← Chapters

လုချန်း စိတ်ဆိုးခြင်း

Vol. 53 Ch. 787

လုချန်း စိတ်ဆိုးခြင်း

Vol. 53 Ch. 787

ဝူနိုင်ငံတော်သို့ စစ်ချီမည့် အချိန်ကို ဆုံးဖြတ်ပြီးနောက် ကျူးကဲ့ကျုံကောင်းနှင့်လုချန်းတို့ အရာရှိများ ခန့်အပ်ရေးကို ဆက်လက်ဆွေးနွေးကြသည်။

နေပြည်တော်မှ အရာရှိအများစု၏ အရည်အချင်းသည် မြောက်ပိုင်းပြည်နယ်မှ အရာရှိများနှင့် ယှဉ်လျှင် နိမ့်ကျနေသည်။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် မြောက်ပိုင်းပြည်နယ်မှ အရာရှိများကို အရေးကိစ္စအမျိုးမျိုးကို ကိုယ်တိုင်ကိုင်တွယ်စေခဲ့ သောကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့သည် အထူးကိုယ်ရံတော်များ၏ အဆက်မပြတ် စောင့်ကြည့်ခြင်းကိုလည်း ခံနေရသည်။

နေပြည်တော်မှ အရာရှိများကို အရေးကြီးရာထူးများ ခန့်အပ်ရန် လုချန်း စိတ်မပါပေ။ သို့သော် သူတို့ကို သင့်လျော်သော အခန်းကဏ္ဍအချို့ မပေးပါက ထိုအရာရှိများအား မကျေမနပ် ဖြစ်စေနိုင်သည်။

မည်သို့ပင်ဆိုစေ သူတို့သည် လုချန်းနှင့်အတူ ရန်ခရိုင်သို့ လိုက်ပါခဲ့ကြသည်။ နေပြည်တော်မှ မြေခွေးအိုကြီးများနှင့် မတူပဲ ဤအရာရှိများတွင်တော့ ရည်မှန်းချက်အချို့ ရှိနေသေးသည်။

သူတို့ကို မည်သို့ ခန့်အပ်ရမည်ဆိုသည်က‌တာ့ စဉ်းစားစရာ များစွာပါဝင်သည်။

လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့ အရာရှိများခန့်အပ်ရေးကိစ္စ ဆွေးနွေးပြီးသောအခါ နေဝင်ရီတရောအချိန် ရောက်နေပြီဖြစ်သည်။ ကောင်းကင်တွင် နေဝင်ဆည်းဆာ၏ အလင်းရောင်သာ ကျန်တော့သည်။

ပြတင်းပေါက်မှတစ်ဆင့် ညနေရောက်နေသည်ကို တွေ့ရသော် လုချန်းက

“ပညာရှိကြီး။ ဒီနေ့တော့ ပြန်လို့ရပြီ။ အရာရှိတွေ ခန့်အပ်တာကို မနက်ဖြန်မှ ဆက်ဆွေးနွေးကြတာပေါ့။”

ထိုအခါ ကျူးကဲ့ကျုံကောင်းလည်း ထိုင်နေရာမှ ထလိုက်ပြီး လုချန်းကို ဦးညွှတ်ကာ

“ သွားခွင့်ပြုပါ”

ထို့နောက် ကျူးကဲ့ကျုံကောင်း နန်းတွင်းစာကြည့်ခန်းမှ ထွက်သွားသည်။

ကျူးကဲ့ကျုံကောင်း ထွက်ခွာပြီးနောက် လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။

လုချန်း လေပြင်းမိုးတိမ်ဆောင်ထဲသို့ ဝင်လိုက်သောအခါ ကျောင်းယိုယိုနှင့် ကျောင်း ရှောင်ရှောင်တို့လည်း ထိုနေရာတွင်

ရှိနေသည်ကို တွေ့ရသည်။ ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့သည် မုကျိရွှမ်း၏ အခြေအနေအတွက် အတော်လေး စိတ်ပူနေသည်။ အထူးသဖြင့် လုချန်း ပြန်လာသည့် ပထမညတွင် သူသည် မုကျိရွှမ်းကို ခေါ်ယူခြင်းမရှိပဲ ချူးယုချင်ကိုသာ ခေါ်ယူခဲ့ သောကြောင့်ဖြစ်သည်။

