ဘယ်လိုတိုက်ခိုက်ရမှန်းတောင်မသိ? အမဲသားပဲမလား?
Vol. 68 Ch. 1012
ဒီကအလေးအနက်တောင်မထားတာကို ဘာတွေအသည်းအသန်ဖြစ်?
ဂျပန်ဝဂ်ယူအဖွဲ့ဥက္ကဌ Yagyu yoshichiro ကို ချင်လင်တကယ်ပြောပစ်ချင်သည်။
မနေ့က ဆီးနှင်းအမဲသားတင်ပို့ခွင့်ပိတ်ပင်တဲ့အကြောင်း သူတို့သတင်းကြေညာထားသည်။ အမှန်အတိုင်းပြောရရင် ဒီသတင်းက ပြည်သူတွေအပေါ်သက်ရောက်မှုလုံးဝမရှိ။
ဂျပန်ကားတွေမတင်ပို့တော့ရင်တောင် ဂယက်နည်းနည်းထရုံသာ။ ဒါပေမဲ့ ဂျပန်ကားတွေက ဒီလိုမလုပ်ရဲ။ သူတို့ဒီစျေးကွက်ကိုလုံးဝမလိုချင်တော့ရင်ပေါ့။
အခု တစ်ရက်လွန်သွားပြီး ဒီ Yagyu yoshichiro က ဇာတ်ခင်းနေပြန်သည်။
မနက်စောစောစီးစီး စက်ဆုပ်စရာသတင်းတွေချင်လင်တွေ့ရသည်။
ဂျပန်ဝဂ်ယူအဖွဲ့ဥက္ကဌ Yagyu yoshichiro က တရုတ်တွင် နိုင်ငံတကာအမဲသားအရသာခံပွဲကျင်းပမည်ဖြစ်ပြီး ပြည်တွင်းအမဲသားများမပါရန်တားမြစ်ထားသည်။ ပြည်တွင်းအမဲသားကအရည်အသွေးညံ့ပြီး အဆင့်မမီကြောင်း Yagyu yoshichiro က ကွက်ကွက်ကွင်းကွင်းပြောထားသည်။
ချင်လင်ကရေတစ်ငုံသောက်ပြီး သူ့ကိုယ်သူစိတ်ငြိမ်အောင်ထိန်းလိုက်ရသည်။
လူတွေသိပ်မစားတဲ့ဒီအမဲသားက ဘာလဲ?
ဒီလူတွေက ဝဂ်ယူအမဲသားကိုနိုင်ငံ့ရတနာလိုသဘောထားနေပေမဲ့ သူတို့နိုင်ငံ့ရတနာမဟုတ်။
သူတို့ကိုအရှက်ခွဲချင်တာလား?
ဒါဆိုရင်တော့ လျှော့တွက်နေတာပဲ။
ဒါပေမဲ့ ဒီလိုရွံစရာလူတွေကိုမြင်ရတာ စိတ်ပျက်စရာ။
ဒီလူတွေရဲ့နိုင်ငံရတနာကိုအရှက်ခွဲမယ့်ရည်ရွယ်ချက်က ပိုသေချာသွားသည်။
အရူးကိုသည်းခံနိုင်ပေမဲ့ ကိုယ့်ရှေ့မှာရွံစရာကောင်းအောင်လုပ်နေတဲ့အရူးကို လုံးဝသည်းမခံနိုင်။
ချင်လင်က ရန်သုံ့ဖုန်းနံပါတ်ရှာလိုက်သည်။ သူဖုန်းဆက်ခါနီးမှ ရန်သုံ့ကမင်္ဂလာဆောင်ဖို့ခွင့်ယူထားမှန်းသတိရသည်။ ဒီလိုအချိန်မှာ သူ့ကိုမနှောင့်ယှက်သင့်။
ထို့ကြောင့် သူ့ဖုန်းချပြီး ချင်းလင်မွေးမြူရေးခြံနွားမွေးထားသောနေရာသွားလိုက်သည်။
ချင်းလင်စားကျက်မြေတွင် နွားမွေးထားသောနေရာကိုသီးသန့်ခြံခတ်ထားပြီး အများဝင်ရအောင်ဖွင့်မထားပေ။
ချင်လင်က ဝဂ်ယူနွားစပ်မျိုးအကောင် ၂၀ ဝယ်ပြီး ဝဂ်ယူနွားအစစ် ၁၆ ကောင်နှင့်လဲခဲ့သည်။ ဝဂ်ယူနွားအစစ် ၁၆ ကောင်ကိုအတည်ပြုပြီးနောက် ဝဂ်ယူနွားမွေးသောနေရာဆောက်ခဲ့သည်။
နွားခြံတာဝန်ခံအရေအတွက်ကလည်း တစ်ယောက်မှသုံးယောက်ဖြစ်လာသည်။
ချင်လင်ရောက်သောအခါ တာဝန်ခံသုံးယောက်ကလာနှုတ်ဆက်သည်။ အပြင်လူတွေကဥက္ကဌချင်မှန်းမသိသော်လည်း သူတို့သိသည်။
