ယွဲ့ဧကရာဇ်၏ သံသယ
Vol. 53 Ch. 795
ဝူဧကရာဇ်စိတ်ထဲ အလွန် မလိုလားသော်လည်း သူ့ရှေ့ရှိ ပြိုင်ဘက်ကင်း အင်အားကို မခုခံနိုင်စွမ်း မရှိပေ။
ဝူနိုင်ငံတော် နယ်မြေတစ်ခုလုံးတွင် ကောင်းကင်လူသား စွမ်းအားရှင်များကို ခုခံနိုင်သူ မရှိပါ။ ဝူနိုင်ငံတော်ကို ဖယ်ထားဦးတော့ ဤကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင်များနှင့် ယှဉ်ပြိုင်နိုင်သူများမှာ ကောင်းကင်လူသား စွမ်းအားရှင်များသာ ဖြစ်နိုင်ဖွယ်ရှိသည်။
လုရှင်းချူးသည် ကောင်းကင်လူသား စွမ်းအားရှင်များကို ဖျက်ဆီးနိုင်သော နတ်လက်နက်တစ်မျိုးကို ရရှိခဲ့သည်ဟု သူကြားဖူးသည်။ သို့သော် ယခု လုရှင်းချူး သေဆုံးသွားခဲ့ပြီဖြစ်ပြီး ထိုကောင်းကင်လူသား စွမ်းအားရှင်ကို သုတ်သင်နိုင်သော နတ်လက်နက်သည်လည်း လုချန်း၏လက်ထဲ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ဝူဧကရာဇ်သည် သူ၏လက်သီးများကို ကျစ်နေအောင် ဆုပ်လိုက်သည်။ ရွှေစင်ဖြင့်ပြုလုပ်ထားသော နဂါးပလ္လင်ပေါ်တွင် လက်ဆစ်ရာများ ချိုင့်ဝင်သွားသည်။
ဝူဧကရာဇ်သည် စကားမပြောပဲ ခန်းမဆောင်ထဲရှိ လူဆယ်ဦးကျော်ကို စူးစိုက်ကြည့်နေသည်။ ယခုအချိန်တွင် သူပြောသမျှသည် အချည်းနှီးဖြစ်ပြီး ထိုလူများက သူ့ကို ဤနေရာတွင်ပင် သုတ်သင်ဖယ်ရှားပစ်ရန် ဆုံးဖြတ်နိုင်သည်ကို သူကောင်းစွာ သိသည်။
သူ လုရှင်းချူးကဲ့သို့ အဆုံးသတ်သွားရန် မလိုချင်ပေ။
ဝူဧကရာဇ်၏ ဒေါသထွက်နေသော မျက်နှာကိုမြင်သောအခါ ရှထျန်းယွမ်က
ခပ်အေးအေးပြောလိုက်သည်။
“ ဝူ တော်ဝင်မိသားစုက လက်နက်ချမယ်ဆိုရင် ဝူနိုင်ငံတော်ရဲ့ မင်းသမီး ကျန်းဝမ်ကို မိဖုရားကြီးဘွဲ့ ပေးမယ်လို့ ဆွမ်ဧကရာဇ်က ပြောပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ် ကြက်သေသေသွားသည်။ သူတစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံရသည်။
ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ သွားပြီးနောက်တွင် အခါအားလျော်စွာ သတင်းအချို့ ပေးပို့သော်လည်း ထိုသတင်းအားလုံးသည် အသုံးမဝင်သော အချက်အလက်များသာဖြစ်သည်။ သူလိုချင်သော မြောက်ပိုင်းပြည်နယ်၏ လက်နက်နည်းပညာများ ဝူကျန်းဝမ်၏ လက်ထဲသို့ မရောက်လာသေးပေ။
