ကိုလာသီးတိုက်စစ်! ၂
Vol. 68 Ch. 1008
"အစ်ကိုလီ... နောက်မှပြောမယ်''
ချင်လင်ကဖုန်းချပြီး လီခိုင်နှင့်စကားနည်းနည်းပြောကာ စိုက်ခင်းအပြင်ထွက်လာသည်။ ချင်းလင်ဓာတ်ခွဲခန်းဘက်ဦးတည်လာကာ ရှန်လီနှင့်မာတီမီဒီယာခန်းထဲတွင်တွေ့သည်။
ရှန်လီရှေ့တွင် Live ဖွင့်ထား၏။
ဗီဒီယိုတစ်ဖက်တွင် တောင်တန်းများပေါ်ဖြန့်ကျက်စိုက်ထားသောအဆုံးမဲ့သီးနှံစိုက်ခင်းကြီးရှိသည်။
စိုက်ခင်းထဲတွင် ဇီးပြာသီးနှင့်တူသောအသီးများစိုက်ထားပြီး တစ်ပင်လုံးပြွတ်ခဲနေသည်။
စိုက်ခင်းအားလုံး ကိုလာပင်များပြည့်နေ၏။
လမ်းတစ်ဖက်၌ မြောက်ပိုင်းစီရင်စုတွင်တိတ်တဆိတ်စိုက်ရန်စာချုပ်ချုပ်ထားသောရှင်းယွမ်ကုမ္ပဏီကိုလာသီးရုံးရှိသည်။
အဆုံးမဲ့ကိုလာသီးအခင်းကြီးကိုကြည့်ရင်း ချင်လင်ကပြီးမြောက်အောင်မြင်သလိုခံစားရသည်။
ကိုလာသီးရရချင်း သူမျှော်လင့်ခဲ့သောအတိုင်းပင်။
အခုဒီမြင်ကွင်းမျိုးမြင်ရပြီ။
ဒီတစ်ခါ ကိုလာကုမ္ပဏီနှစ်ခုနာလန်ထူနိုင်မည်မဟုတ်တော့။
အရည်အသွေး ၂ ကိုလာသီးမှာ အရသာ +၂၊ စားကောင်းခြင်း +၂၊ လန်းဆန်းစေခြင်း +၂၊ ရေငတ်ပြေစေခြင်း +၂ ရထားသည်။ အခုကျယ်ကျယ်ပြန့်ပြန့်စိုက်ပြီး အရည်အသွေး ၁ ကျသွားရင် အရသာ +၁၊ စားကောင်းခြင်း +၁၊ လန်းဆန်းစေခြင်း +၁၊ ရေငတ်ပြေစေခြင်း +၁ ရှိဦးမည်။
ဒါ ကိုလာကုမ္ပဏီနှစ်ခုမယှဉ်နိုင်။
ဗီဒီယိုရွှေ့လိုက်လျှင် စိုက်ခင်းအခြေအနေအတိအကျကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဇီးပြာသီးများပြွတ်သိပ်နေသည်ကိုမြင်ရမည်။
"ဥက္ကဌချင်!''
ရှန်လီက ချင်လင်ကိုမြင်ပြီး ချက်ချင်းနှုတ်ဆက်သည်။
“အင်း!”
