မဖြစ်နိုင်? သက်သက်စော်ကားတာ! ၃
Vol. 68 Ch. 1017
ဒီတစ်ခါ ချင်းလင်စံအိမ်ပွဲကအလွန်ရှင်းသည်။ စံအိမ်လာတဲ့ခရီးသည်တိုင်း တစ်ယွမ်နှင့်အထက်သုံးပြီး အလကားမဲနှိုက်နိုင်သည်။ မဲပေါက်သူက ဝက်သားနှင့်ဆီးနှင်းအမဲသားရမည်။
ဒီပွဲအတွက်လိုအပ်ချက်က တစ်ယွမ်တည်း။
ဒါကလည်း ဆီးနှင်းအမဲသားကဒီလောက်သာတန်ကြောင်းတိုက်ရိုက်ပြောခြင်းဖြစ်ပြီး နောက်ထပ်စော်ကားနည်းတစ်မျိုးပင်။
ဆီးနှင်းအမဲသားကိုဒီလိုစော်ကားနိုင်တာ ချင်းလင်စံအိမ်ပဲရှိသည်။
ဘာပဲဖြစ်ဖြစ် အရည်အသွေးမြင့်ဆီးနှင်းအမဲသားကို ဘယ်သူမှချင်လင်လိုအလကားမရ၍ တစ်ခါတည်းဒီလောက်အများကြီးမပေးနိုင်။
ကြေညာချက်တွင် ဆုမဲပေါက်ပြီးနောက်လုပ်ငန်းစဉ်ကိုလည်းဖော်ပြထားသည်:
မဲပေါက်သူကို ချင်းလင်စံအိမ်ကဝက်သားနှင့်ဆီးနှင်းအမဲသား အများရှေ့တွင်ပေးမည်။
ဒီတစ်ခါမဲပေါက်သူက စံအိမ်ကိုချက်ခိုင်းနိုင်သလို ကိုယ့်ဘာသာလည်းချက်စားနိုင်သည်။
မာထျန်းယွီသင်ပြင်းချလိုက်သည်။
ဒီလိုဆို ချင်းလင်စံအိမ်ကအတုဖြစ်မှာစိုးရိမ်စရာမလိုတော့။ သူတို့ဒီလိုလုပ်နိုင်တယ်ဆိုရင် သေချာပေါက်ဆီးနှင်းအမဲသားအစစ်ဖြစ်မည်။ ဂျပန်ကလူတွေ ဘာသက်သေမှရှာနိုင်မည်မဟုတ်။
သို့သော် တချို့ကဒီလိုမထင်။
ဝတ်စုံပြည့်နှင့်ခပ်ပုပုလူနှစ်ယောက်က ကြေညာချက်ကိုဖတ်နေကြသည်။
တစ်ယောက်ကမေး၏_
"ဧကရီတစ်ပါးမွေးဖွားလာဖို့ သုံးခါတိုက်ရတယ်... သူတို့မှာ တကယ်ဆီးနှင်းအမဲသားရှိတယ်ထင်လား?''
