← Chapters

ဘယ်သူမှ မင်းကို ငါ့ဆီကနေ ခေါ်သွားလို့မရဘူး

Vol. 53 Ch. 791

ဘယ်သူမှ မင်းကို ငါ့ဆီကနေ ခေါ်သွားလို့မရဘူး

Vol. 53 Ch. 791

အိပ်ဆောင်ထဲသို့ လေအေးတစ်ချက် ဝင်ရောက်လာရာ အနီရောင်ကန့်လန့်ကာများ လှုပ်ခတ်သွားသည်။ ယွဲ့ဧကရာဇ်သည် ပြတင်းပေါက်အနီးတွင် မတ်တတ်ရပ်ကာ အတန်ကြာအောင် တိတ်ဆိတ်နေလေသည်။

ထိုအခိုက်အတန့်တွင် သူမ၏စိတ်ထဲ၌ ဝူကျန်းဝမ် ရန်ခရိုင်သို့ သွားပြီးနောက် ပြသခဲ့သော ထူးခြားသည့် အပြုအမူအားလုံးကို ပြန်လည် ဆက်စပ်မိသွားသည်။ ဝူကျန်းဝမ်သည် ထိုလူအား အမှန်တကယ် လက်ခံပေါင်းသင်းလိုက်ပြီလားဟု သူမ သံသယဝင်မိသွားသည်။

သူမ ဝူကျန်းဝမ်ကို ကောင်းစွာ သိသည်။ ဝူကျန်းဝမ်သည် အရှုံးကို မခံနိုင်သည့် လူစားမျိုးဖြစ်သည်။ သေရေးရှင်ရေး အခြေအနေများတွင်ပင် သူမ လုပ်ချင်သည့်အရာကို လက်လျှော့မည်မဟုတ်ပေ။

ထို့ကြောင့် လုချန်း၏ ဖိအားပေးမှုကို ဝူကျန်းဝမ် ခံခဲ့ရသည်ဟု ယွဲ့ဧကရီက မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသာ ဆန္ဒရှိပါက ရန်ခရိုင်မှ တိုက်ရိုက် ထွက်ပြေးနိုင်သောကြောင့်ဖြစ်သည်။

ယခုတော့ ဝူကျန်းဝမ်သည် ရန်ခရိုင်၌ နေထိုင်ရန် ရွေးချယ်ခဲ့ပြီး လုချန်း၏ ပိုင်ဆိုင်မှုများကိုပင် ဦးစီးစီမံပေးခဲ့သည်။ ထို့ပြင် “ဝူသခင်မ” ဟု အခေါ်ခံရသည်ကိုပင် နှစ်သက်ခဲ့သည်။ ထိုအရာအားလုံးသည် သူမ၏ သဘောဆန္ဒအရသာ ဖြစ်နိုင်ခြေများသည်။

ထို့ပြင် သူမ မလိုလားပါက ကျူးနိုင်ငံသို့ထသို့ စာရေးသားပြီး ရန်ခရိုင်မှ လွတ်မြောက်ရန် အကူအညီတောင်းခံမည်မှာ သေချာသည်။

လုချန်း တောင်ဘက်သို့ ခရီးထွက်သွားစဉ်က ဝူကျန်းဝမ်အတွက် အခွင့်အရေးကောင်းများ ရှိခဲ့သည်။ သို့သော် ကံမကောင်းစွာပင် သူမ ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း မရှိပေ။

ယွဲ့ဧကရာဇ်သည် ကောင်းကင်မှ အေးစက်သော လကို ကြည့်ရင်း

“ကျန်းဝမ်။ နင်ဘာတွေလုပ်နေတာလဲ…”

ဟု ရေရွတ်လိုက်သည်။

သူမ၏ ချစ်လှစွာသော သူငယ်ချင်းက လုချန်းကို အမှန်တကယ် ရွေးချယ်ခဲ့ပြီလား။

မုယုံရွှီကို ရရှိခဲ့ရုံ သာမက သူမနှင့် သေတူရှင်ဖက် သူငယ်ချင်းကိုပါ လိမ်လည်လှည့်ဖြားနိုင်လောက်အောင် ထိုလူမှာ ဘာအစွမ်းအစတွေ ရှိနေလို့လဲ။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွဲ့ဧကရာဇ်၏ ခန္ဓာကိုယ်မှ အတွင်းအားအငွေ့အသက်များ ရုတ်တရက် ပွင့်ထွက်ပြီး အိပ်ဆောင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။

