မဖြစ်နိုင်? သက်သက်စော်ကားတာ! ၂
Vol. 68 Ch. 1016
"အချစ်... ကိုယ်တို့ချင်းလင်စံအိမ်ကိုခရီးထွက်ရမယ်ထင်တယ်''
ချင်းလင်စံအိမ်က ဝဂ်ယူအဖွဲ့မှ Yagyama Mashiro တို့အားပစ်မှတ်ထားပြီးလုပ်သည်ကို မာထျန်းယွီချက်ချင်းသဘောပေါက်သည်။
ဒါပေမဲ့ အဲဒါအရေးအကြီးဆုံးအချက်ပဲ။
ချင်းလင်စံအိမ်က ဆီးနှင်းအမဲသားတကယ်ပေးမှာလား?
တကယ့်ဆီးနှင်းအမဲသားသာပေးရင် ဝဂ်ယူအဖွဲ့က Yagyama Mashiro တို့အရှိုက်ထိပြီ။
ချင်းလင်စံအိမ်က အရည်အသွေးမြင့်ဆီးနှင်းအမဲသားမပေးနိုင်ရင် သူတို့နိုင်ငံကအရည်အသွေးမြင့်မြင့်မစားနိုင်လို့ သာမန်အမဲသားပေးသည်ဆိုပြီး Yagyama Mashiro တို့ကိုလှောင်ပြောင်ခွင့်ပေးလိုက်သလိုဖြစ်မည်။
Adidas နဲ့ Nike မစီးနိုင်ဘဲ ဝယ်သောလူများလို ကိုးရိုးကားရားဖြစ်နေမည်။
ဘာပဲဖြစ်ဖြစ် တစ်နေ့ ၁၀၀၀ ဆို ငွေပမာဏအများကြီးကျမည်။
ချင်းလင်စံအိမ်နာမည်ကြီးခြင်းကြောင့် ထိုဗီဒီယိုကမြန်မြန်ဆန်ဆန်ရေပန်းစားလာသည်။ ထို့ကြောင့် အတော်များများက @မာထျန်းယွီဟုတွဲထားကြသည်။
သို့ရာတွင် တစ်ချိန်တည်း အင်တာနက်မှာထိုဗီဒီယိုကြောင့်ပွက်လောရိုက်သွားသည်။
ချင်းလင်စံအိမ်က အစီအစဉ်လှုပ်ရှားမှုမရှိတာကြာသည့်အတွက်ရော၊ ဂျပန်ဝဂ်ယူအဖွဲ့မှ Yagyama Mashiro တို့ကိုစက်ဆုပ်သည့်အတွက်ရောပင်။
"၆၆၆... ဟိုထောင်လွှားနေတဲ့နိုင်ငံခြားကောင်တွေကိုဖြေရှင်းဖို့ ချင်းလင်စံအိမ်ကအကောင်းဆုံးပဲ''
"ဆီးနှင်းအမဲသားက အရမ်းတန်ဖိုးရှိတယ်လား? ချင်းလင်စံအိမ်က တစ်ယွမ်နဲ့ပေးလိုက်မယ်''
"ဟား ဟား... တို့ဝက်သားက ယွမ် ၂၀.. သူတို့ဆီးနှင်းအမဲသားကတစ်ယွမ်တည်းတဲ့''
"လုံးဝစိတ်အေးသွားပြီကွာ... ငါမဲပေါက်ရင် ခွေးကျွေးပစ်မယ်''
"အကြံကောင်းပဲ... မနက်ဖြန် ချင်းလင်စံအိမ်သွားရင်ခွေးခေါ်သွားမယ်... ငါမဲပေါက်ရင် အမဲသားကိုခွေးကျွေးပစ်မယ်''
“……”
အင်တာနက်ပေါ်တွင်သတင်းများပွနေ၍ ဝဂ်ယူအဖွဲ့မှလူများသိသွားကြသည်။
