← Chapters

မီးစာကုန်ခမ်းခြင်း(2)

Vol. 20 Ch. 196

မီးစာကုန်ခမ်းခြင်း(2)

Vol. 20 Ch. 196

သို့သော် ထိုအဖြစ်အပျက်ကြောင့် သူမ၏ စိတ်ထဲတွင် ခင်ပွန်းဟောင်းက သူမအား မကောင်းကြံနေသည်ဟု ခံစားနေခဲ့ရသည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်လအတွင်း သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်ဟုမရှိခဲ့ချေ။ အမြဲတစေ အိပ်မက်ဆိုးများမက်ကာ သရဲတစ္ဆေများမှ သူမအား ကုတင်ပေါ်တွင် တက်ဖိထားသကဲ့သို့ ခံစားခဲ့ရသည်။

အိပ်ရာနိုးလာချိန်တွင်လည်း ခန္ဓာကိုယ်နှင့် ခြေလက်များက လေးလံနေခဲ့တတ်သည်။

‘အချစ်သည် ဆောင်းဦးဖြစ်၏’ မှာ ခင်ပွန်းဟောင်းမှ သူမနေအိမ်၏ ဖုန်းရွှေအား တစ်ခုခု ပြုလုပ်ထားသည်ဟု သံသယဝင်မိသည်။

ထို့ကြောင့် ဖုန်းရွှေနားလည်သည့် ပညာရှင်တစ်ဦးအား နေအိမ်သို့ လာကြည့်စေချင်ခဲ့သော်လည်း သူမတွင် အားလပ်ချိန်မရှိခဲ့ပေ။

ဤအစီအစဉ်တွင် ဖုန်းရွှေနှင့် ပတ်သတ်သည့် မေးခွန်းများကို မေးနေကြကြောင်း မြင်လိုက်ရပြီးနောက် သူမလည်း ဝင်ရောက်ရေးသားခဲ့မုပြီး သုမ၏မှတ်ချက်က ကုကျစ်စုန့်၏ ရွေးချယ်ခြင်းကို ခံလိုက်ရသည်။

ခေတ္တမျှ စဉ်းစားနေပြီးနောက် ကုကျစ်စုန့် စကားစသည်။

“ဗီဒီယိုဖွင့်ပြီးတော့ ကျွန်မကို ရှင်အိမ်ရဲ့ ရှုခင်းအနေအထားကို ပြပေးလို့ ရမလား?”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ပြန်ဖြေသည်။

“ရပါတယ်၊ ကျွန်မ အခုပဲ ဖွင့်လိုက်မယ်”

ပြောပြောဆိုဆိုပင် သူမက  ကင်မရာဖွင့်လိုက်သောကြောင့် အသားရောင် အိမ်နေရင်းဝတ်စုံ ဝတ်ဆင်ထားကာ ကိုင်းပါးမျက်မှန် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။

သူမက အသက် ၄၀ဝန်းကျင် ဖြစ်ဟန်ပေါ်ကာ ပညာရှိ၍ တည်ငြိမ်ဟန်ရှိသည်။

“မင်္ဂလာပါ တောက်ကျန့်”

“ကောင်းပါပြီ၊ ကျွန်မကို အရင်ဆုံး အိမ်အလှဆင်ထားတဲ့ ပုံစံကို လိုက်ပြပေးပါ”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ဖုန်းဖြင့် လှည့်ပတ်၍  ရိုက်လိုက်သည်။ ကုကျစ်စုန့်က သူမ လုပ်ဆောင်နေသည်များအား ကြည့်ရုံသာ ကြည့်ကာ ဝင်မစွက်ဖက်ခဲ့ပေ။

ရိုက်ကူးနေချိန်တွင် ပရိတ်သတ်များ တွေ့ရှိခဲ့ရသည်မှာ နစ်နာသူ၏ နေအိမ်သည် နှစ်ထပ် ဗီလာဖြစ်ကာ နောက်ဖေးခြံလည်း ကျယ်ဝန်းလှသည်။ မှတ်ချက်ဧရိယာတွင်တော့ ‘သူဌေးမကြီး’ဆိုသော မှတ်ချက်များသာ အပြည့်ဖြစ်နေခဲ့သည်။

