← Chapters

မီးစာကုန်ခမ်းခြင်း(4)

Vol. 20 Ch. 198

မီးစာကုန်ခမ်းခြင်း(4)

Vol. 20 Ch. 198

‘အချစ်သည် ဆောင်းဦးဖြစ်၏’ အနည်းငယ် တုန်လှုပ်သွားသည်။

“ကျွန်မ ခန္ဓာကိုယ်ကို ထိခိုက်နေနှင့်ပြီလား?”

“အဲဒီလိုမဟုတ်ပါဘူး၊ ရှင့်ယောင်္ကျားက တော်တော်လေးကို ဉာဏ်များတဲ့သူပဲ၊ ရှင့်လိုမျိုး မျက်လုံးထဲမှာ မကောင်းတဲ့ အမှိုက်သရိုက်မျိုးကိက ဘယ်လိုမှ သည်းမခံနိုင်တဲ့ သူတစ်ယောက်က သူနဲ့ ချက်ချင်းမကွာရှင်း၊ လမ်းမခွဲတဲ့ အကြောင်းအရင်းက ဘာလို့များလဲ?

သူ ဖောက်ပြန်နေတဲ့ သက်သေတွေကို ရှင့်မျက်လုံးနဲ့ ဆက်ဆက်မြင်ပြီးတာတောင်မှလေ? ပြီးတော့ တိုင်လည်း မတိုင်ခဲ့ဘူးပေါ့?”

ကုကျစ်စုန့်၏  စကားများနောက်မှ အဓိပ္ပာယ်ကို ‘အချစ်သည် ဆောင်းဦးဖြစ်၏’ သဘောပေါက်သွားပြီး မယုံကြည်နိုင်စွာ မေးမိသည်။

“မဟုတ်မှလွဲရော ဒါကလည်း အဲဒီအောက်တန်းစားကောင်ရဲ့ စနက်ပဲလား?”

သူမ သေချာပြန်တွေးမိချိန်တွင် အမှန်ဖြစ်နေကြောင်း သဘောပေါက်သွားသည်။

သူမ ထိုလူ့အမှိုက်အား ကွာရှင်းမည်ဟု တွေးမိတိုင်း မနက်ခင်းတွင် စိတ်ကို အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်ပါစေ၊ ညတိုင်းတွင် အတိတ်က ပျော်ရွှင်ခဲ့ရခြင်းများ၊ နူးညံ့ခြင်းများကို ပြန်လည်အောက်မေ့သတိရလာတတ်သည်။

ထို့နောက် ကလေးများအတွက် အစရှိသည့်အကြောင်းအရာများ တွေးမိတတ်သည်။

တဖြည်းဖြည်း သူမသည်က တစ်ဖက်လူနှင့် ငြင်းခုန်ရသည်ကိုပင် စိတ်ကုန်လာခဲ့သည်။

တစ်ခါတစ်ရံတွင် ထိုအမှိုက်ကောင်ထံမှ ဖုန်းရတတ်ပြီး စကားများမှာလည်း အမြဲလိုလို တောင်းပန်နေခြင်းသာဖြစ်သည်။ သူသည် ထိုအချိန်က အတွေးမှားသွားကြောင်း၊ ခဏတာ စွဲလမ်းမှုသာဖြစ်ကြောင်း ပြောတတ်ကာ သူမထံမှ ခွင့်လွှတ်မှုတောင်းဆိုတတ်သည်။

ထိုသို့ တောင်းဆိုချိန်တိုင်းလည်း  သူမ စိတ်ပျော့သွားတတ်သည်။

*

ဤကိစ္စများ ဖြစ်ပျက်နေခဲ့သည်မှာ နှစ်ဝက်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း သူတို့ ကွာရှင်းစာချုပ်တွင် လက်မှတ်မထိုးရသေးပေ။

ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။

“သူက ရှင် ဒီကိစ္စတွေကို ဖော်ထုတ်လိုက်မှာကြောက်နေတာလေ၊ ဒါပေမဲ့ ရှင့်ကိုလည်း တိုက်ရိုက်လာပြီးတော့လည်း ရန်မလုပ်ရဲဘူး၊