"ဥက္ကဌချင်.. အင်တာနက်ပေါ်မှာ yagyu yoshichiro က စိတ်ပျက်စရာကောင်းလိုက်တာ''
"ဟုတ်တယ်... ဝဂ်ယူနွားတွေကို ရတနာလိုသဘောထားနေတာ... ကျွန်တော်တို့မွေးမြူရေးခြံမှာဝဂ်ယူနွားရှိမှန်းမသိကြဘူး''
"ဥက္ကဌချင်... အဲဒီ yagyu yoshichiro ကို သင်ခန်းစာပေ?''
တာဝန်ခံသုံးယောက်ကလည်း အင်တာနက်ပေါ်မှသတင်းတွေ့ပြီး နည်းနည်းဒေါသထွက်နေကြသည်။
"အခု ဝဂ်ယူနွား ၁၆ ကောင်က ဇီးတင်နိုင်လား?''
ချင်လင်ကမေးသည်။
တာဝန်ခံတစ်ယောက်က ရှင်းပြ၏_
"ဥက္ကဌချင်... နွားမွေးဖို့က အဲလောက်မမြန်ဘူး... ၂၁ လကြာမယ်''
"စောပါသေးတယ်!''
ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။ ဇီးမတင်နိုင်ရင် အရှက်ခွဲလို့မရ။
နောက်ပြီး နွားကြီးဖို့အချိန်ယူရဦးမည်။ ဒီနွား ၁၆ ကောင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အချိန်တစ်ခုအထိကြာမည်။
"ဥက္ကဌချင်... ကျွန်တော်တို့မှာ ဝဂ်ယူနွားရှိတယ်... အဲဒီ yagyu yoshichiro ကိုတုံ့ပြန်မလား?''
နောက်တစ်ယောက်ကလည်းမေးသည်။ သူတို့မှာရှိပြီးသားကို ထိန်းထားစရာမလိုဟု yagyu yoshichiro ကိုပြောလိုက်ချင်သည်။
"မပူပါနဲ့... ကျွန်တော်လုပ်မယ်''
ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး ကွန်ပျူတာဖွင့်လိုက်သည်။ ထို့နောက် မွေးမြူရေးဝဘ်ဆိုဒ်တစ်ခုကိုရှာသည်။
အရင်တစ်ခါ သူဝဂ်ယူစပ်မျိုးနွားဝယ်သော မွေးမြူရေးခြံဝဘ်ဆိုဒ်ပင်။
ထိုမွေးမြူရေးခြံကို တောင်တန်းနှင့်နွားခြံဟုခေါ်သည်။
မိတ်ဆက်မှာ 'ဝဂ်ယူနွားပေါက်အစစ်တစ်ကောင် ၁၅၀၀၀' ဖြစ်နေဆဲ။ တစ်ကောင်ယွမ် ၃၅၀၀၀၀ နှင့်ရောင်းသော နွားအစစ်များလည်းရှိသည်။
အရင်တစ်ခေါက်က နွားနှင့်နွားပေါက်အကောင် ၂၀ တပြိုင်တည်းဝယ်ခဲ့သည်။
ဒီတစ်ခါ အကောင်ကြီး ၁၀ ကောင် တန်းမှာလိုက်သည်။
ဝဂ်ယူစပ်မျိုးနွားကြီးမှာ ဝဂ်ယူသွေးနည်းနည်းပါသည်ဟုသာ မှတ်ချက်ရှိသည်။ ထင်ရှားသောအကောင်တချို့ကို သင်းကွပ်မထား၍ ဝဂ်ယူအစစ်ထွက်နိုင်ခြေရှိသည်။
အခွင့်အရေးရှိရင်တောင် မအောင်မြင်နိုင်တဲ့သဘောဖြစ်သည်။
ဒါ ဝယ်ယူသူငါးစာဟပ်ချင်အောင်လုပ်ထားသော လှည့်ကွက်တစ်ခုပင်။
ဒါကြောင့် လူလိမ်မွေးမြူရေးခြံကအလုပ်ဖြစ်နေသည်။
ဒီလိုဆိုမှတော့ ချင်လင်ကတွန့်မနေ။ သူ့ကိုထပ်ပြီးခေါင်းခံခိုင်းမည်။ နောက်ပြီး ဒီတစ်ခါသူ့အပေါ်တိုက်ရိုက်ပုံချမည်။
ဘာပဲဖြစ်ဖြစ် ဒီလူလိမ်မွေးမြူရေးခြံကြောင့် အလိမ်ခံရတဲ့သူတွေဘယ်လောက်များနေပြီလဲ?
