လိယုရီ ၏ ဒုက္ခများ
Vol. 53 Ch. 788
လုချန်းက မိဖုရားခေါင်ကိစ္စကို ထုတ်ဖော် ပြောလိုက်သည်နှင့် အဘယ်ကြောင့် လုချန်းက ယခင်ညက သူမကို အိပ်ရာဝင်ရန် မခေါ်ပဲ ချူးယုချင်ဆီသို့ သွားသည်ကို မုကျိရွှမ်း ချက်ချင်းနားလည်လိုက်သည်။
ချူးယုချင်က လုချန်း၏ နှလုံးသားတွင် မည်သည့်ရာထူးကို ရယူထားသည်ကို သူမ ကောင်းစွာ သိသည်။ လုချန်း ချူးယုချင်နှင့် တွေ့ဆုံခြင်းသည် မိဖုရားခေါင် ခန့်အပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးရန် ဖြစ်သည်မှာ သေချာသည်။
မိဖုရားခေါင်အကြောင်း ပြောဆိုသည်နှင့် မုကျိရွှမ်းသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမသည် ထိုသို့သော ကိစ္စများတွင် ထပ်မံပါဝင်လိုခြင်း မရှိပေ။
ကံမကောင်းစွာဖြင့် ထိုအရာသည် သူမ၏ ဆန္ဒအပေါ်တွင် မူတည်နေခြင်း မဟုတ်ပေ။ လုချန်း၏ တော်ဝင်မိဖုရားတစ်ဦးအနေနှင့် သူမသည် ဤကိစ္စများတွင် မလွဲမသွေ ပါဝင်ပတ်သက်ရမည်သာဖြစ်သည်။
လုချန်းက မုကျိရွှမ်း၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ ထို့နောက် တိုက်ရိုက်ပြောလိုက်သည်။
“ကိုယ့်ရဲ့ရည်ရွယ်ချက်က ဖုန်းလေးကို အိမ်ရှေ့မင်းသား ဖြစ်စေဖို့ပဲ။ ဒါပေမဲ့ မိဖုရားခေါင်ကြီးတော့ ခန့်အပ်မှာ မဟုတ်ဘူး”
ထိုအကြောင်းကို ကြားရသောအခါ မုကျိရွှမ်း သက်ပြင်းချလိုက်သည်။ လုချန်း၏ ရည်ရွယ်ချက်ကို သူမ ချက်ချင်းသိလိုက်သည်။
လုချန်း၏ မိဖုရားဆောင် ကြီးထွားလာကတည်းက သူသည် သူ၏ မိဖုရားဆောင်တွင်း သဟဇာတဖြစ်မှုကို အမြဲအလေးပေးခဲ့သည်။ မည်သည့်အမျိုးသမီးမှ အာဏာနှင့် အကျိုးခံစားခွင့်အတွက် တိုက်ခိုက်သည်ကို သူမလိုချင်ပေ။
လုချန်း၏ မိဖုရားခေါင် မခန့်အပ်သည့် ရွေးချယ်မှုကလည်း မိဖုရားခေါင်သည် ပစ်မှတ်တစ်ခု မဖြစ်စေရန် ဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူသည် မိဖုရားခေါင်တစ်ဦးကို လုံးဝခန့်အပ်မည် မဟုတ်ကြောင်း မိဖုရားဆောင်မှ အမျိုးသမီးများအား အချက်ပြရန် ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့သည် ပိုမိုမြင့်မားသည့် ရာထူးတစ်ခုကို တောင့်တမနေသင့်ပေ။
လုချန်းက ဆက်ပြောလိုက်သည်။
