မဖြစ်နိုင်? သက်သက်စော်ကားတာ!
Vol. 68 Ch. 1015
နွားတွေငယ်သေးမှန်း ချင်လင်သိသောကြောင့် တာဝန်ခံသုံးယောက်ကိုပြုံးပြုံးနှင့်ရှင်းပြလိုက်သည်_
"အဲဒီအကောင်လေးတွေပြောနေတာမဟုတ်ဘူး... ဒီတစ်ခါ နွားကြီးနှစ်ကောင်ပါတယ်... ဟိုနှစ်ကောင်ကိုကြည့်လိုက်''
သူကပြောရင်းဆိုရင်း ကျောက်လီယွမ်အား နွားကြီးနှစ်ကောင်ကိုကားပေါ်မှချခိုင်းလိုက်သည်။
တာဝန်ခံသုံးယောက်ကချက်ချင်း ဝဂ်ယူနွားကြီးနှစ်ကောင်ကိုစိတ်ဝင်စားသွားသည်။ သူတို့ကအမြန်လျှောက်လာပြီး မယုံနိုင်ပုံနှင့်နွားကြီးနှစ်ကောင်ကိုထိကြည့်သည်။
"ဒီလောက်တောင့်တဲ့ကိုယ်လုံးနဲ့ အရမ်းသန်မှာပဲ!''
"ဒီအရိုးအဆစ် ဒီပုံစံ ဒီကြီး***... တကယ့်နွားကောင်းပဲ!''
"တကယ့်ဝဂ်ယူနွား... ပြီးတော့ ဒီဝဂ်ယူကပိုသန့်တယ်... လုံးဝမယုံနိုင်စရာပဲ!''
“……”
ဝဂ်ယူနွားမွေးလာသောတာဝန်ခံသုံးယောက်ဖြစ်၍သိကြသည်။ ဝဂ်ယူနွားကြီးနှစ်ကောင်ကိုလေ့လာပြီး ကောင်းကောင်းဆုံးဖြတ်နိုင်သည်။
"ဥက္ကဌချင်... ဒီဝဂ်ယူနွားကိုဘယ်လိုရလဲ?''
တာဝန်ခံတစ်ယောက်ကမနေနိုင်ဘဲ ချင်လင်ကိုမေးသည်။
ဒီလောက်ကောင်းတဲ့ဝဂ်ယူနွားမျိုးကို ဂျပန်ကသူ့နိုင်ငံမှာပဲထားပြီး အပြင်အရောက်မခံမှန်းသူသိသည်။
သူတို့က ဂျပန်နယ်စပ်ကိုသူခိုးစောင့်သလိုစောင့်ကြည့်နေကြ၏။
ဒါကြောင့်လည်း အံ့ဩရခြင်းပင်။
အခုဥက္ကဌချင်က ဒီလိုနွားကြီးမျိုးကိုတကယ်ယူလာသည်။
နောက်တစ်ယောက်က ချက်ချင်းပင်_
"အဓိပ္ပါယ်မရှိတာ? ပိုက်ဆံရှိရင် မရနိုင်စရာဘာရှိလဲ? ဂျပန်ကလူတွေပိုက်ဆံမမက်ဘူးထင်လို့လား?''
ထိုစကားကြောင့် တစ်ယောက်ကဆက်မပြောတော့။
ဒါအမှန်ပင်။
"ဥက္ကဌချင်... ဒီနွားနှစ်ကောင်ကို တကယ်အပြင်မွေးမြူရေးခြံတွေကိုပေးမလို့လား?''
တာဝန်ခံကမေးသည်။
"ဘာလို့မပေးရမှာလဲ?''
ချင်လင်ခေါင်းညိမ့်လိုက်ပြီး_
"အဲဒီမွေးမြူရေးခြံတွေအကုန် ဝဂ်ယူနွားမွေးနိုင်ရင်အကောင်းဆုံးပဲ''
သူ့စကားကြောင့် တာဝန်ခံသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ကြည့်ရတာ ဥက္ကချင်က သူများနိုင်ငံ့ရတနာကိုတိုက်ခိုက်တော့မည်။ ဥပမာ မြို့စားနှင်းဆီက အရင်းရှင်နိုင်ငံတွေရဲ့နိုင်ငံတော်ပန်းမလား?
