← Chapters

မင်းကြီးသည် သားသမီးမွေးဖွားရေးကို အလွန်စွဲလန်းနေသည်

Vol. 53 Ch. 790

မင်းကြီးသည် သားသမီးမွေးဖွားရေးကို အလွန်စွဲလန်းနေသည်

Vol. 53 Ch. 790

လုချန်း၏ စကားဆုံးသွားပြီး‌နောက် သူ၏ လက်များက အမျိုးသမီးနှစ်ဦး၏ ခါးမှ ဖြည်းဖြည်းချင်း လျှောဆင်းသွားသည်။ နောက်ဆုံးတွင် သူတို့၏ တင်ပါးများပေါ်တွင် ရောက်ရှိလာသည်။

ဝူကျန်းဝမ်က ထိုယုတ်မာသောယောက်ျားကို မျက်စောင်းထိုးကြည့်သည်။ ထို့နောက်

“မင်းကြီး ကျွန်မတို့ကို လာရှာတာက မင်းကြီး ရန်ခရိုင်က ထွက်သွားပြီးနောက်ပိုင်း ယွဲ့ဧကရာဇ် ဘာတွေလုပ်နေလဲဆိုတာ မေးချင်လို့ ဖြစ်မယ်။”

လုချန်းက အနည်းငယ် ပြုံးလိုက်သည်။ လက်ခံခြင်း ငြင်းဆိုခြင်း မပြုပေ။

သူ ယနေ့ ဝူကျန်းဝမ်ကို လာတွေ့ခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။

သူသည် အထူးကိုယ်ရံတော်များ၏ အစီရင်ခံစာများကို ပြန်လည်စစ်ဆေးပြီးဖြစ်သော်လည်း အသေးစိတ်ကို မသိသေးပေ။

ယွဲ့ဧကရာဇ်၏ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုမှုကို ဝူကျန်းဝမ် မည်သို့ ငြင်းဆိုခဲ့သည်ကို သူ အလွန် သိချင်သည်။

လုချန်းက

“ကဲ။ အဲ့ဒါတွေ အရင်မပြောသေးဘူး။ ကျွန်တော် နိုင်ငံတော်အရေးကိစ္စတွေ ကိုင်တွယ်ပြီး စာကြည့်ခန်းတော်ကနေ လာတာ။ အခု အတော်လေး ဗိုက်ဆာနေပြီ။”

ထိုအခါ ဝူကျန်းဝမ်က အပြင်ဘက်ရှိ အစေခံများကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“စားဖိုဆောင်ကို ညစာ ပြင်ဆင်ဖို့ ပြောလိုက်ပါ။ မင်းကြီး ရောက်နေကြောင်းကိုလည်း အသိပေးလိုက်ပါ”

“ဟုတ်ကဲ့ သခင်မ။”

အစေခံမလေး ချက်ချင်း လှည့်သွားပြီး စားဖိုဆောင်သို့ ထွက်ခွာသွားသည်။

ထိုအချိန်တွင် လုချန်းက အမျိုးသမီးနှစ်ဦး၏ ခါးများကို ဖက်လိုက်ပြီး အဆောင်ထဲသို့ ဝင်လိုက်သည်။ လမ်းလျှောက်ရင်း လုချန်းက

“ကိုယ်တို့ မတွေ့တာ တစ်နှစ်နီးပါး ရှိပြီ။ မင်းတို့ ကိုယ့်ကို လွမ်းနေမလားလို့ သိချင်တယ်။”

ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ကျွန်မမှာ နေ့တိုင်း လုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ်။ ယောက်ျားအကြောင်း စဉ်းစားဖို့ ဘယ်မှာ အချိန်ရှိမှာလဲ။ ဒါပေမဲ ဒီကျူးနိုင်ငံက ပါရမီရှင်မလေးကတော့ နေ့တိုင်း သူ့အခန်းထဲမှာ မင်းကြီးရဲ့ ပုံတူပန်းချီတွေကို ဆွဲနေလေရဲ့။”