လကို စူးစိုက်ကြည့်ရင်း ယွဲ့ဧကရာဇ်၏ မျက်ဝန်းများတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“မင်း ဘာပဲလုပ်နေပါစေ ငါ မင်းကို ပြန်ခေါ်မယ်။ ဘယ်သူမှ မင်းကို ငါ့ဆီကနေ ခေါ်သွားလို့ မရဘူး”

ဝူကျန်းဝမ် သူတို့၏ ခင်မင်မှုကို အမှန်တကယ် သစ္စာဖောက်လိုက်ခြင်း ရှိမရှိ ယွဲ့ဧကရာဇ် မသေချာသေးသော်လည်း မည်သို့ပင် ဖြစ်စေ ဝူကျန်းဝမ်ကို လုချန်း၏ဘေးမှ ပြန်လည်ခေါ်ဆောင်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

လုချန်း၏ ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင် လေးယောက် ရှိသည်ကို သူမ သိသည်။ သို့သော် ထိုအရာက ဘာအရေးစိုက်စရာ ရှိမည်နည်း။

ကောင်းကင်လူသား စွမ်းအားရှင် လေးယောက် ရှိနေလည်း ဘာအရေးလဲ။

ကျူးနိုင်ငံတော်၏ ဧကရီဖြစ်သည့် သူမသည် မည်သည့်အခက်အခဲကိုမှ ကြောက်ရွံ့မည်မဟုတ်ပေ။

.......

ထိုအချိန်၌ပင်။

ဝူကျန်းဝမ်၏ အဆောင်အတွင်း၌ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့၏ အသံများ တလှည့်စီ ထွက်ပေါ်နေသည်။ တစ်ခါတစ်ရံတွင် ဝူကျန်းဝမ်၏ အသံဖြစ်ပြီး တစ်ခါတစ်ရံ မုယုံရွှီ၏ အသံ ဖြစ်သည်။

တစ်ညလုံး ထိုအသံများသာ အဆက်မပြတ် ထွက်ပေါ်နေပြီး နောက်ဆုံးမှ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

နံနက်ခင်း၏ နေရောင်ခြည်သည် အဝတ်များ ဖုံးလွှမ်းထားခြင်းမရှိသော ကိုယ်ခန္ဓာများပေါ်သို့ ဖြာကျနေသည်။ ဝူကျန်းဝမ်တို့သည် အဘယ်ကြောင့် အမှတ်တစ်ရာတွင် ကိုးဆယ်ရသည်ကို ယခုမှ လုချန်း သဘောပေါက်မိသည်။

အမှတ်ရှစ်ဆယ် ရရှိသည့် မိန်းမများနှင့် ထိုသို့သော အရာမျိုးကို မလုပ်ဖူးသော်လည်း ယခုအခါ သူ့မိန်းမများ အဘယ်ကြောင့် အမှတ်ကိုးဆယ် ရသည်ကို လုချန်း နားလည်သွားသည်။ အထူးသဖြင့် ဝူကျန်းဝမ်၏ ကြွက်သားများကို ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။

သူတို့အားလုံးတွင် ထူးခြားသော အရည်အချင်းများ ရှိသည်ဟုသာ ဆိုရမည် ဖြစ်သည်။

ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်အောက်တွင် ဝူကျန်းဝမ်သည် မုယုံရွှီနှင့် ကျောချင်းကပ် လှဲလျောင်းနေသော လုချန်းဘက်သို့ လှည့်လိုက်ပြီး

“မင်းကြီး ဒီရက်ပိုင်း အလုပ်တွေ အရမ်းရှုပ်နေမှာပဲနော်။”

လုချန်းက ပြုံးပြီး

“ဟုတ်တယ်။ နည်းနည်းတော့ ရှုပ်နေတယ်။”

ထို့နောက် ဝူကျန်းဝမ်က

“ဒါဆို မင်းကြီး ဘာလို့ မထသေးတာလဲ။”