ဒီလိုလုပ်ရပ်မျိုးက အားရကျေနပ်စရာကောင်းသော်လည်း သူတို့ပြိုင်ဘက်များစေသည်။ မဟုတ်ရင် ပြည်တွင်းမှာဝဂ်ယူနွားရှိတာ သူတို့မွေးမြူရေးခြံတစ်ခြံပဲရှိမည်။
သုံးယောက်သားက ခွေးသွားစိတ်မြက်အာနိသင်ကိုမသိကြ။
မွေးမြူရေးခြံမှခွေးသွားစိတ်မြက်အားလုံး အရည်အသွေး ၂ ရှိပြီး တိရစ္ဆာန်များအတွက်အာဟာရကြွယ်ဝခြင်း +၂ ရှိသည်။ ဒီမှာမွေးတဲ့နွားတွေက တခြားနွားများထက်သေချာပေါက်ပိုကောင်းမည်။
နောက်ပြီး ခွေးသွားစိတ်မြက်ကိုရွှေ့စိုက်ရင် အရည်အသွေးကျဆင်းသွားသောကြောင့် မွေးမြူရေးခြံမှခွေးသွားစိတ်မြက်ကိုယူသွားနိုင်စရာအကြောင်းမရှိပေ။
အထူးသဖြင့် သူ့ပထမအသုတ်က ဂိမ်းထုတ်ကုန်ဖြစ်သည်။ ရှေ့လျှောက်ဂိမ်းထုတ်ကုန်များသာထည့်မည်။ မျိုးသန့်လွန်း၍ ဂျပန်ကဝဂ်ယူနွားထက်တောင်ပိုသန့်ဦးမည်။
အပြင်လူတွေမျိုးလာစပ်ရင် နွားမျိုးသန့်မှနွားမျိုးစပ်နိုင်မည်။ နွားမျိုးမသန့်ရင် ကွာခြားချက်ကြီးသွားမည်။
မွေးမြူရေးခြံတွေက ဝဂ်ယူနွားမျိုးစပ်နိုင်ရင်တောင် အရည်အသွေးကျသွားမည်။ အလွန်ဆုံး ဂျပန်နွားများနှင့်ယှဉ်နိုင်သည်။ သူတို့မွေးမြူရေးခြံမှနွားများနှင့် ယှဉ်နိုင်စရာအကြောင်းမရှိ။
ဒီတော့ ပြိုင်ဘက်ဖြစ်စရာလည်းမရှိပေ။
ဝဂ်ယူနွားကြီးနှစ်ကောင်ကို မွေးမြူရေးခြံထဲလွှဲပေးပြီးနောက် ချန်တပေအား အရည်အသွေး ၁ ဆီးနှင်းအမဲသားကတ်တီ ၄၀၀၀ ကို စံအိမ်ယူလာခိုင်းသည်။
အမဲသားကို ပွဲအစီအစဉ်အတွက် ဝက်သားနှင့်တွဲထားမည်။
အတော်များများက ဝဂ်ယူအဖွဲ့ဥက္ကဌ Yagyu Mashiro ၏စက်ဆုပ်စရာသတင်းများကိုတွေ့ထားပြီးဖြစ်သည်။
အထူးသဖြင့် ညပိုင်း၌_
စက်ဆုပ်စရာသတင်းသုံးပုဒ်က ရေပန်းစားလာသည်။
မာထျန်းယွီလည်းမြင်သည်။
အင်တာနက်ဆယ်လီအနေနှင့် အရင်ကအမဲသားကိုအကဲဖြတ်ဖူးသောကြောင့် အမဲသားအားလုံး၏အရည်အသွေးကိုသိသည်။
ဒါပေမဲ့ ဒီဂျပန်ကလူတွေက ဒေါသထွက်စရာမကောင်းဘူးလား?
