← Chapters

အမဲသားမစားထိုက်!

Vol. 68 Ch. 1011

အမဲသားမစားထိုက်!

Vol. 68 Ch. 1011

မာထျန်းယွီက နောက်တစ်ခွက်ညှစ်ပြီး ရိုးရိုးရေရောလိုက်သည်။ ဖျော်ရည်ဘယ်လောက်ပျော့သွားလဲသူသိချင်သည်။

တစ်ခွက်ကိုနှစ်ခွက်ပွားရင်တောင် ကိုလာထက်အရသာရှိနေဆဲ။

နှစ်ခွက်ကိုလေးခွက်ပွားရင် အရသာနှင့်အထိအတွေ့ကမူလလောက်မကောင်းသော်လည်း ကိုလာထက်အရသာရှိနေသေးသည်။

သို့ရာတွင် ဒီဇီးပြာသီးဝယ်ယူသူများက ရေရောပြီးအရသာကိုစမ်းမကြည့်လောက်။

မာထျန်းယွီလည်း ချက်ချင်းသူ့မိန်းမကိုဗီဒီယိုကူရိုက်ခိုင်းသည်။

ပရိသတ်အတော်များများက ကိုလာသီးကိုမှတ်ချက်ပေးဖို့တောင်းဆိုနေကြသည်။ အခု ကိုလာသီးဘယ်လောက်ထူးခြားကြောင်းသိပြီဖြစ်၍ သူ့ပရိသတ်များကိုအမြန်ဆုံးမျှဝေပေးချင်သည်။

ကိုလာသီးကိုမှတ်ချက်ပေးကြတာ မာထျန်းယွီတစ်ယောက်တည်းမဟုတ်။ ကိုလာသီးမှာပြီးရသူများက အရည်အသွေးကိုသိလာကြသည်။

သူတို့ကတစ်ယောက်ပြီးတစ်ယောက်ဗီဒီယိုများတင်ပြီး ကိုလာသီးကထူးဆန်းကြောင်းဖော်ပြကြသည်။

ကိုလာသီးအရည်က ကိုလာထက်တကယ်ပိုကောင်းသည်။

ယွမ်ချီတောရုံးချုပ်_

Thompson လည်း ကိုလာသီးမှာပြီးရသည်။ ကိုလာသီးကိုပါးစပ်ထဲထည့်ဝါးကြည့်ပြီး သူနည်းနည်းမျက်နှာပျက်သွား၏။

"ဥက္ကဌထန်... အသီးရည်ရပြီ''

လက်ထောက်က ရေခဲနှင့်ကိုလာသီးတစ်ခွက်ဖျော်ပြီး Thompson ကိုပေးသည်။

Thompson က တစ်ငုံသောက်ကြည့်ပြီးနောက် မနေနိုင်ဘဲ သုံးလေးငုံဆက်သောက်လိုက်သည်။

ကိုလာသီးဖျော်ရည်တစ်ဝက်ကုန်ပြီးနောက် သူ့ထိုင်ခုံပေါ်ပစ်ထိုင်ချပြီး_

"ဟင်း... ငါတို့အမြုပ်ဖျော်ရည်အတွက် မျှော်လင့်ချက်တွေ အခွင့်အရေးတွေပေးပြီးမှ ဘာလို့ချင်းလင်ကုမ္ပဏီကိုဒါမျိုးပေးလိုက်ရတာလဲ?''

ချင်းလင်ကုမ္ပဏီက သူ့အတွက်ဂြိုလ်ဆိုးလိုလိုထင်မိသည်။

အားကစားဖျော်ရည်လုပ်ငန်းများရှိသော်လည်း ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုမယှဉ်နိုင်။

"ဂတ်စ်ပါတဲ့ဖျော်ရည်လုပ်ကြတာပေါ့... ကိုလာကုမ္ပဏီနှစ်ခုက ဒီလိုအခွင့်ကောင်းပေးနေတာ... ထုတ်ပြရမယ့်အချိန်ပဲ... ချင်းလင်ကုမ္ပဏီက ဒီကိုလာသီးထွက်နေပြီ''

ကိုလာသီးတစ်ခွက်သောက်ပြီးနောက် ကိုလာနှစ်မျိုး ဒါမှမဟုတ် သူတို့အမြုပ်ဖျော်ရည်က အသီးဖျော်ရည်မထုတ်နိုင်မှန်း သူသိလိုက်သည်။

အတော်လက်မခံချင်စရာကောင်းတဲ့ထုတ်ကုန်!