ချင်လင်ကခေါင်းညိမ့်ပြီး ဗီဒီယိုအတူတူကြည့်ကြသည်။
……
မြောက်ပိုင်းစီရင်စု_
ကိုလာသီးစိုက်ခင်း_
စွန်းရှိုမှာ လူတစ်ခုကို ကိုလာသီးစိုက်ခင်းထဲခေါ်သွားနေသည်။
ဖျော်ရည်အသစ်ပင်ရင်းသူဌေးတစ်ဦးအနေနှင့် အင်တာနက်ပေါ်မှကိုလာကုမ္ပဏီနှစ်ခုအကြောင်း သတင်းများကိုအာရုံစိုက်ထားသည်။ သတင်းအချက်အလက်ခေတ်မှာ ဒါကိုလာကုမ္ပဏီနှစ်ခုကိုအနိုင်ပိုင်းပြီး သူတို့လက်ထဲမှကိုလာစျေးကွက်ကိုလုယူရမည့်အချိန်ဖြစ်မည်။
ဘာနဲ့လုယူနိုင်လဲ သူသိသည်။ သူ့ရှေ့မှကိုလာသီးပင်။ သူ့ကုမ္ပဏီကစိုက်တဲ့ကိုလာသီးတွေက ကိုလာကုမ္ပဏီနှစ်ခုအတွက်ပထမဆုံးဓားချက်ပင်။
"ဥက္ကဌရှန်... ကျွန်တော်တို့စိုက်ခင်းကကိုလာသီးအခြေအနေကိုတစ်ချက်ကြည့်ပါဦး''
စွန်းရှိုကပြောရင်းဆိုရင်း ကိုလာသီးနည်းနည်းခူးကာ ရေဆေးလိုက်သည်။ ထို့နောက် တစ်လုံးယူပြီးတစ်ကိုက်ကိုက်ကြည့်သည်။ ကိုလာအရသာပြင်းပြင်းက ပါးစပ်ထဲစီးဝင်သွား၏။
သဘာဝကိုလာအရသာကို သူအံ့ဩမိသေးသည်။
ဒီမတိုင်ခင်က ဇီးပြာသီးထဲကိုလာဖြစ်မယ်လို့ဘယ်သူတွေးမိမှာလဲ? ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်ပဲ ဒီလိုထူးထူးဆန်းဆန်းကိုသုတေသနလုပ်နိုင်မှာ။
ထို့နောက် သူကကိုလာသီးကိုကင်မရာရှေ့ထားပြီး_
"ဥက္ကဌရှန်... တွေ့လား? ကိုလာသီးကောင်းကောင်းဖြစ်နေတာ... အရသာကသန့်စင်ပြီး အရည်ရွှမ်းတယ်... ဒါကိုဖျော်ရည်တစ်ခွက်ဖျော်ခိုင်းလိုက်မယ်''
ချင်းလင်ဓာတ်ခွဲခန်း၏မာတီမီဒီယာခန်းထဲတွင် ချင်လင်နှင့်ရှန်လီလည်း ကိုက်ထားသောကိုလာသီးကိုမြင်သည်။ အသီးထဲမှကိုလာရောင်အရည်များစီးကျလာ၏။
အရည်ပုံစံအရ လုံးဝမဆိုး။
ခဏအကြာ စွန်းရှိုကကိုလာသီးလက်တစ်ဆုပ်စာခူးပြီးဆေးလိုက်သည်ကို သူတို့နှစ်ဦးမြင်ရသည်။ ထို့နောက် ဖန်ခွက်တစ်ခွက်စာဖျော်ခိုင်း၏။ အရည်က ကိုလာနှင့်မခြား။
စွန်းရှိုက ရေခဲတုံးလေးများယူပြီးကိုလာခွက်ထဲထည့်ခိုင်းသည်။ ထို့နောက် တစ်ငုံသောက်ကာ စွဲလန်းသွားပုံပြပြီး_
"ဥက္ကဌရှန်... ရေခဲနဲ့ကိုလာသီးအရည်က အပြင်ကကိုလာနှစ်မျိုးထက်လုံးဝပိုကောင်းတယ်... တစ်ဝက်မကဘူး''
ချင်လင်နှင့်ရှန်လီက သိပြီးဖြစ်သည်။ အရင်က ကိုလာမသောက်ဖူးတာမဟုတ်။
"ဒါရိုက်တာစွန်း... ခင်ဗျားရုံးက ကိုလာသီးတစ်သုတ်ချက်ချင်းပို့လိုက်ပါ''
ရှန်လီကတန်းပြောသည်။
"မပူပါနဲ့ ဥက္ကဌရှန်... ကျွန်တော်အခုချက်ချင်းစီစဉ်ပေးပါမယ်... ပစ္စည်းပို့နဲ့ မနက်ဖြန်အရောက်ပို့ပေးမယ်''
စွန်းရှိုကခေါင်းညိမ့်ပြီး သူ့ဘေးမှလူများနှင့်တန်းစီစဉ်သည်။
……
ချင်လင်တို့က ကိုလာသီးစိုက်ခင်းကြည့်နေစဉ် အင်တာနက်မှာအုတ်အော်သောင်းတင်းဖြစ်နေသည်။
ကိုလာမှာကင်ဆာဖြစ်စေတဲ့ဓာတ်ပါကြောင်းသိကြတာ ၁၀ နှစ်ကျော်ကြာပြီးဖြစ်ပြီး အတော်များများက ဒီဖြစ်ရပ်ကိုမှတ်မိကြသေးသည်။
ထိုအချိန်က ကိုလာကုမ္ပဏီနှစ်ခုမှာ အပြောင်းအလဲများကြုံခဲ့သည်။ သူတို့ငှားထားသောစူပါစတားများကလည်း အများအမြင်မှာကိုလာသောက်ပြပြီး Weibo မှာကြော်ငြာကြသည်။
ဒီတော့ ကိစ္စပြတ်သွားသည်။
အားလုံးက စူပါစတားများကိုယုံကြည်ကြသည်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီကိုလာနှစ်မျိုးမှာကင်ဆာဖြစ်စေတဲ့ဓာတ်တွေလွန်လွန်ကဲကဲတွေ့တာ ဘယ်သူသိမလဲ?
လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့မတူ။
၁၀ နှစ်အကြာက ဒီသတင်းကို ကိုလာကုမ္ပဏီနှစ်ခုကမြန်မြန်ဆန်ဆန်ဖုံးပစ်လိုက်သည်။ သို့သော် သတင်းအချက်အလက်ခေတ်တွင် ဒီသတင်းကအချိန်တိုအတွင်း အင်တာနက်တစ်ခုလုံးကိုအုတ်အော်သောင်းတင်းဖြစ်စေသည်။ ဗီဒီယိုအတိုပလက်ဖောင်းအားလုံးတွင်ရေပန်းစားပြီး မသိသူမရှိကြ။
ဒီလိုပြည်သူ့အမြင်ကို ကိုလာကုမ္ပဏီနှစ်ခုမဖုံးနိုင်မဖိနိုင်တော့။
ကိုလာကုမ္ပဏီကြီးနှစ်ခု၏အကြီးဆုံးပြိုင်ဘက်ဖြစ်သောယွမ်ချီတောကလည်း သတင်းရသည်။
ယွမ်ချီတောကပြည်တွင်းမှာ အလွန်နာမည်ကြီးသည်။ လတ်တလော ထိပ်တန်းအစားအသောက်ကုမ္ပဏီမဟုတ်သော်လည်း ဖွံ့ဖြိုးမှုမြန်ဆန်သည်။ အားဖြည့်ဖျော်ရည်စျေးထဲဝင်သည်မှလွဲ၍ သူဌေး Thompson ကချသောဆုံးဖြတ်ချက်တိုင်း အလွန်မှန်ကန်သည်။
ဒီအတွက် သူဌေး Thompson ကိုအပြစ်တင်လို့မဖြစ်။ ဘာပဲဖြစ်ဖြစ် ချင်းလင်အားဖြည့်လက်ဖက်ရည်ကရုတ်တရက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူသိမလဲ?
ဒီတစ်ခါ ဘုရားက ကိုလာကုမ္ပဏီနှစ်ခုရဲ့စျေးကွက်ကိုဆုပေးသည်ဟု ယွမ်ချီတောကလူတွေထင်ကြမည်။
သူတို့အမြှုပ်ဖျော်ရည်စီးရီးကိုဆက်တိုက်ကြော်ငြာပြီး စျေးကွက်တချို့တဝက်ကိုရထားပြီ။ အစက ကိုလာကုမ္ပဏီနှစ်ခုကိုစစ်ဆေးပြီး ကျန်းမာရေးနှင့်မညီညွတ်ဟူသောခေါင်းစဉ်တပ်၍ ပစ်မှတ်ထားချင်ခဲ့သည်။
ကိုလာကုမ္ပဏီနှစ်ခုမှာကင်ဆာဖြစ်စေတဲ့ဓာတ်တွေများနေသေးကြောင်းတွေ့ရင် ပြည့်စုံသွားပြီ။
ဒါကြောင့်လည်း ကိုလာကုမ္ပဏီနှစ်ခုက သူတို့ကိုတားမြစ်ရန်ဆွေးနွေးခဲ့သည်။
သို့ရာတွင် သူတို့ဘာမှရှာမတွေ့သေးခင် ကူညီပေးသူရှိလာမည်ဟုမထင်မိ။
ယွမ်ချီတောသူဌေး Thompson က ဒီလိုအခွင့်အရေးမျိုးကိုလက်လွတ်မခံ။ သူတို့သတင်းရပြီး ကုမ္ပဏီဒုဥက္ကဌများကို အစည်းအဝေးခေါ်သည်။
"ငါတို့သတင်းရထားတယ်... ဒီလိုအခွင့်ကောင်းကို လက်လွတ်ခံလို့မဖြစ်ဘူး!''
