ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဝူနေပြည်တော်တွင် ပေါ်ထွက်လာခြင်း
Vol. 53 Ch. 794
ရှနိုင်ငံတော် နန်းတွင်းစည်းဝေးပွဲမှ ဝူနိုင်ငံတော်ကို စစ်ချီဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပင် ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို စစ်ကြေညာကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရေပေါ်ကျလာသော ကျောက်ခဲတစ်ခုက လှိုင်းပေါင်းတစ်ထောင် ဖြစ်စေနိုင်သည်။ ရှနိုင်ငံတော်သည် ဝူနိုင်ငံတော်ကို စစ်ဆင်တော့မည်ကို သိလိုက်သောအခါ နိုင်ငံအသီးသီးမှ အင်အားစုများကြား အလွန်ဂယက်ရိုက်သွားသည်။
အချို့က ပျော်ရွှင်ကြသလို အချို့ကတော့ ထိတ်လန့်သွားသည်။
ဝူနိုင်ငံတော် ကျဆုံးပါက ရှနိုင်ငံတော်အတွင်းမှ အင်အားစုများ အကျိုးအမြတ်ရရှိကြမည်မှာ သေချာသည်။ ထို့ကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။
ဝူနိုင်ငံတော်အတွက်မူ အခြေအနေက ကွဲပြားသည်။ နိုင်ငံပျက်သုဉ်းပါက သူတို့၏ ကံကြမ္မာ ဘယ်လိုဖြစ်မည်ကို မည်သူမှ မသိကြပေ။
တစ်ချိန်တည်းတွင် ဝူနိုင်ငံတော်မှ လူများသာမက ကျူးနှင့် ချွမ်နိုင်ငံတော်မှ သာမန်ပြည်သူများပါ ကြောက်ရွံ့နေကြတော့သည်။
လုချန်း၏ ရည်မှန်းချက်ကို အစောကြီးကတည်းက အားလုံးသိရှိပြီးဖြစ်သည်။ ရှဧကရာဇ်မဖြစ်မီကပင် ကမ္ဘာကို စုစည်းလိုသည့် သူ၏ဆန္ဒကို ထုတ်ဖော်ခဲ့ဖူးသည်။
ယခု လုချန်းသည် ရှနိုင်ငံတော်၏ အရင်းအမြစ်အားလုံးကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် သူ၏ရည်မှန်းချက်ကို စတင်အကောင်အထည်ဖော်ခြင်းမှာ သဘာဝကျသည်။ ရှနိုင်ငံတော်၏ ရည်ရွယ်ချက်သည် ဝူနိုင်ငံတော်ကို ဖယ်ရှားရုံနှင့် အဆုံးသတ်မည် မဟုတ်ကြောင်း ထင်ရှားနေသည်။
ဝူနိုင်ငံတော် ကျဆုံးပြီးနောက် ကျူးနှင့် ချွမ်နိုင်ငံတော်တို့သည် နောက်လာမည့် ပစ်မှတ်များ ဖြစ်ပေလိမ့်မည်။
........