ဇီးပြာသီးကနေ ဘာလို့ကိုလာထွက်လာတာလဲ?

ဒေသခံကိုလာရုံးချုပ်တွင် Luther လည်း သူ့အတွင်းရေးမှူးမှာထားသောကိုလာသီးရသည်။

"မစ္စတာ Luther... ရေခဲထည့်ထားတယ်... သောက်ကြည့်ပါ''

အတွင်းရေးမှူးကကိုလာသီးဖျော်ရည်တစ်ခွက်ပေးသည်။

Luther က ဖျော်ရည်ယူပြီးတစ်ငုံသောက်ကြည့်ရာ သက်ပြင်းမချဘဲမနေနိုင်_

"ဘယ်လိုလုပ်ပြီး ငါတို့ကိုလာထက်အရသာပိုကောင်းနေတာလဲ? အသီးအရည်လို့ကိုမယုံနိုင်ဘူး''

“အာ!”

Luther နည်းနည်းစိတ်ညစ်သွားသည်။

သူတို့ကိုလာက ဒီလိုအခြေအနေမျိုးမှာ ဒီကိုလာသီးနဲ့တွေ့ရတယ်လို့!

အနည်းဆုံး ဒီနိုင်ငံမှာ...

ဗီဒီယိုအစည်းအဝေးထဲမှအရေးတကြီးအော်သံထွက်လာသည်။

Luther လှမ်းကြည့်လိုက်ရာ ရုံးချုပ်မှလူများဖြစ်နေပြန်သည်။

ဗီဒီယိုဖွင့်လိုက်သည်နှင့် ဗီဒီယိုတစ်ဖက်မှ ရုံးချုပ်ကလူများကိုမြင်ရသည်။

"Luther... မင်းရဲ့ပြင်ဆင်တဲ့အစီအစဉ်ပြီးပြီလား? ညတွင်းချင်း ငါတို့ရှယ်ယာတွေအများကြီးကျသွားပြီ!''

"မင်းဒီကိစ္စကိုမြန်မြန်ဖြေရှင်းပြီး စတော့စျေးကိုထိန်းပါ''

"ဟုတ်တယ်... စတော့စျေးဆက်ကျနေလို့မရဘူး!''

“……”

ပြဿနာတက်နေသောပြည်တွင်းကိုလာစျေးကွက်မှာ အထိအခိုက်များသည်။ အထူးသဖြင့် စတော့စျေးပင်။

လူဦးရေ ၁.၄ ဘီလီယံရှိသောစျေးကွက်ကဘယ်လောက်ကြီးကြောင်း ရှယ်ယာရှင်များရှင်းရှင်းလင်းလင်းသိကြသည်။

သို့ရာတွင် Luther နည်းနည်းစိတ်ပျက်သွားသည်။

ဒီစျေးကွက်ဘယ်လောက်အရေးကြီးမှန်းသိရဲ့သားနဲ့ ဒီလူတွေကိုအရူးတွေလိုသဘောထားပြီးအနိုင်ကျင့်သည်။

အခုပြဿနာတက်လာတော့ သူကရုံးချုပ်ထဲပုန်းပြီး အဝေးကလှမ်းအမိန့်ပေးနေသည်။

"လူကြီးမင်းတို့... အခုဖြေရှင်းရမယ့်ပြဿနာက ပိုကြီးနေမှာစိုးတယ်''

ထိုအချိန်တွင် Luther လည်း ဗီဒီယိုထဲမှလူများကိုပြောလိုက်သည်_

"ဒီမှာထုတ်ကုန်တစ်မျိုးပေါ်နေပြီ... အဲဒီထုတ်ကုန်က ဒီလိုအခြေအနေမျိုးမှာ သေစေနိုင်လောက်တဲ့ခြိမ်းခြောက်မှုပဲ''

"ယွမ်ချီတောကိုပြောတာလား?''