“ဒီည သူ့ကို ပြုစုခိုင်းရင် မင်းကြီးကို ကောင်းကောင်း ဂရုစိုက်ပေးပြီး အလွန် သက်သောင့်သက်သာ ဖြစ်စေမယ်ဆိုတာ ကျွန်မ အာမခံတယ်။”

ဘေးနားမှ မုယုံရွှီသည် ဝူကျန်းဝမ်၏ စကားများကို ကြားသော်လည်း ဒေါသမထွက်ပေ။ သူမက အေးဆေးစွာဖြင့်

“ကျွန်မက မင်းကြီးရဲ့ ပုံတူပန်းချီတွေကို ဆွဲရုံပါပဲ။ တချို့လူတွေလို အပေါ်ယံမှာတော့ ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်ဟန် ဆောင်နေပေမယ့် ညဘက်ကျတော့ စောင်ကို ဖက်ပြီး ‘မင်းကြီး၊ မင်းကြီး’လို့ အဆက်မပြတ် ရွတ်နေတာမျိုး မဟုတ်ပါဘူး။”

ဒါက...

ဝူကျန်းဝမ်က မုယုံရွှီကို ပြန်ပြောရန် ပြင်ဆင်နေစဉ် လုချန်းက ဝင်ပြောလိုက်သည်။

“မင်းတို့ ဒီလိုမျိုး ခက်ခဲ နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အခု ကိုယ် ပြန်ရောက်ပြီ။ ဒီည မင်းတို့နှစ်ယောက် စိတ်ကျေနပ်စေရမယ်။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလုံး စိတ်ထဲတွင် ဒီညတော့ သူတို့အိပ်ရတော့မည် မဟုတ်ဟု တစ်ပြိုင်နက်တည်း တွေးလိုက်သည်။

သူတို့ သုံးဦးစလုံး ခန်းမကြီးထဲသို့ ဝင်ရောက်လာကြသည်။ မကြာမီ နန်းတွင်းအစေခံများက စတင်၍ ပန်းကန်များ ချပေးကြသည်။

လုချန်းက သူ့၏ တူကို ကိုင်လိုက်ပြီး စစားသည်။ ထိုစဉ်သူက

“ကျန်းဝမ်။ ကိုယ် ရန်ခရိုင်က ထွက်သွားတုန်းက ယွဲ့ဧကရာဇ်က မင်းကို အဖျက်လုပ်ငန်းတွေ လုပ်ဖို့ စည်းရုံးခဲ့တယ်လို့ သိရတယ်။ နောက်ပိုင်းမှာ မင်း ဘယ်လို ငြင်းလိုက်တာလဲ။”

ဝူကျန်းဝမ်က

“မင်းကြီးက တကယ်ပဲ ဒီကိစ္စကြောင့် လာတာပဲ။ ယောက်ျားတွေရဲ့ ပြောစကားကို တကယ် ယုံကြည်လို့ မရနိုင်ဘူး။”

လုချန်းက ရယ်မောလိုက်ပြီး

“စကားအဖြစ် မေးတာပါ။”

ဝူကျန်းဝမ်က တိုက်ရိုက်ပင်

“ကျွန်မ သူ့ကို တိုက်ရိုက် ငြင်းလိုက်တယ်။ မင်းကြီး ရန်ခရိုင်က ထွက်သွားပေမဲ့ ကျူးကဲ့ကျုံကောင်းဆိုတဲ့ အရိပ်အယောင် ကောင်းကင်လူသားက ရန်ခရိုင်ကို ထိန်းချုပ်ထားတုန်းပဲလို သူ့ကို ရှင်းပြလိုက်တယ်။ မင်းကြီးရဲ့ နောက်ကွယ်မှာ တခြားအင်အားစုတွေ ရှိနေနိုင်‌ခြေရှိတဲ့အတွက် ပြဿနာတစ်ခု ဖန်တီးဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ပြောလိုက်တယ်။”