ဝူနိုင်ငံတော်။
နန်းတွင်းခန်းမ။
ယနေ့ နန်းတွင်းအစည်းအဝေးက အလွန် တိတ်ဆိတ်နေသည်။ ခန်းမသည် ထူးဆန်းစွာ တိတ်ဆိတ်လျက်ရှိပြီး လူများ၏ အသက်ရှူသံများကိုပင် ကြားနေရသည်။
လေထုသည် လေးလံပြီး ဖိစီးနေသည်။ အချို့အရာရှိများ၏ နဖူးတွင် ချွေးများ စီးကျနေသည်။ ဝူဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး ခန်းမအတွင်းရှိ အရာရှိများကို အေးစက်စွာ ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် ဝူဧကရာဇ်က နောက်ဆုံးတွင် စကားစလိုက်သာ်။
“ မူးမတ်တို့။ မြောက်ပိုင်းပြည်နယ်က စစ်ကြေညာစာကို ခင်ဗျားတို့ အားလုံးမြင်ပြီးကြပြီလား။”
ထိုစကားကို ကြားသောအခါ မူးမတ်များ တစ်ခွန်းမှ မဟကြပေ။
လုချန်းသည် ကမ္ဘာကို အုပ်စိုးရန် ကြိုးပမ်းမည်ဖြစ်ပြီး ဤစစ်ပွဲကို တစ်နေ့ရင်ဆိုင်ရမည်ဟု သူတို့ကြိုတင်မှန်းဆခဲ့ကြသည်။ သို့သော် ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
အရေးအကြီးဆုံးအချက်မှာ ရှနိုင်ငံတော်တွင် ကောင်းကင်လူသား စွမ်းအားရှင်လေးဦး ရှိနေပြီး ဝူနိုင်ငံတော်က လုံးဝ အဆင်သင့်မဖြစ်သေးခြင်းပင် ဖြစ်သည်။
ရှနိုင်ငံတော်၏ စစ်တပ်အင်အားကို ဖယ်ထားဦးတော့ ထိုကောင်းကင်လူသား စွမ်းအားရှင်လေးဦးနှင့်ပင် ဝူနိုင်ငံတော်တစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်နေသည်။
ကိုယ်ပိုင်ကောင်းကင်လူသား စွမ်းအားရှင်များ မရှိသော ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်နှင့် လုံးဝယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။
ဝူနိုင်ငံတော်မှ ဝန်ကြီးများလည်း ဘာလုပ်ရမယ်မှန်း မသိတော့ပေ။ သူတို့သည် အမြဲတမ်း သူတစ်ပါးကို တိုက်ခိုက်နေကြသူများ ဖြစ်သည်။ ဤသည်မှာ သူတို့ အတိုက်ခိုက်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ခန်းမထဲမှ တိတ်ဆိတ်နေသော မူးမတ်များကို မြင်သောအခါ ဝူဧကရာဇ် ဒေါသထွက်လာသည်။ ထိုသူတို့သည် အသုံးမကျသူများ သာဖြစ်သည်။ နန်းတွင်း အစည်းအဝေးတက်တိုင်း အမြဲစကားများနေတတ်ကြသော်လည်း ယခုလို အရေးကြီးသည့်အချိန်တွင် မည်သူမှ စကားမပြောကြပေ။
ဝူဧကရာဇ်က
“မကြာခင် ရှနိုင်ငံတော်က ကျုပ်တို့ကို တိုက်ခိုက်ဖို့ စစ်တပ်လွှတ်တော့မယ်။ အမတ်မင်းတို့ ဘယ်လိုအကြံဉာဏ်တွေ ပေးနိုင်လဲ။”
ထိုစကား ဆုံးသွားသော်လည်း ခန်းမအတွင်းဆက်လက်တိတ်ဆိတ်နေသည်။ အရာရှိများ များ တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း မည်သူမှ ပါးစပ်ဟကြပေ။
အကြံဉာဏ်လား....
မည်သည့်အကြံဉာဏ်များ ရှိနိုင်မည်နည်း..