"အဲဒီထုတ်ကုန်ကိုလုံးဝစိတ်ပူစရာမလိုဘူး... ငါတို့သုတေသနလုပ်ထားပြီးပြီ''

"Luther... မင်းတော့ တလွဲဆံပင်ကောင်းနေပြီ''

“……”

ဒီလူတွေဘာမှန်းမသိကြသေးသောကြောင့် Luther ကကိုလာသီးအကြောင်းအမြန်ပြောပြလိုက်သည်။ တခဏချင်း ကိုကာကိုလာအဖွဲ့ကလူတွေ မျက်နှာထားပြောင်းသွားကြ၏။

"အဲလိုဟာမျိုးရှိတယ်လား?''

"အသီးကနေ ဘယ်လိုလုပ်ကိုလာထွက်တာလဲ?''

"Luther... မင်းပြောတာအမှန်ပဲလား?''

မယုံသင်္ကာစကားများကြောင့် Luther ရယ်လိုက်သည်။ သူကအသီးကြိတ်စက်ယူပြီး အားလုံးမြင်အောင်ကိုလာသီးတစ်ခွက်ညှစ်ပြသည်။ ထို့နောက် ရေခဲထည့်၍သောက်လိုက်၏။

"စစ်ရုံတင်မကဘူး''

သူကထပ်ပြောလိုက်သည်_

"ဒီကိုလာသီးအရည်က ကျွန်တော်တို့ကိုလာထက်အများကြီးပိုကောင်းသေးတယ်''

ထိုအချိန်တွင် ကိုလာရုံးချုပ်မှလူများ မျက်နှာထားလုံးဝပြောင်းသွားလေသည်။

ဒီလိုအခြေအနေမျိုးမှာ ဒီလိုအသီးထွက်လာတော့ သူတို့ကပ်ဘေးဆိုက်ပြီဟုဆိုရမည်။

"ဘာမှမလုပ်ဘဲနေလို့တော့မရဘူး!''

ရုံးချုပ်မှလူတစ်ယောက်ကပြောသည်_

"အင်တာနက်ရေတပ်အမြန်ရှာပြီး အဲဒီကိုလာသီးဆိုတာကိုနာမည်ဖျက်ခိုင်း... ဘယ်လိုမျိုးစိတ်ပြောင်းလို့ စားရင်ဘယ်လိုဖြစ်မယ်.. ဘာအဆိပ်ပါတယ်... ကင်ဆာဖြစ်တယ်ဆိုရင်တောင်လွှတ်သာလွှတ်ထားလိုက်''

ဒါကလည်း သုံးနေကျနာမည်ဖျက်နည်းဖြစ်ပြီး ဒါမျိုးသူတို့ကျွမ်းသည်။

သို့သော် ထိုအချိန်တွင် အတွင်းရေးမှူးကသေချာသတိပေးလာသည်_

"မစ္စတာ Luther... သတင်းတစ်ချက်ကြည့်လိုက်ပါဦး... ကိုလာသီးအကြောင်း... သူတို့ရဲ့အထူးအဝယ်တော်ဌာနက ကိုလာသီးအော်ဒါတင်ထားတယ်!''

Luther ကြောင်သွားသည်။ သူကသတင်းကြားကြားချင်း သူ့ဖုန်းကိုအမြန်ယူပြီး လိုင်းပေါ်သတင်းတက်ကြည့်သည်။

ထင်တဲ့အတိုင်း အထူးအဝယ်သတင်းတွေ့ရသည်။

Luther က ချက်ချင်းရုံးချုပ်မှလူများဘက်လှည့်ပြီး မတတ်သာပုံနှင့်_

"ကိုယ့်ဆရာတို့... ခင်ဗျားတို့အစီအစဉ်အလုပ်မဖြစ်လောက်ဘူး... သူတို့နိုင်ငံအစိုးရက ကိုလာသီးကိုထောက်ခံထားပြီ!''

အထူးဝယ်ယူတာ ဘာသဘောလဲသူသိသည်။ ဒီနိုင်ငံမှာ ပဏ္ဏာဆက်သည်ဟုခေါ်သည်။

ဒါနိုင်ငံတော်က ကိုလာသီးကိုအားပေးခြင်းပင်။

ဒီလိုအ​ခြေအနေမှာ ဒီအကွက်တွေသုံးရင်အချည်းနှီးဖြစ်မည်။ အကွက်ရွှေ့ပါက ကိုယ့်လက်ချက်မှန်း သူများသိကုန်မည်။

