← Chapters

အခန်း (၂၃၈)

Vol. 17 Ch. 238

အခန်း (၂၃၈)

Vol. 17 Ch. 238

ခဏအကြာတွင် သူက ဖြည်းဖြည်းချင်းပဲ "ဒါဆို အရှင်မင်းသားက ကြိုတင်ပြင်ဆင်ပြီး လာခဲ့တာပေါ့" ဟု ဆိုသည်။

"ခင်ဗျားပြောတာ မမှားပါဘူး။ သက်သေအထောက်အထားမရှိဘဲ စွပ်စွဲတာက တကယ်မကောင်းပါဘူး"

လင်းယွဲ့က ပြုံးပြီး ပြောလိုက်သည်။

"အရှင်မင်းသား ဘယ်လိုလုပ်သိတာလဲ"

ဆရာကြီးကျောက်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

လင်းယွဲ့က တည်တည်ငြိမ်ငြိမ်ပဲ "ခင်ဗျား ဘာမှမလုပ်ရင်တော့ လူတွေ ရှာတွေ့မှာ မဟုတ်ဘူး။ ဘိုးဘေးခန်းမရဲ့ အဓိက လျှို့ဝှက်နည်းပညာကိုးခုထဲက တစ်ခုကို အဓိကအဖွဲ့အစည်းထဲမှာ မပါတဲ့ ခင်ဗျားက ဘယ်ကနေ သင်ယူခဲ့တာလဲ။ ကျွန်တော့်ဆရာ စိတ်ဝင်စားလိမ့်မယ်လို့ ထင်တယ်" ဟု ပြောလိုက်သည်။

ဆရာကြီးကျောက်၏နဖူးပေါ်မှာ ချွေးအေးများ ဖြည်းဖြည်းချင်း ပေါ်လာသည်။

'ဟုတ်တယ် သူသာ ဝန်ခံဖို့ ငြင်းဆိုပြီး ပေါ်တင် မသုံးဘူးဆိုရင် ကိုယ်ခံပညာဆရာကြီးတွေ ဒါမှမဟုတ် ဘိုးဘေးခန်းမရဲ့ ခန်းမဆရာတွေတောင် သူ 'ဓားနှလုံးသားမဲ့'လျှို့ဝှက်နည်းပညာကို သင်ယူထားတယ်ဆိုတာ ရှာမတွေ့နိုင်ဘူး။ ဒါပေမယ့် ဘိုးဘေးခန်းမရဲ့ ခန်းမဆရာတစ်ပါးက ဘယ်လောက်တောင် အစွမ်းထက်တဲ့ ကိုယ်ခံပညာဆရာကြီး ဖြစ်နေမလဲ။ သူ ကိုယ်တိုင် စုံစမ်းစစ်ဆေးရင် ရှာတွေ့နိုင်တယ်။ အဓိကကတော့ ဒီမင်းသားက တကယ်ပဲ ခန်းမဆရာရဲ့ တပည့်ဖြစ်နေတာကြောင့် ခန်းမဆရာကို ထုတ်ပြနိုင်တာပဲ'

"အရှင်မင်းသား စကားပြောလို့ ရမလား"

ဆရာကြီးကျောက်က အသက်ပြင်းပြင်းရှူပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မရဘူး"

လင်းယွဲ့က မျက်နှာသေဖြင့် "ခုနက ကျွန်တော်က ခင်ဗျားကို ကြင်ကြင်နာနာ အကြံပေးခဲ့တယ်၊ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို မျက်နှာမပေးခဲ့ဘူး။ အခုမှ စကားပြောချင်ပြီလား။ ခင်ဗျားက ကျွန်တော့်ကို သဘောထားရာအနိုင်ကျင့်လို့ရတဲ့ အားနည်းတဲ့မင်းသားတစ်ပါးလို့ တကယ်ထင်တာလား" ဟု ပြောလိုက်သည်။

ဆရာကြီးကျောက်၏မျက်နှာက အရုပ်ဆိုးသွားတော့သည်။

"ကျွန်တော် ရွေးချယ်စရာနှစ်ခု ပေးမယ်"

လင်းယွဲ့က လျစ်လျူရှုစွာပြောလိုက်သည်။

"ကျွန်တော့်အမိန့်ကို လိုက်နာမလား ဒါမှမဟုတ် ကျွန်တော့်ကို သတ်ပြီး တိတ်ဆိတ်စေမလား၊ ခင်ဗျား ရွေးချယ်ပါ"

ဆရာကြီးကျောက်၏မျက်နှာက ပို၍ အရုပ်ဆိုးသွားသည်။

'ဒါက ရွေးချယ်ခွင့် ပေးတာလား'

