Chapters

ဘယ်လိုတိုက်ခိုက်ရမှန်းတောင်မသိ? အမဲသားပဲမလား? ၃ …

Vol. 68 Ch. 1014

ဘယ်လိုတိုက်ခိုက်ရမှန်းတောင်မသိ? အမဲသားပဲမလား? ၃ …

Vol. 68 Ch. 1014

ချင်းလင်မွေးမြူရေးခြံ_

ချင်လင်နှင့်ကျောက်လီယွမ်ရောက်သောအခါ ညနေရောက်နေပြီ။

တာဝန်ခံသုံးယောက်ကညွှန်ကြားချက်ရပြီး အပေါက်ဝမှာစောင့်နေကြ၏။

ရန်သုံ့ခွင့်ယူထားသောကြောင့် နွားကိစ္စများကိုဒီတာဝန်ခံသုံးယောက်ကိုသာညွှန်ကြားထားသည်။

ချင်လင်ကားထဲမှထွက်ထွက်ချင်း တာဝန်ခံသုံးယောက်သူ့ဆီရောက်လာသည်။

"ဥက္ကဌချင်... နောက်ဆုံးသတင်းကြည့်လိုက်ပါဦး... ဝဂ်ယူအဖွဲ့ဥက္ကဌ Yagyu yoshichiro က မကောင်းတာတက်နေပြန်ပြီ''

"အင်း... ဒီလူကိုလွှတ်ထားလို့မ​ဖြစ်တော့ဘူး''

"ဥက္ကဌချင်... ကျွန်တော်တို့မှာ နွားရှိတဲ့အကြောင်းကြေညာမလား?''

ချင်လင်ကတာဝန်ခံသုံးယောက်စကားနားထောင်ရင်း ဖုန်းထုတ်ကာအင်တာနက်ပေါ်ကြည့်လိုက်သည်။ အမှန်ပင်။ Yagyu yoshichiro သတင်းထပ်တက်နေသည်။

Yagyu yoshichiro က နိုင်ငံတကာအမဲသားအရသာခံပွဲကို တရုတ်ပြည်တွင်ကျင်းပရုံသာမက ပြည်တွင်းအမဲသားကိုလည်းပါဝင်ခွင့်မပြုကြောင်း၊ ပြည်တွင်းမှဘယ်သူမှတက်ရောက်ခွင့်မရှိကြောင်း မျက်နှာစုံညီအစည်းအဝေးလုပ်ထားသည်!

ချင်လင်ပြောစရာစကားမရှိတော့။ သူတို့ကပဲပါချင်နေသလိုလို။

အထူးသဖြင့် ဒီသတင်းအကောင့်ကဦးနှောက်မရှိ။ ဒီလိုသတင်းမျိုးကို အကြောင်းအရင်းမရှိတင်တာ ရွံစရာကောင်းတဲ့လူလား?

ပြည်တွင်းကလူတွေ ဒီသတင်းမြင်အောင် ပိုက်ဆံပေးတင်ခိုင်းတာလည်းဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံ့ရတနာဖြစ်၍ အရှက်ရစရာဟုထင်နေကြသည်။

ပိုက်ဆံပေးလို့လုပ်ကတည်းက သဘောပေါက်ပြီ။ ဘာပဲဖြစ်ဖြစ် ဒီအကောင့်အသစ်တွေမှာ သူတို့ကိုယ်ပိုင်အသိစိတ်မရှိနိုင်။

ဒါပေမဲ့ တာဝန်ခံသုံးယောက်ပြောတာမှန်သည်။ ဒီလူကိုဆက်လွှတ်ထားလို့မဖြစ်။

ချင်လင်ကဖုန်းထုတ်ပြီး လင်းလန်ဇီကိုဆက်လိုက်သည်_

"မန်နေဂျာလင်း... အမဲသားအကြောင်းဗီဒီယိုနှစ်ပုဒ်လုပ်ပေးပါ''

"တစ်ပုဒ်မှာ ကျွန်တော်တို့စံအိမ်က ပွဲလုပ်မယ့်အကြောင်းတင်လိုက်ပါ... နောက်ရက်ပိုင်းအတွင်း ခရီးသည်တွေမဲနှိုက်ခွင့်ရမယ်... မဲပေါက်တဲ့သူက ယွမ် ၂၀ တန်ဝက်သားနဲ့ ၁ ယွမ်တန်ဆီးနှင်းအမဲသားကိုခံစားခွင့်ရှိမယ်!''

