← Chapters

ဒီကိုရောက်လာတာတော့ ဝမ်ယန်နဲ့ ရွှီလေးကို လွမ်းလို့ပေါ့

Vol. 53 Ch. 789

ဒီကိုရောက်လာတာတော့ ဝမ်ယန်နဲ့ ရွှီလေးကို လွမ်းလို့ပေါ့

Vol. 53 Ch. 789

လုချန်းစေလွှတ်သည့် အမျိုးသမီးစစ်သည် ထွက်သွားသည်နှင့် လိယုရီက အစေခံများကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့နောက် အပြင်တွင် စောင့်ဆိုင်းနေသော နေပြည်တော်မှ အရာရှိများကို ဧည့်ခန်းထဲ ဝင်ခိုင်းလိုက်သည်။

မြောက်ပိုင်းပြည်နယ် နန်းတွင်းမှ တတိယအဆင့်အရာရှိ လိယုရီသည် သူတို့ကို တွေ့လိုသည်ဟု ကြားသောအခါ နေပြည်တော်မှ အရာရှိများ အလွန်ပျော်ရွှင်သွားကြသည်။

သူတို့သည် လူမိုက်များ မဟုတ်ကြပေ။ လိယုရီ ဖျားနာ‌ နေသည်ဟု ဆိုခြင်းက အကြောင်းပြချက်တစ်ခုသာဖြစ်သည်ကို သူတို့သိထားသည်။ ယခု လိယုရီက သူတို့ကို တွေ့လိုသည်ဟု ဆိုသည်။ သူ့စိတ်ပြောင်းသွားသည်မှာ ရှင်းနေသည်။

မကြာမီ နေပြည်တော်မှ အရာရှိအဖွဲ့သည် လိအိမ်တော်တွင်းသို့ ဝင်ရောက်လာကြသည်။

လူတိုင်း ဧည့်ခံခန်းမထဲ ဝင်လာကြပြီး‌နောက် လိယုရီက တိုက်ရိုက်ပင်

“ ခင်ဗျားတို့ ဒီနေ့ ဘာကြောင့် လာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့ ယူလာတဲ့ လက်ဆောင်တွေကို ပြန်ယူသွားသင့်ပါတယ်။”

“ရန်ခရိုင်က နေပြည်တော်နဲ့ မတူပါဘူး။ ဒီမှာ လက်ဆောင်ပေးရင် အလွယ်တကူ ဒုက္ခရောက်စေနိုင်ပါတယ်။”

ထိုစကားကို ကြားသောအခါ အရာရှိများ ခဏခန့် တုန်လှုပ်သွားသည်။ နှစ်ပေါင်းများစွာ မင်းမှုထမ်းခဲ့သူများဖြစ်သောကြောင့် လိယုရီ၏ ဆိုလိုရင်းကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။

လိယုရီက ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဧကရာဇ်က အရင်ဧကရာဇ်တွေနဲ့ မတူပါဘူး။ ရန်ခရိုင်မှာ ခိုင်မာတဲ့ အခြေအနေတစ်ခု ရရှိဖို့ဆိုရင် ဧကရာဇ်က ဘယ်လိုလူမျိုးကို လိုအပ်လဲဆိုတာ ခင်ဗျားတို့ မြန်မြန် နားလည်ရပါမယ်။”

“မေးခွန်းတွေရှိရင် အခု မေးလို့ရပါတယ်။ ကျွန်တော် ဒီနေ့ အကုန်ဖြေပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ပြီးရင်တော့ လိအိမ်တော်ကို ဒီလိုမျိုး ပြေးမလာကြပါနဲ့တော့။”

လိယုရီက တိုက်ရိုက်ပြောလာ သောအခါ နေပြည်တော်မှ အရာရှိတစ်ဦးက ချက်ချင်းပင်

“ ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိလို့ လူကြီးမင်းဆီက အကြံဉာဏ်တောင်းခံချင်ပါတယ်။”

