တကယ်ဖျော်ရည်လား?
Vol. 68 Ch. 1009
နောက်တစ်နေ့ နေ့လယ်တွင် ရှန်လီက ချင်လင်ရုံးခန်းထဲ ကိုလာအိတ်လေးယူလာပြီး_
"ဥက္ကဌချင်... မြောက်ပိုင်းစီရင်စုက ကိုလာသီးတွေရောက်ပြီ... ကျွန်တော်နည်းနည်းယူလာတာ... ရေဆေးပြီးသား... မြည်းကြည့်လို့ရတယ်''
ရှန်လီကပြောရင်းဆိုရင်း ချင်လင်ရှေ့တွင်ကိုလာသီးများဖြန့်ချလိုက်သည်။
ချင်လင်ကကိုလာသီးတစ်လုံးကောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ တစ်ကိုက်ကိုက်ကြည့်ရာ ကိုလာသီးအရည်ရွှမ်းရွှမ်းက လျှာပေါ်ပြန့်သွား၏။ အလွန်စစ်မှန်သည်။
အရသာက အရမ်းကောင်းသည်။
အတွေ့အကြုံအရ ကိုလာသီးကအရည်အသွေး ၁ ရှိကြောင်း ချင်လင်ချက်ချင်းဆုံးဖြတ်နိုင်သည်။ အရသာနှင့်အထိအတွေ့က ကိုလာကုမ္ပဏီနှစ်ခုမှထုတ်သောကိုလာထက်အများကြီးပိုကောင်းသည်။
"ဘယ်လိုလဲ ဥက္ကဌချင်?''
ရှန်လီကပြုံးပြုံးနှင့်မေးသည်။ တကယ်တော့ သူမြည်းကြည့်ပြီး ကိုလာထက်ပိုကောင်းမှန်းသိပြီးဖြစ်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး_
"မဆိုးပါဘူး... အရသာ အနံ့ လုံးဝမပြောင်းဘူး!''
ထိုစဉ် ဖုန်းဝင်လာသည်။ ဝန်ကြီးလုပင်_
"သူဌေးချင်... ထပ်ပြီးအနှောင့်အယှက်ပေးရတာ အားနာတယ်ကွာ... မင်းကိုမေးစရာရှိတယ်!''
“ကိုလာသီးလား?”
ချင်လင်မှန်းကြည့်သည်။
ကိုလာဖြစ်ရပ်က အင်တာနက်တစ်ခုလုံးပြန့်နေပြီ။ ဒီတစ်ခါ သူ့ကိုမေးမှာက ကိုလာအကြောင်းပဲဖြစ်မည်။
"သူဌေးချင်... မင်းသိတယ်လား? အခု ကိုလာသီးတွေဘယ်လိုလဲ?''
ဝန်ကြီးလုလည်း လိုရင်းတန်းပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကိုလာသီးပရောဂျက်အကြောင်း သူသိထားသည်။
ချင်းလင်ဓာတ်ခွဲခန်းမှစိုက်ခွင့်ရထားသောဖျော်ရည်ကုမ္ပဏီများ ကိုလာသီးကိုတိတ်တဆိတ်စိုက်နိုင်ခြင်းမှာ အထက်လူများကသတင်းကူဖုံးပေးထားသောကြောင့်ပင်။
ကိုလာကုမ္ပဏီနှစ်ခုမှာ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေလွန်လွန်ကဲကဲပါကြောင်းတွေ့တာ ဒါပထမဆုံးမဟုတ်။ အထက်လူများကလျှော့ပေါ့ပေးပြီး ပြန်လည်ပြင်ဆင်ဖို့သာခိုင်းခဲ့သည်။ အဓိကအကြောင်းရင်းမှာ ကိုလာကုမ္ပဏီနှစ်ခုအတိုင်းအတာကကြီးလွန်းသောကြောင့် ပြဿနာများဖြစ်စေသည်။
နောက်ပြီး ကိုလာကုမ္ပဏီနှစ်ခုနောက်ခံနိုင်ငံ၏လုပ်ရပ်များက တစ်ခါတလေ အတော်ခံပြင်းစေသည်။
