ကို ပေးအပ်မယ်။ ပြီးတော့ အဲ့ဒီဆရာတွေက ကျောင်းသားတွေ သင်ကြားပေးလိမ့်မယ်။”

“ရှေ့လျှောက် ဒီကျောင်းသားတွေကပဲ ရှနိုင်ငံတော် တော်ဝင်စာကြည့်တိုက်က စာအုပ်တွေကို ဖတ်ခွင့်ရလိမ့်မယ်။”

လုချန်း၏ ရည်ရွယ်ချက်ကို တုန်းဖန် လုံယွဲ့ ချက်ချင်းသိလိုက်သည်။

ထို့နောက် လုချန်းက အစေခံတစ်ဦးအား

“သွားပြီး တပ်မှူးချင်ကို ခေါ်ခဲ့လိုက်”

“အမိန့်အတိုင်းပါ မင်းကြီး။”

လုချန်းက တုန်းဖန် လုံယွဲ့အား ဆက်လက်၍

“ချင်ယူရှန်ကို အထူးကိုယ်ရံတော်တွေထဲက အချို့ကို မင်းကို ကူညီဖို့ တာဝန်ပေးခိုင်းလိုက်မယ်။”

တုန်းဖန် လုံယွဲ့က အလျင်အမြန် ကျေးဇူးတင်သည်။

“ကျေးဇူးတင်ပါတယ် မင်းကြီး။”

ဤအချိန်တွင် တုန်းဖန် လုံယွဲ့က ရင်ထိတ်စွာဖြင့် မေးလိုက်သည်။

“မင်းကြီး။ ကျွန်မကော ဒီစာအုပ်တွေကို ဖတ်ခွင့်ရှိပါလား။”

“ကောင်းကင်ဘုံက ပေးအပ်သည့် အသိပညာ” ကို သူမ အလွန်သိလိုသည်။ စာပေသင်ကြားရသည်ကို နှစ်သက်သူတစ်ဦးဖြစ်‌သည်နှင့်အညီ သူမသည်လည်း ထိုစာအုပ်များမှ အသိပညာအချို့ကို ရယူလိုသည်။

လုချန်း

“ဟုတ်တယ်။ ရှနိုင်ငံတော်တော်ဝင်စာကြည့်တိုက်က စာအုပ်တွေကို ကိုယ့်ဇနီးတွေနဲ့ ကလေးတွေ အပြည့်အဝ အသုံးပြုခွင့် ရှိတယ်။ မင်းစိတ်ကြိုက် ဖတ်နိုင် လေ့လာနိုင်ပါတယ်။”

တုန်းဖန် လုံယွဲ့က ထပ်မံကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် မင်းကြီး”

ထို့နောက် လုချန်းနှင့် တုန်းဖန် လုံယွဲ့တို့ စာကြည့်တိုက်ကိစ္စများကို ဆက်လက်ဆွေးနွေးသည်။

ချင်ယူရှန် ရောက်လာသောအခါ လုချန်းက စာကြည့်တိုက်အကြောင်းကို သူ့ကိုပါ ပြောပြလိုက်သည်။ နေ့လယ်ပိုင်း ရောက်မှသာ တုန်းဖန် လုံယွဲ့နှင့် ချင်ယူရှန်တို့ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

နေ့လယ်စာ စားပြီးနောက် လုချန်း ခဏနားသည်။ ထို့နောက်မှ ကျူးကဲ့ကျုံကောင်းနှင့် တွေ့ဆုံသည်။

ကျူးကဲ့ကျုံကောင်းအား သူတို့၏ နောက်တစ်ဆင့် အစီအစဉ်ကို မေးမြန်းလိုပြီး သူ၏ အကြံဉာဏ်ကို တောင်းခံလိုသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာကို စုစည်းခြင်းကဲ့သို့သော အရာမျိုးကို လုချန်း တစ်ခါမှ မကြုံဖူးပေ။ ထိုစီမံကိန်းက သူ့၏ အတွေ့အကြုံထက် များစွာ ကျော်လွန်နေသည်။

ကျူးကဲ့ကျုံကောင်း စာကြည့်ခန်းသို့ ရောက်သောအခါ လုချန်းကို ဦးညွှတ်လိုက်သည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး အသက်ရာကျော် ရှည်ပါစေ။”

လုချန်းက

“ထပါ ပညာရှိကြီး။ တစ်ယောက် ထိုင်ခုံ ယူလာခဲ့။”

အစေခံက အလျင်အမြန်ပင် ထိုင်ခုံတစ်ခု ယူလာသည်။ ကျူးကဲ့ကျုံကောင်းက ထပ်မံဦးညွှတ်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် မင်းကြီး။”