အချိန်အတိအကျကို မသိသော်လည်း ပြတင်းပေါက်မှ ဝင်လာသော နေအရ အချိန်အတော်ပင် နောက်ကျနေပြီဖြစ်ကြောင်း သူမအား ပြောပြနေသည်။

လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“ကိုယ့်ကို မင်းတို့နဲ့ အချိန်ပိုပြီး မဖြုန်းစေချင်ဘူးလား။”

ဝူကျန်းဝမ်က

“နိုင်ငံတော်ရေးရာတွေက အရေးကြီးဆုံးပါပဲ။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်းက မုယုံရွှီကို ချက်ချင်း လွှတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထလိုက်သည်။

“မင်းပြောတာ မှန်တယ်။ နိုင်ငံတော်ရေးရာတွေက အရေးကြီးဆုံးပဲ။”

ထိုသို့ပြောပြီး လုချန်းက ဝူကျန်းဝမ်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး

“ကိုယ်တို့ ရေချိုးကြမယ်”

စကားပြောနေရင်းပင် ဝူကျန်းဝမ်ကို ပွေ့ချီပြီး မုယုံရွှီကို ကုတင်ပေါ်တွင် တစ်ယောက်တည်း ထားခဲ့ကာ ဘေးခန်းရှိ ရေချိုးခန်းသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ထိုအချိန်တွင် မုယုံရွှီ ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်အားအင်မှ မရှိပေ။ ထွက်ခွာသွားသော သူတို့၏ပုံရိပ်များကိုသာ ငေးကြည့်နေနိုင်တော့သည်။

မုယုံရွှီ သက်ပြင်းတစ်ချက်ချလိုက်၏။ သူမသည် ဤလူဆိုး၏ ချည်နှောင်မှုအောက်သို့ အမှန်တကယ် ရောက်သွားခဲ့ပြီဖြစ်ပြီး သူ့နှင့် ဝေးဝေးနေနိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာသိလိုက်သည်။

မကြာမီ လုချန်း ဝူကျန်းဝမ်ကို ရေချိုးကန်ထဲသို့ ပွေ့ချီသွားသည်။

ဝူကျန်းဝမ်သည် မာန်မာန ကြီးနေခြင်း မရှိပဲ လုချန်း၏ ကျောကို သဘက်ဖြင့် ကူတိုက်ပေးလိုက်သည်။

ထိုအပြုအမူကို မြင်သောအခါ လုချန်းက ရယ်မောရင်း

“မင်းသမီးကျန်းဝမ်က ဘယ်တုန်းကတည်းက တခြားသူတွေကို ပြုစုတတ်လာတာလဲ။”

ဝူကျန်းဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောပဲ သူမ၏ လုပ်ငန်းကို ဆက်လုပ် နေသည်။

လုချန်းသည် ဧကရာဇ် ဖြစ်နေပြီဖြစ်ပြီး တစ်တိုက်လုံးကို စုစည်းနိုင်သူလည်း ဖြစ်သည်။ လုချန်းရှေ့တွင် သူမ ဘာမှမဟုတ်သည်ကို ဝူကျန်းဝမ် ကောင်းကောင်းသိသည်။ သူမ၏ အနေအထားကိုလည်း ဝူကျန်းဝမ် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

ထို့ပြင် လုချန်းသည် ဝူနိုင်ငံတော်ကို သိမ်းပိုက်ရန် စီစဉ်နေသည်။ ထို့ကြောင့် သူမ ဆက်လက်၍ မာနကြီးနေပြီး ဤကာမစိတ်ပြင်းပြသူကို မတော်တဆ ဒေါသထွက်စေပါက ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုတစ်ခုလုံးကို သတ်ပစ်ဖို့ သူ ဆုံးဖြတ်လျှင် ဘာလုပ်ရမည်နည်း။

သူမထံ၌ ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုအပေါ် သံယောဇဉ် ကြီးကြီးမားမား မရှိသော်လည်း ဤလူများသည် သူမနှင့် သွေးသားတော်စပ်နေကြသည်။ သူတို့၏ ကံကြမ္မာကို လုံးဝ လျစ်လျူရှုရန် ခက်ခဲသည်။