အဓိကအကျဆုံးက ပြည်တွင်းမှာ ဒီကုမ္ပဏီနှစ်ခုထုတ်ကုန်များကိုအစားထိုးနိုင်မည့်ပစ္စည်းမရှိခြင်းပင်။
အားလုံးက ကိုလာကြိုက်သောကြောင့် နိုင်ငံတော်ကမတတ်နိုင်။
ယွမ်ချီတောရဲ့အမြုပ်ဖျော်ရည်စီးရီးကလောလောဆယ်တိုက်ခိုက်နေသော်လည်း အရင်အတိုင်း သူတို့အသက်ရှူပေါက်ကို ကိုလာကုမ္ပဏီနှစ်ခုကပိတ်လိုက်လျှင် အခြေအနေကောင်းမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အမြုပ်ဖျော်ရည်တွေက ကိုလာထက်ညံ့သည်။
သို့သော် ချင်းလင်ဓာတ်ခွဲခန်းရဲ့ကိုလာသီးကမတူ။ ကိုလာကို လုံးဝအစားထိုးနိုင်သည်။
ကျန်းမာရေးအားထားသောမော်ဒန်ခေတ်တွင် ကင်ဆာဖြစ်စေသောကိုလာထက် ကိုလာသီးကရွေးချယ်စရာအသစ်ဖြစ်လာမည်။
"ဝန်ကြီးလု''
ချင်လင်ကအမှန်အတိုင်းဖြေသည်_
"မြောက်ပိုင်းစီရင်စုကကိုလာသီးတွေအရင်မှည့်ပါတယ်... တခြားနေရာတွေက မကြာခင်မှည့်ပါလိမ့်မယ်''
"ဒါဆို ငါစိတ်အေးသွားပြီ''
ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောပြီး ဖုန်းချသွားသည်။
…
အင်တာနက်ပေါ်တွင်_
ကိုလာကုမ္ပဏီနှစ်ခုဖြစ်ရပ်က ပိုနာမည်ကြီးလာသည်။
ကိုလာ၏အတွင်းရေးတာဝန်ခံ Luther က ရုံးချုပ်မှလူများနှင့်အစည်းအဝေးလုပ်နေသည်။
အရင်က ဒီလောက်စိတ်မလောဖူး။
တကယ်တော့ ရုံးချုပ်၏'အရည်အသွေးနိမ့်ပစ္စည်းများနှင့်ကိုလာဆက်ထုတ်ပြီး နိုင်ငံများကိုစျေးပေါပေါရောင်းရန်အဆိုပြုချက်'က မမြင်နိုင်သောအန္တရာယ်ကြီးဖြစ်ကြောင်း သူအမြဲတွေးမိသည်။
အမှန်ပင်။ သူများနိုင်ငံတွင်သောက်နေသောကိုလာက သူတို့နိုင်ငံမှာထုတ်သောကိုလာနှင့်မတူ။
သူတို့နိုင်ငံထုတ်ကိုလာမှာ ကင်ဆာဖြစ်စေသောဓာတ်များပထမအကြိမ်ဖော်ထုတ်ခံရပြီးနောက်ပိုင်း လုံးဝပြန်လည်ပြင်ဆင်ပြီးဖြစ်သည်။
ဒီနိုင်ငံသားတွေက လှည့်စားရလွယ်နေခြင်းသာ။ နောက်ပြီး သတင်းဖုံးဖို့လည်းလွယ်သည်။ သူတို့အချိန်ဆွဲပြီး ဒီနိုင်ငံကဆယ်လီတစ်စုကိုခေါင်းစဉ်တပ်ထားရင် အရူးလုပ်နိုင်သည်။
ထို့ကြောင့် နှစ်ကြိမ်ဆက်တိုက်ဖော်ထုတ်ခံရပြီးနောက် အကျိုးအမြတ်ရပြီးကုန်ကျစရိတ်သက်သာစေရန် ပြန်လည်ပြင်ဆင်မှုကိုသိပ်အားထုတ်ခဲ့ခြင်းမရှိပေ။
အခုတော့ ဒီလိုဖြစ်လာပြီ။
