← Chapters

သူတို့မှာနွားဘယ်လိုလုပ်ရှိ? ၂

Vol. 68 Ch. 1019

သူတို့မှာနွားဘယ်လိုလုပ်ရှိ? ၂

Vol. 68 Ch. 1019

"သူတို့နွားဘယ်ကရလဲ?''

Yagyama yoshichiro က ဗီဒီယိုအသစ်ကြည့်ပြီး ဒေါသတကြီးအော်သည်။

အထူးနွားအားလုံး သူတို့ထိန်းသိမ်းထားပြီး ဒီနိုင်ငံကိုတင်သွင်းလို့မရ။

"ဘာဖြစ်နေလဲ စုံစမ်းကြည့်စမ်း''

Yagyama yoshichiro က သူ့လက်ထောက်ကိုအော်ပြောသည်။

ဒါကြောင့် သူလန့်နေတာကိုး။ တစ်ဖက်မှာ အရည်အသွေးကောင်းတဲ့နွားမျိုးတကယ်ရှိရင် မကြာခင် ဒီနိုင်ငံမှာနွားမျိုးတွေပြန့်လာမည်။ အဲဒါဆို သူတို့ဘယ်လိုလုပ်ကြမလဲ?

အထူးသဖြင့် 'နွားသုတ်ရည်ကို ယွမ် ၂၀၀ နှင့်ဝယ်နိုင်သည်'ဆိုတာက အရှက်ခွဲခြင်းဖြစ်သည်။

ဒါသူတို့သေချာစောင့်ရှောက်ထားတဲ့နတ်ဘုရားမလိုပင်။ ဝယ်ချင်သူရှိပေမဲ့ တစ်ညယွမ် ၂၀၀ ပဲပေးမယ်ဆိုရင် ဖောက်ပြန်နေသူဆိုလည်းကိစ္စမရှိဘူးပေါ့။

ချင်းလင်စံအိမ်နောက်ဆုံးသတင်းက ရေပန်းစားလာသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ကြောင့် နွားသတင်းက ထူးထူးခြားခြားနာမည်ကြီးလာ၏။

အထူးသဖြင့် ချင်းလင်စံအိမ်က သူတို့ကိုရောနွားကိုပါစော်ကားထား၍ ပိုအားရကျေနပ်စရာကောင်းသည်။

ချင်းလင်စံအိမ်ကပေးတဲ့အမဲသား အရည်အသွေးကောင်းတဲ့အကြောင်း အင်တာနက်မှာပြန့်နေပြီဖြစ်၍ လုံးဝအရှက်ခွဲလိုက်ခြင်းပင်။

သို့ရာတွင် ချင်းလင်စံအိမ်၏ကြေညာချက်အသစ်ကြောင့် အရင်စော်ကားတာဘာမှမဟုတ်သေး၊ ဒါမှတကယ်စော်ကားတာဟုသဘောပေါက်လိုက်ကြသည်။

နိုင်ငံ့ရတနာဟုတ်လား?

ဒီနိုင်ငံမှာ နိုင်ငံ့ရတနာတွေပြန့်အောင်လုပ်ပစ်မယ်!

ဒီဝဂ်ယူကိုတန်ဖိုးထားတယ်လား?

ဘာလို့သူများကိုပိတ်ပင်တာလဲ?

ဒီနိုင်ငံမှာဒီနွားကိုအဖိုးမတန်အောင်လုပ်ပစ်မယ်!

အတော်များများက မြို့စားနှင်းဆီကိုတွေးမိကြသည်။

အဖြစ်ချင်းမတူဘူးလား?

သို့ရာတွင် ချင်းလင်စံအိမ်က မြို့စားနှင်းဆီကိုပြန်ထိန်းခဲ့သည်။ မြို့စားနှင်းဆီကို သန့်စင်ခန်း၊ရေမြောင်းနားထားခွင့်မပြုပေ။

အခု ဂျပန်ဝဂ်ယူအဖွဲ့ကလူတွေအကွက်ရွှေ့ခံနေရပြီ။ ချင်းလင်စံအိမ်က သိသိသာသာပစ်မှတ်ထားနေသည်။

ရှန်မူမွေးမြူရေးခြံမှ ရှန်မူနှင့်ချူကျွင်းလည်းသတင်းတွေ့သည်။

တရုတ်ပြည်တွင် ဝဂ်ယူနွားအတုရောင်းဝယ်နေသူများဖြစ်၍ ပြည်တွင်းမှာဝဂ်ယူနွားရှိသည်ဟုရုတ်တရက်သတင်းကြားသောအခါ အာရုံစိုက်မိကြသည်။

"ချင်းလင်စံအိမ်... မင်မြို့တော်မှာလားပဲ?''