ဝူကျန်းဝမ်သည် လုချန်း၏ ယုံကြည်မှုကို မရသေးသဖြင့် လက်နက် နည်းပညာများကို လုချန်းထံမှ ရယူရန် ခက်ခဲနေသည်ဟု သူ ယခင်က ထင်ခဲ့သည်။
သို့သော် လုချန်းက ဝူကျန်းဝမ်ကို လက်ထပ်ရန် စီစဉ်နေသည်ဟု ကြားလိုက်ရသောအခါ သူ၏သမီးသည် သူပေးထားသော အတုယောင် ကတိများကို ရိပ်စားမိသွားပြီး လုချန်းဘက်သို့ ပါသွားခဲ့သည်ကို ဝူဧကရာဇ် ချက်ချင်း သဘောပေါက်လိုက်သည်။
ထိုအချက်ကို သဘောပေါက်လိုက်သောအခါ ဝူဧကရာဇ်၏ ဒေါသ ပို၍ပင် ပြင်းထန်လာသည်။ ဤကျေးဇူးကန်းသော သမီးက သူ့ကို သစ္စာဖောက်လိုက်ပြီ။
သို့သော် ယခုအချိန်တွင် ထိုအရာများကို တွေးတောနေခြင်းက အဓိပ္ပာယ် မရှိပေ။ ဝူဧကရာဇ်၏ အတွေးများ ပြောင်းလဲသွားပြီး အေးစက်စွာဖြင့်
“ကျုပ်တို့က ရှနိုင်ငံတော်ရဲ့ လက်အောက်ခံဖြစ်ဖို့ အဆင်သင့်ပါပဲ။”
ထိုစကားကို ကြားသောအခါ နန်းတွင်းမှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး အံ့ဩသွားကြသည်။ သူတို့ ကောင်းစွာ သိရှိထားသည့် ဝူဧကရာဇ်၏ ပါးစပ်မှ ထိုသို့သော စကားလုံးများ ထွက်ပေါ်လာသည်ကို မယုံနိုင်ကြပေ။
မည်သို့ဆိုစေကာမူ သူတို့နားလည်းထားသော ဝူဧကရာဇ်သည် လက်နက်ချမည့်အစား သေခြင်းကိုသာ ရွေးချယ်ပြီး အသက်ဆုံးတိုင်အောင် တိုက်ခိုက်မည့်သူဖြစ်သည်။
ဝူဧကရာဇ် အဘယ်ကြောင့် ထိုသို့သော စကားများပြောသည်ကို အရာရှိများ တွေးတောနေကြစဉ် သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဝူနိုင်ငံတော်ဟာ လက်အောက်ခံဖြစ်ရုံပဲ။ ဝူနိုင်ငံတော်ရဲ့ နယ်မြေကို ကျုပ်တို့ကိုယ်တိုင်ပဲ ဆက်အုပ်ချုပ်မယ်။”
ဝူဧကရာဇ်၏ ရည်ရွယ်ချက်ကို မူးမတ်များ ချက်ချင်း နားလည်သွားကြသည်။ သူသည် ယာယီ အညံ့ခံကာ နောင်တွင် အခွင့်အရေးရှာရန် အကြံရှိနေခြင်း ဖြစ်သည်။
သူသာ ခေါင်းငုံ့ပြီး ဝူနိုင်ငံတော်ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါက အနာဂတ်တွင် ရှနိုင်ငံတော်မှ ထူးဆန်းသော လက်နက်များကို ရရှိနိုင်ခြေရှိပြီး တစ်နေ့နေ့တွင် ကောင်းကင်လူသား စွမ်းအားရှင်များ၏ ထောက်ပံ့မှုကို ရရှိသည်အထိပင် အင်အားဆက်လက်စုဆောင်းနိုင်ပေမည်။