အပြင်ကကိုလာတွေလည်း သတင်းရကြသည်။ ကုမ္ပဏီနာမည်ပျက်အောင် နည်းလမ်းဟောင်းကြီးသုံးမည်ကြံသော်လည်း ကိုလာသီးကိုအထူးဝယ်ယူတဲ့သတင်းတွေ့ပြီး ဒီနည်းအလုပ်မဖြစ်မှန်းသိသွားကြသည်။

နောက်ပြီး ကိုလာကုမ္ပဏီနှစ်ခုကလည်း အခြေအနေမကောင်းတော့မှန်းသိသည်။

ဒီနိုင်ငံကခြေလှမ်းပြင်တာနဲ့ သူတို့လုပ်ထုံးလုပ်နည်းအားလုံး အကျိုးမဲ့ဖြစ်မည်။ ဒီနိုင်ငံကကိုလာသီးကိုထောက်ခံရင် သူတို့ဘာတတ်နိုင်မလဲ?

ရုတ်တရက် နောင်တရလာသည်။

သို့သော် ဒီကမ္ဘာမှာနောင်တအတွက်ဆေးမရှိ။

ဒီလောကသားတွေကို သူတို့စိတ်ကြိုက်အနိုင်ကျင့်နိုင်မယ်ထင်ရင် ကိုယ်ပြုသမျှကံ ကိုယ်ပြန်ခံစားရမည်။

နောက်ရက်များတွင် ကိုလာသီးနာမည်ဆက်ကြီးလာပြီး ကိုလာသီးစားသူ၊ကိုလာသီးအရည်သောက်သူပိုတိုးလာသည်။

ကိုလာသီးက ကိုလာနှစ်မျိုးထက်ပိုကောင်းမှန်း အားလုံးသိကြသည်။

ရလဒ်အနေနှင့် ကိုလာနှစ်မျိုး၏ရှယ်ယာစျေးကျပြီးရင်းကျလာ၏။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်မနက်အစောကြီးနိုးနေပြီး ရုံးခန်းထဲဝင်ခါရှိသေး လီခိုင်အပြေးအလွှားရောက်လာကာ_

"ညီလေးချင်.. မကောင်းတော့ဘူး.. မကောင်းတော့ဘူး''

"အစ်ကိုလီ... ဘာဖြစ်လို့လဲ?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

"ညီလေးချင်... မျိုးပြောင်းစပါးပျိုးပင်ကိုမှတ်မိသေးလား?''

လီခိုင်ကအလောတကြီးမေးသည်_

"ဒီလောက်အချိန်တိုအတွင်းမှာ အဲဒီပျိုးပင်တွေကမီတာဝက်လောက်ရှည်လာတယ်ဆို မင်းယုံမလား? ဒီဗီဒီယိုကိုကြည့်!''

သူကပြောရင်းဆိုရင်း ဗီဒီယိုတစ်ပုဒ်ဖွင့်ပြီး ချင်လင်ဆီပေးလိုက်သည်။

ချင်လင်ကထူးဆန်းသည်မထင်။ ဘာပဲ​ဖြစ်ဖြစ် စပါးပင်က ပြောင်းပင်လောက်ကြီးပြီး မြေပဲဆံလောက်အနှံထွက်နိုင်မှန်း သူသိသည်။

ဒါလိုသေးသည်။

သို့ရာတွင် အစ်ကိုလီစိတ်လှုပ်ရှားနေပုံကိုကြည့်ပြီး အံ့ဩဟန်ဆောင်လိုက်၏။ သူကစချင်စိတ်နှင့်ချီးကျူးလိုက်သည်_

"အစ်ကိုလီ... ဒီမျိုးပြောင်းစပါးပင်ကရှည်လွန်းမနေဘူးလား? မယုံနိုင်စရာပဲ''

သူဒီလိုသရုပ်ဆောင်နေသည်ကို နတ်ဒေဝါတွေကဆက်ကြည့်ချင်ပုံမရ။ ဖုန်းဝင်လာ၏။ တော်ဝင်ပညာရှင်ကျူးပင်။

ဒီစီနီယာကြီးကဖုန်းဆက်သောကြောင့် သူချက်ချင်းဖုန်းကိုင်လိုက်သည်။

တော်ဝင်ပညာရှင်ကျူးက ရင်ထဲကလာသောအသံနှင့်_

"သူဌေးချင် ဂုဏ်ယူတယ်ကွာ... အခု ကိုလာသီးကအရမ်းနာမည်ကြီးနေပြီ... ငါတို့လိုလူကြီးတွေ ကံကောင်းလို့စားလိုက်ရတယ်... အရည်ကတကယ်ကောင်းတာ''