"မဖြစ်နိုင်ဘူး Hinata''
သူကအမြန်ပြောသည်_
"မင်းအဲလိုထင်အောင် သူတို့ဒီနည်းသုံးတယ်ဆိုတာ သဘောပေါက်စမ်းပါ... ဒါဆိုက်ကိုနည်းပဲ''
"ငါတို့ မစ္စတာ Yanagama Yoshiro ကိုယုံရမယ်... အဖွဲ့က ဆီးနှင်းအမဲသားအရောင်းပိတ်ထားတယ်... Yanagama Yoshiro လည်းစုံစမ်းပြီးပြီ ချင်းလင်စံအိမ်ကိုဆီးနှင်းအမဲသားရောင်းထားတဲ့မှတ်တမ်းမရှိဘူး''
"အင်း နားလည်ပြီ''
Hinata က မတွေးဘဲပြောလိုက်သည်_
"ငါအရူးလုပ်ခံရတော့မလို့... သူတို့ဆီးနှင်းအမဲသားကိုဒီလိုဆက်ဝေနေရင် ငါတို့ရဖို့လွယ်ပြီ''
Sancai Sheng နှင့် Hinata Buju က ချင်းလင်စံအိမ်ကို Yanagama Yoshiro လွှတ်လိုက်သောလူများဖြစ်သည်။
အချိန်မြန်မြန်ဆန်ဆန်ကုန်သွားပြီး ချင်းလင်စံအိမ်မဲနှိုက်အစီအစဉ်က ပိုအရှိန်ကောင်းလာသည်။
ဒီနေ့ချင်းလင်စံအိမ်လာသူတိုင်း တစ်ယွမ်သုံးနိုင်သည်။ ဒါကလည်း အားလုံးမဲနှိုက်ခွင့်ရှိသည့်သဘောပင်။
မနက်ပိုင်းကုန်ပြီးနောက် ခရီးသည်လေးငါးရာမဲပေါက်ကြသည်။
မာထျန်းယွီက ကံကောင်းပြီးမဲတန်းပေါက်သည်။ ဒီတော့ သူအကဲဖြတ်ရပိုလွယ်သွားသည်။ မဟုတ်ရင် မဲပေါက်တဲ့သူဆီကပြန်ဝယ်နေရဦးမည်။
ဝက်သားနှင့်ဆီးနှင်းအမဲသားကို စားသောက်ဆိုင်နှင့်ဘူဖေးနေရာတွင်ဝေပေးသည်။ ထိုနေရာတွင် စာရင်းသွင်းသူ၊ အထူးလမ်းညွှန်ပေးသူနှင့် ဆီးနှင်းအမဲသားဝေပေးသောဝန်ထမ်းများရှိသည်။
မဲပေါက်သူများက အလွန်ပျော်ကြသည်။ အမှန်အတိုင်းပြောရရင် ဒီနေ့မဲမပေါက်ပါက သူတို့ဘဝမှာဆီးနှင်းအမဲသားမစားဖူးလောက်။
ပျော်လွန်း၍ အချင်းချင်းသိသိမသိသိ နှုတ်ဆက်ကြသည်။
တစ်ယောက်က မာထျန်းယွီကိုနှုတ်ဆက်သောကြောင့် သူလည်းသူ့ဘေးမှလူပုနှစ်ယောက်ကိုပြန်နှုတ်ဆက်လိုက်သည်။
Sancai Sheng နှင့် Hinata Buju က မာထျန်းယွီကိုလျစ်လျူရှုလိုက်၏။ သူတို့လာတာ အမိအရဖမ်းဖို့။ ချင်းလင်စံအိမ်ဝန်ထမ်းများက အမဲသားထုတ်နေသည်ကိုမြင်သောအခါ သူတို့မျက်လုံးများကျယ်သွားသည်။
"အားလုံး စာရင်းသွင်းပြီးပါပြီ... ပြီးရင် အစီအစဉ်အတိုင်း ဝက်သားနဲ့အမဲသားဝေပါမယ်... ကျေးဇူးပြုပြီး ပူးပေါင်းပေးကြပါ''
ဝန်ထမ်းတစ်ဦးကအမဲသားဝေရင်း သတိပေးသည်။
မကြာမီ မာထျန်းယွီ၊ Sancai Sheng နှင့် Hinata Buju တို့အပါအဝင် လူတိုင်း ဝက်သားနှင့်အမဲသားရကြသည်။