သို့သော် ဤကိစ္စတွင် သူတို့ ဝင်ရောက်စွက်ဖက်၍ မရပေ။ သို့သော် သူတို့ မုကျိရွှမ်းဘေးတွင် နေ၍ နှစ်သိမ့်ပေးနိုင်သည်။

ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် တစ်နေကုန် လေပြင်းမိုးတိမ်ဆောင်တွင် ရှိနေကြသည်။ မုကျိရွှမ်း တစ်စုံတစ်ယောက်ကို ညစာ ပြင်ဆင်ခိုင်းတော့မည့်အချိန်တွင် အပြင်မှ အစေခံတစ်ဦးက

“မင်းကြီး ရောက်ရှိလာပါတယ်”

ဟု ရုတ်တရက် အော်လိုက်သည်။

ထိုအသံကို ကြားရသော် အမျိုးသမီးသုံးဦး အလန့်တကြားဖြစ်သွားသည်။ ထို့နောက် လုချန်းကို နှုတ်ဆက်ရန် အလျင်အမြန် ထွက်လာကြသည်။

မုကျိရွှမ်း အရိုအသေပြုချိန် မရလိုက်ခင်ပင် လုချန်းက

“ရှောင်ရှောင်နဲ့ ယိုယိုပါ ရှိနေတာလား။ ကောင်းတာပေါ့။ ဒီည ပြန်မသွားကြနဲ့တော့။ လေပြင်းမိုးတိမ်ဆောင်မှာပဲ နေကြ။”

ထိုစကားကို ကြားရသောအခါ အမျိုးသမီးသုံးဦးလုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့၏ မျက်နှာများလည်း ရဲတက်လာကြသည်။

ဤအချိန်တွင် လုချန်းက မုကျိရွှမ်းကို ကြည့်ပြီး

“ကျိရွှမ်း။ ညစာက အဆင်သင့်ဖြစ်နေပြီ မဟုတ်လား။”

မုကျိရွှမ်းက

“အဆင်သင့်ဖြစ်နေပါပြီ။ ထမင်းစားဆောင်ကို ပို့ခိုင်းလိုက်ပါ့မယ်။”

ထို့နောက် မုကျိရွှမ်းသည် အစေခံများကို ထမင်းစားဆောင်သို့ အစားအစာများ အမြန် ပို့ပေးရန် ပြောခိုင်းလိုက်သည်။

ထို့နောက် လုချန်းလည်း လေပြင်းမိုးတိမ်ဆောင်၏ ထမင်းစားဆောင်ဘက် လျှောက်သွားသည်။

အဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် လုချန်းထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ မုကျိရွှမ်း၊ ကျောင်းရှောင်ရှောင်နှင့် ကျောင်း ယိုယိုတို့လည်း အလျင်အမြန် လိုက်လာသည်။ သို့သော် သူတို့ ချက်ချင်းမထိုင်ကြပေ။

လုချန်း၏ အခြေအနေ ပြောင်းလဲသွားပြီဖြစ်သောကြောင့် သူတို့ ယခင်ကကဲ့သို့ သိပ်ပေါ့ပေါ့ပါးပါး မနေရဲကြတော့ပေ။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မ နှစ်ဦးစလုံး မတ်တပ်ရပ်နေသည်ကို တွေ့ရသောအခါ လုချန်းက ပြုံးလျှက်

“ကိုယ် ပြန်လာပြီးကတည်းက မင်းတို့အားလုံးက ကိုယ့်ကို ဘာလို့ ကြောက်နေကြတာလဲ။ သူစိမ်းတွေလိုပဲ။”

“ထိုင်ကြပါ။”

လုချန်း၏စကားကို ကြားရသောအခါ မုကျိရွှမ်း၊ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့က

“ကျေးဇူးတင်ပါတယ် မင်းကြီး”