ဒီတော့ မရိုးသားတဲ့ နည်းလမ်းတွေသုံးပြီး ရှင့်ကို အချစ်ဆိပ်လိုမျိုး ဆေးတိုက်ထားတာပဲ၊ ကျွန်မက အဲဒီနေရာမှာတော့ ကျွမ်းကျင်တဲ့သူမဟုတ်ဘူး၊

အဲဒီအစီအရင်က ရှင့်ရဲ့ စိတ်ခံစားချက်တွေပေါ်မှာ သက်ရောက်မှုရှိပြီး ရှင့်စိတ်ကို ရှုပ်ထွေးစေတာပဲ”

“ရှင်သာ အဆုံးထိ တင်းခံမနေခဲ့ဘူးဆိုရင်၊ ရှင်သာ စိတ်ဓာတ်ပြင်းထန်တဲ့ သူမဟုတ်ခဲ့ဘူးဆိုလိုကတော့ အဲ့

ဒီအစီအရင်ရဲသ လွှမ်းမိုးတာခံရပြီး ဦးနှောက်ဆေးခံလိုက်ရတာကြာလောက်ပြီ၊

ရှင်က သူဖောက်ပြန်တာကိုလည်း လက်ခံပေးမယ်၊ ပြီးရင် သူနဲ့ ပြန်ပေါင်းဖက်လိမ့်မယ်၊ အချိန်ကြာတာနဲ့အမျှ သူ့ကို ပို,ပို ချစ်ခင်လာပြီးတော့ နောက်ဆုံးကျရင် ရှင့်ရဲ့ အသိစိတ်အကုန်လုံး သူရဲ့ဖျက်ဆီးမှုကြောင့် ပျက်စီးရလိမ့်မယ်”

သူမ ‘အချစ်သည် ဆောင်းဦးဖြစ်၏’အား ပထမဆုံးတွေ့လိုက်ရချိန်တွင် ခန္ဓာကိုယ်ပေါ်မှ ယင်စွမ်းအင်များအပြင် အိမ်ထောင်ရေးနန်းတော်တွင်လည်း အရိပ်တစ်ခု ဖုံးလွှမ်းနေခဲ့သည်။

ယခင်အချိန်ကတည်းမှ ပျက်စီးရမည့် ကြင်ဖက်လမ်းကြောင်းတစ်ခုသည်က အဆုံးစွန်ထိ ကုတ်တွယ်နေခဲ့သည်။

သူမ၏ စိတ်ဓာတ်ပြင်းထန်ပုံမျိုးနှင့်ဆိုပါလျှင် ဤမျှထိ ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေမည် မဟုတ်ပေ။

တစ်ခုခု လွဲနေပြီဖြစ်ကြောင်းကို ကုကျစ်စုန့် ခံစားမိလိုက်သည်။

ထိုအရိပ်သည်ကား အဆိပ်ပြင်းသည့် ပိုးမွှားမျိုးမဟုတ်ပေ။ ကုကျစ်စုန့် ခန့်မှန်းမိသည်မှာ မကောင်းသည့်အစီအရင်တစ်ခု သို့မဟုတ် သူမ ယခင်က မမြင်ခဲ့ဖူးသည့် နယ်ခြားပညာတစ်ခုက ‘အချစ်သည်ဆောင်းဦးဖြစ်၏’ ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်နေခဲ့ခြင်းသာ ဖြစ်ရမည်။

တစ်ဖက်လူသည်က ထိုနည်းလမ်းအား အသုံးပြုကာ သူမ၏ ကိုယ်ပိုင်ရပ်တည်နိုင်သော စိတ်ဓာတ်အား ရိုက်ချိုးပြီး သူ့၏အကြံ အောင်မြင်စေရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ယုတ်ညံ့သော စိတ်ဓာတ်ကြောင့် ကုကျစ်စုန့် အနည်းငယ်ပင် ရွံရှာမိသည်။

