← Chapters

သူတို့မှာနွားဘယ်လိုလုပ်ရှိ?

Vol. 68 Ch. 1018

သူတို့မှာနွားဘယ်လိုလုပ်ရှိ?

Vol. 68 Ch. 1018

မာထျန်းယွီက အကဲဖြတ်ချင်သောကြောင့် အသားကိုသူကိုယ်တိုင်ချက်သည်။ သူ့လက်ရာက အတော်လေးကောင်းသည်။

မာထျန်းယွီလိုပင် Sancai Sheng နှင့် Hinata Buju တို့ကလည်း ကိုယ်တိုင်ချက်ကြသည်။

အခုမဖမ်းသေး။ အမဲသားအရည်အသွေးကိုကြည့်ဦးမည်။ အမဲသားအရသာနဲ့အထိအတွေ့က အရည်အသွေးညံ့ပါစေဟုသာဆုတောင်းရတော့မည်။

ဒီလိုဆိုရင် သူတို့အမဲသားသိမ်းထားတာကြာပြီဆိုတဲ့သဘော။ ဒါဆို အစီအစဉ်ကိုကြာကြာဆက်လုပ်နိုင်မည်မဟုတ်ပေ။

နောက်ပြီး ကြာရှည်အေးခဲထားသောအမဲသားကစျေးကျလာသောကြောင့် ထုပ်ပိုးပစ္စည်းဟုယူဆနိုင်သည်။

ဒါဆို နည်းနည်းခုသာခံသာရှိသည်။

အမဲသားလုပ်ငန်းကလူများဖြစ်၍ နှစ်ယောက်လုံး အသားချက်ကျွမ်းကြသည်။ မကြာမီ သူတို့လည်းအမဲသားတုံးကြော်သည်။

သို့ရာတွင် နှစ်ယောက်သားကြော်ရင်းချက်ရင်း စိတ်ကအောက်ဆုံးအထိထိုးကျသွား၏။ ကြော်ရုံနှင့်တင် ဆီးနှင်းအမဲသားကသေချာပေါက်အရည်အသွေးကောင်းမှန်းသိနိုင်သည်။

အဆီထွက်လာပုံနှင့်ကြော်ထားပုံအခြေအနေက ပြီးပြည့်စုံသည်။

နောက်ဆုံး မာထျန်းယွီအသားချက်ပြီးသွားသည်။

အရင်ကဆီးနှင်းအမဲသားစားဖူးသောကြောင့် အရသာနှင့်အထိအတွေ့ကိုသူသိသည်။

တစ်ကိုက်စားကြည့်ရုံနှင့် ချင်းလင်စံအိမ်ဆီးနှင်းအမဲသားက သူစားဖူးသောဆီးနှင်းအမဲသားထက် အရသာနှင့်အထိအတွေ့ပိုကောင်းကြောင်းသိနိုင်သည်။

Sancai Sheng နှင့် Hinata Buju လည်း အသားကြော်ပြီးသွားသည်။ နှစ်​ယောက်သား အမဲသားကိုပါးစပ်ထဲထည့်ပြီး မြိုချဖို့ခက်နေကြ၏။

မမြိုချနိုင်သောကြောင့်မဟုတ်။ ဆီးနှင်းအမဲသားအထိအတွေ့ကကောင်းလွန်းသောကြောင့် မြိုမချခြင်းပင်။

သူတို့နှစ်ယောက်လုံး ဝဂ်ယူအဖွဲ့မှဖြစ်၍ ဆီးနှင်းအမဲသားအကြောင်းသိသည်။ ချင်းလင်စံအိမ်ဆီးနှင်းအမဲသား၏အရသာနှင့်အထိအတွေ့က သူတို့ဂျပန်ထက်ပိုကောင်းမှန်း တန်းသိသည်။

ဒီလိုမဖြစ်သင့်။

တစ်ကမ္ဘာလုံးကဆီးနှင်းအမဲသားတွေထဲမှာ သူတို့ဂျပန်အမဲသားကအမြဲတမ်းအကောင်းဆုံးဖြစ်ခဲ့သည်။