မင်းသားတစ်ပါးကို သတ်တာက အပြစ်ကြီးတစ်ခုဖြစ်သည်။ သူသည် မင်းသားတစ်ပါးကို သတ်မည့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေတာက ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကိုယ် သတ်သေလျှင် အနည်းဆုံး နောက်ဘဝတွင် ပြန်လည်မွေးဖွားခွင့် ရနိုင်ပြီး သူ၏ မူလဝိညာဉ်နှင့်ဆိုလျှင် နောက်ဘဝတွင် အမှတ်ရမှုများ နိုးထနိုင်သော်လည်း မင်းသားတစ်ပါးကို သတ်လိုက်သည်နှင့် သူ၏ဝိညာဉ်က အပြီးအပိုင် ပျက်စီးသွားလိမ့်မည်ပင်။

ထို့အပြင်... သူသည် ဘိုင်လီဖုန်းကျီကို တစ်ချက်ကြည့်လိုက်သည်။ ဘိုင်လီဖုန်းကျီရှိနေသည့်အတွက် ကောင်းကင်နှင့်မြေကြီးနိယာမကို သူ အသုံးမပြုနိုင်ပေ။ သူ၏ အခြေခံခွန်အားသည်လည်း မီးငှက်နတ်ခန္ဓာိရှိသည့် ဘိုင်လီဖုန်းကျီထက် အများကြီး အားနည်းသည်။ သူ၏ ကိုယ်ခံပညာနယ်ပယ်က ပိုမြင့်နေလျှင်တောင် ဘိုင်လီဖုန်းကျီနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်... "အရှင်မင်းသား၊ ဘာအလိုရှိသလဲ ပြောပါ" ဟု ဆရာကြီးကျောက်က ခါးခါးသည်းသည်းဖြင့် ပြောလိုက်သည်။

လင်းယွဲ့က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်ကာ "ဒီလက်ဖက်ရည်က တကယ်မကောင်းဘူး" ဟု ပြောလိုက်သည်။ ပြီးနောက် သူက "ပြောပါ မင်းသားချန်က ခင်ဗျားကို ဘာအကျိုးအမြတ်တွေ ပေးခဲ့တာလဲ" ဟု ပြောလိုက်သည်။

ဆရာကြီးကျောက်က သက်ပြင်းချပြီး "အရှင်မင်းသား ကျွန်တော်က တတိယလူငယ်သခင်ကို ဘိုးဘေးခန်းမထဲ ဝင်နိုင်အောင်နဲ့ ဓားအမျိုးမျိုးခန်းမရဲ့ ခန်းမဆရာအောက်မှာ လေ့လာခွင့်ရအောင် မင်းသားချန်ကို ကူညီတောင်းဆိုခိုင်းချင်ခဲ့တာပါ" ဟု ပြောလိုက်သည်။

လင်းယွဲ့ နားလည်သွားပြီး ရုတ်တရက် "ဘိုးဘေးခန်းမရဲ့ အဓိကအဖွဲ့ထဲဝင်ပြီး ဓားနှလုံးသားမဲ့လျှို့ဝှက်နည်းပညာကို သင်ယူချင်တာလား" ဟု ပြောလိုက်သည်။

"ဟုတ်ပါတယ်"

သူက ပြန်ဖြေလိုက်သည်။

ဆရာကြီးကျောက်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပြီး "ဒီနှစ်တွေအတွင်း ကျွန်တော် စိုးရိမ်ပူပန်နေခဲ့ရတယ်၊ တစ်နေ့နေ့မှာ ဘိုးဘေးခန်းမက ကျွန်တော့်ကို ရှာတွေ့မှာကို ကြောက်နေခဲ့တယ်။ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံဖို့လည်း မရဲခဲ့ဘူး၊ အပြည့်အဝ အားစိုက်ပြီး တိုက်ခိုက်ဖို့လည်း မရဲခဲ့ဘူး၊ မဟုတ်ရင် အပြင်ကို ပေါက်ကြားသွားနိုင်တယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ဟု ပြောလိုက်သည်။

'သူ့ကိုယ်သူ ဘယ်တုန်းကမှ အပြစ်အနာအဆာ မဖော်ပြဖူးဘူးလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့ပြီး ကိစ္စအားလုံးမှာ သတိကြီးခဲ့တယ်။ ဒါကြောင့် ဒီ ဆယ့်ခုနစ်မင်းသားက သူ နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို သူ နားမလည်နိုင်ခဲ့ဘူး။'