ပြန်လည်းတွေးလိုက်ပြီးနောက် သူမ သတိထပ်ပေးလိုက်သည်။

“ဒီ အစီအရင်ပျက်သွားပြီဆိုတာနဲ့ လုပ်တဲ့သူတွေက အနည်းနဲ့အများတော့ တန်ပြန်သက်ရောက်မှုခံရလိမ့်မယ်၊ ပြီးတော့ ရှင်သိသွားပြီဆိုတာကိုလည်း သူတို့ သဘောပေါက်သွားလိမ့်မယ်၊ အခုတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် သူတို့ နာမည်ပျက်မှာတော့ အမှန်ပဲ”

“ရှင့်ရဲ့ ခင်ပွန်းသည်က ကိုယ်တိုင်အစွမ်းအစမရှိပေမယ့် ကောက်ကျစ်တယ်၊ သူနဲ့အတူ ဖောက်ပြန်ခဲ့တဲ့သူက သဘာဝလွန်ပညာကို သိတဲ့သူတွေထဲကပဲ ဖြစ်ရမယ်၊

သူတို့နှစ်ယောက်လုံးပေါင်းပြီး ချောင်ပိတ်မိနေတဲ့အချိန်မှာ ဒေါသတကြီးနဲ့ ရှင့်ကို လက်တုံ့ပြန်ဖို့လည်း ကြိုးစားကြမှာပဲ၊ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားပြီး ကာကွယ်ရေးအဆောင်တွေ များများ ဝယ်ထားတာကောင်းလိမ့်မယ်”

“ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့အစီအရင်တွေများ မိနေသလားဆိုတာကို မကြာခဏ စစ်,စစ်ပေးသင့်တယ်”

‘အချစ်သည်ဆောင်းဦးဖြစ်၏’ မျက်နှာမှာ ပင်ပန်းနေခဲ့ပြီး ရင်ထဲတွင် အော်ဂလီဆန်ကာ ပျို့အန်တော့မည့်အလား ခံစားနေခဲ့ရသည်။

ဤအချိန်တွင် ထိုလူအား သူမ၏ ရွံရှာမုန်းတီးစိတ်သည်က အဆုံးစွန်ထိ ရောက်ရှိနေပြီဖြစ်ကာ ခေါင်းကို ငြိမ့်သည်။

“ကောင်းပါပြီ၊ ကျွန်မကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်၊ တိုက်ရိုက်ထုတ်လွှင့်မှုပြီးတာနဲ့ အနီးအနားက ဘုန်းကြီးကျောင်းကို သွားပြီး စစ်ဆေးလိုက်ပါမယ်၊ တကယ်လို့ အဲ့ဒီက တောက်ကျန့်က မလုပ်ဆောင်နိုင်ရင်တော့ ကျွန်မကို ထပ်ပြီး ကူညီပေးလို့ ရနိုင်မလား?”

ကုကျစ်စုန့် ခေတ္တမျှ တွေးလိုက်ပြီးနောက် ခေါင်းငြိမ့်သည်။

“ရပါတယ်၊ ပရိုဂရမ်အဖွဲ့ကိုသာ တိုက်ရိုက်ဆက်သွယ်လိုက်ပါ”

သူမလည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။

“တကယ်ကို ကျေးဇူးတင်ပါတယ် တောက်ကျန့်. ဒါဆို ကျွန်မ ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး”

စကားဆုံးသည်နှင့် သူမက ဗီဒီယိုကောအား ပိတ်လိုက်ကာ မျက်နှာပြင်လည်း မှောင်ကျသွားတော့သည်။

[အဆိပ်ပြင်းလိုက်တာ၊ သူတို့က သစ်ပင်ပန်းမာန်တွေကိုတောင် သုံးပြီး အစီအရင်ချသေးတယ်၊ ငါသာဆိုရင်တော့ အဲဒီပေါက်ပန်းနှစ်ပင် ထူးဆန်းနေမှန်းလည်း သတိထားမိမှာမဟုတ်ဘူး

အဲ့လူတွေလက်ချက်နဲ့တင် သေမှာပဲ၊ နောက်မှရောက်လာမယ့် ရဲတွေကလည်း ငါတော့ ကောက်ခါငင်ခါ အသက်ထွက်သွားတာလို့ပဲ ထင်ကြမှာပဲ]

[အပေါ်က ကျဲကျဲပြောတာအမှန်ပဲ၊ အဲဒီယောင်္ကျားက အဆိပ်ပြင်းလွန်းပါတယ်၊ အခုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ကျဲကျဲတို့၊ မိန့်မိန့်တို့ အားလုံးကိုလည်း ထပ်ပြီး သတိပေးချင်ပါတယ်၊

မာမားဘွိုင်းတို့ ဖီးနစ်ငှက်လိုယောကျ်ားတို့များ တွေ့ရင် ဝေးဝေးရှောင်၊ လှည့်မကြည့်နဲ့ ပြေးသာပြေး!]