ဟု တစ်ညီတည်း ပြောလိုက်ကြသည်။

ထို့နောက်မှ အမျိုးသမီးသုံးဦး သူတို့၏ နေရာများတွင် ထိုင်လိုက်ကြသည်။

သူတို့၏ အနေအထိုင် ထိန်းသိမ်းမှုကို တွေ့ရသောအခါ လုချန်းက အေးစက်သော လေသံဖြင့်

“ကိုယ်က အခု ဧကရာဇ် ဖြစ်နေပေမဲ့ ဒါက အတွင်းဆောင်ပဲ။ ကိုယ့်အိမ်ပဲ။ မင်းတို့က ကိုယ့်ရဲ့ဇနီးတွေ၊ ကိုယ့်မိန်းမတွေ၊ ကိုယ်နဲ့ အရင်းနှီးဆုံးလူတွေပဲ။ မင်းတို့အားလုံးက ကိုယ်နဲ့ ဝေးကွာသွားပြီး ကိုယ့်ကို တစ်ယောက်တည်း အထီးကျန်ခဲ့တဲ့လူ ဖြစ်စေချင်ကြတာလား။”

လုချန်း၏ စကားသံ ငြိမ်သက်သွားပြီးနောက် မုကျိရွှမ်းတို့လည်း သူစိတ်ဆိုးသွားသည်ကို ချက်ချင်းသိလိုက်ကြသည်။ သူသည် စိတ်ဆိုးလေ့ မရှိပေ။ သူဤသို့ အေးစက်မာကြောစွာ ပြောသည်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသုံးဦးစလုံး သူတို့နေရာမှ အလျင်အမြန်ထရပ်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။

မုကျိရွှမ်းက

“မင်းကြီး။ ဒီလိုစိတ်မျိုး ကျွန်မတို့မှာ မရှိပါဘူး။”

သုံးဦးစလုံး ကြမ်းပြင်ပေါ်တွင် တုန်ရီနေသည်ကို တွေ့ရသောအခါ လုချန်း သက်ပြင်းချလိုက်သည်။

သူ တွေးခဲ့သလိုပင် ထိုရာထူးကို ရယူခြင်းက နောက်ဆုံးတွင် သူ့ကိုတစ်ဦးတည်း အုပ်စိုးရသည့် ဘုရင်ဖြစ်စေသည်။

ဧကရာဇ်တွင် ကိုယ်ပိုင်ကိစ္စမရှိ နိုင်ငံတော်ကိစ္စသာ ရှိသည်ဟု မကြာခဏ ပြောတတ်ကြသည်။ မိဖုရားဆောင်တွင်ပင် ဧကရာဇ်၏ ဇနီးများသည် သူ၏ရှေ့တွင် အရှင်နှင့် ကျွန်တို့၏ အဆင့်အတန်းကို ထိန်းသိမ်းရသည်။

ဤခေတ်က ထိုအတိုင်းပင် ဖြစ်သည်ကို လုချန်း သိထားသည်။ သို့သော် သူ အလွန်စိတ်မသက်မသာ ဖြစ်နေသည်။

လုချန်းသည် သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်နိုင်သော ဧကရာဇ် တစ်ဦး ဖြစ်သည့်အတွက် သူ၏ဇနီးများကို လွတ်လွတ်လပ်လပ်နေရန် ပြောထားလျှင်ပင် သူတို့ မဆင်မခြင် ပြုမူရဲမည် မဟုတ်သည်ကိုလည်း

လုချန်း နားလည်သည်။ သူ့ထံမှ စကားတစ်ခွန်းသည် သူတို့၏ အသက်ကို ခြွေနိုင်ပြီး သူတို့၏ မိသားစုများ ပျက်စီးခြင်းသို့လည်း ဦးတည်နိုင်သည်။

ထို့ပြင် သူ၏ဖခင်ဖြစ်သူ ဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် သူ၏အာဏာက ပို၍ပင် ကြီးမားသည်။ သူ၏ဖခင်သည် အာဏာရှိ မိသားစုများ၏ ကန့်သတ်ခြင်းကို ခံရသည်။ သို့သော် ယခု သူသည် နိုင်ငံတော်ကိစ္စများကို တစ်ဦးတည်း ထိန်းချုပ်ထားသည်။ သူ ပြောသည့်စကားသည် ဥပဒေဖြစ်ပြီး မည်သူမှ သူ့ကို ကန့်သတ်နိုင်မည် မဟုတ်ပေ။

ထိုမျှ ကြီးမားသည့် အာဏာရှိသည့် ဧကရာဇ်တစ်ပါးအတွက် သူ၏ဇနီးများက သူ့ကို မကြောက်ရွံ့စေရန် ပြုလုပ်ခြင်းသည် မဖြစ်နိုင်လောက်သည့် အလုပ်တစ်ခုပင် ဖြစ်သည်။

