← Chapters

ကိုလာသီးတိုက်စစ်!

Vol. 68 Ch. 1007

ကိုလာသီးတိုက်စစ်!

Vol. 68 Ch. 1007

ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာန_

ချင်လင်တစ်နေရာရောက်သောအခါ လီခိုင်က စိုက်ပျိုးရေးဌာနမှယွီရွှေ့တို့အား ဖရဲသီးများစိုက်ရန်ညွှန်ကြားနေသည်။

"မန်နေဂျာယွီ... ဒီအကွက်မှာ ဒီအကွာအဝေးအတိုင်းပဲ''

လီခိုင်က ယွီရွှေ့အား မြေပေါ်တွင်အတိုင်းအတာပြနေသည်။

"ပါမောက္ခလီခိုင်... ကျွန်တော်နားလည်ပါပြီ!''

ယွီရွှေ့ကတက်တက်ကြွကြွခေါင်းညိမ့်ပြသည်။

လီခိုင်ညွှန်ကြားသည်ကို သူကိုယ်တိုင်လုပ်ရမည်။ ဒီစမ်းသပ်စိုက်ခင်းကရလဒ်တွေထွက်လာရင် နောက်နောင်သတင်းထဲပါဖို့အခွင့်အရေးရှိသည်။

ချင်းလင်ဆန်ကြောင့် သတင်းထဲတစ်ခါပါခဲ့ပြီ။ ထိုသတင်းဗီဒီယိုတွေကိုသူသိမ်းထားသည်။

သူတို့စိုက်နေတာ သာမန်ဖရဲသီးမဟုတ်။ အချိန်ရာသီကန့်သတ်ချက်မရှိသောသုံးရောင်စပ်ဖရဲမျိုးစေ့ဖြစ်သည်။

ချင်လင်ဂိမ်းထဲမှထုတ်လာသောသုံးရောင်စပ်ဖရဲမျိုးပင်။ မျိုးစေ့ကိုထိန်းချုပ်ရခက်သောကြောင့် ကြော်ငြာဖို့မဖြစ်နိုင်။ အလွယ်တကူမျိုးစေ့ရသွားနိုင်သည်။

သို့ဖြစ်၍ သူဝယ်လာသောသုံးရောင်စပ်ဖရဲမျိုးစေ့အားလုံးကို ချင်းလင်ဓာတ်ခွဲခန်းတွင် အစေ့လွတ်သုံးရောင်စပ်ဖရဲမျိုးစမ်းသပ်ပျိုးထောင်ရန်ပေးလိုက်သည်။

နောက်ပြီး လီခိုင်က သူ့အပူချိန်နိမ့်မျိုးစိတ်နည်းပညာကို သုံးရောင်စပ်ဖရဲသီးမှာအသုံးချသည်။

သို့ဖြစ်၍ အပူချိန်နိမ့်မျိုးစိတ်နည်းပညာအကူအညီနှင့် သုံးရောင်စပ်ဖရဲမျိုးက ရာသီမရွေးသောအစေ့လွတ်ဖရဲမျိုးဖြစ်လာသည်။

ဒီဖရဲသီးတစ်သုတ်စိုက်ရရင် စံအိမ်မှာရောင်းနိုင်သည်။ အရေးအကြီးဆုံးက ပျိုးထောင်သောမျိုးစေ့ပင်။

ရှေ့လျှောက်သုံးရောင်စပ်ဖရဲသီးက ချင်းလင်ဖရဲသီးများထဲတွင် အထူးထုတ်ကုန်ဖြစ်လာမည်။

"ညီလေးချင် ရောက်ပြီလား... ဒီမျိုးစေ့ကိုကြည့်ပါဦး!''

လီခိုင်က ချင်လင်ကိုမြင်မြင်ချင်းနှုတ်ဆက်သည်။

"အစ်ကိုလီ ခဏ''

ချင်လင်က လီခိုင်ကိုပြုံးပြုံးနှင့်ပြောသည်။ လီခိုင်မတုံ့ပြန်နိုင်ခင် သူကဖုန်းထုတ်ပြီး လီခိုင်ပုံနှစ်ပုံရိုက်လိုက်သည်။

လီခိုင်ကြောင်ပြီး တောင့်တင်းသွား၏။

ချင်လင်ကဖုန်းပြန်သိမ်းပြီး လျှောက်လာကာ မျိုးစေ့များကိုကြည့်လိုက်သည်။

အစေ့လွတ်သုံးရောင်စပ်ဖရဲမျိုးစေ့က ရာသီချိန်ကန့်သတ်ချက်မရှိ။ ချင်းလင်ဖရဲမျိုးစေ့ထက်ပိုကြီး၍ ခွဲရလွယ်သည်။

"ဥက္ကဌချင်!''