[မဟုတ်သေးပါဘူး၊ တကယ်ကြီးကို အဲဒီကောင်ရဲ့ ဦးနှောက်က တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ့မှာ ထက်မြက်၊ ချမ်းသာပြီး စိတ်ထားကောင်းတဲ့ မိန်းမရထားတာလေ၊

ဒီကျဲကျဲက အရင်ဘဝက ကုသိုလ်ကောင်းမှုအများကြီးလုပ်ခဲ့လို့ ဒီဘဝမှာ အကျိုးခံစားရတာ၊  ဒါတောင် ဒီကောင်က တန်ဖိုးထားရကောင်းမှန်းမသိသေးဘူး?]

[အခု ‘ဝိဉာဉ်ရေးရာ’အစီအစဉ်က တော်တော်လေးကို အဆင့်မြင့်လာတော့ မကောင်းတဲ့အကောင်တွေ သဘာဝလွန်ပညာကို သုံးပြီး မဟုတ်တာတွေ လုပ်နေကြတာတွေက တော်တော်လေး ပေါ်လာတာပဲ

အရင်တုန်းက ဒီလိုပဲ သက်သေရှာမရ၊ လက်ညှိုးထိုးစရာလူမရှိဘဲ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကိုရော ပြန်ပြီး ဖော်ထုတ်လို့ မရဘူးလားနော်?]

[သူတို့အဖြစ်အပျက်တွေကို လိုင်းပေါ်တင်လိုက်ကြပြီ၊ အခုထိပ်တန်းရှာဖွေမှုတောင်ရောက်နေပြီ၊ ဟိုအပုတ်ကောင်ရဲ့ အချက်အလက်တွေလည်း အကုန် ပေါ်နေပြီ]

အွန်လိုင်းမှ ကြည့်ရှုသူများသည်လည်း အချက်အလက်သက်သေများအား စုဆောင်းကာ လူ့အမှိုက်ကောင်အား တိုင်ကြားပြီးဖြစ်သည်။

ကုကျစ်စုန့်က အခြားနေရာတွင် မည်မျှဆူပွက်နေသည်ကို အာရုံမထားချေ။ အချိန်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။

အချိန်သည်က ဆယ်နာရီခန့်သာ ရှိသေးသောကြောင့် သူမ အလုပ်ဆင်းရန်အတွက်‌ စောလွန်းနေသေးသည်။

ထိုအပြုအမူလေးအား တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသော ပရိတ်သတ်များကလည်း မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

[ဒီအမျိုးသမီးက နာရီကြည့်နေတာပဲ! သူမ အလုပ်ဆင်းချင်နေတာ။ ကုကျစ်စုန့်.. အစ်မကြီးက ပရော်ဖက်ရှင်နယ်မဆန်လိုက်တာနော် (လက်ညိုးထိုး)]

[စုန့်စုန့် ထွက်မပြေးနဲ့နော်၊ ငါပြဿနာရှာမှာ!]