ကျူးကဲ့ကျုံကောင်း ထိုင်ပြီးနောက် လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“ပညာရှိကြီးကို ခေါ်ရတဲ့အဓိကအကြောင်းအရင်းက ကျွန်တော် ရှေ့လျှောက် ဘယ်လိုမှန်မှန်ကန်ကန် ဆက်လုပ်သင့်သလဲဆိုတာ အကြံဉာဏ်တောင်းဖို့ပါပဲ။”

လုချန်း၏ စကားကို ကြားရသောအခါ သူ၏ ဆိုလိုရင်းကို ကျူးကဲ့ကျုံကောင်း ချက်ချင်းနားလည်သွားသည်။

ကျူးကဲ့ကျုံကောင်းက

“ ကျွန်တော့်ကို မေးခွင့်ပြုပါ။ မင်းကြီးက အခုအချိန်မှာ ကောင်းကင်လူသား စွမ်းအားရှင် ဘယ်နှစ်ယောက်ကို တိုက်ရိုက်စေခိုင်းနိုင်ပါလဲ။”

လုချန်း၏ ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင် လေးဦးရှိသည်ဟုကျူးကဲ့ကျုံကောင်း ကြားသည်။ သို့သော် လုချန်း၏ အင်အား အစစ်ကို သူ ရှင်းရှင်းလင်းလင်း မသိသေးပေ။

လုချန်း ခဏစဉ်းစားလိုက်ပြီး

“အခု ကျွန်တော် တိုက်ရိုက်စေခိုင်းနိုင်တဲ့ ကောင်းကင်လူသား စွမ်းအားရှင်နှစ်ဦး ရှိတယ်။”

“ဒါပေမဲ့ ကျွန်တေယ့်ဘေးမှာ ကောင်းကင်လူသား စွမ်းအားရှင် ငါးဦး စုစုပေါင်းရှိတယ်။ လိုအပ်လာရင် သူတို့ ချက်ချင်း ရောက်လာနိုင်ပါတယ်။”

ကျူးကဲ့ကျုံကောင်းက

“မင်းကြီးရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ကမ္ဘာကို စုစည်းနိုင်တဲ့ အခြေအနေ ရှိပြီးသားပါ။”

“ဒါပေမဲ့ မင်းကြီးအတွက် တကယ့်အခက်အခဲက နိုင်ငံတွေကို အောင်နိုင်တာ မဟုတ်ပါဘူး။ အုပ်ချုပ်တာပါ။ အခုလက်ရှိ ရှနိုင်ငံတော်ရဲ့ အရာရှိတွေက ကမ္ဘာတစ်ခုလုံးကို မင်းကြီးကိုယ်စား စီမံခန့်ခွဲဖို့ မလုံလောက်ပါဘူး။ မင်းကြီးဟာ နိုင်ငံကြီးအချို့ကို သိမ်းပိုက်ပြီးတာနဲ့ ဝေးလံ အရပ်က ဒေသတွေကို အုပ်ချုပ်ဖို့အတွက် အဲ့ဒီနိုင်ငံတွေက လူတွေကို မလွဲမသေ ခန့်အပ်ရလိမ့်မယ်။”

လုချန်းလည်း ဤအချက်ကို နားလည်သည်။

“ဒီကိစ္စတွေကို ကျွန်တော်လည်း စိုးရိမ်နေတာပါပဲ။ တခြားနိုင်ငံက လူတွေ ရှနိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ထဲကို ဝင်လာပြီဆိုရင် ရှနိုင်ငံတော်ရဲ့ လက်နက်တွေနဲ့ ပညာရပ် အမျိုးမျိုးကိုလည်း ဒီနိုင်ငံတွေက လူတွေ သိသွားလိမ့်မယ်။ သူတို့ထဲမှာ ရှနိုင်ငံတော်ကို သစ္စာခံဟန်ဆောင်တဲ့သူတွေ နည်းမှာ မဟုတ်ဘူး။ နောက်ပိုင်း သူတို့က ရှနိုင်ငံတော်ရဲ့ လက်နက်တွေကိုယူပြီး ရှနိုင်ငံတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်။”

လုချန်းသည်လည်း သမိုင်းစာအုပ်များ ဖတ်ထားသူတစ်ဦးဖြစ်သည်။ ချင်ဘုရင်ကြီး နိုင်ငံ ခြောက်ခုကို ပေါင်းစည်းပြီးနောက်တွင် ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များ၏ လျှို့ဝှက် ကြံစည်မှုများကို သူ သိထားသည်။