ဓာတ်ပုံများရိုက်ကာ ပို့ပြီးချိန်တွင် ဆယ်မိနစ်အချိန် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ‘အချစ်သည် ဆောင်းဦးဖြစ်၏’ မေးမိသည်။

“တောက်ကျန့် ကျွန်မတို့ရဲ့ မိသားစုမှာ ပြဿနာတစ်ခုခုများ ရှိနေလား”

“ပြဿနာ? ပြဿနာရှိတာပေါ့”

ကုကျစ်စုန့် စကားစသည်။

“ရှင်တို့မိသားစုက အနက်ရောင်သစ်သားကြောင့် သဘာဝသင်္ချိုင်းဖြစ်လုနီးနီးပဲ၊ အဲဒီလိုနေရာမျိုးမှာ နေ,နေလို့ကတော့ သရဲတွေ အိပ်ရာပေါ်မှာ ဖိထားသလိုခံစားရတာမပြောနဲ့၊ သရဲဝင်ပူးခံရပြီးတောင် သေသွားနိုင်တယ်”

‘အချစ်သည် ဆောင်းဦးဖြစ်၏’: “?!!”

ကြည့်ရှုသူများ: “?!!”

“ဒါပေမယ့် ကျွန်မရဲ့အိမ်မှာ အပင်တွေ အများကြီးမရှိဘူးလေ။ ကျွန်မရွေးထားတဲ့ အပင်တွေက မကောင်းဘူးလား?”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ သံသယကြီးစွာ မေးမိသည်။

“ရှင်ရွေးထားတဲ့ အပင်နှစ်ပင်က ကောင်းပါတယ်၊ ပြောရရင် ရှင့်တစ်အိမ်လုံးက အလှဆင်ထားတဲ့အထဲမှ် ကောင်းတဲ့ အပင်ဆိုလို့ အဲဒီနှစ်ပင်ပဲ ရှိတယ်”

ကုကျစ်စုန့် တည်ငြိမ်စွာ မေးလိုက်သည်။

“ရှင်က ဘွန်စိုင်းပင်နဲ့ အစိမ်းရောင် အပင်တွေကို သဘောကျတာလား? ရှင့်ရဲ့ ဧည့်ခန်း၊ ဝရန်တာနဲ့ အိပ်ခန်းထောင့်တွေမှာ အပင်တွေ အများကြီးရှိတာကို မြင်လိုက်ရတယ်”

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ခေါင်းငြိမ့်ကာ ဝန်ခံသည်။

“ဒါဆိုရင် အရင်ဆုံး အစိမ်းရောင်ဘွန်စိုင်းပင်တွေအကြောင်း အရင်ပြောတာပေါ့”

ကုကျစ်စုန့် ‘အချစ်သည် ဆောင်းဦးဖြစ်၏’ ပို့လိုက်သော ပုံအား ဖွင့်လိုက်သည်။ ပုံထဲတွင် သူမ၏ ခင်ပွန်းဟောင်းမှ သူငယ်ချင်းအား စိုက်ခိုင်းလိုက်သည့် အပင်နှစ်ပင်ပုံရှိနေခဲ့သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။

“ဒါက ပေါက်ပန်းပင်နှစ်ပင်ပဲ၊ ဖုန်းရွှေမှာဆိုရင် တချို့အပင်တွေက လူတွေနေတဲ့ အိမ်အနီးအနားမှာ မစိုက်သင့်ဘူးဆိုတဲ့ အပင်တွေ ရှိတယ်၊

ဒီပေါက်ပန်းက အဲဒီအမျိုးအစားထဲမှာ ပါတယ်၊ စကားပုံအရဆိုရင် ‘ပိုးစာပင်ကို အရှေ့မှာမစိုက်ရ၊ မိုးမခကို အနောက်မှာ မစိုက်ရ၊ ခြံဝင်းထဲမှာ သရဲမွေးပြီး လက်ခုပ်မတီးရ”တဲ့၊