လိယုရီက

“နားမလည်တာရှိရင် မေးပါ”

အရာရှိက

“နန်းတွင်းအစည်းအဝေးကို ခုနစ်ရက်တစ်ကြိမ် လုပ်တာက နိုင်ငံတော်အရေးကိစ္စတွေကို ထိခိုက်မှုမရှိဘူးဆိုတာ တကယ်လား။”

လိယုရီက

“မထိခိုက်ပါဘူး။ နန်းတွင်းအစည်းအဝေးက ခုနစ်ရက်တစ်ကြိမ် ဖြစ်ပေမဲ့ ဧကရာဇ်က အဲ့ဒီခုနစ်ရက်မှာ ဘာမှမလုပ်ပဲ နေတာ မဟုတ်ပါဘူး။ ဧကရာဇ်က နိုင်ငံတော်အရေးအရာအားလုံးကို သူ့ရဲ့ စာကြည့်ခန်းမှာ ကိုင်တွယ်ပါတယ်။”

“ဧကရာဇ်က အစည်းအဝေးတွေကို ခုနစ်ရက်တစ်ကြိမ် ပြောင်းလိုက်ရတာက ဝန်ကြီးတချို့ဟာ နံနက်အစည်းအဝေးတွေမှာ အရေးမပါတဲ့ ကိစ္စတွေကို အမြဲ ပြောနေကြတာကို သိထားလို့ပါပဲ။ အဲ့ဒါက အစည်းအဝေးကို အဓိပ္ပာယ်မဲ့စေပြီး အချိန် ကုန်စေတယ်။ အရာရှိတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သိသိသာသာ ထိခိုက်စေတယ်။”

“နံနက်အစည်းအဝေးတွေ မရှိရင် အရာရှိတွေက သူတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို အချိန်မှန် သွားရမယ်။ အဲ့ဒါက တကယ်တမ်းကျတော့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုတိုးတက်စေတယ်။”

အခြားအရာရှိတစ်ဦးက ထပ်မေးသည်။

“နံနက်အစည်းအဝေးတွေ မရှိတော့ရင် ဧကရာဇ်မှာ အရေးပေါ်ကိစ္စတွေ ရှိမရှိ ဘယ်လို သိနိုင်မလဲ။”

လိယုရီက

“ဧကရာဇ်က ဘာအကြောင်းပြချက်မှ မရှိပဲ ခုနစ်ရက်တစ်ကြိမ် အစည်းအဝေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထင်ပါသလား။ နန်းတွင်းအစည်းအဝေးတွေမှာ ဧကရာဇ်က လာမယ့် ခုနစ်ရက်အတွက် အလုပ်အားလုံးကို စီစဉ်ပေးပါလိမ့်မယ်။ အရေးပေါ် အခြေအနေဆိုရင် ဧကရာဇ်က ဌာနတွေကို သတင်းပို့ဖို့ လူကို စေလွှတ်ပါလိမ့်မယ်။ ပြီးရင် ဌာနတွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို အမိန့်ထုတ်ပေးပါလိမ့်မယ်။”

လိယုရီသည် ဧည့်ခန်းရှိ အရာရှိများကို တစ်ချက် ကြည့်လိုက်ပြီးဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ ဧကရာဇ်က လက်တွေ့ကျတဲ့ အောင်မြင်မှုတွေကို တန်ဖိုးထားပါတယ်။ အရာရာတိုင်းကို အစည်းအဝေးမှာ ဆွေးနွေးတာကို အရမ်းမုန်းတယ်။ အနာဂတ်မှာ နိုင်ငံတော်အရေးကိစ္စနဲ့ မသက်ဆိုင်တဲ့ ဘာတစ်ခုမှ အစည်းအဝေးခန်းထဲ မယူလာဖို့ သတိရပါ။”