"တော်ဝင်ပညာရှင်ကျူး... အဲဒါပြောဖို့ဖုန်းဆက်တာလား?''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

တော်ဝင်ပညာရှင်ကျူးက ဂုဏ်ယူပုံနှင့်_

"ဒါပေါ့... နေ့လယ်ကျရင်သတင်းကြည့်ဖို့ဖိတ်တာ... အာကာသဒုံးပျံနံပါတ်တစ်ကို ဒီနေ့နေ့လယ်လွှင့်တင်မယ်''

“တကယ်လား?”

ချင်လင်အံ့ဩသွားသည်။

တော်ဝင်ပညာရှင်ကျူး၏ဒုံးပျံလွှင့်တင်မည့်သတင်းတွေ့သော်လည်း ဒီလောက်မြန်မည်ဟုမထင်မိ။

သတင်းရပြီး ချင်လင်လည်း နေ့လယ်ပိုင်းတွင် အာကာသဒုံးပျံနံပါတ်တစ် live ကိုစောင့်ကြည့်သည်။

ထိုအချိန်၌ အတော်များများက ထိုသမိုင်းဝင်အခိုက်အတန့်ကို TV တွင်စောင့်ကြည့်နေကြသည်။

အရင်တစ်ခါသတင်းကြောင့် အာကာသဒုံးပျံအရေးကြီးပုံကို အားလုံးကသတိပြုမိကြသည်။ ဒီလိုအဆင့်မြင့်နည်းပညာအပိုင်းမှာ အနောက်တိုင်းကိုပထမဆုံးကျော်တက်နိုင်ခြင်းဖြစ်ကြောင်းလည်း အားလုံးသိကြသည်။

ဒီတစ်ခါ ဂုဏ်ယူစရာဖြစ်လာသည်။

TV တွင်အာကာသဒုံးပျံနံပါတ်တစ်ပေါ်လာသောအခါ ချင်လင်ရင်နည်းနည်းခုန်သွားသည်။

ဒီတစ်ခါဒုံးပျံထွက်လာခြင်းက သူ့အပန်းဖြေစံအိမ်နှင့်ဆက်စပ်နေသည်။ မျောကျောက်အာနိသင်ကြောင့်ဖြစ်ပြီး သူလည်းဂုဏ်ယူရသည်။ သူပါအုတ်တစ်ချပ်သဲတစ်ပွင့်ပါသလိုခံစားရသည်။

ဒုံးပျံလွှင့်တင်ပြီး အာကာသထဲရောက်သွားရင် လူသားများအတွက်အာကာသခရီးစဉ်အသစ်တစ်ခုကိုဆောင်ကျဉ်းပေးလိမ့်မည်။

နောက်တစ်နေ့_

အာကာသဒုံးနံပါတ်တစ်အောင်မြင်စွာလွှင့်တင်လိုက်သောသတင်းက ရေပန်းစားသတင်းဖြစ်လာ၏။

ကိုလာသီးသတင်းတောင် နည်းနည်းအုပ်သွားသည်။

ချင်လင်ကသူ့ရုံးခန်းထဲတွင် ဖုန်းနှင့်ဗီဒီယိုသုံးလေးပုဒ်လျှောက်ကြည့်သည်။ အားလုံးက အာကာသဒုံးနံပါတ်တစ်ကိုအောင်အောင်မြင်မြင်လွှင့်တင်နိုင်သည့်အကြောင်းချည်း။

တချို့က အာကာသဒုံးနံပါတ်တစ်မှာ အနောက်တိုင်းနည်းပညာထက် ၁၀ နှစ်ကျောပြီး ခြွင်းချက်မရှိလွှမ်းမိုးနိုင်သည်ဟုတောင်ကြွေးကြော်ထားကြသည်။

ထိုသတင်းကြောင့် ချင်လင်အလွန်ဝမ်းသာနေသော်လည်း နောက်သတင်းနှစ်ပုဒ်ကြောင့်မျက်မှောင်ကြုတ်သွား၏။