ပိုးစာပင်ဆိုတာက ပူဆွေးခြင်းဆိုတာနဲ့ အသံဆင်တယ်၊ သူ့ရဲ့ အရွက်တွေက ကြီးပြီးတော့ အရိပ်ကျတယ်၊ မိုးမခပင်တွေကကျတော့ ကိုင်းခွဲတာများတယ်၊ သူတို့ကို ဝရန်တာလိုနေရာမျိုးမှာ စိုက်လိုက်ရင် အိမ်ရဲ့ ကောင်းတဲ့ဓာတ်တွေကို လမ်းကြောင်းလွဲသွားစေတယ်၊

တစ်ချိန်တည်းမှာပဲ အပင်နှစ်မျိုးလုံးက ပိုးမွှားကပ်လွယ်ပြီး ယင်စွမ်းအင်ကို အလွယ်တကူ စုဆောင်းနိုင်တယ်”

“ ‘သရဲမွေးပြီး လက်ခုပ်တီးတယ်’ဆိုတာက ရှင့်ရဲ့ ခင်ပွန်းဟောင်း ရှင့်အိမ်မှာ စိုက်ခိုင်းတဲ့ ပေါက်ပန်းပင်တွေကို ပြောတာပဲ၊ ပေါက်ပန်းပင်ရဲ့ အရွက်တွေက ကျွတ်ဆတ်ပြီးတော့ လေတိုက်လိုက်ရင် ဆူညံတဲ့ အသံထွက်တယ်၊ အဲဒါက သရဲတစ်ကောင် လက်ခုပ်တီးနေသလိုပဲ

ဒါ့အပြင် သူ့ရဲ့ အရွက်တွေက သရဖူကြီးလို ကြီးထွားလာပြီး လေကို ဆွဲဆောင်တဲ့ အပင်ကြီးမျိုးဖြစ်တာကြောင့် နေရာတကာကနေ ပြဿနာတွေ၊ တိုက်ခိုက်မှုတွေကို ဖြစ်စေတတ်တယ်”

ထိုစကားအား ကြားရသည်နှင့် ‘အချစ်သည် ဆောင်းဦးဖြစ်၏’ ဒေါသအမျက်ထွက်သွားခဲ့သည်။

သူမ နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း စားပွဲခုံကို ထုကာ ဒေါသတကြီးပြောလိုက်သည်။

“သူက လူတွေကိုတောင် ပြောပြလို့မရတဲ့ အောက်တန်းစားနည်းလမ်းတွေကိုတောင် သုံးတဲ့အကောင်ပဲ၊

တောက်ကျန့် ဆက်ပြောပေးပါ၊ သူအခြား ဘယ်လိုကောက်ကျစ်တာတွေ လုပ်ထားသေးလဲဆိုတာကို ကျွန်မ သိချင်တယ်!”

ကုကျစ်စုန့် ကင်မရာကို ကြည့်ရင်းပြောလိုက်သည်။

“အဲ့ဒီအပင်သုံးမျိုးအပြင် အိမ်ထဲမှာ မစိုက်သင့်တဲ့ တခြားအပင်တွေလည်း ရှိသေးတယ်၊ ဒီနေ့ အိမ်ကို အလှဆင်ပန်းစိုက်ချင်တဲ့ ကြည့်ရှုသူတွေအတွက် အဲဒါကို‌ ပြောပြပေးပါမယ်”

တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူအများကတော့ ဤကဲ့သို့သော မှတ်ချက်များသာ ရေးသားထားကြသည်။

[စုန့်စုန့်က ငါတို့ကို အထင်ကြီးလွန်းနေပြီ၊ ငါ့အိမ်လေးက မင်းရဲ့ လက်ဖဝါးလောက်လေးပဲ ရှိတာ ဘယ်နားသွားပြီး အပင်စိုက်ရမလဲ? (ချွေးသုတ်)]

[ငါသဘောပေါက်သွားပြီ၊ ငါမွဲတေနေသရွေ့တော့ ဘယ်သူမှ ငါ့ကို ဒုက္ခမပေးနိုင်တော့ဘူး]

[လက်သီးတောင် ဆုပ်ထားလိုက်မိတယ် လူယုတ်မာကောင်ကို တွယ်ချင်လွန်းလို့!