“မိဖုရားခေါင် မရှိပေမဲ့ တော်ဝင် မိဖုရားကြီးရာထူးကို ခန့်အပ်မယ်။ အခုကစပြီး ကိုယ့်ရဲ့ မိဖုရားဆောင်မှာ တော်ဝင်မိဖုရားကြီးနဲ့ တော်ဝင် မိဖုရားပဲ ရှိလိမ့်မယ်။ တော်ဝင်မိဖုရား အောက်မှာ ဘာရာထူးမှ မရှိတော့ဘူး။”
ထိုအကြောင်းကို ကြားရသော် သူမ ကြိုတင်မှန်းဆခဲ့သည့်အတိုင်းပဲ ဖြစ်နေသည်ဟု မုကျိရွှမ်း စိတ်ထဲမှ တွေးလိုက်သည်။ လုချန်း လုပ်ဆောင်သမျှသည် မိဖုရားဆောင်၏ သဟဇာတဖြစ်မှုအတွက်ပင် ဖြစ်သည်။
မုကျိရွှမ်းက
“ဒီကိစ္စကို မင်းကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ပါ။”
လုချန်းက
“ကျိရွှမ်း။ ကိုယ်ကမင်းကို မိဖုရားခေါင်ဘွဲ့ မပေးတာကို မင်း စိတ်မဆိုးဘူးလား။”
လုချန်း၏ စကားကို ကြားရသောအခါ မုကျိရွှမ်းက အလျင်အမြန်ပင်
“မင်းကြီး။ တကယ်တော့ ကျွန်မ မိဖုရားခေါင် ရာထူးကို စိတ်မဝင်စားပါဘူး။ စိတ်မဝင်စားရုံတင် မဟုတ်ပါဘူး။ ဒီရာထူးအတွက် တိုက်ခိုက်ရာမှာလည်း ပါဝင်ပတ်သက်လိုစိတ် မရှိပါဘူး။”
“မုမိသားစုမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို မင်းကြီးလည်း သိပါတယ်။ ကျွန်မ အဲ့ဒီကိစ္စတွေကို ရွံမုန်းနေပြီ။ ကျွန်မရဲ့ ကလေးတွေလည်း အဲ့ဒီအထဲ ပါဝင်ပတ်သက်တာကို မလိုချင်ပါဘူး။ ကျွန်မက ကျွန်မရဲ့ ကလေးတွေ ဘေးကင်းလုံခြုံစွာ ကြီးပြင်းတာကိုပဲ မြင်ချင်ပါတယ် ”
လုချန်းက သက်ပြင်းချလိုက်သည်။
“ကိုယ်လည်း ကိုယ့်ကလေးတွေကို ဒီလိုကိစ္စတွေထဲ ပါဝင်ပတ်သက်တာကို မမြင်ချင်ဘူး။ ကိုယ်ငယ်ရွယ်စဉ်ကလည်း အသက်အန္တရာယ် များစွာ ကြုံခဲ့ရတယ်။ ညီအစ်ကိုချင်း ရန်ဖြစ်တာ၊ အဖေနဲ့သား ရန်ဖြစ်တာကို ထပ်မတွေ့ချင်တော့ဘူး။ ဒါပေမဲ့လည်း ကိုယ့်လက်ရှိ ရာထူးအရ ကိုယ့်ကလေးတွေဟာ အနာဂတ်မှာ ကိစ္စအချို့ထဲ မလွဲမသွေ ဆွဲခေါ်ခံရလိမ့်မယ်။ ကိုယ့်ရဲ့ အကာအကွယ်အောက်မှာ ဖုန်းလေး အမြန်ကြီးပြင်းလာဖို့ပဲ မျှော်လင့်နိုင်တော့တယ်။ သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်တဲ့ အချိန်ရောက်တဲ့အခါ တခြားသူတွေလည်း မသင့်တော်တဲ့ အတွေးတွေ ဝင်ရဲမှာ မဟုတ်တော့ဘူးလို့ မျှော်လင့်ရတာပဲ။”
လုချန်း၏ အတွေးများကို မုကျိရွှမ်း ချက်ချင်းနားလည်သွားသည်။ သူ အသက်ရှင်နေစဉ် လုချန်ဖုန်း၏ အိမ်ရှေ့စံ ရာထူးကို ခိုင်မာစေရန် တည်ဆောက်လိုသည်။ လုချန်ဖုန်း၏ ရာထူး အလုံအလောက် ခိုင်မာနေသရွေ့ အခြားသူများ၏ ရည်မှန်းချက်များကို သဘာဝအတိုင်း ပျက်ပြယ်စေလိမ့်မည်။