သတင်းနှစ်ခုလုံးက ဂျပန်နိုင်ငံအကြောင်းပင်။

တစ်ခုက ကျွန်ုပ်တို့ကမ်းရိုးတန်းအနီးတွင် လိုအပ်ပါကတိုက်ခိုက်ရန်ပစ်မှတ်အနေနှင့် အတွင်းရေးစစ်ရုံးထားမည်ဟု ဂျပန်နိုင်ငံကနိုင်ငံတကာကိုကြေညာထားသည်။ စစ်တပ်ကိုရှင်းထုတ်ရန်ရည်ရွယ်ချက်နှင့် မြောက်ပိုင်းမဟာမိတ်အစည်းအဝေးတွင်လည်း မကြာခဏပါဝင်ကြသည်။

ကလိမ်ကကျစ်ဉာဏ်ပင်။ သူတို့လက်သီးမာသည်ဟု အဟုတ်ထင်နေကြသည်။

ထိုသတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွား၏။

ဒီသတင်းတွေ့သူတိုင်းက ရှုတ်ချကြသည်။ သူတို့အရူးမဟုတ်။ မကောင်းသောအကြံအစည်ရှိမှန်းသိသည်။

ထိပါးစော်ကားခြင်း၊အာဃာတထားခြင်းတွေကို ဘယ်သူမှမမေ့။

ဒီလိုကိစ္စမျိုးကို ချင်လင်ဂရုစိုက်နေလို့မဖြစ်။ ဘာပဲဖြစ်ဖြစ် သူ့အနေအထားက ဒါမျိုးတွေဂရုစိုက်ခွင့်မရှိ။ အဲလိုနေ့မျိုးရောက်လာရင် လှူလိုက်ရုံသာ။ ကုမ္ပဏီတစ်ခုစီ၏ပိုင်ဆိုင်မှု၊ရံပုံငွေများတွက်ချက်ပြီး ၁၀ ဘီလီယံလောက်အေးအေးဆေးဆေးလှူပစ်နိုင်သည်။

သို့ရာတွင် ဒုတိယသတင်းကြောင့် သူဒေါသထွက်မိသည်။

ဂျပန်ဆီးနှင်းအမဲသားကို တရုတ်မှာရောင်းချခွင့်ပိတ်ပင်မည်။ အမဲသားအဖွဲ့အစည်းမှ Yagyu yoshichiro က တရုတ်ပြည်သူတွေ ဆီးနှင်းအမဲသားစားဖို့မတန်တဲ့!

ဒီသတင်းနဲ့အရင်သတင်းအဓိပ္ပါယ်ကရှင်းသည်။ လုံးဝတန်ပြန်တိုက်ခိုက်ခြင်းပင်။

ပြည်သူတွေက ရယ်ရမလား၊ငိုရမလားမသိ။ အရင်ကအမဲသားလုံးဝမစားဖူးသလို မှတ်ချက်ပေးကြသည်။

အတော်များများက ဆီးနှင်းအမဲသားကိုအလကားပေးရင်တောင်မစားဟုဆိုကြ၏။

ဒါကလည်း တစ်ချက်။ တရုတ်ပြည်သူဘယ်လောက်များက ဆီးနှင်းအမဲသားစားဖူးပါသလဲ? မစားရလည်း ကိစ္စမရှိ။

သို့သော် ဂျပန်အတွက်က သူတို့နိုင်ငံ့ရတနာဖြစ်သည်။ လူသေနိုင်သော်လည်း နွားသေလို့မရသောအချက်ပင်။

ဒီတော့ Yagyu yoshichiro အဖို့ ဒီနည်းကသူတို့ကိုပစ်မှတ်ထားပြီး ထိထိရောက်ရောက်ခြိမ်းခြောက်သောနည်းဖြစ်ရင်ဖြစ်မည်။

ကြည့်။ ငါတို့ဆီးနှင်းအမဲသားက ကမ္ဘာကျော်။ အခု မင်းတို့မှာအနံ့ခံခွင့်တောင်မရှိပါပေါ့။

"လုံးဝဦးနှောက်မရှိတာ.. စက်ဆုပ်စရာ!''

ချင်လင်ကသတင်းဖတ်ပြီး မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

ဒါသူတို့အတွက်အထိအခိုက်မရှိမှန်းသိသော်လည်း သူ့စိတ်ထဲတွင်နေမထိထိုင်မသာဖြစ်ရသေးသည်။

တကယ် သူတို့နိုင်ငံ့ရတနာကိုအရှက်ခွဲချင်လိုက်တာ!

All Chapters