"ကိုလာကုမ္ပဏီနှစ်ခုက သူ့အပြစ်နဲ့သူဆိုပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကလိုမဟုတ်ဘူး... ပြည်သူ့အမြင်ကို ဒီလောက်လွယ်လွယ်နဲ့ဖုံးမရဘူး''
"အရင်ဆုံး တိတ်တိတ်လေးငွေသုံးပြီး နာမည်ကြီးအောင်လုပ်မယ်... ဒါနဲ့ဆက်စပ်တဲ့ဗီဒီယိုတွေအကုန် ပိုပြီးနာမည်ကြီးလာပါစေ''
"အဲဒါတင်မကဘူး... ဒေသခံကိုလာတွေကိုလွှမ်းမိုးဖို့ ကိုလာကုမ္ပဏီနှစ်ခုပူးပေါင်းတာကိုလည်း အာရုံစိုက်ရမယ်... ဒါကိုမသိမသာလမ်းကြောင်းပေးမယ်... ပြည်တွင်းကတခြားဖျော်ရည်တွေကို သူတို့ကထောင်တက်ခွင့်ပေးမှာမဟုတ်ဘူး... ကင်ဆာဖြစ်စေတဲ့ကိုလာကို ငါတို့သောက်နိုင်အောင်စျေးကွက်ကိုလွှမ်းမိုးထားလို့ အားလုံးမုန်းတာခံရမယ်''
"ဒါနဲ့ လျိုအန်းဝေက လွန်ခဲ့တဲ့ ၁၀ နှစ်ကတင်ပြပြီးနောက်ပိုင်း အဖမ်းခံရတယ်... ဒီနောက်ကွယ်က ကိုလာကုမ္ပဏီနှစ်ခုဖြစ်တဲ့အကြောင်း မသိမသာပြောပြပြီး အားလုံးစာနာအောင်.. ကိုလာကုမ္ပဏီနှစ်ခုကိုအားလုံးပိုမုန်းအောင်လုပ်လို့ရတယ်''
“……”
သူတို့ကဆွေးနွေးပြီး သူတို့အတွေးအမြင်များကိုပြောကြသည်။ ကိုလာကုမ္ပဏီနှစ်ခုအတွက်အန္တရာယ်ရှိသောအကြံများပင်။ ဒီသတင်းအချက်အလက်ခေတ်တွင် အန္တရာယ်ပိုများသည်။
Thompson ကလည်း ထပ်ဖြည့်ပြောသည်_
"အားလုံးအကြံကကောင်းပါတယ်... ဒီလိုလုပ်ရအောင်... ဒီအခွင့်အရေးကိုဆုပ်ကိုင်ရမယ်... တို့အမြှုပ်ထဖျော်ရည်က ကိုလာကုမ္ပဏီနှစ်ခုစျေးကွက်ကိုဆုပ်ကိုင်နိုင်ရင် ချင်းလင်ကုမ္ပဏီထက်ညံ့မှာမဟုတ်ဘူး... အရင်းအနှီးအများကြီးရနိုင်တယ်''
"အခု တို့ကုမ္ပဏီက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဓာတ်ခွဲဖို့ရင်းနှီးထားတာ... အဲဒါအောင်မြင်ရင် အဲဒီအရင်းအနှီးနဲ့ ချင်းလင်ကုမ္ပဏီနဲ့ထပ်ပြိုင်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်စျေးကွက်ကိုထပ်လုလို့ရတယ်... အဲဒီတော့ ဆက်ထိန်းတား!''
Thompson က မျှော်လင့်ချက်ပြည့်နေသောမျက်လုံးများနှင့် ဒုဥက္ကဌများကိုမြန်မြန်အလုပ်စစေသည်။
သူက အလွန်ရည်မှန်းချက်ကြီးသောသူပင်။ မဟုတ်ရင် ကုမ္ပဏီကိုဒီနေရာထိရောက်အောင်လုပ်နိုင်မှာမဟုတ်။
သူ့အစီအစဉ်တစ်ဆင့်ချင်းအောင်မြင်ရင် ရှေ့လျှောက် နုံဖူရေပူစမ်းသူဌေးလို အချမ်းသာဆုံးဖြစ်ဖို့မဝေးတော့။