“အထူးသဖြင့် မိဖုရားဆောင်ကိစ္စတွေ။ ဧကရာဇ်ရဲ့ မိသားစုရေးရာတွေပါ။ အဲ့ဒါတွေကို မထိပါနဲ့။ နောက်ပြီး နန်းတွင်းသစ်က ယဉ်ကျေးမှုဌာနက တကယ်တော့ အနားရတဲ့ဌာနပါ။ ခင်ဗျားတို့ အဲ့ဒီကို ရောက်သွားရင် ဧကရာဇ်ရဲ့ အစီအစဉ်တွေကိုသာ လိုက်နာပါ။ ထုံးတမ်းစဉ်လာတွေအကြောင်း အဆက်မပြတ် မပြောပါနဲ့။ ကိုယ်ကျင့်တရားအကြောင်း ဟောပြောပြီး တာဝန်တွေကို ပေါ့ဆသူတွေကို ဧကရာဇ်က ဘာနဲ့မှ မလဲနိုင်အောင် မုန်းတီးပါတယ်။”

ထိုစကားကို ကြားသောအခါ အရာရှိတစ်ဦး မကျေနပ်ဖြစ်သွားသည်။ သူကချက်ချင်းပင်

“ဧကရာဇ်မှာ ပုဂ္ဂိုလ်ရေးကိစ္စဆိုတာ မရှိပါဘူး။ ဒါကြောင့် မိဖုရားဆောင်ကိစ္စတွေကိုလည်း နိုင်ငံတော်အရေးကိစ္စအဖြစ် သတ်မှတ်သင့်ပါတယ်။”

လိယုရီက ထိုသူကို ကြည့်လိုက်သည်။ သူက “ကျွန်တော်က သတိပေးရုံပါပဲ။ ကျွန်တော့်အကြံဉာဏ်ကို မလိုက်နာရင် နောက်

ဘာဖြစ်ဖြစ် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။”

လိယုရီ၏ လေသံက ပြတ်သားနေသည်။ ထိုသူလည်း ဆက်မပြောတော့ပေ။

လိယုရီက ဆက်ပြောသည်။

“နောက်ထပ် အရေးအကြီးဆုံးအချက်တစ်ခု ရှိပါသေးတယ်။ လာဘ်ထိုးဖို့ မစဉ်းစားပါနဲ့။ ဧကရာဇ်မှာ အထူးကိုယ်ရံတော်လို့ ခေါ်တဲ့ အရာရှိတွေကို စောင့်ကြည့်တဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်။ အထူးကိုယ်ရံတော်က နေရာတိုင်းမှာ ရှိနေတယ်။ ခင်ဗျားတို့ ဘာလုပ်လုပ် ဧကရာဇ်က ချက်ချင်း သိလိမ့်မယ်။”

လိယုရီ၏ စကားကို ကြားသောအခါ အရာရှိများလည်း သူတို့၏ လက်ဆောင်များကို ဘာကြောင့် ပြန်ယူခိုင်းခဲ့သည်ကို နောက်ဆုံးတွင် နားလည်လိုက်ကြသည်။

ထိုအချိန်တွင် အရာရှိတစ်ဦးက သတိထားပြီး

“လိလူကြီးမင်း။ ခင်ဗျား ဒီနေ့ ကျွန်တော်တို့ကို ပြောတဲ့အရာတွေ အားလုံးကို မင်းကြီးလည်း မကြာခင် သိလိမ့်မယ်လို့ ဆိုလိုတာလား။”

ထိုမေးခွန်းကို ကြားသောအခါ လိယုရီက ရယ်လိုက်သည်။ သူက

“ခင်ဗျားတို့ လိအိမ်တော်ကို လာမှာကို မင်းကြီးက အစကတည်းက သိနေခဲ့တာ။ ကျွန်တော် အစတုန်းက ခင်ဗျားတို့ကို ရှောင်နေပြီး ဘာကြောင့် အခုမှ ရုတ်တရက် တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ထင်ပါသလဲ။”

ဒါက...