မိန်းမအပေါ်မှာလည်း ဖောက်ပြန်သေးတယ်၊ ကွာရှင်းမပေးချင်ဘူး၊ ဒီအစ်မက ပိုက်ဆံရှိတာနဲ့တင် နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးချင်နေတာ၊ အန်ချင်စရာကောင်းလိုက်တာ]

ကုကျစ်စုန့်၏ ရှင်းပြချက်များအဆုံးတွင် ကြည့်ရှုသူများ သိရှိသွားခဲ့သည့်အချက်မှာ သဘာဝလွန်ပညာရပ်တွင် ‘ယင်သစ်ပင် ၅မျိုး’ရှိသည်။

“ယင်သစ်ပင်၅မျိုး’သည်ကား ယင်စွမ်းအင်များပြားသော အပင်မျိုးစိတ် (၅)ခုဖြစ်သည်။ ထင်းရှူး၊ ဆိုက်ပရပ်၊ ဆိုဖိုရာ၊ ဖျောက်ဆိပ်နှင့် ဂျူနီပါမျိုးစိတ်တို့ ဖြစ်ကြသည်။

ရှေးစာဆိုများ၊ ကဗျာများနှင့် သီချင်းများတွင်တော့ ထင်းရှူးနှင့် ဆိုက်ပရက်ပင်များသည် မြင့်မားကာ အကြမ်းခံပြီး အကောင်းဆုံးအပင်များအဖြစ် အမွှမ်းတင်ကြသော်ငြား ဖုန်းရွှေပညာတွင်တော့ ထိုမျိုးစိတ်နှစ်ခုသည် အသက်ရှည်သောကြောင့် ယင်စွမ်းအင်အား ပို၍ ဆွဲဆောင်နိုင်ကာ အင်းဆက်ပိုးမွှားများကိုလည်း ဆွဲဆောင်နိုင်သည်။

သဘာဝအတိုင်း အလေ့ကျပေါက်သော အပင်ရိုင်းမျိုးစိတ်များအပြင် ထိုအပင်မျိုးစိတ်နှစ်ခုသည်လည်း ဘိုးဘေးဘီဘင် ခန်းမများမှ ယင်စွမ်းအင်အား ထိန်းသိမ်းကာကွယ်ထားနိုင်သည်။

ဒုတိယအချက်မှာ ထိုအပင်အများစုသည်ကား အရိပ်ကျကာ အရွက်ကြီးသော မျိုးစိတ်များဖြစ်ပြီး ထိုကဲ့သို့သော အပင်များသည်က ရှေးခေတ်များကတည်းက သရဲတစ္ဆေကိန်းအောင်းသည်ဟု သမုတ်ထားသော နေရာများဖြစ်ကြသည်။

နောက်ဆုံး ဖျောက်ဆိပ်နှင့် ဂျူနီပါတို့မှာလည်း အထက်ပါအတိုင်းသာဖြစ်သည်။ သူတို့သည် အလင်းရောင်အား ဖုံးကွယ်ထားနိုင်ပြီး တောတောင်များတွင်သာ တွေ့ရတတ်သည်။

သဘာဝအလျောက်ပင် ယင်စွမ်းအင်အား စုတ်ယူနေသည့် အပင်များဖြစ်သည်။

“အရင်ဆုံး ရှင့်အိမ်မှာရှိတဲ့ အကြီးဆုံးဘွန်စိုင်းပင်က အဲဒီ’ယင်သစ်ပင်ငါးမျိုး’ထဲက တစ်ခုဖြစ်လိမ့်မယ်၊

ဒီအပင်က ဘယ်မျိုးစိတ်ထဲမှာ ပါလဲဆိုတာတော့ ကျွန်မသေချာမသိဘူး၊ ဒါပေမယ့် သူ့ပုံစံကို ကြည့်ရတာတော့ ပြင်ဆင်ထားတာ၊ ဒါမှမဟုတ် နိုင်ငံခြားကနေ တင်သွင်းလာတဲ့ ပုံစံမျိုးပဲ