"ကျွန်တော်က ခန်းမဆရာရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး ခင်ဗျားက ကျွန်တော့်ရဲ့ အကာအကွယ်ကို မရှာဘူးလား။ အဲဒီအစား မင်းသားချန်ကို ရှာတာလား"

လင်းယွဲ့က လှောင်ပြောင်ပြောဆိုလိုက်သည်။

ဆရာကြီးကျောက်က သက်ပြင်းချပြီး "ဒါက မတူဘူး... ပြီးတော့ အရှင်မင်းသားက မနေ့ကမှ ခန်းမဆရာရဲ့ တပည့်ဖြစ်လာတာပဲ" ဟု ပြောလိုက်သည်။

"အခုထိ နောက်ကျသေးတာ မဟုတ်ပါဘူး"

လင်းယွဲ့က လျစ်လျူရှုစွာ "ကျွန်တော့်မှာ အခုလောလောဆယ် တိကျတဲ့တောင်းဆိုမှု မရှိပါဘူး၊ ခင်ဗျားရဲ့ သွေးနီရောင်ပိုးလောင်းကို ချီထျန်ရှင်းဆီကနေ ပြန်ရုပ်သိမ်းလိုက်ရုံပါပဲ။ ကျွန်တော်က ချီယင်မိုမိသားစုအကြီးအကဲဖြစ်လာတာကိုပဲ မြင်ချင်တယ် နားလည်လား" ဟု ပြောလိုက်သည်။

"ဟုတ်ပါတယ်"

ဆရာကြီးကျောက်က သူ့လက်များကို ယှဉ်လိုက်သည်။

"ခင်ဗျား နားလည်သရွေ့တော့ ကျွန်တော် ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ဘူး"

လင်းယွဲ့သည် ဘာမှ ထပ်မပြောတော့ဘဲ ဘိုင်လီဖုန်းကျီနှင့်အတူ ထထွက်သွားသည်။

"အရှင်မင်းသား ခွင့်ပြုပါဦး"

ဆရာကြီးကျောက်က သူ့လက်များကို ယှဉ်ပြီး ဦးညွှတ်လိုက်သည်။ သူ၏မျက်နှာတွင် ခါးသီးသည့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှုများ အပြည့်ရှိနေသော်လည်း ဤအချိန်တွင်တော့ သူတွင် တခြားရွေးချယ်စရာ မရှိတော့ပေ။

ဆရာကြီးကျောက်၏ တုံချင်ခြံဝင်းမှ ထွက်ခွာပြီးနောက် ဘိုင်လီဖုန်းကျီသည် သူမစိတ်ထင်ဖြင့် စကားပြောခြင်းကို အသုံးမပြုဘဲ မနေနိုင်တော့ပေ။

"အရှင်မင်းသား ဒီလောက်ယုံကြည်မှုရှိနေတာ အံ့ဩစရာမရှိတော့ဘူး။ ဆရာကြီးကျောက်ကို ခြိမ်းခြောက်နိုင်တဲ့ အရာတစ်ခု ရှိနေတာကိုး"

ထိုအချိန်တွင် သူမသည် ထိုတုန်းက အရှင်မင်းသားက သူမ၏ လျှို့ဝှက်ချက်ကို ဘာကြောင့် သိနေခဲ့တာလဲဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

တစ်မျိုးမျိုးတော့ ဖြစ်နိုင်တာပဲ။

အရှင်မင်းသားမှာ တခြားသူတွေရဲ့အတိတ်ကို တွက်ချက်နိုင်တဲ့ ထူးဆန်းတဲ့ဘဏ္ဍာတစ်ခု ရှိနေတာလား။

ဒါမှမဟုတ် ထူးခြားတဲ့ မွေးရာပါနတ်စွမ်းအင်တစ်ခုများလား။

ဘာပဲဖြစ်ဖြစ် အဲ့ဒါနဲ့ သက်ဆိုင်နေဖို့ ဖြစ်နိုင်ခြေများတယ်။

သူမသည် မိုက်မဲသူမဟုတ်ဘဲ လင်းယွဲ့ကို ဤမျှကြာအောင် လိုက်ခဲ့သည်ဖြစ်ရာ ဤအရာကို သဘာဝအတိုင်း ခန့်မှန်းနိုင်ခဲ့သည်။ ထို့အပြင် လင်းယွဲ့သည် သူမကို ယုံကြည်သည့်အပြင် သူမသည် ဤအချက်ကို ဖော်ထုတ်ရန် မရဲနိုင်သည်ကိုလည်း သူမနားလည်သည်။ နောက်ဆုံးတွင် သူမသည် ကောင်းကင်မျက်လုံးကို သက်သေအဖြစ်ဖြင့် အိမ်တော်သွေးကတိစာချုပ်ကို လက်မှတ်ထိုးထားသောကြောင့် သစ္စာဖောက်လျှင် သူမ၏ဝိညာဉ်က အပြီးအပိုင် ပျက်စီးသွားလိမ့်မည်ပင်။