အရာရှိများ လိယုရီ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ ဧကရာဇ်၏ ဆန္ဒကြောင့်ဟု လိယုရီ ဆိုလိုချင်တာ ဖြစ်နိုင်လား။

လိယုရီ၏ စကားများက သူတို့ကို ဆုံးမသလို ဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။ ထိုစကားများသည် ဧကရာဇ်က သူတို့ကို ပြောလိုသည့် အရာများပင် ဖြစ်သည်။ လိယုရီသည် ဧကရာဇ်၏ ရည်ရွယ်ချက်များကို ဖြန့်ဝေနေခြင်းသာ ဖြစ်သည်။

ထို့နောက် လိယုရီက ရန်ခရိုင်၏ အစိုးရဖွဲ့စည်းပုံအကြောင်း ရှင်းပြသည်။ ထိုနေရာရှိ အရာရှိများကို ယခင်က မည်သို့ဆက်ဆံခဲ့ပုံအကြောင်းလည်း ပြောပြသည်။

လိယုရီ၏ စကားကို နားထောင်ပြီးနောက် နေပြည်တော်မှ အရာရှိများလည်း ရန်ခရိုင်၏ အုပ်ချုပ်ရေး ယန္တရား အခြေအနေနှင့် လုချန်း၏ လုပ်ပုံကိုင်ပုံအကြောင်းကို အကြမ်းဖျင်း သိရှိသွားကြသည်။

......

လုချန်းနှင့် ကျူးကဲ့ကျုံကောင်းတို့ တစ်နေ့ကုန်ကြာအောင် ဆွေးနွေးကြသည်။ နောက်ဆုံးတွင် နန်းတွင်းသစ်အတွက် အရာရှိများ ခန့်အပ်မည့် စာရင်းကို ဆုံးဖြတ်နိုင်ခဲ့ကြသည်။

ညနေပိုင်းတွင် လုချန်းသည် ရဲလိနန်ရန်ဆီ သွားရောက်ရန် စဉ်းစားထားခဲ့သည်။ သို့သော် သူ တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ ထို့ကြောင့် ဝူကျန်းဝမ်၏ အဆောင်ဘက်သို့ လှည့်သွားလိုက်သည်။

လက်ရှိတွင် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ အတူတူနေထိုင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် လုချန်းနှင့် တရားဝင်လက်ထပ်ထားခြင်း မရှိသေးသလို တရားဝင် အဆင့်အတန်းလည်း မရှိသေးပေ။

သူတို့ချင်း မကြာခဏ အငြင်းပွားတတ်သော်လည်း မုယုံရွှီနှင့် ဝူကျန်းဝမ်တို့တွင် တူညီသော အကြောင်းအရာများစွာ ရှိသည်။ နှစ်ဦးစလုံးသည် ယွဲ့ဧကရာဇ်နှင့် ဆက်စပ်မှုရှိပြီး လုချန်း၏ အမျိုးသမီးများလည်း ဖြစ်ကြသည်။ သူတို့သည် ဧကရီ အကြောင်း သို့မဟုတ် လုချန်း၏ အကြောင်းများ စသဖြင့် တူညီသော စကားပြောစရာ အချက်များကို အမြဲ တွေ့နိုင်ကြသည်။

နေဝင်ဆည်းဆာရောင်သည် အနောက်ဘက်သို့ ဆင်းနေသည်။ ဆည်းဆာ၏ လိမ္မော်ရောင်အလင်းသည် ဝူကျန်းဝမ်၏ ပြည့်စုံလှပသော ပုံသဏ္ဍာန်ပေါ်သို့ ထိုးကျနေသည်။ ထိုမြင်ကွင်းက လှပသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်သည်။

ဝူကျန်းဝမ်သည် အဆောင်ငယ်ထဲတွင် ရပ်နေသည်။ မုယုံရွှီက သူမ၏ ဘေးတွင် ရှိသည်။ ထိုအချိန်တွင် ဝူကျန်းဝမ်က

“နင် ဘာလို့ စာကြည့်ခန်းတော်ကို သွားပြီး အဲ့ဒီလူကို မရှာတာလဲ။”