ယွီရွှေ့က ချင်လင်ကိုမြင်ပြီး အမြန်နှုတ်ဆက်သည်။

"အင်း!''

ချင်လင်ကခေါင်းညိမ့်ပြပြီး လီခိုင်ဘက်လှည့်ကာ_

"အစ်ကိုလီ... ကောင်းတာတွေပျိုးထောင်ထားပြန်ပြီ... အချိန်ကျရင် သုံးရောင်စပ်ဖရဲသီးကို အားလုံးအံ့ဩသွားလိမ့်မယ်''

ဖရဲသီးထဲတွင် အရောင်သုံးရောင်၊အရသာသုံးမျိုးပါသည်။ အရင်ကဘယ်သူမှတွေးတောင်တွေးရဲမည်မဟုတ်!

လီခိုင်ကအံကြိတ်ပြီး ချင်လင်နားရောက်လာကာ အသံတိုးတိုးနှင့်_

"ညီလေးချင်... ငါတို့ကြားမှာ ဒါမျိုးတွေပြောနေစရာမလိုပါဘူး... ဒါအထူးမြေကြီးကြောင့်ဆိုတာ ငါတို့သိပြီးသားပဲ''

"ဘာအထူးမြေကြီးလဲ? အစ်ကိုလီ... အဲဒါခင်ဗျားလုပ်တဲ့အထူးမြေဩဇာကြောင့်မလား?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်_

"ရန်သုံ့ ယွီရွှေ့.. သုတေသနတက္ကသိုလ်ကတခြားသုတေသနသမားတွေရော အဲလိုထင်ကြတာ''

လီခိုင် ချက်ချင်းကြောင်သွားသည်။

ညီလေးချင်က ဘာသဘောလဲ?

ဒါဆင်ခြေသက်သက်မလား?

သူတို့နှစ်ဦးစကားပြောနေစဉ် ရှန်လီဖုန်းဝင်လာသည်။ ဖုန်းကိုင်ကိုင်ချင်း တစ်ဖက်ကလောလောနှင့်_

"ဥက္ကဌချင်... မြန်မြန်.. သတင်းကြည့်လိုက်ပါဦး... ကိုလာကုမ္ပဏီနှစ်ခုလုံး သတင်းမှာပါလာတယ်... သူတို့ထဲပါတဲ့ကင်ဆာဓာတ်တွေက များနေတယ်တဲ့''

"ဘယ်လိုဖြစ်တာလဲ? ယွမ်ချီတောကလူတွေလက်ချက်လား?''

ချင်လင်က ဇဝေဇဝါနှင့်မေးသည်။

"မဟုတ်ဘူး! အစက ယွမ်ချီတောလက်ချက်မှတ်နေတာ''

ရှန်လီကအမြန်ရှင်းပြသည်_

"ဒါပေမဲ့ စုံစမ်းကြည့်တော့ အဲလိုမဟုတ်ဘူး... လျိုအန်းဝေဆိုတဲ့အကျဉ်းသားတစ်ယောက်ကလုပ်တာ''

"ဘယ်လို?''

သူ့စကားကြောင့် ချင်လင်နည်းနည်းကြောင်သွားသည်။

ထောင်ကထွက်လာတဲ့အကျဉ်းသားတစ်ယောက်နဲ့ ဘယ်လိုပတ်သက်နေတာလဲ?

