ဘယ်လိုတိုက်ခိုက်ရမှန်းတောင်မသိ? အမဲသားပဲမလား? ၂
Vol. 68 Ch. 1013
"သခင်ချူ... ချမ်းသာပါစေ!''
ရှန်မူကပြုံးပြုံးနှင့် သူ့ခွက်မြှောက်ကာ_
"ဒီတစ်ခေါက် ဝဂ်ယူနွား ၁၀ ကောင်အော်ဒါက အရင်တစ်ခါနေရာနဲ့နည်းနည်းနီးတယ်... မင်မြို့တော်ကပဲဖြစ်မယ်... မှာတဲ့သူကတစ်ယောက်တည်းဖြစ်ရင်ဖြစ်.. မဖြစ်ရင် သူတို့အချင်းချင်းသိရမယ်''
လှည့်စားရလွယ်တဲ့အရူးတွေပိုများလာပါစေဟု သူဆုတောင်းမိသည်။
……
မင်မြို့တော်_
အဝေးတစ်နေရာ ဂိုဒေါင်တစ်ခုတွင်_
ချင်လင်က အချိန်အတော်ကြာလမ်းညွှန်ပြီးနောက် ရှန်မူမွေးမြူရေးခြံမှပစ္စည်းပို့သမားရောက်လာသည်။
ပို့ဆောင်ရေးတာဝန်ခံက အလုပ်သမားများအား နွားများကိုအောက်ချစေပြီး ဂိုဒေါင်ထဲမောင်းထည့်ခိုင်းသည်။ ချင်လင်ကလက်ခံ၍လက်မှတ်ထိုးပြီးသောအခါ ဆက်မနေတော့ဘဲသူ့လူများနှင့်ပြန်သွား၏။
ချင်လင်က အလျင်မလို။
သူတို့ထွက်သွားပြီးအချိန်တစ်ခုကြာမှ ကျောက်လီယွမ်အား ထရပ်ကားနှင့်ပစ္စည်းလာသယ်ရန်အသိပေးလိုက်သည်။ ထို့နောက် ဂိုဒေါင်တံခါးဖွင့်ပြီးအထဲဝင်သွား၏။
နောက်တစ်ဆင့်က စပ်နွားတွေကိုအစားထိုးရမည်။
ချင်လင်က နွားကြီးနှစ်ကောင်ကိုတန်းကြည့်လိုက်သည်။ ထိုနှစ်ကောင်ကို သူသေချာရွေးလိုက်ခြင်းပင်။ စင်းလုံးချောအဝါရောင်နွားကြီးနှစ်ကောင်ပင်။ ဂိမ်းထဲတွင် ဒီလိုအရောင်နွားနှစ်ကောင်ရှိပြီး အလုံးအထည်ကအတူတူလောက်ကျမည်။
ဒါကြောင့် ဒီနှစ်ကောင်ကိုရွေးခြင်းပင်။
အတွေးတစ်ချက်နှင့် ချင်လင်ကနွားကြီးနှစ်ကောင်ကိုဂိမ်းထဲယူသွားသည်။ ခဏအကြာ နွားကြီးနှစ်ကောင်ထုတ်လာ၏။ ဂိမ်းထဲမှနွားထီးကြီးနှစ်ကောင်ပင်။
ထို့နောက် ကျန်စပ်မျိုးဝဂ်ယူနွား ၈ ကောင်ကို ချင်လင်ကဂိမ်းထဲယူသွားပြီး ဂိမ်းဇာတ်ကောင်အား သားသတ်သမားဆီတွင်သတ်စေသည်။
၈ ကောင်လုံးသတ်ပြီးနောက် လက်တွေ့ဘဝဂိုဒေါင်ထဲတွင် အရည်အသွေး ၁ ဆီးနှင်းအမဲသားကတ်တီ ၄၀၀၀ ကျော်ရသည်။
အရည်အသွေး ၂ အားလုံး ဂိမ်းထဲထားခဲ့သည်။
ဒီတစ်ခါ အရည်အသွေး ၂ ကိုမထုတ်။
သူတို့ကိုအရှက်ခွဲဖို့ အရည်အသွေး ၁ ဆိုရပြီ။ အရည်အသွေး ၂ က နည်းနည်းလွန်နေမည်။
ထို့နောက် ချင်လင်က သီးသန့်ရွေးထားသောနွားကြီးနှစ်ကောင်ကိုကြည့်လိုက်သည်။ ဒီနှစ်ကောင်က စူပါမွေးမြူရေးနွားကြီးတွေဖြစ်လာမည်။
ဂျပန်က Yasuyama Yoshiro တို့လိုလူတွေက သူတို့နိုင်ငံရတနာနဲ့နွားတွေကိုဂရုစိုက်တယ်လား? ဆီးနှင်းအမဲသားတင်ပို့ခွင့်ကို ပြစ်ဒဏ်ခတ်တယ်များထင်နေလားမသိ?