မုယုံရွှီက

“မင်းသမီး ကျန်းဝမ်လည်း မသွားဘူး မဟုတ်လား။”

ဝူကျန်းဝမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ငါက အခု အလုပ်တွေများနေပြီ။ နင့်လို တစ်နေ့လုံး ဘာမှ မလုပ်ဘဲ အခန်းထဲမှာ ပန်းချီဆွဲပြီး ယောက်ျားအကြောင်း တွေးနေနိုင်တာ မဟုတ်ဘူး။”

လုချန်း မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာပြီးနောက်ပိုင်းတွင် မုယုံရွှီသည် လုချန်း၏ ပုံတူပန်းချီများကို အခန်းထဲတွင် မကြာခဏ ဆွဲလေ့ရှိသည်။ ပန်းချီကားများကို ကြည့်ရင်း သူ့ကို လွမ်းဆွတ်နေမိသည်။

ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ မုယုံရွှီက မျက်ခုံးပင့်လိုက်သည်။ သူမက

“တခြားလူတွေရဲ့ ပစ္စည်းတွေကို ခိုး‌ကြောင်ခိုးဝှက် ချောင်းကြည့်တာ မကောင်းတဲ့ အကျင့်ပါ မင်းသမီး။”

ဝူကျန်းဝမ် တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် ရင်းနှီးသောအသံတစ်ခု မလှမ်းမကမ်းမှ ထွက်လာသည်။

“ ဟုတ်တယ်။ တခြားလူတွေရဲ့ ပစ္စည်းတွေကို ခိုး‌ကြောင်ခိုးဝှက် ချောင်းကြည့်တာ မကောင်းတဲ့ အကျင့်ပဲ။ ကျန်းဝမ် မင်းနောက်ဆို ဒီလို ထပ်မလုပ်ရဘူး။”

ထိုအသံကို ကြား‌သောအခါ အမျိုးသမီးနှစ်ဦး ခဏခန့် အံ့အားသင့်သွားကြသည်။ ထို့နောက် သတိပြန်ဝင်လာပြီး အသံလာရာသို့ ကြည့်လိုက်သည်။ ထိုအခါ သူတို့၏ အိပ်မက်များကို ခြောက်လှန့်နေပြီး စိတ်ဝိညာဉ်များကို ဖမ်းစားထားသည့် ထိုလူဆိုးကို တကယ်ပင် တွေ့လိုက်ရသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“မင်းကြီး ဘာလို့ ဒီကို ရောက်လာတာလဲ။ မိဖုရားဆောင်က အမျိုးသမီးတွေ မနာလိုဖြစ်မှာကို မကြောက်ဘူးလား။”

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့တွင် တရားဝင် အဆင့်အတန်း မရှိသေးပေ။ သူတို့သည် လုချန်းနှင့် နောက်ပိုင်းမှ ပေါင်းသင်းခဲ့ကြသူများဖြစ်သည်။ တိတိကျကျပြောရလျှင် သူတို့၏ အလှည့် မဟုတ်သေးပေ။ သို့သော် လုချန်းသည် တတိယနေ့တွင်ပင် သူတို့ကို ရလာရှာခဲ့သည်။

ဝူကျန်းဝမ်၏ မေးခွန်းကို ကြားပြီး လုချန်းက အလင်းအရိပ်ကျင့်စဉ်ဖြင့် အမျိုးသမီးနှစ်ဦး၏ နောက်သို့ တိုက်ရိုက်ရောက်လာသည်။ ထို့နောက် လက်များကို ဖြန့်ကားပြီး သူတို့နှစ်ဦး၏ ခါးများကို ပွေ့ဖက်လိုက်သည်။

“ကိုယ် ဒီကိုရောက်လာတာတော့ ကိုယ့်ရဲ့ ဝမ်ယန်နဲ့ ရွှီကို လွမ်းလို့ပေါ့။”

All Chapters