Yagyama Mashiro က သတင်းသုံးပုဒ်ဆက်တိုက်တင်ထား၍ ဒီကိစ္စကိုအာရုံစိုက်နေကြသည်။ ပြည်တွင်းကလူတွေဒေါသထွက်မှာ၊ဆန္ဒပြမှာကိုတောင် မြင်ချင်လောက်သည်။
နောက်ပြီး နိုင်ငံတကာအမဲသားအရသာခံပွဲကို မင်စီရင်စုတွင်ကျင်းပမည်ဖြစ်၍ အတော်လူအမြင်ကပ်အောင်လုပ်ထားခြင်းပင်။
မင်စီရင်စု_
ဂျပန်ပိုင်ဟိုတယ်တစ်ခု၌_
Yagyama Mashiro က အမျိုးသမီးကိုပွေ့ပိုက်ပြီးလူးလိမ့်နေသည်။
အမျိုးသမီးက ပြည်တွင်းအင်တာနက်ဆယ်လီတစ်ဦးဖြစ်၏။ သူ့ကိုကောင်းကောင်းပြုစုဖို့ပိုက်ဆံပေးခေါ်ထားခြင်းပင်။
ဒီနိုင်ငံမှာ အမျိုးသမီးတစ်ယောက်နဲ့အတူနေရတာ ထူးထူးခြားခြားခံစားချက်ဖြစ်ပြီး ပြီးမြောက်အောင်မြင်သလိုခံစားရသည်။
စက္ကန့် ၃၀ ကြာပြီးနောက် အင်တာနက်ဆယ်လီအမျိုးသမီးကစိတ်ပျက်လက်ပျက်ကြည့်နေစဉ် တံခါးခေါက်သံကြားရသည်။
Yagyama Mashiro က စိတ်ကျေနပ်ပြီး ထ၍တံခါးသွားဖွင့်ရာ အပြင်တွင်သူ့လက်ထောက်ကိုတွေ့ရသည်။
"မစ္စတာ Yagyama Mashiro... ကျွန်တော်တင်ပြစရာရှိလို့ပါ''
တံခါးဖွင့်ဖွင့်ချင်း လက်ထောက်ကပြောသည်။
"ငါတို့ဆီးနှင်းအမဲသားပိတ်လိုက်လို့ ဒီနိုင်ငံကလူတွေဆန္ဒပြကုန်ပြီလား?''
Yagyama Mashiro ကတန်းမေးသည်။
"မစ္စတာ Yagyama Mashiro... ဒီနိုင်ငံကလူတွေဆန္ဒမပြပါဘူး... ခင်ဗျားရဲ့အမဲသားနဲ့ ဒီနိုင်ငံကိုဆန့်ကျင်ပြီးဂျပန်ကိုထောက်ပံ့ပေးတဲ့ဗျူဟာက အလုပ်ဖြစ်ပုံမပေါ်ဘူး''
လက်ထောက်ကအမြန်ပြောသည်။
"ပြီးတော့ ဒီကရှုမျှော်ခင်းနေရာတစ်ခုမှာ ဆီးနှင်းအမဲသားမဲနှိုက်ပေးမယ်လို့ကြေညာထားတယ်... ဒီဗီဒီယိုကြည့်လိုက်ပါဦး''
သူကပြောရင်းဆိုရင် Yagyama Mashiro ကိုဗီဒီယိုလှမ်းပေးသည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်ထားသောဗီဒီယိုပင်။
Yagyama Mashiro က ဗီဒီယိုကြည့်ပြီး ဒေါသထွက်သွားသည်။ ဘယ်လိုဟာသလဲ? ဆီးနှင်းအမဲသားကိုအလကားပေးတယ်ဆိုရင်တောင် တော်တော်ဆိုးနေပြီ။ ဒါပေမဲ့ ဆီးနှင်းအမဲသားကတစ်ယွမ်တည်း။ သူတို့ဝက်သားက ယွမ် ၂၀ တန်သတဲ့လား?
ဒါသူတို့ဝက်သားနဲ့ ဆီးနှင်းအမဲသားကမယှဉ်နိုင်တဲ့သဘောလား?