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ယင်စွမ်းအင်ကို စုဆောင်းတတ်တယ်”

စိတ်ဝင်တစား ကြည့်ရှုနေကြသည့် ပရိတ်သတ်များကလည်း အင်မတန်တက်ကြွနေကာ အပင်မျိုးစိတ်အား စစ်ဆေးကြည့်နိုင်ရန် screenshot များ အသည်းအသန် ရိုက်နေကြသည်။

ထိုအပင်သည်ကား သိပ္ပံအမည် Thuja cypress ဖြစ်သည့် နိုင်ငံခြားဆိုက်ပရပ်ပင် အမျိုးအစားဖြစ်သည်။ အဝါရောင် အရွက်များရှိကာ ၁.၆ မီတာခန့်သာ မြင့်တတ်သည်။ အိမ်တွင်းဘွန်စိုင်းပင်အမျိုးအစား တစ်မျိုးဖြစ်သည်။

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ကြက်သေ,ပင် သေသွားခဲ့သည်။ သူမပုခုံးများလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေပြီး အံကိုကြိတ်ကာ ပြောသည်။

“ကျွန်မသိပါပြီ၊ ပြောပြပေးလို့လည်း ကျေးဇူးပါ တောက်ကျန့်”

“တောက်ကျန့်ကတော့ သိမှာမဟုတ်ပေမယ့် အဲဒီဘွန်စိုင်းပင်က သူ ကျွန်မကို မနှစ်က ခရစ်စမတ်လက်ဆောင်ပေးခဲ့တဲ့ အပင်လေ၊ သူတို့ ဖောက်ပြန်နေတာကို အဲ့အချိန်တုန်းက ကျွန်မ သိတောင်မသိသေးဘူး!”

သူမ ထိုအချိန်ကတော့ အင်မတန် ပျော်ရွှင်ခဲ့ရသည်။ ခင်ပွန်းဖြစ်သူသည်က သူမ ဘွန်စိုင်းပင်များနှင့် ဆောင်းဦးအား နှစ်သက်ကြောင်း သိသောကြောင့် ထိုကဲ့သို့သော ဘွန်စိုင်းပင်အား ခရစ်စမတ်လက်ဆောင်အဖြစ် ရွေးချယ်ခဲ့သည်ဟုပင် ပြောခဲ့သေးသည်။

မမျှော်လင့်ထားစွာပင် သုံးလကြာပြီးနောက် သူမအပေါ်တွင်‌ ဖောက်ပြန်နေကြောင်း သက်သေရှာတွေ့ခဲ့သည်။

ခင်ပွန်းဟောင်း၏ ပစ္စည်းများအား သိမ်းဆည်းထုတ်ပိုး၍ လွှင့်ပစ်ခဲ့သော်လည်း ထိုဘွန်စိုင်းပင်လေးကိုတော့ အိမ်တွင်သာ ထားခဲ့သည်။

ထိုအပင်လေးကပင် တစ်ဖက်လူသည် သူမအား သေချာအကွက်ချ၍ အသက်အန္တရာယ်ပေးရန် ကြံစည်နေကြောင်း သက်သေဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း?

ထိုအချိန်တည်းကပင် သူသည်က သူမအား အသက်အန္တရာယ်ပြုရန် ကြံစည်နေခဲ့ခြင်းပင်!

သို့သော် ဤအရာသည်က မပြီးဆုံးသေးချေ။ သူမ၏ နေအိမ်တွင် ကုကျစ်စုန့် နောက်ထပ် ယင်သစ်ပင်တစ်ပင်အား ထပ်မံရှာတွေ့ခဲ့သည်။

ဘွန်စိုင်းပင်အကြီးအပြင် အခြား ဘွန်စိုင်းပင်အသေးများတွင်လည်း ဖျောက်ဆိပ်ဘွန်စိုင်းများနှင့် ဆိုက်ပရပ်အမျိုးအစားများ များစွာရှိနေခဲ့သည်။

သစ်သားဘောပင်ခွက်များနှင့် စင်ပေါ်တွင် အလှဆင်ထားသည့် စာအုပ်ဒေါက်များသည်လည်း ဆိုက်ပရပ်အသားဖြင့် ပြုလုပ်ထားခြင်းပင်….