သူတို့နှစ်ယောက်က အချိန်မဆိုင်းရဲ။ ဆီးနှင်းအမဲသားဘယ်လောက်အရသာရှိရှိ လုံးဝစားချင်စိတ်မရှိပေ။ ဒီအခြေအနေကို Yagyama yoshichiro ဆီတင်ပြရမည်။

ဂျပန်ဟိုတယ်တစ်ခု၌_

Yagyama yoshichiro က အရပ်ရှည်ရှည်မိန်းမလှလေးတစ်ယောက်ကိုဖက်ထားသည်။ ဒါ သူ့တပည့်စီစဉ်ပေးသောနောက်ထပ်အင်တာနက်ဆယ်လီတစ်ဦးပင်။

ဒီပြည်တွင်းအင်တာနက်ဆယ်လီတွေက အရမ်းကျွမ်းကျင်မှုရှိသည်။ သန့်စင်ခန်းခဏသန့်ရှင်းပြီးနောက် သူစိတ်ကျေနပ်သွား၏။

အမှန်အတိုင်းပြောရရင် ပိုက်ဆံရှိနေသရွေ့ ဒီနိုင်ငံကဂျပန်ထက်ပိုပျော်ဖို့ကောင်းသည်။

Yagyama yoshichiro တွေးတောနေစဉ် ဖုန်းဝင်လာသည်။ အဖြေတစ်ခုခုတွေ့ပြီမှန်းသိ၍ ချက်ချင်းဖုန်းကိုင်လိုက်၏_

"ဘယ်လိုလဲ? မိပြီလား? ငါတို့ဆီးနှင်းအမဲသားကိုလိုက်တုတာ ဘယ်လိုအမဲသားမျိုးနဲ့လဲ?''

Sancai Sheng ၏အလောတကြီးအသံကိုကြားရသည်_

"မစ္စတာ Yagyama yoshichiro... သူတို့ကအရည်အသွေးမြင့်ဆီးနှင်းအမဲသားသုံးတာပါ... အမဲသားအတုမဟုတ်ဘူး''

"အဲလောက်ကောင်းတဲ့ဆီးနှင်းအမဲသားကို သူတို့ဘယ်ကရလဲ?''

Yagyama yoshichiro က မျက်မှောင်ကြုတ်ပြီး_

"ငါတို့ပိတ်ထားပြီးပြီလေ''

"မစ္စတာ Yagyama yoshichiro... အဲဒါတင်မကဘူး... သူတို့ဆီးနှင်းအမဲသားက ကျွန်တော်တို့ဂျပန်ကဟာထက်အရသာပိုရှိတယ်''

"မဖြစ်နိုင်တာ! ငါတို့ဆီးနှင်းအမဲသားက အကောင်းဆုံးလေ''

Yagyama yoshichiro က တန်းငြင်းလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်တို့မြည်းကြည့်ပြီးပြီ... အမှန်ပဲ''

Sancai Sheng က လောလောနှင့်ပြောသည်။

"ဒါဆို သူတို့တစ်ခုခုထည့်ထားလို့ပေါ့... ငါတို့ဆီးနှင်းအမဲသားကိုသုံးထားတာဖြစ်မယ်''

Yagyama yoshichiro က အခိုင်အမာယုံကြည်ထားသည်။ သူတို့ဆီးနှင်းအမဲသားကို ဘယ်သူမှမယှဉ်နိုင်။

သူကဆက်ပြီး_

"အခုကြည့်ရတာ ချင်းလင်စံအိမ်က ဆီးနှင်းအမဲသားအတွက်အဆက်အသွယ်ရှိပုံပဲ... သူတို့ကိုဖြည့်ဆည်းပေးတဲ့သူရှိတယ်... သစ္စာဖောက်ရှိနေပြီ... ငါတို့သေချာစုံစမ်းရမယ်''

Yagyama yoshichiro စိတ်ထဲတွင် ဒါအဖြစ်နိုင်ဆုံးဟုထင်သည်။

သစ္စာဖောက်ကြောင့်မဟုတ်ရင် သူတို့ဆီးနှင်းအမဲသားကို ဒီလောက်အများကြီးရစရာအကြောင်းမရှိ။ ဘာပဲဖြစ်ဖြစ် ဩစတေးလျဘက်က သူတို့ကိုကတိပေးထားသည်။