တော်တော်အရှက်ခွဲတာပဲ။
တမင်သက်သက်စော်ကားတာ။
လက်ထောက်ကလည်းသိသောကြောင့်_
"မစ္စတာ Yagyama Mashiro... ဒါသူတို့တမင်လုပ်တာ... ကျွန်တော်တို့လက်တုံ့ပြန်ရမယ်''
"ငါသိတယ်''
Yagyama Mashiro က အေးစက်စက်နှင့်_
"ဒါပေမဲ့ အဲဒီရှုမျှော်ခင်းနေရာက ယွမ် ၂၀ တန်ဝက်သားအရွယ်အစားရှိတဲ့ဆီးနှင်းအမဲသား ၁၀၀၀ တကယ်ပေးနိုင်မယ်ထင်လား? အဲတစ်တုံးကို တစ်သောင်းကျော်တန်တယ်!''
လက်ထောက်က ပြန်ပြောသည်_
"အမှန်ပဲ... ၁၀၀၀ ဆိုဘယ်လောက်ကျမလဲ? သူဘယ်လောက်ချမ်းသာချမ်းသာ ဒီလိုမဝေပေးနိုင်ဘူး... ပြီးတော့ ဆီးနှင်းအမဲသားဒီလောက်အများကြီးရဖို့လည်းမဖြစ်နိုင်ဘူး... ဒီနိုင်ငံထဲဆီးနှင်းအမဲသားမဝင်အောင် ကျွန်တော်တို့ပိတ်ထားပြီးပြီ''
“အဲဒီတော့?”
Yagyama Mashiro က ခေါင်းညိမ့်ပြီးမေးသည်။
"သာမန်အမဲသားကိုအစားထိုးဖို့များလို့ စားဖို့အခွင့်အရေးပေးတာပဲ''
လက်ထောက်ကတန်းပြောသည်။
"ဒါဆန္ဒပြနည်းတစ်မျိုးပဲမလား? ဒါငါတို့ပိတ်ပင်တာ တားမြစ်တာက သူတို့ကိုရန်စသလိုဖြစ်လို့ပေါ့''
"ဒီလိုနည်းမျိုးသုံးလာတာ သူတို့ဒေါသထွက်လို့... ဒါပေမဲ့ သူတို့ကဦးနှောက်မဲ့လွန်းတယ်... ဒီနည်းက လွယ်လွယ်လေးပေါ်သွားနိုင်တယ်... အဲဒီတော့ ငါတို့လူတွေဝင်ရောပြီး အမဲသားအကြောင်းဖော်ထုတ်ကြမယ်''
"မစ္စတာ Yagyama Mashiro... ကျွန်တော်သဘောပေါက်ပြီ''
လက်ထောက်ကပြုံးပြုံးနှင့်လျှောက်သွားသည်။ သူတို့အားနည်းချက်ကိုကိုင်ပြီး သတင်းလွှင့်လိုက်မှသူတို့်မျက်နှာဘယ်လိုဖြစ်သွားမလဲ သူသိချင်နေပြီ...
…
နောက်တစ်နေ့_
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ အလွန်စည်ကားနေသည်။
ပုံမှန်ခရီးသည်အရေအတွက်က ၃၀၀၀၀ ဆိုသော်လည်း တစ်မနက်နှင့်တင် ၃၀၀၀၀ ကျော်သွားသည်။
တိုးလာသောလူများက ချင်းလင်စံအိမ်အမဲသားအတွက်လာခြင်းပင်။ တချို့ကလည်း ချင်းလင်စံအိမ်အမဲသားက အကောင်းဆုံးဆီးနှင်းအမဲသားဟုတ်မဟုတ်သိချင်၍လာကြသည်။
မာထျန်းယွီက သူ့မိန်းမနှင့်ရောက်လာသည်။ သူ့သူ့သားကျောင်းသွားနေသောကြောင့် သူ့မိဘများကိုကြိုခိုင်းခဲ့သည်။
သူ့မိန်းမနှင့်ရောက်လာသော်လည်း လူတွေဒီလောက်အများကြီးရှိနေမည်ဟုမထင်မိပေ။
မာထျန်းယွီက ချင်းလင်စံအိမ်ကားပါကင်တွင်ကားထိုးလိုက်သည်။ စံအိမ်ထဲဝင်ဝင်ချင်း ဝင်ပေါက်တွင် ဆီးနှင်းအမဲသားအစီအစဉ်ကြေညာချက်ကိုတွေ့ရသည်။