လုချန်း၏ ရည်မှန်းချက်ကို သူတို့ အစောကြီးကတည်းက သိပြီးဖြစ်သည်။ လုချန်းသည် နိုင်ငံအားလုံးကို ပေါင်းစည်းရန် ရည်ရွယ်ထားသူဖြစ်သည်။ စစ်ကြေညာချက် ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဝူနိုင်ငံတော်ကို မသိမ်းပြီးမချင်း လုချန်းက ရပ်တန့်တော့မည် မဟုတ်သည်မှာ ထင်ရှားသည်။
ယခုပြောသည့် မည်သည့်စကားမဆို အဓိပ္ပာယ်မရှိပေ။ ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်၏ တိုက်ခိုက်မှုကို ခုခံရန် စစ်အင်အားရှိရမည်။ မဟုတ်ပါက လက်နက်ချရုံသာရှိမည်။
သို့သော် နှစ်ဖက်၏ အင်အားကို ချိန်ထိုးကြည့်လျှင် ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် စစ်သည်များ စုဆောင်းနိုင်လျှင်လည်း ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲ ဆိုသည်က မေးခွန်းတစ်ခုဖြစ်သည်။
ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်၏ အသစ်ဖွဲ့စည်းထားသော တပ်မတော်၏ တိုက်ခိုက်နိုင်စွမ်းကို ကြုံတွေ့ပြီးဖြစ်သည်။ ပိုဆိုးသည်က ရှနိုင်ငံတော်၏ အသစ်ဖွဲ့စည်းထားသော တပ်များကို ခုခံဖို့ အာရုံစိုက်ရုံနှင့် မလုံလောက်နိုင်ခြင်းဖြစ်သည်။
သူတို့၏ အကြီးမားဆုံး စိုးရိမ်မှုက ရှနိုင်ငံတော်၏ ကောင်းကင်လူသား စွမ်းအားရှင်များ ဖြစ်သည်။ ရှနိုင်ငံတော်က ကောင်းကင်လူသား စွမ်းအားရှင်များကို ဝူနေပြည်တော်သို့ တိုက်ရိုက် စေလွှတ်မည်လား ဆိုတာကို မည်သူမှ မသိကြပေ။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတည်းနှင့်ပင် ဝူနေပြည်တော် တစ်ခုလုံးကို ဖျက်ဆီးရန် ကောင်းစွာလုံလောက်သည်။
ရှနိုင်ငံတော်ဘက်က အောင်ပွဲ မြန်မြန်လိုချင်ပါက ကောင်းကင်လူသား စွမ်းအားရှင်များကို နေပြည်တော်သို့ တိုက်ရိုက်စေလွှတ်နိုင်သည်။
ခန်းမဆောင်ရှိ ဝန်ကြီးအများစုကတော့ ရှနိုင်ငံတော်သို့ လက်နက်ချရန် စဉ်းစားနေကြသည်။ ဝူနိုင်ငံတော်နှင့်အတူ သေတွင်းသို့ လိုက်ပါရန် သူ့တို့ ဆန္ဒမရှိကြပေ။
ဤသည်မှာ အောင်ပွဲရရန် အခွင့်အရေး မရှိသော စစ်ပွဲတစ်ခုသာ ဖြစ်သည်။
သူတို့ လက်နက်ချရန် တွေးနေကြသော်လည်း ဝူဧကရာဇ်၏ရှေ့တွင် တိုက်ရိုက်ပြော၍မရပေ။
ဝူဧကရာဇ် မည်သို့သော လူစားမျိုးဖြစ်သည်ကို လူတိုင်း သိသည်။ သူက လက်နက်ချမည်မဟုတ်ပေ။ ယခုအချိန်တွင် လက်နက်ချရန် အကြံပြုသူ မည်သူမဆို စကားပင်မဆုံးမီ ဝူဧကရာဇ်ကိုယ်တိုင်က သတ်တာခံရမည်ဖြစ်သည်။