ထိုအချိန်တွင် လုချန်းက
“ရပြီ။ ဒီအကြောင်းတွေ ဆက်မပြောကြတော့နဲ့။ အစားအသောက်တွေ အေးကုန်လိမ့်မယ်။ စားကြစို့။”
ထို့နောက် လေးဦးစလုံးသည် မိဖုရားခေါင်နှင့် အိမ်ရှေ့စံအကြောင်းကို ဆွေးနွေးခြင်း ရပ်လိုက်ပြီး သူတို့၏ ကလေးများအကြောင်း ပြောဆိုကြသည်။
ညစာ စားပြီးနောက် လေးဦးစလုံးသည် ရေချိုးဆောင်သို့ သွား၍ ရေချိုးကြသည်။ ရေချိုးပြီးနောက် သူတို့သည် လေပြင်းမိုးတိမ်ဆောင်မှ ကြီးမားသည့် အိပ်ရာဆီသို့ ဦးတည်သွားကြသည်။
သူ့ကို ခပ်ခွာခွာနေခဲ့သည့်အတွက် အပြစ်ပေးရန် လုချန်းက မုကျိရွှမ်းနှင့် ကျောင်းညီအစ်မနှစ်ဦးကို တစ်ညလုံးနီးပါး ဒူးထောက်ခိုင်းခဲ့သည်။ သူတို့၏ အော်ဟစ်သံများကို လေပြင်းမိုးတိမ်ဆောင်အပြင်မှပင် ကြားနိုင်သည်။
မိုးလင်းစ အချိန်တွင်မှ လုချန်း သူတို့ကို လွှတ်ပေးခဲ့သည်။ သူ့၏ ဆုံးမပြီးနောက် မုကျိရွှမ်းတို့လည်း သူ့ကို နောက်တစ်ကြိမ် ထပ်၍ ခပ်ခွာခွာ မနေရဲကြတော့ကြောင်း အာမခံကြသည်။
မနက်ပိုင်းတွင် လုချန်းသည် ဆန်ပြုတ်အနည်းငယ်သောက်ပြီး နိုင်ငံတော်ကိစ္စများ ဖြေရှင်းရန် နန်းတွင်းစာကြည့်ခန်းသို့ သွားလိုက်သည်။
အမတ်ရာထူးများ စာရင်းကို အပြီးသတ်ရေးဆွဲရမည်ဖြစ်၍ သူတစ်နေကုန် အလုပ်များနေလိမ့်မည်။
လုချန်း နန်းတွင်းစာကြည့်ခန်းသို့ ရောက်ပြီး မကြာမီပင် နန်းတွင်းဖွဲ့စည်းပုံနှင့် အရာရှိများ ခန့်အပ်ခြင်းကိစ္စကို လုချန်းနှင့် ဆက်လက်ဆွေးနွေးရန် ကျူးကဲ့ကျုံကောင်း ထပ်မံရောက်လာသည်။
လုချန်း အလုပ်များနေချိန်တွင် ရန်ခရိုင်သို့ လိုက်ပါလာခဲ့သည့် နေပြည်တော်မှ အရာရှိများသည်လည်း မြောက်ပိုင်းပြည်နယ်မှ မူလအရာရှိများနှင့် အဆင်ပြေအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြသည်။ အထူးသဖြင့် လိယုရီနှင့် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ ပညာရှိကြီးဖြစ်သည့် ကျူးကဲ့ကျုံကောင်းသည် လုချန်းက မည်သည့်အချိန်တွင်မဆို ခေါ်ယူနိုင်သူဖြစ်သဖြင့် နန်းတော်အနီးတွင် နေထိုင်သည်။ ထို့ကြောင့် ဝန်ကြီးများအတွက် သူနှင့်တွေ့ရန် ခက်ခဲပြီး နန်းတော်အနီး၌ ကျူးကဲ့ကျုံကောင်းထံ ပေါ်ပေါ်တင်တင် ချဉ်းကပ်ရန် မဝံ့မရဲဖြစ်ကြသည်။
ထို့ကြောင့် အရာရှိ အများစုသည် လိယုရီထံ ချဉ်းကပ်ရန် ရွေးချယ်ကြသည်။
......