ပြီးရင် ချင်းလင်မွေးမြူရေးခြံမှာဝဂ်ယူနွားမျိုးစပ်ပေးမည်ဟု သူများတွေကိုအသိပေးမည်။ ပြည်တွင်းကမွေးမြူရေးခြံတွေအကုန် မျိုးစပ်ရန်နွားယူလာနိုင်သည်။ ဝဂ်ယူနွားမွေးနိုင်၊မမွေးနိုင်က မွေးမြူရေးခြံတစ်ခုချင်းအပေါ်တွင်သာမူတည်ပေသည်။
နိုင်ငံ့ရတနာကိုဂရုစိုက်တယ်လား? နွားကိုအလေးထားတယ်လား? သော*က်အလကားမျိုးစပ်ပေးလိုက်မယ်။ ပြီးရင် ဘယ်သူအရှက်ကွဲမလဲ?
နတ်ဘုရားမကိုနှစ်ပေါင်းများစွာသနေပြီး မရနိုင်ဘဲ ရုတ်တရက် အဲဒီနတ်ဘုရားမဆိုတာက လူပေါင်းများစွာနဲ့အိပ်ထားမှန်းသိလိုက်ရမည်။ သူအထင်သေးတဲ့လူတွေတောင်ပါနေပြီး ယွမ် ၂၀၀၀ နဲ့ဝယ်နိုင်တဲ့အစားဖြစ်နေမည်။ ဒီလိုဆို ဘယ်လိုခံစားချက်မျိုးဖြစ်သွားမလဲ?
လုံးဝအရှက်ကွဲမည်။
အသေသတ်လိုက်သလိုပင်။
ဒါပေမဲ့ အကောင်ပေါက်ကို မွေးမြူရေးခြံကခွေးသွားစိတ်မြက်ကြောင့်မျိုးပြောင်းတယ်ပြောနိုင်ပေမဲ့ အကောင်ကြီးကျတော့ရော?
ဘာပဲဖြစ်ဖြစ် နွားကြီးနှစ်ကောင်ကအတော်ကြီးနေပြီ။ ချင်းလင်မွေးမြူရေးခြံကမွေးတာမဖြစ်နိုင်။
ဒီတော့ သူအကြံဆိုးတစ်ခုရသည်။ သူကဖုန်းထုတ်ပြီး ဝမ်ရန်ကိုဆက်လိုက်၏။
ဖုန်းချက်ချင်းဝင်သွားပြီး ဝမ်ရန်အသံထွက်လာသည်_
"ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိလဲ?''
"ကျွန်တော့်အကောင့်ထဲယွမ်ငါးသန်းလွှဲပေးပါဦး''
ချင်လင်ကတန်းပြောလိုက်သည်_
"လိုက်ရခက်တဲ့အကောင့်တစ်ခုသုံးချင်လို့... ပြီးရင်ပိုက်ဆံပြန်လွှဲပေးမယ်''
"ဥက္ကဌချင်... ဒီလောက်လေးက ကျွန်တော့်တာဝန်ထား''
မင်စီရင်စုပြည်နယ်မြို့တော်တွင် ဝမ်ရန်ကဖုန်းချလိုက်သည်။ သူနည်းနည်းဇဝေဇဝါဖြစ်နေသော်လည်း မစပ်စုပေ။ ဥက္ကဌချင်အတွက်လုပ်ပေးရတာ ဂုဏ်ယူစရာ။
ပြီးတော့ မဖြစ်စလောက်ကိစ္စလေး။
ဘယ်သူမှမလိုက်နိုင်တဲ့အကောင့်ဆိုတာ ဘာအဓိပ္ပါယ်လဲ သူသိသည်။
ထို့ကြောင့် သူ့ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုဆက်လိုက်သည်_
"အစ်ကိုရှောင်ဟိုင်... မတွေ့တာကြာပြီ... ဟား ဟား.. ရတာပေါ့.. နှစ်ရက်အတွင်းစီစဉ်ပေးမယ်... အခု အစ်ကိုရှောင်ဟိုင်ကိုအကူအညီတောင်းစရာရှိလို့... အကောင့်တစ်ခုထဲ ယွမ်ငါးသန်းလွှဲပေးပါဦး... ကောင်းပြီ.. အစ်ကို့ပုံမှန်ဘဏ်အကောင့်ကနေ ပိုက်ဆံလွှဲတာစောင့်မယ်...''