သူတို့သုံးယောက်သားက ရလာသောဆီးနှင်းအမဲသားကိုခေါင်းငုံ့ကြည့်ကြသည်။
အထူးသဖြင့် Sancai Sheng နှင့် Hinata Buju က ပြူးပြဲနေအောင်ကြည့်ကြ၏။
သူတို့လက်ပူးလက်ကြပ်လာဖမ်းသူများဖြစ်၍ သူတို့အတွက်အချိန်ကောင်းပင်။
ခဏအကြာ_
အမဲသားကိုစစ်ဆေးရင်း မာထျန်းယွီပြုံးလာသည်။ သူမပြောဘဲမနေနိုင်တော့_
"ဟားဟားဟား... ဆီးနှင်းအမဲသားပဲ... အရည်အသွေးကကောင်းလိုက်တာ''
တစ်ယောက်က ချက်ချင်းထောက်ခံသည်_
"ဟုတ်ပါ့... ငါလည်း ဆီးနှင်းအမဲသားစားဖူးတယ်... ချင်းလင်စံအိမ်က တကယ်လုပ်နိုင်တာပဲ''
ချက်ချင်းဆိုသလို တစ်ယောက်ကလည်းဖြတ်ပြောသည်_
"ချင်းလင်စံအိမ်က ဆီးနှင်းအမဲသားတကယ်ပေးမယ်လို့မထင်မိဘူး... ဟားဟား.. ဂျပန်ဝဂ်ယူအဖွဲ့တော့ သေချာပေါက်သွားပြီ''
ခရီးသည်များထဲတွင် ဆီးနှင်းအမဲသားစားဖူးသူနည်းနည်းသာရှိသည်။ သူတို့ကခွဲတတ်သည်။
Sancai Sheng နှင့် Hinata Buju က မျက်နှာပျက်သွားသည်။ သူတို့လည်း အရည်အသွေးမြင့်ဆီးနှင်းအမဲသားရထားသည်။
"ချင်းလင်စံအိမ်က ဆီးနှင်းအမဲသားဝေဖို့မဖြစ်နိုင်ဘူးလို့ မစ္စတာ Yagyama yoshichiro ပြောတယ်မလား?''
"လုံးဝမဟုတ်သေးဘူး... သူတို့ဟာ အတုဖြစ်မယ်''
သူတို့အထင်သူတို့အတည်ပြုပြီး အချင်းချင်းကြည့်လိုက်ကြသည်။ အရင်ဆုံး မာထျန်းယွီစားပွဲလေးပေါ်မှအမဲသားကိုကြည့်လိုက်ကြ၏။
မာထျန်းယွီက သူတို့နှစ်ယောက်ကိုခပ်စိမ်းစိမ်းကြည့်လိုက်သော်လည်း မတား။ စပ်စုချင်တာ သဘာဝပင်။ သူလည်း သူများဟာကြည့်ချင်သည်။ ထိုအတွေးနှင့် Sancai Sheng နှင့် Hinata Buju တို့ထိုင်နေသောစားပွဲဆီလှမ်းကြည့်ရာ သူတို့မှာလည်းဆီးနှင်းအမဲသားဖြစ်သည်။
Sancai Sheng နှင့် Hinata Buju က မာထျန်းယွီ၏အမဲသားကိုကြည့်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ ထို့နောက် ကျပန်းနှစ်ယောက်ကိုလိုက်ကြည့်ပြီး သူတို့မျက်နှာသွေးဆုတ်သွား၏။
ဆီးနှင်းအမဲသားတိုင်းက အရည်အသွေးကောင်းသည်။ ဆီးနှင်းအမဲသားပုံအတိုင်း သာမန်အမဲသားကိုရှာဖို့မဖြစ်နိုင်။
ရလဒ်က သူတို့ထင်တာနဲ့တခြားစီ။
ဒါဆို သူများအားနည်းချက်ကိုမဖမ်းနိုင်တော့ဘူးလား?
ဒီချင်းလင်စံအိမ်က ဒေါသထွက်ပြီးဆန္ဒပြနေတာမဟုတ်ဘူး။ သူတို့ကိုလုံးလုံးအရှက်ခွဲနေတာပဲ။
Yagyama yoshichiro ရဲ့အထင်က တက်တက်စင်အောင်လွဲသွားပြီ။