ဤအချိန်တွင် လုချန်းက

“ကျိရွှမ်း။ မင်း ကိုယ်နဲ့ လက်ထပ်ခဲ့တာ အခု နှစ်အတော်ကြာပြီ။ ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ မင်း မသိဘူးလား။”

ထိုမေးခွန်းကို ကြားရသောအခါ မုကျိရွှမ်း အနည်းငယ် မှင်တက်သွားသည်။ ထို့နောက်

“မင်းကြီးဟာ ကရုဏာစိတ်ရှိပြီး ပျော်ပျော်နေတတ်ပါတယ်။ ရည်မှန်းချက်လည်းကြီးပါတယ်။ မင်းကြီးဟာ နှစ်ပေါင်းထောင်ချီမှာ တစ်ကြိမ်သာ ပေါ်ထွန်းတတ်တဲ့ ဉာဏ်ပညာရှိတဲ့ အုပ်စိုးသူဖြစ်ပါတယ်။”

ဤအဖြေကို လုချန်း အလွန် စိတ်မကျေနပ်ပေ။ မုကျိရွှမ်း၏စကားများက အလွန်ယဉ်ကျေးလွန်းသည်။

လုချန်းက သူ၏နေရာမှ ထရပ်ပြီး မုကျိရွှမ်းဆီသို့ တိုက်ရိုက်လျှောက်သွားသည်။ ထို့နောက် ဒူးထောက်ထိုင်လိုက်သည်။

မုကျိရွှမ်း ထပ်မံအံ့အားသင့်သွားသည်။

မုကျိရွှမ်း၏ မျက်လုံးများကို ကြည့်ရင်း လုချန်းက

“ကျိရွှမ်း။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ။ ကိုယ့်ဇနီးတွေကို အလွယ်တကူ ဒူးမထောက်ကြဖို့ နန်းတွင်းမှာ အမိန့်တစ်ရပ် ထုတ်ပြန်မယ်။”

ဒါက...

မုကျိရွှမ်း လုချန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ သူသည် သူတို့၏ ယနေ့အပြုအမူကို အလွန်စိတ်မကျေနပ်ပေ။

မုကျိရွှမ်းသည် အလျင်အမြန်ပင်

“ကျွန်မတို့ရဲ့ အမှားကို သိပါပြီ မင်းကြီး။”

လုချန်းက

“ကိုယ်အမှားကို သိရင် ဘာလို့ အမြန်မထတာလဲ။”

“ဒီလောက်တောင် ဒူးထောက်ချင်နေတာလား။ အိပ်ရာဝင်တဲ့အခါ စိတ်ကြိုက် ဒူးထောက်ခိုင်းမယ်။”

လုချန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်သည် အမျိုးသမီးသုံးဦးစလုံးအတွက် ရှင်းနေသည်။ သူတို့၏ ပါးပြင်များ ချက်ချင်းပင် ပိုမိုရဲလာပြီး အလွန်ပူနွေးလာကြသည်။

ထို့နောက် အမျိုးသမီးသုံးဦးစလုံး ထရပ်လိုက်ကြသည်။

ထိုအချိန်တွင် မုကျိရွှမ်းက

“မင်းကြီး။ မင်းကြီး ဆိုလိုချင်တဲ့ အချက်ကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ အခု နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဟောင်း မဟုတ်တော့ပါဘူး။ နန်းတော်မှာ မျက်လုံးတွေ အများကြီး ရှိနေပါတယ်။ မိဖုရားတစ်ဦးဦး မလျော်မကန် ပြုမူရင် ဝေဖန်စွပ်စွဲခံရမှာပါ။”

ဧကရာဇ်မှာ ကိုယ်ပိုင်ကိစ္စမရှိဟု ဆိုကြသည်။ မိဖုရားဆောင်ကိစ္စများကို မူးမတ်များ သိရှိသွားပါက နန်းတွင်းအစည်းအဝေးတွင် အခွင့်ကောင်းယူ၍ နိုင်ငံရေးတိုက်ပွဲများကို စတင်ကြလိမ့်မည်။