မင်မြို့တော်_
ချင်လင်ကစီစဉ်စရာရှိတာစီစဉ်ပြီး ကျောက်လီယွမ်ကိုစောင့်နေသည်။
မကြာမီ ကျောက်လီယွမ်လည်း ပို့ဆောင်ရေးအဖွဲ့နှင့် နွားများ၊အမဲသားများသယ်သည်။
ကျောက်လီယွမ်က ရုံချန်းဘက်ကားပြန်မောင်းလာသောအခါ ချင်လင်ကနောက်မှလိုက်လာသည်။
ထိုအချိန်တွင် ဝမ်ရန်ဖုန်းဝင်လာပြန်သည်_
"ဥက္ကဌချင်... ရပြီ... ကျွန်တော် ယွမ်ငါးသန်းလွှဲပြီးပြီ''
"သိပြီ... ခင်ဗျားအားရင် စံအိမ်ကိုလက်ဖက်ရည်သောက်လာပါဦး''
ချင်လင်ကနှုတ်ခမ်းများကွေးတက်အောင်ပြုံးလိုက်သည်။
စဉ်းစားကြည့်။ သူ ထုတ် ထုတ် ထုတ်...
သစ္စာဖောက်?
သစ္စာဖောက်လား?
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အိုးမည်းပဲ။
ဒါပေမဲ့ စဉ်းစားကြည့်ရင် ယွမ်ငါးသန်းနဲ့ဓားစာခံဖြစ်တာ တန်တယ်မလား? ဘာပဲဖြစ်ဖြစ် သူတို့အသက်သေတာမှမဟုတ်တာ။
တွေးကြည့်လိုက်တော့ ဂျပန်ကတချို့အစွန်းရောက်အဖွဲ့ဝင်တွေ အရမ်းအကျင့်ပျက်နေပုံရသည်။
ဒါကလည်း သေချာမပြောနိုင်တဲ့အရာတစ်ခု။
"ကောင်းပါပြီ ဥက္ကဌချင်... ကျွန်တော်အားတာနဲ့ သေချာပေါက်လာပါမယ်''
ဝမ်ရန်ကပြန်ဖြေသည်။
တစ်ဖက်တွင်_
ရှန်မူမွေးမြူရေးခြံတွင် ရှန်မူကဇဝေဇဝါနှင့် ချူကျွင်းကိုလာရှာသည်။
ဘယ်သူမဆို ရုတ်တရက်ကြီးယွမ်ငါးသန်းရရင် ကြောင်သွားလိမ့်မည်။
"ဒီငါးသန်းကဘယ်လိုဖြစ်တာလဲ?''
ချူကျွင်းဇဝေဇဝါဖြစ်နေသည်။
ရှန်မူကခေါင်းခါပြီး_
"ငါလည်းမသိဘူး... ရုတ်တရက်ဝင်လာတာ... နံပါတ်မှားတာလားပဲ''
ချူကျွင်းကအမှတ်တမဲ့ပြောသည်_
"ငါတို့ရဲခေါ်သင့်လား? ပိုက်ဆံပြန်လွှဲပေးရမလား?''
"မလုပ်နဲ့!''
ရှန်မူက ချူကျွင်းစိတ်ကူကိုတားလိုက်ပြီး_
"စောင့်ဦး... ဒီပိုက်ဆံကိုဘယ်သူမှလိုက်မရှာရင်ရော?''
ဘယ်သူမဆို ယွမ်ငါးသန်းမက်ကြမည်။
ရှန်မူလည်း အတူတူပင်။ သူကကြက်ကန်းဆန်အိုးတိုးတတ်သူ။
"လိုက်ရှာတဲ့သူရှိရင် ပြန်ပေးလိုက်ရုံပဲ... မရှိရင် ကိုယ်စားရုံပေါ့?''
သူ့စကားကြောင့် ချူကျွင်းကခေါင်းသာညိမ့်လိုက်သည်။