လုချန်းက ဆက်မေးသည်။

“သူ မင်းကို သံသယမဝင်ဘူးလား”

ဝူကျန်းဝမ်က

“မဝင်ပါဘူး။ ဒါပေမဲ့ သူက မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ လူတွေ စေလွှတ်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်မက အရင်သိပြီး အထူးကိုယ်ရံတော်ကို အသိပေးခဲ့တယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အစီအစဉ်တွေ မအောင်မြင်ခဲ့ဘူး။”

လုချန်းက သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။

“ယွဲ့ဧကရာဇ်က အရှုံးကို လက်မခံဘူးလား။”

ဝူကျန်းဝမ်က အရေးမထားသည့် လေသံဖြင့်

“ကျွန်မ မသိဘူး။”

“သူ ကျွန်မဆီ စာရေးတာ အတော်ကြာပါပြီ။ ဒါပေမဲ့ မြောက်ပိုင်းဒေသတွေက လက်ရှိ မတည်ငြိမ်မှုတွေကြောင့် သူ့ရဲ့ အာရုံတွေ အကုန် အဲ့ဒီမှာ ရှိနေတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း၏ တူ လေထဲတွင် ရပ်တန့်သွားသည်။

“မြောက်ပိုင်း ဟုတ်လား။ လွင်ပြင်‌ဒေသသားတွေ အုံကြွမှု ရှိနေတာလား။”

ဝူကျန်းဝမ်က

“ရှင့်ရဲ့ အထူးကိုယ်ရံတော်က ဒီလောက် စွမ်းဆောင်နိုင်တာ။ လွင်ပြင်‌ဒေသ မျိုးနွယ်စုတွေ စည်းလုံးသွားတာကို မသိတာ မဖြစ်နိုင်ဘူး။”

လုချန်းက

“ကိုယ် အဲ့ဒီအကြောင်း ကြားဖူးတယ်။ လွင်ပြင်‌ဒေသ မျိုးနွယ်စုတွေမှာ နတ်ဘုရားမအသစ်တစ်ပါး ရှိနေပုံရတယ်တဲ့။ သူက အတော်လေး အစွမ်းထက်ပုံရတယ်။”

ဝူကျန်းဝမ်က

“ဟုတ်ပါတယ်။ အတော်လေး အစွမ်းထက်ပါတယ်။ အမျိုးသမီးတစ်ဦး အနေနှင့် အစိတ်စိတ်အမြွှာမြွှာ ကွဲနေတဲ့ မျိုးနွယ်စု‌တွေကို ပြန်လည်စုစည်းလုံးနိုင်ဖို့ဆိုရင် သူ့မှာ နည်းလမ်းတွေအပြင် အလွန်ကြီးမားတဲ့ စွမ်းအားလည်း ရှိရမယ်။”

“ဒီအမျိုးသမီးက သူ့တပ်တွေကို တောင်ဘက်ကို ချီဖို့ စီစဉ်နေတယ်လို့ ချင်ရို့က သိထားတယ်။ အဲ့ဒါက နောက်နှစ်အနည်းငယ်အတွင်း ဖြစ်လာတော့မယ်။”

လုချန်းက ရယ်မောလိုက်ပြီး

“ဒါဆို သူ အလုပ်ရှုပ်ပြီပေါ့။ အချိန်တန်ရင် မင်း သူ့ဆီ စာရေးလိုက်ပါ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် ရှနိုင်ငံတော်က အကူအညီတောင်းနိုင်တယ်လို့။ ကိုယ် သူ့ကို ဝမ်းမြောက်ဝမ်းသာ ကူညီမှာပါ။”

ဝူကျန်းဝမ်က လုချန်းကို ကြည့်လိုက်သည်။ သူမက မျက်နှာမဲ့မဲ့ဖြင့်

“သူ့ကို ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ မသိတဲ့ အရူးမ တစ်ယောက်လို့ တကယ် ထင် နေတာလား။”

လုချန်းက ပြုံးလျက်

“ကိုယ်က စကားစပ်မိလို့ ပြောတာပါ။ ကျူးနိုင်ငံက လွင်ပြ‌င်ဒေသမျိုးနွယ်စုတွေ ကျူးကျော်တာကို ခုခံနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။”

ထိုစကားကို ကြား‌သောအခါ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ အံ့အားသင့်သွားကြသည်။

လုချန်း ဘာကို ဆိုလိုတာလဲ။

သူက...