ထိုအရာက မည်သည့်မင်းဆက်တွင်မဆို ဖြစ်လေ့ရှိသော အရာဖြစ်သည်။ ထို့ကြောင့် သူတို့၏ အလွန်အမင်း သတိထားသည့် အပြုအမူကို လုချန်း မကြိုက်မှန်း သိသော်လည်း အလေးအနက်မထားပဲ ပြုမူခြင်းမှ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကိုလည်း သူတို့စဉ်းစားရသည်။

မုကျိရွှမ်း ထိုသို့ပြောသည်ကို ကြားရသော် လုချန်းက

“ နောက်ပိုင်းကျရင် မိဖုရားဆောင်ကိစ္စတွေက ကိုယ့်မိသားစုကိစ္စတွေသာ ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်မယ်။ ဘယ်အရာရှိမှ ဒီကိစ္စတွေ ဆွေးနွေးခွင့် မရှိဘူး။ မင်းတို့ အပြင်မှာ စီမံခန့်ခွဲတဲ့ လုပ်ငန်းတွေ ဒါမှမဟုတ် ရှနိုင်ငံတော်ကို သက်ရောက်နိုင်တဲ့ အရာတွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှ မဟုတ်ရင်ပေါ့။”

မုကျိရွှမ်းက တစ်ခုခု ပြောတော့ မည့်အချိန်တွင် လုချန်းက ချက်ချင်းပင်

“ရပြီ။ ဒီကိစ္စ ဆုံးဖြတ်ပြီးပြီ။”

ထို့နောက် လုချန်းက မုကျိရွှမ်းနှင့် ကျောင်းညီအစ်မ နှစ်ဦးကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ကိုယ် ဒီလိုပဲ ပြောမယ်။ မင်းတို့က ကိုယ့်ကို ဆွေမျိုးသားချင်းမရှိတဲ့သူလို၊ မိသားစုမရှိတဲ့လူလို တကယ် ခံစားရစေခဲ့မယ်ဆိုရင် အခုကစပြီး ကိုယ်လည်း တကယ့်စိတ်ရင်းစေတနာနဲ့ မပြုမူတော့ဘူး။”

“ကိုယ့်ဖခင်လို ဧကရာဇ်မျိုး ဖြစ်သွားတာ မင်းတို့ မြင်ချင်ကြမှာ မဟုတ်ဘူးလို့ ကိုယ် ယုံကြည်တယ်။”

ထိုစကားများကို ကြားသောအခါ အမျိုးသမီးသုံးဦး၏ နှလုံးသားများ နာကျင်သွားသည်။

လုချန်း အေးစက်ပြီး စိတ်ခံစားချက်မရှိသော ဧကရာဇ်တစ်ပါး ဖြစ်သွားသည်ကို သူတို့မြင်ချင်မည် မဟုတ်တာ သဘာဝပင်။

စကားများ ဆုံးသွားသည်နှင့် လုချန်း ထမင်းစားပွဲတွင် ထပ်ထိုင်လိုက်သည်။

ထိုအချိန်တွင် အစေခံများက ဟင်းလျာများ ကို စတင်ပြင်ဆင်နေပြီဖြစ်သည်။

လုချန်းက

“အမြန်လာထိုင်ကြ။”

သတိပြန်ဝင်လာပြီးနောက် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မနှစ်ဦးတို့ စားပွဲတွင် အလျင်အမြန် ထိုင်လိုက်ကြသည်။ လုချန်း ပြောခဲ့သည့် စကားများကြောင့် အမျိုးသမီးသုံးဦးသည် ယခင်ကကဲ့သို့ သတိထားပြီး မနေတော့ပေ။

ဟင်းလျာများ ချပြီးသောအခါ ကျောင်း ရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် လုချန်းအတွက် ခွက်တစ်ခုကို ပြင်ဆင်ပြီး ဝိုင်ငှဲ့ပေးလိုက်ကြသည်။

ထိုအချိန်တွင် လုချန်းက မုကျိရွှမ်းအား

“ကျိရွှမ်း။ မနေ့က နန်းတွင်းအစည်းအဝေးပွဲ အပြီးမှာ အမတ်တစ်ဦးက ကိုယ့်ဆီ လာတယ်။ မိဖုရားခေါင်ခန့်အပ်တဲ့ကိစ္စကို သူကပြောတယ်။”

ထိုအကြောင်း ကြားသောအခါ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့ တင်းကြပ်သွားကြသည်။

All Chapters