လုချန်းလည်း ဝူကျန်းဝမ်၏ အတွေးများကို သဘောပေါက်လိုက်သည်။ ထိုအခိုက်တွင် သူက ရုတ်တရက်

“ဝူနိုင်ငံတော်ကို ကိုယ် အောင်နိုင်ပြီးတဲ့နောက် ဝူတော်ဝင်မိသားစုက လူတွေ မတော်လှန်သရွေ့ မသုတ်သင်ပါဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်သည် အံ့သြခြင်းမရှိ‌ပဲ သူ၏ကိုယ်ကို သဘက်ဖြင့် ဆက်သုတ်ပေးနေသည်။

သူ၏စကားသည် အမှန်လည်း ဖြစ်နိုင်သလို အမှားလည်း ဖြစ်နိုင်သည်။

လုချန်းက “မတော်လှန်သရွေ့” ဟူသော စကားကို ထည့်ပြောထားသည်။ တကယ်တော့ တော်လှန်သည် မတော်လှန်ဘူး ဆိုသည်က လုချန်း၏ စကားတစ်ခွန်းပေါ်တွင် မူတည်သည်။ အကယ်၍ လုချန်းသည် ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုကို ဖျက်သိမ်းလိုပါက သူတို့အား လုပ်ကြံစွပ်စွဲချက်များ ပြုလုပ်မည်သာဖြစ်သည်။

ဝူနိုင်ငံတော် ရှုံးနိမ့်သွားပါက ဝူတော်ဝင်မိသားစု၏ သေခြင်း ရှင်ခြင်းသည် လုချန်း၏ စိတ်အပေါ်တွင်သာ မူတည်တော့သည်။ ဝူကျန်းဝမ် သူ့ကတိကို အလေးအနက် မထားပေ။

ထိုအချိန်တွင် လုချန်းသည် တစ်စုံတစ်ခု သတိရသွားဟန်ဖြင့်

“ဪ။ ကိုယ်ပြောဖို့ မေ့နေတဲ့အရာတစ်ခု ရှိသေးတယ်”

ဝူကျန်းဝမ်က စူးစမ်းစွာဖြင့်

“ဘာလဲ”

လုချန်းက

“မင်းကို မိဖုရားကြီး ဖြစ်စေချင်တယ်။”

ဤစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ ရင်ထဲ လှုပ်ခါသွားသည်။

သူမသည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်သော်လည်း ရှနိုင်ငံတွင်မူ သာမန် မောင်းမအောက်တွင်သာ ရှိသော ရာထူးဖြစ်သည်။ လုချန်းက သူမကို တော်ဝင်မိဖုရားကြီး ဖြစ်စေမယ်ဆိုတာ မည်သို့မှ မဖြစ်နိုင်ပေ။

ထို့နောက် ဝူကျန်းဝမ်က

“ဝူနိုင်ငံတော် ရှုံးနိမ့်သွားရင် ကျွန်မက ရှုံးနိမ့်တဲ့နိုင်ငံရဲ့ မင်းသမီးဖြစ်သွားမယ်။ ရှင်ရဲ့ ဇနီးတွေ မကျေနပ်ဖြစ်မှာ မကြောက်ဘူးလား။ ရှနိုင်ငံတော်က လူတွေဆီကနေ ကန့်ကွက်မှုတွေ အများကြီး ရှိလာမှာ သေချာတယ်။”

လုချန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်

“မင်း မိဖုရားကြီးဖြစ်ရမယ့်အပြင် ကျိရွှမ်းလည်း မိဖုရားကြီး ဖြစ်မယ်၊ ဒေါ်လေးချူးလည်း မိဖုရားကြီး ဖြစ်မယ်၊ နန်ရန်လည်း ဖြစ်မယ်။”

ဝူကျန်းဝမ် နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။

အခြားဧကရာဇ်များတွင် မိဖုရားခေါင် တစ်ပါးသာ ထားလေ့ရှိကြပြီး အများဆုံး နှစ်ပါးသာ ရှိကြသည်။ လုချန်းက မိဖုရားကြီး လေးယောက်ကို တစ်ပြိုင်တည်း ခန့်အပ်ရန် ပြင်ဆင်နေသည်။