Yagyama yoshichiro က ချက်ချင်းသူ့လက်ထောက်ကိုခေါ်ပြီး စုံစမ်းခိုင်းသည်။

လက်ထောက်လည်း အရေးကြီးမှန်းသိ၍ ချက်ချင်းစုံစမ်း၏။

သို့ရာတွင် နာရီဝက်မပြည့်သေးခင် လက်ထောက်က Yagyama yoshichiro ဆီအပြေးပြန်ရောက်လာသည်။

"ဘယ်လိုလဲ? သိခဲ့ပြီလား?''

Yagyama yoshichiro က သူ့လက်ထောက်ကိုမြင်မြင်ချင်းမေးသည်_

"သစ္စာဖောက်က ဘယ်သူလဲ?''

လက်ထောက်က အလန့်တကြားနှင့်_

"မစ္စတာ Yagyama yoshichiro... ကြည့်ရတာ သစ္စာဖောက်ရှိမယ်မထင်ဘူး... ချင်းလင်စံအိမ်က သတင်းတစ်ပုဒ်ထပ်တင်ထားတယ်... တစ်ခုခုဖြစ်တော့မယ်ထင်တယ်''

"မင်းဘာလို့လန့်နေတာလဲ? ဘာဖြစ်လို့လဲ?''

Yagyama yoshichiro က မျက်မှောင်ကြုတ်ပြီးမေးသည်။

လက်ထောက်က လောလောနှင့်_

"အဲဒီချင်းလင်စံအိမ်ကပြောတယ်... သူတို့မှာဝဂ်ယူနွားမျိုးရှိတယ်တဲ့! ဆီးနှင်းအမဲသားက သူတို့ဘာသာထုတ်တာဖြစ်မယ်''

"မဖြစ်နိုင်တာ!''

Yagyama yoshichiro က လုံးဝမယုံ_

"ဒီနိုင်ငံကိုတင်ပို့ခွင့်ပိတ်ထားတဲ့အကြောင်းမပြောသေးနဲ့ဦး... သူတို့မှာမွေးမြူတဲ့နည်းပညာမှမရှိတာ... ငါတို့ဆီးနှင်းအမဲသားထက်ပိုကောင်းတယ်ဆိုတာ ပိုတောင်မ​ဖြစ်နိုင်သေး''

လက်ထောက်ကခေါင်းခါပြီး Yagyama yoshichiro ကိုဗီဒီယိုတစ်ပုဒ်ပြသည်_

"မစ္စတာ Yagyama yoshichiro... ဒီဗီဒီယိုကိုအရင်ကြည့်လိုက်ဦး''

Yagyama yoshichiro က ဗီဒီယိုယူကြည့်ပြီး မျက်မှောင်ကြုတ်လာသည်_

"အားလုံးကို နောက်ထပ်သတင်းကောင်းတစ်ခုပြောပြပါမယ်... ကျွန်မတို့ချင်းလင်စံအိမ်မှာ ကိုယ်ပိုင်ဝဂ်ယူနွားရှိပါတယ်... မျိုးကောင်းမျိုးသန့်အရည်အသွေးမြင့်ဝဂ်ယူနွားကြီးနှစ်ကောင်လည်းရှိပါတယ်... ပြည်တွင်းကမွေးမြူရေးခြံတွေအားလုံး လာပြီးမျိုးစပ်ချင်ရင်ကြိုဆိုပါတယ်ရှင်... နွားသုတ်ရည်ကို ယွမ် ၂၀၀ နဲ့လည်းဝယ်ယူနိုင်ပါတယ်ရှင်''

နွားမတမ်းတွေမျိုးစပ်ဖို့ယူလာရင် အချိန်ကြာသောကြောင့် ချင်းလင်မွေးမြူရေးခြံက သုတ်ရည်ရောင်းသည့်နည်းကိုရွေးလိုက်သည်။

ယနေ့ခေတ် မွေးမြူရေးခြံအများစုတွင်လည်း ဒီနည်းသုံးကြပြီး အဆင်ပြေမြန်ဆန်သည်။

All Chapters