တိုက်၍လည်း မရနိုင်၊ ဧကရာဇ်ကလည်း လက်နက်ချမည် မဟုတ်သဖြင့် ဘာမှမပြောပဲ တိတ်ဆိတ်နေဖို့သာ သူတို့ ရွေးချယ်လိုက်ကြသည်။
မူးမတ်များ ဆက်လက်တိတ်ဆိတ် နေကြသည်ကို မြင်သောအခါ ဝူဧကရာဇ်၏ အကြည့်က စစ်သူကြီးတစ်ဦးအပေါ် တိုက်ရိုက်ကျရောက်လာသည်။
“ချန်းလူကြီးမင်း။ ကျုပ်တို့ နောက်ဘာဆက်လုပ်သင့်တယ် ထင်လဲ။”
ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်ချန်အလွန်ကြောက်ရွံ့သွားပြီး မြေပေါ်ဒူးထောက်လိုက်ကာ တုန်ယင်လျက်
“မင်းကြီး။ အရေးကြီးဆုံးကတော့ နန်းတွင်းကို ကျူးကျော်လာတဲ့ ရှစစ်သားတွေကို ခုခံဖို့ စစ်သည်စုဆောင်းဖို့ပါ။”
သူ ထိုသို့ပြောသော်လည်း ဝူဧကရာဇ် မေး၍သာ ပြောဆိုနေရခြင်း ဖြစ်သည်။
ဝူဧကရာဇ်၏ စရိုက်အရ အဆုံးအထိ ခုခံမှာ သေချာသည်။ ဝူနိုင်ငံတော် ပျက်သုဉ်းတော့မည့် အချိန်တွင် ဝူဧကရာဇ်ကို ချော့မော့ထားခြင်းက ဘာမှ နစ်နာစရာ မရှိပေ။
စစ်သူကြီး၏ စကားကို ကြားပြီးနောက် ဝူဧကရာဇ် ခဏခန့် တိတ်ဆိတ်သွားသည်။ သူသည် လူမိုက်မဟုတ်ပေ။ နန်းတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်မှ ဝန်ကြီး တစ်ယောက်မှ ရှနိုင်ငံတော်ကို အမှန်တကယ် ခုခံလိုခြင်း မရှိကြောင်း သူမြင်နေသည်။
မည်သို့ပင်ဆိုစေ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး၏ အင်အားက ကြီးမားလွန်းသည်။ အဆင့်လွန်ပညာရှင်တစ်ဦး၏ အစွမ်းဖြင့်ပင် ကောင်းကင်လူသား စွမ်းအားရှင်ကို မခုခံနိုင်ပေ။
ထို့ပြင် ဝူနိုင်ငံတော်ရှိ အဆင့်လွန်ပညာရှင် အရေအတွက်က အစကတည်းက မများလှပေ။ အဆင့်လွန်ပညာရှင် အနည်းငယ်မျှဖြင့် ရှနိုင်ငံတော်ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။
ဝူနိုင်ငံတော် ကျဆုံးတော့မည်ကို ဝူဧကရာဇ် ကောင်းစွာ သိထားသော်လည်း သူ၏ရင်ထဲတွင် လက်မခံနိုင်ဖြစ်နေသည်။
ကမ္ဘာကို စုစည်းရမည့်သူသည် ဆွမ်ဧကရာဇ်မဟုတ်ပဲ သူသာဖြစ်သင့်သည်။ သူလက်နက်မချနိုင်ပေ။ နောက်ဆုံးအချိန်အထိ တိုက်ခိုက်ပြီး ဝူနိုင်ငံတော်၏ နယ်မြေကို ကာကွယ်မည်ဖြစ်သည်။
ထိုစဉ်တွင် ကြီးမားသော ဖိအားတစ်ခု ခန်းမဆောင်တစ်ခုလုံးကို ရုတ်တရက် ဖိစီးလာသည်။ အချို့ အားနည်းသော အရာရှိများသည် ထိုဖိအားကြောင့် ကြမ်းပြင်ပေါ်သို့ လဲသွားကြသည်။
ဝူဧကရာဇ်ကိုယ်တိုင်ပင် ထိုဖိအားကြောင့် လှုပ်ရှား၍မရ ဖြစ်နေသည်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် ဤဖိအားကြောင့် ခန်းမအတွင်း ရှုပ်ထွေးသွားသည်။