ထို့အပြင် အိမ်တွင်ရှိသမျှသော အပင်စိမ်းများအားလုံးသည် ယင်စွမ်းအင်အား သိုလှောင်ထားသည့် အပင်များ ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ယင်စွမ်းအင်အားကောင်းလွန်းလှသော နေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းသည် သင်္ချိုင်းကုန်းတွင် နေထိုင်နေသည်နှင့် အလားတူနေတော့သည်။

ဤနေရာတွင် စုဆောင်းထားသော ယင်စွမ်းအင်များကြောင့် အလားတူယင်စွမ်းအင်များဖြစ်ကြသည့် သရဲတစ္ဆေများကိုလည်း ဆွဲဆောင်နေခဲ့သည်။

‘အချစ်သည် ဆောင်းဦးဖြစ်၏’ ထိုင်နေသော သစ်သားခုံအား ကုကျစ်စုန့် တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

“စကားမစပ် ရှင့်ဧည့်ခန်းထဲက ကော်ဖီစားပွဲနဲ့ ခုံတွေအကုန်လုံးကလည်း ဆိုက်ပရက်အပင်တစ်ပင်လုံးကနေ ထွင်းထားတာတွေပဲ။ အကုန်လုံးက သေသေချာချာပြုလုပ်ထားပြီး အချိန်အကြာကြီး ထိုင်လို့ကောင်းအောင် လုပ်ထားတာ

တစ်ခုပဲ၊ အဲဒီက ယင်စွမ်းအင်က ရှင့်ကိုယ်ထဲကို ကျူးကျော်လာလိမ့်မယ်၊ အချိန်ကြာလာတာနဲ့အမျှ ရှင်က ခြေဖျား၊လက်ဖျားတွေ အေးစက်နေပြီးတော့ ခန္ဓာကိုယ်မှာလည်း လိုအပ်တဲ့ ချီဓာတ်နဲ့ သွေးမလုံမလောက် ဖြစ်လာမယ်”

“ရှင့်ရဲ့ ခင်ပွန်းဟောင်းက တွက်ချက်မှုတွေကို တကယ့်ကြီး အသေးစိတ်ကျပြီး နေရာအနှံ့မှာ ရှိနေအောင် လုပ်ထားတာပဲ”

‘အချစ်သည် ဆောင်းဦးဖြစ်၏’၏ လက်ချောင်းများသည် ကား အေးစက်နေကာ သူမ ချွေးစေးများပင် ပြန်လာခဲ့သည်။

သူမထိုင်နေသည့် သစ်သားစားပွဲနှင့် ကုလားထိုင်များသည် အမှန်တကယ်လည်း ခင်ပွန်းသည်ဝယ်ယူခဲ့သည့် အရာများပင်။ သို့သော် လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ဖြစ်သည်။

သူသည်က သူမအား ထိုအချိန်တည်းက ထိခိုက်စေရန် ကြံစည်နေခဲ့ခြင်းသာပင်။

ထိုခွေးကောင်သည် မည်သည့်အချိန်ကတည်းကများ သူမနောက်ကျောအား ဓားနှင့်ထိုးရန် ကြံစည်နေခဲ့ပါသနည်း?

သူမအပေါ် ဤမျှထိ အသေးစိတ်ကျကျ သတ်ဖြတ်ရန် ကြံစည်နေခဲ့ရအောင်ထိ သူ့အပေါ်တွင် သူမ မည်သည့်အပြစ်များ ကျူးလွန်ခဲ့ပါသနည်း!?

အရှက်မရှိဘဲ သူမအပေါ်တွင် ဖောက်ပြန်သည့်အပြင် သူမအား မကောင်းကြံနိုင်သည့်အထိ ယုံကြည်မှု ရှိနေသေးသည်!

*

All Chapters