ဤကမ္ဘာတွင် တည်ရှိနေသော အခြား ကောင်းကင်လူသား စွမ်းအားရှင်များကို ရှာဖွေပြီး ၎င်းတို့၏ ထောက်ခံမှုကို ရရှိခဲ့လျှင် အခွင့်အရေးရသည်နှင့် ရှနိုင်ငံတော်၏ ထိန်းချုပ်မှုမှ ရုန်းထွက်ပြီး ဝူနိုင်ငံတော်ကို ပြန်လည်တည်ထောင်နိုင်မည်ဖြစ်သည်။
ရှထျန်းယွမ်သည် ဝူဧကရာဇ်၏ ရည်ရွယ်ချက်ကို ကောင်းစွာမြင်နေပြီး ပြုံးရယ်ကာ ပြောလိုက်သည်။
“ဝူဧကရာဇ်။ ကျုပ်တို့ ဧကရာဇ်က ဒီလိုအချက်တွေကို သဘောတူမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား။”
ဝူဧကရာဇ်က အေးစက်စွာဖြင့်
“ဆွမ်ဧကရာဇ်က ဒါကိုတောင် သဘောမတူဘူးဆိုရင်တော့ ကျုပ်တို့စစ်မြေပြင်မှာ တွေ့ကြတာပေါ့။ ကျုပ်တို့ လက်နက်မချပဲ သေတာက ပိုကောင်းတယ်။”
ဝူဧကရာဇ်၏ စကားကိုကြားသော်လည်း ရှထျန်းယွမ် ဒေါသမထွက်ပေ။ သူက
“တစ်လအချိန် ရှိပါသေးတယ်။ ဝူဧကရာဇ် အနေနှင့် ဒီအချိန်ကို အသုံးချပြီး ဆင်ခြင်သုံးသပ် နိုင်ပါတယ်။”
ထို့နောက် ရှထျန်းယွမ်လည်း ကျောခိုင်းပြီး ခန်းမဆောင်၏ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအပေါ် ဖိစီးနေသော ဖိအားသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဖိအားပျောက်သွားသည်နှင့် ဝန်ကြီးများသည် သက်ပြင်းချကာ သက်သာရာရသွားကြသည်။ ကောင်းကင်လူသား စွမ်းအားရှင် ဘာမမလုပ်သွားခဲ့သည်ပင် သူတို့ကျေးဇူးတင်နေကြသည်။ အကယ်၍ သူတစ်ခုခု လုပ်ခဲ့ပါက ယခု မည်သူမှ အသက်ရှင်ကျန်ရစ်မည် မဟုတ်သည်မှာ သေချာသည်။
ဝန်ကြီးများ သတိပြန်ဝင်လာသောအခါ အားလုံးက ဝူဧကရာဇ်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူ၏ မျက်နှာမည်း မှောင်နေပြီး စကားတစ်ခွန်းမှ မပြောပေ။
ခဏအကြာတွင် ဝူဧကရာဇ်သည် သူ၏လက်ကို မြှောက်လိုက်ပြီး နဂါးပလ္လင်၏ လက်တန်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ နှစ်ဖက်စလုံးရှိ ရွှေစင်လက်တန်းများ ချက်ချင်း ကြေမွသွားသည်။
ဝူဧကရာဇ် ဘာမှထပ် မပြောတော့ပေ။ သူက ထရပ်ပြီး အဝတ်စကို ခါလိုက်ကာ ခန်းမဆောင်မှ ထွက်ခွာသွားတော့သည်။
ဝူဧကရာဇ် ထွက်ခွာသွားပြီးနောက် ခန်းမအတွင်းမှ မှူးမတ်များလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ ဆွေးနွေးပြောဆိုကြတော့သည်။
.....