နွားကြီးကပိုစျေးကြီးသည်။ တစ်ကောင် ယွမ် ၃၅၀၀၀၀ ပေးရသည်။ သူ့အပြင် အလိမ်ခံရသူတွေဘယ်သူများရှိသေးလဲ?
ချင်လင်က 'အတည်ပြုမည်'ကိုနှိပ်ပြီး အော်ဒါတင်လိုက်၏။
လိပ်စာက မင်မြို့တော်တွင် သူဆင်လဲသောဂိုဒေါင်ပင်။
ဂိုဒေါင်မှာဝေးလွန်းသောကြောင့် စောင့်ကြည့်ကင်မရာမရှိပေ။ ရုံချန်းကဂိုဒေါင်လို လိုအပ်ရင်သုံးဖို့ဝယ်ထားသည်။
တချိန်တည်း၌_
တောင်တန်းနွားခြံမှာလည်း ကွန်ပျူတာပေါ်တွင်အော်ဒါတက်လာသည်။ နွားကြီး ၁၀ ကောင်အတွက်စရံငွေ ၇၀၀၀၀ ကိုမြင်ပြီး စိတ်လှုပ်ရှားလွန်း၍မတ်တပ်ရပ်ထအော်လိုက်၏_
"မစ္စတာချူ... အော်ဒါအသစ်တက်တယ်... အသင့်ပြင်မယ်!''
"မစ္စတာရှန်မူ... အော်ဒါကဘယ်လောက်ကြီးလို့လဲ?''
သခင်ချူကပြေးဝင်လာသည်။
"ဝဂ်ယူနွားကြီး ၁၀ ကောင်!''
ရှန်မူက ဝမ်းသာအားရပြောသည်။
"၁၀ ကောင်? ဒါကိုဝယ်တဲ့သူရှိတယ်? ဒါပေမဲ့ တကယ့်အော်ဒါကြီးနော်... ငါသွားပြင်လိုက်မယ်''
ချူကျွင်းမျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။ ဒီလိုအော်ဒါကြီးမျိုးက ရှားရှားပါးပါး။
ဘာပဲဖြစ်ဖြစ် နွားတစ်ကောင်မွေးဖို့ တစ်နှစ်ခွဲလောက်အချိန်ယူရသည်။
တစ်နည်းပြောရရင် တစ်နှစ်ခွဲလောက်မွေးပြီးပါက အတော်များများကလူလိမ်မှန်းသိပြီး နွားပေါက်လုံးဝထပ်မဝယ်တော့။
အစပိုင်းမှာ နွားကိုကောင်းကောင်းဂရုမစိုက်လို့ဟုပြောနိုင်သော်လည်း လူများလာလေလေ လှည့်စားရခက်လေလေပင်။ အနှေးနဲ့အမြန် သူတို့အလုပ်နားရလိမ့်မည်။
မကြာမီ ရှန်မူကနွားကြီး ၁၀ ကောင်ကိုပို့ပေးလိုက်သည်။ သူကဝိုင်နီပုလင်းထုတ်ကာ ချူကျွင်းနှင့်အောင်ပွဲခံကြ၏။