ထိုအချိန်တွင်။
လိအိမ်တော်အတွင်း။
လိယုရီ သည် ဧည့်ခန်းမထဲတွင် ထိုင်၍ လက်ဖက်ရည်သောက်ရင်း သက်ပြင်းချသည်။ သူသည် တစ်စုံတစ်ခုကြောင့် စိတ်ပူနေပုံရသည်။
ထိုအချိန်တွင် အစေခံတစ်ဦး အလျင်အမြန် ပြေးဝင်လာသည်။
“သခင်ကြီး နောက်တစ်ယောက် ရောက်လာပါပြီ။ သူက အရင်နန်းတွင်းက လက်ထောက်ဝန်ကြီးလို့ ပြောပါတယ်။”
လိယုရီက သူ၏လက်ကို လျင်မြန်စွာ ဝှေ့ယမ်းသည်။
“ငါကို မတွေ့ခိုင်းနဲ့။ ငါ ဖျားနေလို့ အိပ်ရာထဲ လဲနေတယ်လို့ပဲ ပြောလိုက်။”
လိယုရီသည် မိုက်မဲသူ မဟုတ်ပေ။ သူသည် အထူးကိုယ်ရံတော်၏ စွမ်းဆောင်ရည်များကို ကောင်းစွာ သိသည်။ သူသာ နေပြည်တော်မှ အရာရှိများနှင့် တကယ်တွေ့ခဲ့ပါက အချိန်ရောက်သည့်အခါ သူ ဘယ်လို သေဆုံးသွားရသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။
ထိုသို့ တွေးမိပြီး လိယုရီ စိတ်မသက်သာ ဖြစ်လာသည်။ သူ့တွင် ဤသို့သောနေ့မျိုး ရှိလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။ မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်သို့ လာရောက်သည့်အခါ သူသည် သာမန် အုပ်ချုပ်ရေးမှူး တစ်ဦးသာ ဖြစ်သည်။ သူသည် သာမန်ပြည်သူများထက် ပိုမိုကောင်းမွန်သည့် ဘဝကို နေထိုင်ရသော်လည်း နေပြည်တော်မှ အရာရှိများထက် အများကြီး နိမ့်ကျသည်။
နှစ်အနည်းငယ်အတွင်းတွင် သူသည် အဆင့်အတန်းမြင့်ပြီး ကြီးမားသည့် အာဏာရှိသည့် လူတစ်ဦး ဖြစ်လာမည်ဟု ဘယ်သူ ထင်မှတ်ခဲ့မည်နည်း။ ယခု နေပြည်တော်မှ အရာရှိများကပင် သူ့နှင့် ရင်းနှီးအောင် ကြိုးစားလာကြရသည်။
လိယုရီသည် စိတ်ထဲ အနည်းငယ် ကံကောင်းသည်ဟု ခံစားရသည်။ ကံကောင်းစွာဖြင့် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်သို့ ရောက်လာသည့်အခါ သူသည် မြောက်ပိုင်းနယ်စားမင်းသားကို အသုံးမကျသူအဖြစ် မမြင်ခဲ့။ ထိုအစား သူသည် သူ၏စစ်အာဏာကို လုချန်းထံသို့ ပထမဆုံးအကြိမ် အခွင့်အရေးရသည်နှင့် ပေးအပ်ခဲ့ပြီး မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန် လုချန်းနှင့် တက်ကြွစွာ ပူးပေါင်းခဲ့သည်။
ဟုတ်ပါသည်။ အရေးအကြီးဆုံးအချက်က လုချန်းက မြောက်ပိုင်းမြို့တော်မှ အရာရှိများအား ထွက်ခွာရန် သို့မဟုတ် ဆက်နေရန် ရွေးချယ်ခိုင်းသည့်အခါ သူသည် စိတ်နှစ်ခွပင် မဖြစ်ခဲ့ပဲ မြောက်ပိုင်းမြို့တော်တွင် ဆက်နေရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်က မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခုကို သူ မချခဲ့ပါက ယနေ့ သူ ရရှိထားသည့် အဆင့်အတန်းမျိုး ရရှိရန် မဆိုထားနှင့် သူ အသက်ရှင်နေဦးမလားဆိုသည်မှာပင် ပြောရန်ခက်သည်။
သူ ယခု လုချန်း၏ စရိုက်ကို နားလည်လာပြီဖြစ်သည်။ လုချန်းသည် အပြင်ပန်းအားဖြင့် ကဏ္ဍတိုင်းတွင် အခွင့်အာဏာကို လွှဲအပ်ပေးနေပုံရသည်။ အများစုကို သူ၏အရာရှိများအား ကိုင်တွယ်စေသည်။ သို့သော် နန်းတွင်းအပေါ် လုချန်း၏ ထိန်းချုပ်မှုက အလွန်ကြောက်စရာကောင်းသည်။