ခဏအကြာတွင် အဆင့်လွန်ပညာရှင် ဆယ်ယောက်ကျော်နှင့်အတူ အဖိုးအိုနှစ်ဦး ခန်းမဆောင်ထဲသို့ လျှောက်လာကြသည်။
ထိုလူများထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားရသောအခါ နန်းတွင်းခန်းမတစ်ခုလုံး တုန်လှုပ်သွားသည်။
အဆင့်လွန်ပညာရှင်တွေ အများကြီးပါလား။
ဘယ်လိုအင်အားစုမျိုးလဲ။
ဘယ်လိုလုပ်ပြီး အဆင့်လွန်ပညာရှင်တွေ ဒီလောက်များများ ရှိနေနိုင်တာလဲ။
သတိပြန်ဝင်လာသော အရာရှိ တစ်ဦးက “မင်းကြီးကို ကာကွယ်ကြ။ လုပ်ကြံသူတွေ။ မင်းကြီးကို ကာကွယ်ကြ”
ဟု အော်ဟစ်လိုက်သည်။
လူများက ဝူဧကရာဇ်ကို ဘေးလွတ်ရာသို့ ခေါ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ပို၍အားကောင်းသော ဖိအားတစ်ခု ဆင်းသက်လာပြီး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ လှုပ်ရှား၍ မရတော့ပေ။
မကြာမီပင် ဖြစ်ပျက်နေသည့်အရာကို လူများ နားလည်သွားကြသည်။
ကောင်းကင်လူသား စွမ်းအားရှင်....
ကောင်းကင်လူသား စွမ်းအားရှင်တွေပဲ ဖြစ်ရမယ်။
နန်းတွင်းတပ်၏ ခေါင်းဆောင် အဆင့်လွန်ပညာရှင်ကိုယ်တိုင်ပင် လှုပ်ရှား၍ မရပေ။ ဝင်လာသူများထဲမှ တစ်စုံတစ်ဦးသည် အဆင့်လွန်ပညာရှင်၏ စွမ်းအားထက် သာလွန်နေကြောင်း ဖော်ပြနေသည်။
ကောင်းကင်လူသား စွမ်းအားရှင်များသာ ထိုသို့သော ဖိအားမျိုးကို သုံးနိုင်သည်။
ကောင်းကင်လူသား စွမ်းအားရှင်များ ဟူသောအတွေးက ရှနိုင်ငံတော်မှ ကောင်းကင်လူသား စွမ်းအားရှင်များကို ချက်ချင်း သတိရသွားစေသည်။
ထိုအချိန်တွင် ရှထျန်းယွမ်က နဂါးပလ္လင်ပေါ်မှ ဝူဧကရာဇ်ကို
“ဆွမ်ဧကရာဇ်ရဲ့ အမိန့်တော်အရ ကျွန်တော် ရောက်လာတာပါ။ ဝူတော်ဝင်မိသားစုက တစ်လအတွင်း လက်နက်ချမယ်ဆိုရင် အသက်ရှင်ခွင့်ရပါမယ်။ ခေါင်းမာပြီး ဆက်ခုခံမယ်ဆိုရင်တော့ မင်းကြီးတစ်ယောက်တည်းပဲ အကျိုးဆက်တွေကို ခံရမှာတော့ မဟုတ်ပါဘူး။”
ကောင်းကင်လူသား စွမ်းအားရှင်၏ ဖိအားကို ခံစားရသောအခါ ဝူဧကရာဇ်၏ ရင်ထဲတွင် လက်မခံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ဒီလိုနေ့မျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူတစ်ခါမှ မထင်မှတ်ခဲ့ပေ။
နန်းတက်ပြီးကတည်းက သူသည် အောင်နိုင်သူတစ်ဦး အနေအထားဖြင့် အမြဲတမ်း အခြားသူများကို လက်နက်ချရန်သာ ဖိအားပေးနေခဲ့သည်။ သို့သော် ယနေ့တွင်တော့ တစ်စုံတစ်ဦးက သူ့ကို လက်နက်ချရန် ဖိအားပေးနေပြီဖြစ်သည်။