သိမ်းယူပြီးသော နိုင်ငံများမှ အကြွင်းအကျန်များက လျှို့ဝှက် ကြံစည်မှုများ ပြုလုပ်လိမ့်မည်ဟု သူ တွက်ဆပြီးဖြစ်သည်။ ရှနိုင်ငံတော်၏ လက်နက်များ ရရှိသွားပါက သူတို့၏ ဖျက်ဆီးနိုင်စွမ်း ပို၍ပင် ကြီးလာလိမ့်မည်။

ထို့ကြောင့် ကမ္ဘာကို အုပ်ချုပ်ခြင်းက အမှန်တကယ်ကို ကြီးမားသည့် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းက

“ မေးခွန်းတစ်ခု မေးခွင့်ပြုပါဦးမင်းကြီး”

လုချန်းက

“ပညာရှိကြီး မေးချင်တာရှိရင် မေးပါ။”

ကျူးကဲ့ကျုံကောင်းက

“မင်းကြီးက ရှေ့လျှောက် ဘုရင်လမ်းစဉ်ကို ရွေးချယ်မှာလား ဒါမှမဟုတ် အာဏာရှင်လမ်းစဉ်ကို ရွေးချယ်မှာလား။”

ဤမေးခွန်းကို ကြားသောအခါ လုချန်း ခဏခန့် မှင်တက်သွားသည်။

ခဏကြာ စဉ်းစားပြီးနောက်

“ဒိီနှစ်ခုကြားမှာ ဘာကွာခြားမှု ရှိလဲ”

ဟု မေးခွန်းပြန်ထုတ်လိုက်သည်။

ကျူးကဲ့ကျုံကောင်းက ရှင်းပြလိုက်သည်။

“မင်းကြီးက အာဏာရှင်လမ်းစဉ်ကို ရွေးချယ်မယ်ဆိုရင် အခြားနိုင်ငံတွေကို သိမ်းပိုက်ပြီးတာနဲ့ အဲ့ဒီက တော်ဝင်မိသားစုတွေရဲ့ အဆုံးသတ်လည်း ဖြစ်သွားလိမ့်မယ်။ မင်းကြီးက အဲ့ဒီနိုင်ငံကြီးတွေရဲ့ တော်ဝင်မိသားစုတွေကို ဓားနဲ့ ကွပ်မျက်ပြီးတာနဲ့ အဲ့ဒီဓားကို ဆက်ပြီး ကိုင်စွဲထားရလိမ့်မယ်။ အာဏာရှင်ကို တော်လှန်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှနိုင်ငံတော်ကို ဆန့်ကျင်တဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိလာမှာပဲ။ မင်းကြီးဟာ ရှနိုင်ငံတော်ကို ဘယ်သူမှ မတော်လှန်ရဲတော့တဲ့အထိ သတ်နေရလိမ့်မယ်”

“မင်းကြီးက ဘုရင်လမ်းစဉ်ကို ရွေးချယ်မယ်ဆိုရင် ခြိမ်းခြောက်တဲ့ နည်းလမ်းကို အသုံးပြုနိုင်တယ်။ နိုင်ငံကြီးတွေရဲ့ တော်ဝင်မိသားစုတွေကို ကိုယ့်သဘောနဲ့ကိုယ် လက်နက်ချဖို့ စည်းရုံးနိုင်တယ်။ နိုင်ငံတော်ကြီးတွေရဲ့ တော်ဝင်မိသားစုတွေက သူ့သဘောနဲ့သူ လက်နက်ချမယ်ဆိုရင် ရှနိုင်ငံတော်အပေါ် သူတို့ ပြည်သူတွေရဲ့ မုန်းတီးမှုကို အနည်းနဲ့ အများ လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အနာဂတ်အတွက် ပြဿနာတွေ ဖန်တီးပေးနိုင်တယ်။ အခြားနိုင်ငံတွေရဲ့ တော်ဝင်မိသားစုဝင်အချို့မှာ ပုန်ကန်လိုတဲ့ ရည်မှန်းချက်တွေ ရှိနိုင်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ နိုင်ငံတွေကို ပြန်လည်တည်ထောင်ဖို့ ကြိုးစားနိုင်တယ်။”

ကျူးကဲ့ကျုံကောင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် လုချန်း ခဏစဉ်းစားလိုက်သည်။ ချင်ဘုရင်ကြီး နိုင်ငံခြောက်ခုကို ပေါင်းစည်းပြီးနောက်တွင် မင်းညီမင်းသားများအားလုံးကို မသတ်ဖြတ်ခဲ့ပေ။ အများအပြားကို ရှန်ယန်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး အချို့ကို နယ်နှင်ခဲ့သည်။