သူ ကျူးနိုင်ငံတော်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။

ဝူကျန်းဝမ် သတိပြန်ဝင်လာသည်။ သူမက လုချန်း၏ မျက်နှာကို ကြည့်ကာ စမ်းသပ်သည့် လေသံဖြင့်

“ရှင် ကျူးနိုင်ငံကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာလား။”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“အခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကို တိုက်ရမယ်ဆိုရင်တော့ ဝူနိုင်ငံတော်ကို အရင် တိုက်ဖြစ်လိမ့်မယ်”

ဒါက...

ထိုအချိန်တွင် ဝူကျန်းဝမ် ရင်ထဲ ခံစားချက်မျိုးစုံ ခံစားလိုက်ရသည်။ သူမကိုယ်တိုင်က ဝူနိုင်ငံတော်မှ ဖြစ်သည်။ သူမသည် ယခု လုချန်းဘက်သို့ လုံးဝ ရပ်တည်ခဲ့သော်လည်း သူက ဝူနိုင်ငံကို တိုင်ခိုက်မည်ဟု ဆိုလာသောအခါ သူမ စိတ်မသက်မသာ ဖြစ်သွားသည်။

ထို့နောက် ဝူကျန်းဝမ်က

“ရှင် ဝူနိုင်ငံကို တကယ် သိမ်းပိုက်မယ်ဆိုရင် ဝူ တော်ဝင်မိသားစုကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။”

လုချန်းက မတွန့်ဆုတ်ပဲ

“သူတို့ကို စည်းစိမ်ဥစ္စာတွေပေးမယ်။ မြေတစ်ချို့လည်း ခွဲပေးမယ်။ အဲ့ဒါဆို သူတို့ရဲ့ ဘဝကို စားဝတ်နေရေးအတွက် စိတ်မပူရပဲ ကုန်ဆုံးနိုင်တယ်။”

ဝူကျန်းဝမ်က

“အဲ့ဒီလောက်တော့ မရိုးရှင်းလောက်ပါဘူး။”

လုချန်းက ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များကို အသက်ရှင်ခွင့်ပေးမည်ဟု ဝူကျန်းဝမ် မယုံကြည်ပေ။ ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များ အသက်ရှင်နေသရွေ့ ဝူနိုင်ငံတော်ပြည်သူများထဲမှ အချို့သည် အခြားရည်မှန်းချက်များ ရှိနေနိုင်ပြီး လုချန်း၏ ကမ္ဘာကြီးကို စုစည်းခြင်း လုပ်ငန်းအတွက် အထောက်အကူ မဖြစ်စေနိုင်ပေ။

လုချန်း တစ်ခုခု မပြောမီ ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။

“ရှင်အစပိုင်းမှာ သူတို့ကို အသက်ရှင်ခွင့် ပေးမယ် ဆိုရင်တောင် နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ သူတို့ကို ဖြည်းဖြည်းချင်း ဖယ်ရှားဖို့ နည်းလမ်း ရှာလိမ့်မယ်။”

လုချန်းက ပြုံးလျက်

“မင်းသာ ကလေးနည်းနည်း မွေးပြီး သူတို့ကို ခိုလှုံခွင့် ပေးမယ်ဆိုရင် ကိုယ် အဲ့ဒီလို လုပ်ဖို့ မလိုတော့ဘူး။”