လုချန်းသည် ရှေးရိုးဘုရင်များနှင့် မတူပေ။ လုချန်းသည် ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာအပေါ်တွင်သာ ဆုံးဖြတ်ချက်များ ချသည်။ ထို့နောက် အရာအားလုံးကို သူ၏အရာရှိများအား ကိုင်တွယ်စေသည်။ တစ်ချိန်တည်းမှာပင် အထူးကိုယ်ရံတော်များအား အရာရှိများ၏ အကောင်အထည်ဖော်မှုကို စောင့်ကြည့်စေသည်။
အခြားဧကရာဇ်တစ်ပါးအတွက် နန်းတွင်းအစည်းအဝေး တက်ရောက်ခြင်းသည် အသေးအဖွဲကိစ္စများအတွက်သာ ဖြစ်မည်။ သို့သော် လုချန်းကတော့ နိုင်ငံတော်ကိစ္စများကိုသာ ဆွေးနွေးပြီး အသေးအဖွဲ တိုင်ကြားမှုများကို တင်ပြခွင့်မပြုပေ။
လိယုရီ အတွေးထဲနစ်နေစဉ် အခြားအစေခံတစ်ဦးသည် ရုတ်တရက် ဝင်လာသည်။ အစေခံက လိယုရီဆီသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး
“သခင်ကြီး။ နန်းတော်က လူတစ်ယောက် ရောက်လာပါတယ်။”
ထိုစကားကို ကြားရသော် လိယုရီသည် ချက်ချင်း သတိပြန်ဝင်လာသည်။ သူ့မျက်နှာသည် ထိတ်လန့်မှုကြောင့် သေလောက်အောင် ဖြူဖျော့သွားသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများက ဧကရာဇ်၏ အာရုံစိုက်မှု ရရှိလိမ့်မည်ဟု သူ အသေအချာ သိသည်။ သို့သော် ဧကရာဇ်က ဤမျှ မြန်မြန် လူတစ်ယောက် စေလွှတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် လိယုရီ ချက်ချင်း စိတ်ကို ပြန်ထိန်းလိုက်သည်။ သူသည် နေပြည်တော်မှ အရာရှိများဆီမှ မည်သည့်လက်ဆောင်မှ မယူခဲ့ကြောင်း၊ သူတို့နှင့်လည်း မတွေ့ခဲ့ကြောင်း သတိရလိုက်သည်။ ထို့ကြောင့် ဧကရာဇ်က လူတစ်ယောက် စေလွှတ်ခြင်းသည် အပြစ်ပေးရန် ဆင့်ခေါ်ခြင်း မဟုတ်ပဲ သတိပေးခြင်းသာ ဖြစ်နိုင်သည်။
ထိုအချက်ကို စိတ်ထဲတွင် ထားလိုက်ပြီး လိယုရီက ချက်ချင်းပင်
“အဲ့ဒီလူကို အထဲကို မြန်မြန် ခေါ်လာခဲ့။”
မကြာမီ အစေခံက အမျိုးသမီးစစ်သည်တစ်ဦးကို ခေါ်လာသည်။ သူမက လိယုရီကို တွေ့သည်နှင့် ရွှေရောင် တံဆိပ်ကို ထုတ်ပြပြီး တိုက်ရိုက်ပြောသည်။
“မင်းကြီးရဲ့ အမှာစကားတစ်ခု ရှိပါတယ်။ နေပြည်တော်က အရာရှိတွေ လာလည်ရင် သူတို့ကို သင့်လျော်စွာ တွေ့နိုင်ပြီး မြောက်ပိုင်းပြည်နယ်က အရာရှိတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သူတို့ကို ရှင်းပြနိုင်ပါတယ်။”
ထိုစကားကို ကြားရသော် လိယုရီ မှင်တက်သွားသည်။
ဧကရာဇ်က သူ့အား ဂိုဏ်းဂဏ မဖွဲ့ရန် သတိပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခု ဧကရာဇ်က နေပြည်တော်မှ အရာရှိများနှင့် တွေ့ဆုံခွင့်ပင် ပေးလိုက်သည်။
ဧကရာဇ်၏ ဆိုလိုရင်းကို လိယုရီ လျင်မြန်စွာ သိလိုက်သည်။ ဧကရာဇ်သည် သူ့ကို ကြားခံအဖြစ် အသုံးပြုပြီး နေပြည်တော်မှ အရာရှိများအား သူတို့ ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်သည်ကို ကြိုတင်သိစေလိုသည်။ သို့မှသာ သူတို့ အသစ်ဖွဲ့စည်းထားသည့် နန်းတွင်းထဲသို့ ပိုမိုလျင်မြန်စွာ ပေါင်းစည်းနိုင်မည်ဖြစ်သည်။
လိယုရီက
“မင်းကြီးကို ပြောပြပေးပါ။ သူပေးအပ်တဲ့ တာဝန်ကို ကျွန်တော် ကျေပြွန်အောင် လုပ်ပါ့မယ်။ အဲ့ဒီလူတွေကို ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ နားလည်စေပါ့မယ်။”
လိယုရီ၏ အဖြေကို ကြားပြီးနောက် အမျိုးသမီးစစ်သည်လည်း ဘာမှ မပြောတော့ပဲ ချက်ချင်း ထွက်သွားတော့သည်။