လဝက်ခန့်အကြာတွင်။
ကျူးနိုင်ငံတော်။
ဧကရီ၏ အိပ်ဆောင်။
အနီရောင်ဝတ်ရုံနှင့် ဖီးနစ်သရဖူကို ဝတ်ဆင်ထားသည့် ယွဲ့ဧကရာဇ်သည် ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။ သူမ၏လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားပြီး သူမ၏မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်။
ထိုစဉ်တွင် စာသည် မီးတောက်သွားပြီး ချက်ချင်း ပြာဖြစ်သွားသည်။
ဝူကျန်းဝမ် လုချန်း၏ အမျိုးသမီး ဖြစ်သွားနိုင်သည်ကို သိရှိပြီးနောက် သူမ ဝူကျန်းဝမ်ထံသို့ စာတစ်စောင် ချက်ချင်းရေးလိုက်သည်။ သူမ လုချန်း၏ အမျိုးသမီး ဖြစ်သွားခြင်း ဟုတ်မဟုတ်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
အစပိုင်းတွင် ‘မဟုတ်ပါ’ ဟူသောအဖြေကို ယွဲ့ဧကရာဇ် မျှော်လင့်ခဲ့သေးသည်။
သို့သော် သူမကို အံ့အားသင့်စေသည်က ယွဲ့ဧကရာဇ်၏စာကို လက်ခံရရှိပြီးနောက် ဝူကျန်းဝမ်က မဖုံးကွယ်တော့ပဲ သူမကို တိုက်ရိုက်ဝန်ခံလိုက်ခြင်းဖြစ်သည်။
ထို့ပြင် သူမ အတင်းအကြပ် ဖိအားပေးခံရခြင်း မဟုတ်ပဲ သူမ၏ ဆန္ဒအရသာ လုချန်း၏ အမျိုးသမီး ဖြစ်လာခဲ့ကြောင်း စာထဲတွင် ရေးသားထားသည်။ ထိုအချက်က ယွဲ့ဧကရာဇ်ကို ပို၍ပင် ဒေါသထွက်စေသည်။
မြူခိုးဒေသတွင် ရှိစဉ်တုန်းက ဝူကျန်းဝမ်ကို ချစ်ကြိုက်ခဲ့ကြသည့် ထူးချွန်သော ကျင့်ကြံသူများစွာ ရှိခဲ့သော်လည်း ဝူကျန်းဝမ်က အားလုံးကို ငြင်းပယ်ခဲ့သည်။ ထိုသို့သော ဝူကျန်းဝမ်က ထိုလူ၏ အမျိုးသမီး ဖြစ်လာနိုင်စရာ မရှိပေ။
လုချန်းတွင် အရည်အချင်းအချို့ရှိသော်လည်း မြူခိုးဒေသမှ ကောင်းကင်လူသား စွမ်းအားရှင်များထက် အဆင့်မြင့်သော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထို့ပြင် လုချန်းသည် သူမထက် အသက်ငယ်သည်။ ထိုသူကို ဝူကျန်းဝမ် မည်သို့ နှစ်သက်နိုင်ပါမည်နည်း။
ယွဲ့ဧကရာဇ်၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားပြီး အတွေးထဲ နစ်မြောသွားသည်။
ဝူကျန်းဝမ် တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်ဟု သူမ စိတ်ထဲတွင် ယုံကြည်သည်။
ဝူကျန်းဝမ် လုချန်းနှင့် ထိုသို့ အလွယ်တကူ လက်ထပ်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
ထိုသို့တွေးပြီး သူမ၏ စားပွဲဆီသို့ ပြန်သွားသည်။ ထို့နောက် ကလောင်တံကိုယူပြီး ဝူကျန်းဝမ်ထံသို့ နောက်ထပ်စာတစ်စောင် ရေးလိုက်သည်။
လုချန်းနှင့် ရင်ဆိုင်ရရန် မလွယ်ကူကြောင်း ဝူကျန်းဝမ် သဘောပေါက်သွားသဖြင့် လုချန်းကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုရှာရန် သူ့ကို တမင်တကာ လိုက်လျောပေးလိုက်ခြင်း ဖြစ်မည်ဟု သူမ သံသယရှိနေသည်။
မကြာမီပင် သူမ နောက်ထပ်စာတစ်စောင် ရေးပြီး ရန်ခရိုင်သို့ ပို့လိုက်သည်။
.......