ထိုစကားကို ကြားသည်။ ဝူကျန်းဝမ်က လှောင်ပြောင်လိုက်သည်။

“မင်းကြီးက သားသမီးရဖို့အတွက် တကယ်ကို စွဲလမ်းနေတာပဲ။”

လုချန်း ပြုံးလိုက်၏။ သူဘာမှ ထပ်မပြောတော့ပေ။

ညစာစားခြင်းက နာရီဝက်ခန့် အချိန်ယူသည်။ ပြီးနောက် လုချန်းသည် ဝူကျန်းဝမ်နှင့် မုယုံရွှီတို့၏ ခါးများကို ဖက်ကာ ရေချိုးဆောင်သို့ သွားကြသည်။ ထိုနေရာတွင် ချက်ချင်းပင် သူတို့ကို လွတ်လပ်စွာ စတင် ကိုင်တွယ်တော့သည်။

......

တစ်ချိန်တည်းတွင်။

ကျူးနိုင်ငံတော်။

ယွဲ့ဧကရာဇ်၏ အိပ်ဆောင်။

ယွဲ့ဧကရာဇ်သည် တောက်ပသော အနီရောင်ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို ဆောင်းထားကာ ရွှေနှင့်ကျောက်မျက်ရတနာများ စီခြယ်ထားသော ဖီးနစ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။

သူမ လက်ထဲတွင် ရန်ခရိုင်မှ မကြာသေးမီက ရောက်ရှိလာသော ထောက်လှမ်းရေးစာတစ်စောင်ကို ကိုင်ထားသည်။

ထောက်လှမ်းရေး အစိိီရင်ခံစာပါ အကြောင်းအရာများကို မြင်ပြီးနောက် ယွဲ့ဧကရာဇ် တိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် ယွဲ့ဧကရာဇ် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူမ၏ အိပ်ရာနားဆီသို့ ချဉ်းကပ်သွားသည်။ ထို့နောက် ပြတင်းပေါက်မှ တောက်ပသော ကြယ်တာရာများကို ကြည့်နေလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ယွဲ့ဧကရာဇ်က ကန့်လန့်ကာ၏ နောက်ကွယ်တွင် ဒူးထောက်နေသော အမျိုးသမီးကိုယ်ရံတော်ကို မေးလိုက်သည်။

“ဒီသတင်းက ယုံကြည်စိတ်ချရရဲ့လား။”

အမျိုးသမီးကိုယ်ရံတော်က

“အရှင်မ။ ဒီကိစ္စက အလွန်လျှို့ဝှက်ပေမဲ့အရိပ်အမြွက်တစ်ချို့ကနေတစ်ဆင့် သိရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှနန်းတော်မှာ လူဦးရေ ရုတ်တရက် တိုးလာခဲ့တယ်။ လူအုပ်စုတွေရဲ့ အရှုပ်အထွေးကြောင့် အသေးစိတ်အချက်အလက် တစ်ချို့ကို မတော်တဆ ပေါက်ကြားသွားမှုတွေ အမြဲရှိပါတယ်။ ကျွန်မတို့ သူလျှိုတွေ ပြန်ယူလာတဲ့ သတင်းအချက်အလက်က တကယ်ဟုတ်တယ်လို့ အတိအကျ အတည်ပြုနိုင်ပါတယ်။”

ကိုယ်ရံတော်၏ အဖြေကို ကြားပြီး ယွဲ့ဧကရာဇ်က သူမ၏ လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

အစီရင်ခံစာတွင် ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ သွားပြီး မကြာမီ သူမသည် ထိုနေရာရှိ စက်မှုလုပ်ငန်းအချို့ကို တာဝန်ယူခဲ့သည်ဟု ဖော်ပြထားသည်။ အစေခံ များစွာက သူမကို သခင်မ ဝူဟု ခေါ်ဝေါ်နေကြသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အစေခံ အများစုအား ဘာပြောရမည် ဘာမပြောရမည် ဆိုသည်ကို လေ့ကျင့်ပေးထားသော်လည်း နန်းတော်အသစ်ဆောက်လုပ်စဉ်က အစေခံအသစ်များစွာ ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် အစေခံအသစ်အချို့သည် သူတို့၏ ပါးစပ်များကို မပိတ်နိုင်ကြပေ။ ထို့ကြောင့် ဝူကျန်းဝမ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေါက်ကြားခဲ့သည်။