ထို့ကြောင့် သစ္စာဖောက်ခြင်းမှာ မဖြစ်နိုင်ပေ။

"ဒါက အစပဲရှိသေးတယ်"

လင်းယွဲ့က ပြုံးပြီး "ဟင်နိုင်ငံဒုချူပ်အိမ်တော်မှာ တစ်နှစ်ကျော်ကြာနေခဲ့တာ အလဟဿ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

တစ်လအကြာတွင် သူသည် ဟင်နိုင်ငံဒုချူပ်အိမ်တော်တွင် တစ်နှစ်တိတိ နေထိုင်ခဲ့ပြီးပြီဖြစ်သည်။ ထိုအချိန်က သူသည် ပဉ္စမဒြပ်စင်ကောင်းကင်အတားအဆီးအဆင့်တွင်ရှိနေခဲ့ပြီး ထိုတစ်နှစ်အတွင်းတွင် သူသည် ဒုတိယအလွှာလျှို့ဝှက်ချက်ဒါဇင်ပေါင်းများစွာ၊ တတိယအလွှာလျှို့ဝှက်ချက်နှစ်ဆယ်ကျော်နှင့် စတုတ္ထအလွှာလျှို့ဝှက်ချက်အချို့ကို ရရှိခဲ့သည်။ ပဉ္စမအလွှာလျှို့ဝှက်ချက်မရှိသော်လည်း ဆဋ္ဌမအလွှာလျှို့ဝှက်ချက်တစ်ခုတော့ ရှိခဲ့သည်။

စတုတ္ထအလွှာလျှို့ဝှက်ချက်သည် ကြီးမားသော ကျင့်ကြံသူ၏ လျှို့ဝှက်ချက်များ အဆင့်

ဖြစ်သည်။ ထိုအထဲတွင် ဆရာကြီးကျောက်၏ လျှို့ဝှက်ချက်လည်း ပါဝင်သည်။

ထို့အပြင် တစ်လအကြာတွင် စတုတ္ထအမှတ်အထွတ်ကောင်းကင်အတားအဆီးကို ဖြတ်ကျော်ပြီးနောက်တွင် သူ၏ဘဝက ပြောင်းလဲသွားပြီး သူရရှိသည့် လျှို့ဝှက်ချက်များ၏ အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ တစ်လအတွင်းတွင် လျှို့ဝှက်ချက် ဆယ့်ရှစ်ခုထဲမှ တတိယအလွှာလျှို့ဝှက်ချက် ရှစ်ခုနှင့် စတုတ္ထအလွှာလျှို့ဝှက်ချက် နှစ်ခု ပါဝင်သည်။ အဆင့်မြင့် လျှို့ဝှက်ချက်များ ရရှိနိုင်ခြေက သိသိသာသာ တိုးလာသည်မှာ ရှင်းနေသည်။ တတိယအလွှာလျှို့ဝှက်ချက်များ၊ စတုတ္ထအမှတ်အထွတ်အဆင့် လျှို့ဝှက်ချက်များက ပုံမှန်ဖြစ်လာပြီဟု ပြောနိုင်သည်။ ဤအရာကလည်း သူ၏ မွေးရာပါနတ်စွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းကို ပို၍ နားလည်စေခဲ့သည်။

'တစ်နေ့မှာ ငါသာ နတ်သူတော်စင်တစ်ပါးဖြစ်လာခဲ့ရင် ပဉ္စမအလွှာလျှို့ဝှက်ချက်တွေတောင် ပုံမှန်ဖြစ်လာမလား'

လင်းယွဲ့က မမျှော်လင့်ဘဲနှင့် ထပ်ပြီး မျှော်လင့်မိသည်။

စကြဝဠာအသွင်လို ခွန်အားကြီးသောအရာများအပြင် များစွာသောဝိညာဉ်များနှင့် သွေးကျောက်စိမ်းကို သန့်စင်တာမျိုးက ပဉ္စမအလွှာလျှို့ဝှက်ချက်ပဲရှိသေးသည်။ သူသာ ဤသို့သော လျှို့ဝှက်ချက်များကို လွယ်လွယ်ကူကူ ရရှိနိုင်မည်ဆိုလျှင် သူ၏ မွေးရာပါနတ်

စွမ်းအင်က အလွန်အမင်း အစွမ်းထက်နေသည်မှာ တကယ်ပင်။

All Chapters