ပြီးခဲ့တဲ့လေးငါးနှစ်မှာ ဒီနိုင်ငံကအင်တာနက်အချက်အလက်တွေမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာကြောင်း ရုံးချုပ်လူတွေသိပုံမရ။ သူတို့နိုင်ငံထက်သာသည်။
ဒီတစ်ခါဖော်ထုတ်ခံရပြီးနာမည်ကြီးလိုက်ပုံက အရင်နဲ့မတူ။
ပြည်တွင်းလက်ရှိသတင်းအချက်အလက်ခေတ်ကိုသူနားလည်သောကြောင့် ရေပန်းစားခေါင်းစဉ်ဖြစ်လာရင်အခြေအနေမကောင်းမှန်းသူသိသည်။
တကယ်တော့ ဒါကပြဿနာ။ သူတို့တတ်နိုင်သမျှကြိုးစားသော်လည်း နောက်ဆုံး ဒီကိစ္စကိုမဖုံးနိုင်တော့ဘဲ အခြေအနေပိုပြင်းထန်လာသည်။
အထူးသဖြင့် ဒီနိုင်ငံကတရားဝင်အသိပေးစာထွက်လာသည်။ ယွမ်သန်း ၁၀၀ ဒဏ်တပ်ပြီး ပြန်လည်ပြင်ဆင်ရမည်တဲ့။
ပြောင်းလဲဖို့ထပ်ပြီးဒဏ်တပ်ခံရပြန်ပြီ။
နောက်ပြီး ဒီတစ်ခါမတူသလိုခံစားရသည်။
"Luther... ဒီကိစ္စကို မင်းအမြန်ဆုံးဖြေရှင်းရမယ်!''
"အခု ဒဏ်တပ်ခံရတာအရေးမကြီးဘူး... ယွမ်သန်း ၁၀၀ တည်း... ပေးသာပေးလိုက်... အဓိကက အမြန်ဆုံးအဆက်အသွယ်ရှာပြီးပြန်ပြင်ပါ''
"ကိစ္စအားလုံးပြီးရင် အရင်နည်းအတိုင်းပဲ ကြော်ငြာဖို့ဆယ်လီတွေငှား''
"သူတို့နိုင်ငံမှာနာမည်ကြီးအင်တာနက်ဆယ်လီတွေရှိတယ်မလား? နာမည်အကြီးဆုံးဆယ်လီတွေကိုဖိတ်နော်''
“……”
ဗီဒီယိုအစည်းအဝေးပြီးသောအခါ Luther သက်ပြင်းချလိုက်သည်။
ဒီလူတွေက ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအဟောင်းကြီးသုံးချင်နေတုန်း။
သူတို့မျက်စိထဲမှာ ဒီနိုင်ငံကလူတွေအပေါ်အမြင်မပြောင်းသေး။ လွန်ခဲ့တဲ့ ၁၀ နှစ်လိုမှတ်နေသည်။
Luther ဘာမှမတတ်နိုင်။ ဘာပြဿနာမှထပ်မဖြစ်အောင် ရှင်းကျန့်တယ်ကထိထိရောက်ရောက်ရှိပါစေဟုသာမျှော်လင့်မိသည်။
သူအတွေးများနေစဉ် သူ့အတွင်းရေးမှူးပြေးဝင်လာပြီး_
"မစ္စတာ Luther... ချင်းလင်ကုမ္ပဏီက ကိုလာသီးဆိုတဲ့ထုတ်ကုန်အသစ်ကြေညာလိုက်ပြီ... ကြည့်ရတာ ကျွန်တော်တို့ကိုလာအပေါ်သက်ရောက်မှုကြီးမယ်ထင်တယ်''
“ချင်းလင်ကုမ္ပဏီ?”
Luther မျက်နှာထားပြောင်းသွားသည်။
ဒီနိုင်ငံမှာ ချင်းလင်ကုမ္ပဏီဘယ်လောက်အင်အားရှိလဲ သူသိသည်။ သူတို့ထုတ်ကုန်အားလုံးက စျေးကွက်ကိုသိမ်းပိုက်သွားသည်ချည်း။
“ကိုလာသီးက ဘာလဲ?”
သူက အလောတကြီးမေးလိုက်သည်။
အတွင်းရေးမှူးကတုံ့ဆိုင်းမနေရဲ။ နံရံပေါ်မှ LCD ဖန်သားပြင်ပေါ်တွင် ကြော်ငြာဗီဒီယိုတစ်ပုဒ်ချက်ချင်းဖွင့်ပြလိုက်သည်။