နန်းတော် ဆောက်လုပ်နေစဉ်အတွင်း လုချန်း ရန်ခရိုင်တွင် မရှိခြင်းကြောင့် မုကျိရွှမ်းတို့သည် ကိစ္စများစွာကို လျစ်လျူရှုမိခဲ့ကြသည်။ ထို့ကြောင့် သတင်းပေါက်ကြားနိုင်ခြင်းက ရှောင်လွှဲမရသည့် အခြေအနေတစ်ခု ဖြစ်သည်။

ယွဲ့ဧကရာဇ် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ အေးစက်သော လရောင်က သူမအပေါ်သို့ ကျရောက်နေပြီး သူမ၏ အေးစက်သော်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာကို ထင်ဟပ်နေသည်။

ဝူကျန်းဝမ်က သူမထံသို့ ပေးပို့သော စာများတွင် သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုပ်ငန်းအချို့ကို တာဝန်ယူခဲ့ကြောင်း တစ်ခါမှ ထည့်မပြောခဲ့သည်ကို ယွဲ့ဧကရာဇ် နားမလည်နိုင်ပေ။

အရေးအကြီးဆုံးအချက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်ရှိ အစေခံများနှင့် အလုပ်သမားများက ဝူကျန်းဝမ်ကို သခင်မ ဝူဟု ဘာကြောင့် ခေါ်ဆိုနေကြသလဲဆိုသည့် အချက်ပင်။

ထို့ပြင် ဝူကျန်းဝမ်က သူမ၏ အဆိုပြုချက်ကို ငြင်းဆိုခဲ့သည်။ ယင်းက ဝူကျန်းဝမ် ထိုလူ၏ အမျိုးသမီး ဖြစ်နေပြီလားဟု ယွဲ့ဧကရာဇ်အား သံသယဝင်စေသည်။

ထို့သို့တွေးရင်း ပြတင်းပေါက်မှ ကောင်းကင်ရှိ လပြည့်ဝန်းကို သူမ စိုက်ကြည့်နေလိုက်သည်။

သူမနှင့် ဝူကျန်းဝမ်တို့ အတူတူ ဖြတ်သန်းခဲ့သော အတိတ်ဖြစ်ရပ်များက သူမ၏ စိတ်ထဲသို့ တိုးဝင်လာသည်။

သူမနှင့် ဝူကျန်းဝမ်တို့သည် ဤဒေသမှ ထွက်ခွာပြီး မြူခိုး‌ဒေသထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့ အခက်အခဲများစွာကို ကြုံခဲ့ရသည်။ အန္တရာယ်များစွာကိုလည်း တွေ့ကြုံခဲ့ရသည်။ သူတို့သည် သေတူရှင်ဖက် ရဲဘော် များဟု ဆိုနိုင်သည်။

ထို့ကြောင့် သူမသည် သံယောဇဉ်မဲ့ တာအိုလမ်းစဉ်ကို လိုက်နာသော်လည်း ဝူကျန်းဝမ်ကို အလွန်အမင်း ယုံကြည်သည်။ ဝူကျန်းဝမ်သည် သူမ၏ စိတ်နှလုံးထဲရှိ အလွန်အရေးကြီးသောတွင် နေရာတွင် ရှိသည်။

ဝူကျန်းဝမ်သည် ယောက်ျားတစ်ယောက်ကြောင့် သူမအား တစ်နေ့တွင် တစ်စုံတစ်ရာကို ဖုံးကွယ်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

All Chapters