သူ့ဆီးနှင်းအမဲသားက အရမ်းအဖိုးတန်တယ်ထင်နေလား? နိုင်ငံ့ရတနာဟုတ်လား?

ဒါဆို သူ့ဆီးနှင်းအမဲသားနဲ့ဝက်သားကိုတွဲထားမည်။ အရွယ်အစားချင်းအတူတူကို ကိုယ့်ဝက်သားကယွမ် ၂၀၊ သူ့ဆီးနှင်းအမဲသားက ၁ ယွမ်တည်း။

ပြောကြည့်။ ဘယ်သူပိုအရှက်ကွဲမလဲ?

ဒီလူတွေက သူများကိုဘယ်လိုတိုက်ခိုက်ရမှန်းတောင်မသိ။ သူတို့ကိုသင်ခန်းစာပေးရမည်။

"ကောင်းပါပြီ ဥက္ကဌချင်!''

သူဌေးက ဝဂ်ယူအမဲသားကိုပစ်မှတ်ထားမှန်း လင်းလန်ဇီရိပ်မိသည်။ ထို့နောက် သူမကမေးလိုက်၏_

"နောက်တစ်ပုဒ်ကရော?''

ချင်လင်က_

"နောက်တစ်ပုဒ်က ကျွန်တော်တို့ချင်းလင်မွေးမြူရေးမှာဝဂ်ယူနွားရှိတဲ့အကြောင်း မကြာခင် အမြောက်အများမွေးမြူနိုင်မယ့်အကြောင်းပြောလိုက်ပါ... ပြီးတော့ အရည်အသွေးကောင်းတဲ့ဝဂ်ယူနွားကြီးနှစ်ကောင်ရှိတယ်... ပြည်တွင်းကမွေးမြူရေးခြံသူဌေးတွေနွားမျိုးစပ်ချင်ရင် သူတို့နွားတွေခေါ်လာနိုင်တယ်လို့''

"အိုး!''

လင်းလန်ဇီကနားထောင်ရင်း သူဌေးလက်နက်ကိုမြင်ပြီးလန့်သွားသည်။

ဝဂ်ယူအဖွဲ့မှ Yagyu yoshichiro အကြောင်းသတင်းကို သူမလည်းတွေ့သည်။ သူဌေးဒီလိုလုပ်မယ်မှန်းသိရင် သူတို့ဒီလောက်ကြီးကျယ်နိုင်ဦးမလားသိချင်မိသည်။

ဒီဖြစ်ရပ်ပြီးရင် တရုတ်ပြည်မှာအမဲသားစျေးကျသွားမည်။ မွေးမြူရေးခြံပိုင်ရှင်တချို့သာ တကယ်ထုတ်နိုင်ရင် အဆင့်မြင့်ပါဝင်ပစ္စည်းစာရင်းကနေဖယ်ထုတ်နိုင်ပြီ။

ပြည်တွင်းမှာ ဘယ်သူ့ဟာကအကောင်းဆုံးလဲ? မျိုးစပ်ထားပြီး စပ်မျိုးဆိုရင်တောင်ပေါ့။ ပြီးတော့ စပ်မျိုးလို့ပြောမရ။ သားစပ်တာအောင်မြင်ရင် တကယ့်နွားဖြစ်ပြီ။

ဝဂ်ယူအဖွဲ့ yagyu yoshichiro နဲ့ဂျပန်ကလူတွေတော့ သူဌေးမျက်စိစပါးမွေးစူးအောင်လုပ်တာမှားပြီးဟု လင်းလန်ဇီတွေးမိသည်။

ချင်းလင်မွေးမြူရေးခြံ_

ချင်လင်ကဖုန်းချလိုက်သည်။ ဂျပန်ကလူတွေမျက်နှာကိုသူမြင်ယောင်နေပြီ။

တာဝန်ခံသုံးယောက်က လောလောနှင့်ရှေ့တိုးပြီး_

"ဥက္ကဌချင်... ကျွန်တော်တို့နွားတွေကိုသားစပ်လို့မရသေးပါဘူး!''

"ဟုတ်တယ်... အရမ်းငယ်သေးတယ်!''