ကုကျစ်စုန့် ချောင်းဟန့်လိုက်ပြီးနောက် သူမအား ဆူပူနေသည့် မှတ်ချက်များကို မမြင်ချင်ယောင်ဆောင် ကျော်သွားကာ ကျန်သည့် သဘာဝလွန်မေးခွန်းများအား ဆက်ဖြေပေးနေခဲ့သည်။

“မှန်တယ်၊ ‘ယင်သစ်ပင်၅မျိုး’ကို အိမ်မှာမစိုက်တာတော့ အကောင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါကို ယင်တည်နေရာတွေမှာတော့ စိုက်ပျိုးသင့်တယ်။ ဒါက ဘိုးဘေးအဆောက်အဦကို အားဖြည့်ပေးတာနဲ့ အတူတူပဲ”

“အိပ်ရာ နေရာထားတာက အိမ်ရဲ့အခြေအနေ၊ ပြတင်းပေါက်ကနေ မြင်နေရတဲ့ ရှုခင်းအခြေအနေနဲ့‌တောင် ပြောင်းလဲနိုင်တယ်။ ဒါမှ ဖုန်းရွှေကို စုပေါင်းနိုင်မှာလေ၊ ဘာပဲဖြစ်ဖြစ် တံခါးကိုတော့ မျက်နှာမမူရဘူး..”

ထိုအချိန်တွင် နောက်ထပ် ထူးဆန်းသော မှတ်ချက်တစ်ခု ကုကျစ်စုန့် မျက်စိအောက်တွင် မြင်လိုက်မိပြန်သည်။

‘လေပြေသရဖူ’: [မင်္ဂလာပါ စုန့်စုန့်။ ကျွန်တော် သဘာဝလွန်ပြဿနာတစ်ခုခုနဲ့ ကြုံနေရလို့ပါ၊ ကျွန်တော့်ကို ကူညီပေးလို့ ရမလား?]

ထိုမှတ်ချက်က ရောက်လာသည်နှင့် ချက်ချင်းအောက်တွင် replyများ ပေါ်လာခဲ့သည်။

[‘လေပြေသရဖူ’? ဒါက ငါသိတဲ့ ဝက်ဆိုက်တစ်ခုရဲ့ ပိုင်ရှင်မဟုတ်ဘူးလား? ဒါမှမဟုတ် သူ့နာမည်ကို အတုခိုးထားတာလား?]

[ငါ လေပြေသရဖူရဲ့ ချန်နယ်ကို သွားကြည့်လိုက်ရမလား? ဒီအကောင့်ကို ချိတ်ထားတဲ့ လင့်ရှိမရှိလေ?]

မှတ်ချက်ရေးသားသူမှ ပြန်စာရောက်လာသည်။

‘လေပြေသရဖူ‘: [ကျွန်တော်ပါ (အားနည်းသည့်အပြုံး)]

ကုကျစ်စုန့်:

“’လေပြေသရဖူ’ဆိုတဲ့ ကြည့်ရှုသူရှိလား? ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်မကို သေချာပြောပေးလို့ရမလား?”

သူမ အသံဆုံးသည်နှင့် ထိုဝက်ဘ်ဆိုက်အား သိကြသည့် ကြည့်ရှု့သူများ အံ့အားသင့်သွားပြီး “???” များက မှတ်ချက်ဧရိယာတွင် ပေါ်လာခဲ့သည်။

တချို့ဆိုလျှင် သူ့အား မသိသူများအတွက် ထိုဝက်ဘ်ဆိုက်၏ အကြောင်း ရှင်းပြနေသေးသည်။

[ဘုရားရေ၊ ဒါက ‘လေပြေသရဖူ’ပဲ၊ သူက အဲဒီမြို့နယ်မှာဆိုရင် ထူးဆန်းတဲ့ အရာတွေကို လေ့လာလို့ နာမည်ကြီးဘလော့ဂါလေ၊ သူ့မှာ ပရိတ်သတ်လည်း သန်းဂဏန်းလောက်ရှိတယ်၊ ပုံမှန်ဆိုရင်တော့ ပြင်ပစွန့်စားမှုဗီဒီယိုတွေ တင်တာများပေမယ့် တစ်ခါတစ်လေကျရင်တော့ သူက ထူးဆန်းတာတွေ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေလည်း သွားတတ်တယ်၊

သူ့ဗီဒီယိုတွေက တော်တော်လေးတော့ မိုက်တယ်၊ လူမနေတဲ့ လမ်းကြား၊တောင်ကြားတွေတို့ လူသားစားတတ်တယ်ဆိုတဲ့နေရာတွေတို့ သွားတာ၊ ကြည့်ရတာရှယ်ပဲ]

*

All Chapters