သူတို့အားလုံး မိဖုရားကြီးများ ဖြစ်ပါက မည်သူက မိဖုရားခေါင်ကြီး ဖြစ်လာမည်နည်း။

ယုတ္တိအရဆိုလျှင် မုကျိရွှမ်းသာ မိဖုရားခေါင်ကြီး ဖြစ်သင့်သည်။ သို့သော် အဘယ်ကြောင့် သူမကို မိဖုရားကြီး အဖြစ် သာ ခန့်အပ်ရန် စီစဉ်နေရသနည်း။

ဝူကျန်းဝမ် ချက်ချင်း သဘောပေါက်သွားပြီး

“ရှင်က မိဖုရားခေါင် ခန့်အပ်ဖို့ မရည်ရွယ်ဘူးပေါ့။”

လုချန်းက

“ဟုတ်တယ်”

လုချန်း၏ အတည်ပြုပြောဆိုမှုကို ကြားပြီးနောက် ဝူကျန်းဝမ်လည်း

“ထင်ထားတဲ့အတိုင်းပဲ…”

ဟု စိတ်ထဲမှ တွေးလိုက်သည်။

ဤလူသည် မိဖုရားဆောင်၌ သခင်မတစ်ဦး ပေါ်ထွက်လာခြင်းကို မလိုလားပေ။ တစ်နည်းအားဖြင့် လုချန်းသည်သာ သူ့မိဖုရားဆောင်၏ သခင်ဖြစ်လိုသည်။

ဟုတ်ပါသည်။ မိဖုရားခေါင် ခန့်အပ်ခြင်းမရှိခြင်း၌ အားသာချက်များရှိသည်။ ထိုနည်းဖြင့် မည်သူမှ မိဖုရားခေါင် ရာထူးအတွက် ယှဉ်ပြိုင်ကြတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းက နောက်သို့ လှည့်ကာ ဝူကျန်းဝမ်၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်ပြီး ရေချိုးကန်၏ အစွန်းတွင် ထိုင်လိုက်ကာ ဝူကျန်းဝမ်ကို သူ၏ပေါင်ပေါ်တွင် ထိုင်စေသည်။

“ကိုယ်ရဲ့ မိဖုရားကြီး ဖြစ်လာရင် အနာဂတ်မှာ ကိုယ့်အတွက် ကလေးတွေ ပိုမိုမွေးပေးရမယ်။ ပြီးတော့ မင်း ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာဖို့ အခြေအနေက ကိုယ့်အတွက် ကလေးသုံးယောက် မွေးပေးရမယ်ဆိုတာ ကိုယ်သိတယ်။ ဒါကြောင့် ကိုယ်တို့ အဲ့ဒီအပေါ် ပိုပြီး ကြိုးစားရလိမ့်မယ်။”

ဝူကျန်းဝမ်က

“ရှင် ကျွန်မ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာဖို့ အခြေအနေကို ဘယ်လိုသိလဲဆိုတာ ကျွန်မ အရမ်းသိချင်နေပြီ။”

သူမ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာမည့် အခြေအနေကို ထိုအချိန်တုန်းက သူ ရုတ်တရက် ခန့်မှန်းခဲ့ခြင်းသာဖြစ်သည်။ ယခု အဘယ့်‌ကြောင့် ဤလူက အခိုင်အမာ ပြောဆိုနေရသနည်း။

သူမ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာမည့် အခြေအနေကို သူ အမှန်တကယ် သိနေသည်မှာ ရှင်းနေသည်။

တကယ်တော့ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာမည့် အခြေအနေကို သူမတစ်ယောက်တည်းသာ သိသင့်သည်။ သူမ၏ အခြေအနေကို အခြားမည်သူ့ကိုမှ မပြောဖူးပေ။ ထို့ကြောင့် သူ မည်သို့ သိရှိသွားသနည်း။

လုချန်းက ပြုံးပြီး

“ဒါက ယောက်ျားတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပါ။”

လုချန်းက ပြောပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ဝူကျန်းဝမ်လည်း ဆက်မမေးတော့ပေ။

ထို့နောက် သူတို့နှစ်ဦးသည် ရေချိုးကန်ထဲတွင် အတန်ကြာအောင် စိမ်နေကြပြီး ဝူနိုင်ငံတော်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ကြသည်။

All Chapters