ထိုအချိန်တွင်။
ရန်ခရိုင်။
မုယုံရွှီ၏ အခန်းအတွင်း၌ ဖြစ်သည်။
လုချန်းသည် စားပွဲတစ်လုံးတွင် ထိုင်ပြီး စားပွဲပေါ်ရှိ ပုံတူပန်းချီကို ကြည့်ကာ ရယ်မောလိုက်ပြီး
“မင်းရဲ့ ပန်းချီစွမ်းရည်က တကယ်ကို ထူးချွန်တာပဲ။ ကျူးနိုင်ငံတော်ရဲ့ ပါရမီရှင်လို့ နာမည်ကြီးတာ မဆန်းပါဘူး။”
လုချန်း၏ ချီးကျူးစကားကို ကြားသောအခါ မုယုံရွှီက ခပ်ပေါ့ပေါ့ပင်
“ဒါက ရိုးရိုး ပုံဆွဲထားရုံပါပဲ။”
လုချန်းက ပန်းချီကားကို အာရုံစိုက် ကြည့်ရှုနေရင်း
“ဒါက ရိုးရိုး ပုံဆွဲထားရုံ မဟုတ်ပါဘူး။ ပန်းချီထဲမှာ အသေးစိတ်အချက်အလက်တွေ အများကြီးပဲ။ မင်းက ကိုယ့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သေချာ သိထားတာပဲ။”
မုယုံရွှီက လုချန်းကို အဓိပ္ပာယ်မဲ့စွာ ကြည့်လိုက်သည်။ ထို့နောက်
“မင်းကြီးက ကျွန်မအခန်းကို ပန်းချီတွေ လာကြည့်ဖို့သက်သက် လာတာလား”။
လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ ပုံတူပန်းချီကို ဖြည်းဖြည်းချင်း လိပ်လိုက်သည်။ လိပ်နေစဉ်
“မဟုတ်ပါဘူး။”
“စာလုံးရေး မကျင့်တာ ကြာပြီဆိုတာကို သတိရမိလို့ပါ။ အဲ့ဒါပြန် လေ့ကျင့်ဖို့ မင်းဆီ လာတာပါ။”
စာလုံးရေး ကျင့်ခြင်းအကြောင်းကို ကြားသောအခါ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်းတွင် သူနှင့် လုချန်းတို့ လုပ်ခဲ့ကြသည့်အရာများကို မုယုံရွှီ သတိရသွားသည်။
ဤလုချန်းဆိုသူသည် အလည်လာပြီး သူမကို ပျော်ရွှင်စွာ နှိပ်စက်ချင်သည်ကို မုယုံရွှီသသဘောပေါက်လိုက်သည်။
ရှနိုင်ငံတော်၏ လက်ရှိ အုပ်ချုပ်ရေး
ယန္တာရား ဖွဲ့စည်းပုံမှာ အနည်းငယ် ထူးခြားကြောင်းကိုလည်း သူမ ကြားဖူးသည်။ လုချန်းသည် နန်းတွင်းအစည်းအဝေးများကိုပင် လစ်လျူရှုထားပြီး အခြားသူများက ဦးဆောင်ပြုလုပ်ကြသည်။ သူသည် အရေးကြီးစာရွက်စာတမ်းများကိုသာ အများဆုံး ကြည့်ရှုသည်။ ထိုမှလွဲ၍ သူ့တွင် အခြားလုပ်စရာ ဘာမှမရှိပေ။
ထိုအတွေးဖြင့် မုယုံရွှီ အိပ်ရာဆီသို့ တည့်တည့်လျှောက်သွားပြီး လဲလျောင်းလိုက်သည်။ ထို့နောက်
“လာလေ”
ထိုအပြုအမူကို မြင်သောအခါ လုချန်း ခဏခန့် အံ့အားသင့်သွားသည်။ ထို့နောက်
“ကိုယ်ဘာလုပ်ဖို့လာတယ်လို့ မင်းထင်နေတာလဲ။”
မုယုံရွှီ စိတ်ထဲမှ ပြုံးလိုက်သည်။ ထိုလူသည် ဖြောင့်မတ်သူတစ်ဦးကဲ့သို့ ဟန်ဆောင်နေသည်။
မုယုံရွှီ တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် လုချန်းက အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုကာ သူမ၏အနောက်သို့ ရုတ်တရက် ရောက်ရှိသွားသည်။ ထို့နောက်
“စာလုံးရေးကျင့်ခြင်း” ၏ ရင်းနှီးပြီးသား မြင်ကွင်းများ စတင်လာခဲ့သည်။