ရှန်လီကဆက်ရှင်းပြသည်_

"ကျွန်တော်စုံစမ်းကြည့်တော့ အဲဒီလျိုအန်းဝေက စမ်းသပ်ကုမ္ပဏီတစ်ခုမှာပါမောက္ခတဲ့... လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိုလာနှစ်မျိုးမှာကင်ဆာ​ဖြစ်စေတဲ့ဓာတ်တွေအများကြီးပါတယ်လို့တင်ပြခဲ့တဲ့တစ်ယောက်ပေါ့... အဲဒါကြောင့် အားလုံးသိကုန်တာပဲ''

"ဒီဖြစ်ရပ်ကြောင့်ပဲ ကိုလာကုမ္ပဏီနှစ်ခုကအပြောင်းအလဲကြုံခဲ့ရတယ်... သက်ဆိုင်ရာဌာနတွေကလည်း ကိုလာစက်ရုံနှစ်ရုံကထွက်တဲ့ထုတ်ကုန်တွေကို အစစ်အဆေးများခဲ့တယ်... ပြီးတော့ သူတို့ကဒီကိစ္စကိုဖုံးကွယ်ဖို့ ပိုက်ဆံအများကြီးသုံးတယ်... စူပါစတားတွေအများကြီးနဲ့ကြော်ငြာတယ်''

"လျိုအန်းဝေကိုတော့ စမ်းသပ်ချက်မှားယွင်းမှုနဲ့ လေးငါးနှစ်ထောင်ချခံရတယ်... သူကလက်တုံ့ပြန်တာဖြစ်မယ်''

"နောက်နေတာလား?''

ချင်လင်ကနားထောင်ရင်း တစ်ခုခုမှားနေသလိုခံစားရသည်။

သူသာပိုက်ဆံလိုချင်ရင် ကိုလာကုမ္ပဏီနှစ်ခုကိုခြိမ်းခြောက်လိုက်ရုံပဲ။ အဲဒါပိုက်ဆံပိုမရဘူးလား? နောက်ကျ စွန့်စားစရာမလို။

ရှန်လီကဆက်ပြောသည်_

"ဥက္ကဌချင်... အဲဒါကအရေးမကြီးဘူး... အဓိကက အရင်လေးငါးနှစ်နဲ့မတူဘူး... လွန်ခဲ့တဲ့ ၁၀ နှစ်က ဘာမဆိုဖုံးကွယ်ဖို့လွယ်တယ်... အခုက အင်တာနက်ခေတ်ဖြစ်နေပြီ... ဒီတင်ပြချက်ထွက်တာနဲ့ အင်တာနက်တစ်ခုလုံးပြန့်သွားမှာ''

"လျိုအန်းဝေက ပြည်တွင်းကဆိုင်တွေတဝက်လောက်ကိုလျှောက်သွားရင်း အချိန်တစ်နှစ်ကုန်ခဲ့တာ... သူက ကိုလာနမူနာတွေယူပြီးစမ်းသပ်တယ်... ကိုလာ ၆၀% လောက်က ကင်ဆာ​ဖြစ်စေတဲ့ဓာတ်တွေမြင့်နေတုန်းပဲ''

"အဲဒါကြောင့် ယွမ်ချီတောကလှုပ်ရှားစရာမလိုတာ... ကိုလာကုမ္ပဏီနှစ်ခုဒုက္ခရောက်လိမ့်မယ်... ပြီးတော့ ယွမ်ချီတောကလည်း ဒီအခွင့်အရေးကိုလက်လွတ်ခံမှာမဟုတ်ဘူး... အနာပေါ်ဆားဖြူးမှာပဲ... အဲဒီအချိန်ကျရင် ကျွန်တော်တို့ကိုလာသီးကလှုပ်ရှားဖို့အချိန်ကောင်းပဲ''

"ကျွန်တော်တို့ကိုလာသီးက မမှည့်သေးဘူးမလား?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

ရှန်လီက ချက်ချင်းပင်_

"စောစောကပဲ မြောက်ပိုင်းစီရင်စု ရှင်းယွမ်ဖျော်ရည်ဆီကသတင်းရတယ်... သူတို့စိုက်ထားတဲ့ကိုလာသီးကမှည့်ပြီ... အရင်ကြော်ငြာလို့ရတယ်... တခြားနေရာကကိုလာသီးတွေ အမီလိုက်လာလိမ့်မယ်... ဥက္ကဌချင်.. သူတို့က အင်တာနက်ကနေ live လွှင့်ပြတာ... လာကြည့်ချင်လား?''

"ကောင်းပြီ... ကျွန်တော်အခုချက်ချင်းလာမယ်''

ချင်လင် မငြင်း။

ကိုလာသီးက အစွမ်းထက်လက်နက်။ အခုရပြီဆိုတော့ သူတစ်ချက်သွားကြည့်ချင်သည်။

All Chapters