အမဲသားကကောင်းပေမဲ့ ဒီလောက်ရွံစရာမကောင်းသင့်။
အမှန်အတိုင်းပြောရရင် သူအမဲသားမစားနိုင်တာမဟုတ်။ အမဲသားကြိုက်သော်လည်း ဆီးနှင်းအမဲသားမစားနိုင်သောကြောင့်မဟုတ်ပေ။
သူဆီးနှင်းအမဲသားစားရင်ပဲ သေတော့မလိုလိုဖြစ်အောင်လုပ်နေသည်။
"ယောက်ျား... ဂျပန်ကလူတွေမလွန်ဘူးလား?''
သတင်းကြည့်နေသောသူ့မိန်းမက ပါးစပ်အဟောင်းသားဖြစ်နေသည်။
"အမဲသားက သူတို့နိုင်ငံ့ရတနာ''
မာထျန်းယွီကပြောသည်_
"တို့နိုင်ငံမှာလည်း ဒီလိုအဆင့်ရှိတယ်ထင်နေလို့ပေါ့''
သူတို့နှစ်ဦးစကားပြောနေစဉ် ရုတ်တရက် မာထျန်းယွီနောက်ခံတွင် စာတစ်စောင်ဝင်လာသည်။
စာဖွင့်လိုက်သောအခါ ပရိသတ်များက ချင်းလင်စံအိမ်မှအသစ်တင်သောဗီဒီယိုကြည့်ရန်ပြောထားကြသည်။
သူဇဝေဇဝါဖြစ်သွား၏။
ချင်းလင်စံအိမ်မှာဘာဖြစ်လို့လဲ?
"အချစ်... ချင်းလင်စံအိမ်တရားဝင်အကောင့်ကအသစ်တင်တဲ့ဗီဒီယိုကြည့်စမ်းပါ''
သူ့မိန်းမကိုချက်ချင်းပြောလိုက်သည်။
မိန်းမဖြစ်သူကခေါင်းညိမ့်ပြီး Tiktok ဖွင့်သည်။ ချင်းလင်တရားဝင်အကောင့်ထဲဝင်ကြည့်လိုက်ရာ ဗီဒီယိုအသစ်တွေ့သည်။
လင်းလန်ဇီက ချင်းလင်စံအိမ်မာတီမီဒီယာဌာနကိုတင်ခိုင်းထားသော အမဲသားနှင့်ဝက်သားမဲနှိုက်ရမည့်ဗီဒီယိုပင်။
"မင်္ဂလာပါ အားလုံးပဲ... ကျွန်မကလင်းလန်ဇီပါ... ထပ်ဆုံပြန်ပြီနော်... အားလုံးကိုသတင်းကောင်းပြောစရာရှိပါတယ်... မနက်ဖြန်ကစပြီး ချင်းလင်စံအိမ်က ခရီးသည်များကိုတုံ့ပြန်ပေးတဲ့အနေနဲ့ မဲနှိုက်အစီအစဉ်လုပ်ပါမယ်... မဲပေါက်တဲ့သူက ယွမ် ၂၀ တန်ဝက်သား.. ၁ ယွမ်တန်အမဲသားရပါမယ်... နေ့တိုင်း ၁၀၀၀ စီရှိပါမယ်... မှတ်ထားနော်... တစ်နေ့ ၁၀၀၀ ပါ''
ဗီဒီယိုကြည့်ပြီး မာထျန်းယွီလုံးဝကြောင်သွားသည်။
အစက ယွမ် ၂၀ တန်ဝက်သားကဘယ်လောက်ကြီးပြီး ၁ ယွမ်တန်အမဲသားက ဘယ်လောက်သေးမလဲထင်ခဲ့သည်။
စျေးကွက်တန်ဖိုး ယွမ်တစ်သောင်းကျော်ရှိနိုင်ပေမဲ့ ချင်းလင်စံအိမ်က တစ်ယွမ်နဲ့ပေးသတဲ့လား?
မဖြစ်နိုင်တဲ့စျေး!