နောက်ဆုံးတွင် ကျန်ရှိနေသူများထဲမှ အများအပြားသည် သူတို့နိုင်ငံတော်ဟောင်းကို ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချက်က အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။

သို့သော် အားလုံးကို သတ်ပစ်ပါက ထိုနိုင်ငံများမှ ပြည်သူများ၏ စိတ်ထဲတွင် အာဏာရှင်၏ ပုံရိပ်ကို စွဲထင်စေနိုင်သည်။ အကြမ်းဖက်မှုဖြင့် အုပ်ချုပ်ခြင်းသည် ရေရှည်တည်တံ့နိုင်သော နည်းလမ်းမဟုတ်ပေ။

စဉ်းစားပြီးနောက် လုချန်းက

“ဘုရင်လမ်းစဉ်ကို ရွေးချယ်ဖို့ ကျွန်‌တော်ဆုံးဖြတ်လိုက်ပြီ။”

နိုင်ငံကြီးများ၏ မင်းညီမင်းသားများကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး သူတို့နာခံပါက အကျိုးကျေးဇူးများ ပေးမည်။ ပုန်ကန်ရန် ကြံစည်ပါက ပြစ်ဒဏ်ပေးမည်ဟု လုချန်းတွေးလိုက်သည်။

ပြစ်ဒဏ်နှင့် ဆုလာဘ်ကြားတွင် ဟန်ချက်ညီအောင် ထိန်းထားခြင်းဖြင့် သူ၏ ပုံရိပ်ကို ထိန်းသိမ်းနိုင်ရုံသာမက သာမန်ပြည်သူများ၏ ကြောက်ရွံ့မှုကိုလည်း လျှော့ချနိုင်မည်။

ထို့ပြင် သူသည် ချင်ဘုရင်ကြီးနှင့် မတူပေ။ သူသည် အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နေပြီဖြစ်သည်။ သူသည် ချင်ဘုရင်ကြီးထက် ပိုအသက်ရှည်နိုင်ပြီး ထိုမင်းဆက်များကို ကိုင်တွယ်ရန် အချိန်အလုံအလောက် ရှိသည်။

သူတို့ တစ်ဦးချင်းစီကို ဖြည်းဖြည် ချင်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။

လုချန်းက

“ပညာရှိကြီးရဲ့ အမြင်အရဆိုရင် ဘယ်နိုင်ငံကို အရင်ဖျက်ဆီးသင့်သလဲ”

ကျူးကဲ့ကျုံကောင်းက တိုက်ရိုက်မဖြေပဲ

“ဒီကိစ္စကို လွယ်တာကနေ ခက်တဲ့ဘက်ကို စတင်သင့်ပါတယ်။ ချွမ်နိုင်ငံတော်မှာ အခု ကူးစက်ရောဂါတွေ များနေလို့ အားအနည်းဆုံးအချိန်ပါ။ သူတို့ကို အခု ဖယ်ရှားပစ်ဖို့ အလွယ်ဆုံး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဆီမှာ ကူးစက်ရောဂါ ဆက်ရှိနေတာကြောင့် ရှနိုင်ငံတော်ရဲ့ စစ်သည်တွေ ကူးစက်ခံရမယ်ဆိုရင် ရှနိုင်ငံတော်အတွက် ဘေးဆိုးကြီး ဖြစ်သွားလိမ့်မယ်။”

“ကျူးနိုင်ငံတော်ရဲ့ စွမ်းအားက ဝူနိုင်ငံတော်နဲ့ ယှဉ်ရင် အသင့်အတင့်ပဲ။ ဒါပေမဲ့ ကျူးနိုင်ငံတော်ရဲ့ မြောက်ဘက်ကို လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မျက်စိကျနေတယ်။ အထူးကိုယ်ရံတော်တွေဆီက သတင်းရထားတာကတော့ ‘နတ်ဘရားမ’လို့ခေါ်တဲ့ သူတစ်ယောက်က လွင်ပြင်ဒေသ မျိုးနွယ်စု အားလုံးကို ပေါင်းစည်းထားတယ်။”

“ကျူးနိုင်ငံတော်ကို ဖျက်ဆီးမယ်ဆိုရင် မြောက်ဘက်က လွင်ပြင်ဒေသ မျိုးနွယ်စု တွေကိုပါ သုတ်သင်ရှင်းလင်းရလိမ့်မယ်။ အနောက်မြောက်ဘက်က မြေတွေက ကျယ်တယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက ဘယ်အချိန်မဆို ထွက်ပြေးနိုင်တယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို သုတ်သင်ရှင်းလင်းဖို့က မလွယ်ဘူး။”

All Chapters