ရှန်မူကသတင်းဖတ်ပြီး ချူကျွင်းကိုဇဝေဇဝါနှင့်မေးသည်။

“မင်မြို့တော်မှာလေ!”

ချူကျွင်းခေါင်းညိမ့်လိုက်သည်။

"ချင်းလင်စံအိမ်ကနွားတွေကို တို့ဆီကဝယ်တာလို့ထင်လား?''

ရှန်မူက ရုတ်တရက်တွေးမိပြီးမေးသည်။

ချူကျွင်းက ခေါင်းခါလိုက်ပြီး_

"မဖြစ်နိုင်ဘူး... ငါတို့ပစ္စည်းအတုတွေပဲရောင်းနေတာ မင်းမသိဘူးလား?''

"အတုမှန်းသိပါတယ်... မင်းသဘောမပေါက်ဘူးလား? ချင်းလင်စံအိမ်ကနွားတွေက အတုဖြစ်ရင်ဖြစ်မယ်''

ရှန်မူကမျက်မှောင်ကြုတ်ပြီးပြောသည်။

“ဟုတ်လောက်တယ်”

ချူကျွင်းခေါင်းညိမ့်လိုက်သည်။

"မြန်မြန်.. အချက်အလက်ကြည့်ရအောင်''

ရှန်မူက သူ့ကွန်ပျူတာထဲမှအချက်အလက်များထုတ်ကြည့်သည်။ အရင်ကနွားကြီးများရောင်းထားသောအချက်အလက်ပင်။

ထို့နောက် အံ့ဩလောက်စရာတွေ့လိုက်ရသည်။ ဗီဒီယိုထဲမှအဝါရောင်နွားကြီးနှစ်ကောင်က သူ့အချက်အလက်ထဲမှနွားနှစ်ကောင်ဓာတ်ပုံနှင့်တူနေသည်။

နှစ်ကောင်လုံး မင်မြို့တော်ကဆိုတော့ ချင်းလင်စံအိမ်ရဲ့ဝဂ်ယူနွားက သူတို့ဆီကဝယ်ထားတာပေါ့။ နွားအတုကို တကယ့်နွားအစစ်လိုကြော်ငြာနေသည်။

ရှန်မူကတွေးတောပြီး ဖုန်းထုတ်ကာဆက်လိုက်သည်။

ဝဂ်ယူနွားအတုရောင်းနေသော်လည်း သူ့နိုင်ငံကဝဂ်ယူကိုဂရုစိုက်သေးသည်။ ဒီနိုင်ငံကလူတွေကိုဝဂ်ယူနွားအစစ်ရောင်းပြီး သူ့နိုင်ငံကဝဂ်ယူနွားကိုအရှက်ခွဲခွင့်ပြုဖို့ပိုပြီးမဖြစ်နိုင်။

ဒီလိုကိစ္စမျိုးတော့ သူကရှင်းသည်။

…

ဂျပန်ဟိုတယ်တစ်ခု၌_

Yagyama yoshichiro က အင်တာနက်ဆယ်လီအမျိုးသမီးကိုသန့်စင်ခန်းထဲခေါ်လာပြန်သည်။ ခဏအကြာ လန်းလန်းဆန်းဆန်းပြန်ထွက်လာ၏။

အင်တာနက်ဆယ်လီအမျိုးသမီးကိုဆိုဖာခုံပေါ်ထိုင်ခိုင်းရုံရှိသေး လက်ထောက်ကအလောတကြီးရောက်လာပြီး_

"မစ္စတာ Yagyama yoshichiro... ချင်းလင်စံအိမ်ကနွားအကြောင်းသိပြီ''

"နွားတွေကဘာဖြစ်လို့လဲ?''

Yagyama yoshichiro က အမြန်မေးသည်။

လက်ထောက်ကရှင်းပြ၏_

"ရှန်မူဆိုတဲ့လူတစ်ယောက်က ဖုန်းဆက်တယ်... ချင်းလင်စံအိမ်က သူ့ဆီကဝဂ်ယူနွားဝယ်တာတဲ့... သူတို့တင်တဲ့သတင်းက ခြောက်တာတဲ့''

ထိုသတင်းကြောင့် Yagyama yoshichiro ကရယ်လိုက်ပြီး_

"အင်းလေ... သူ့မှာဘယ်လိုလုပ်ရှိမှာလဲ? သူတို့ဘာလို့အမဲသားကိုအရင်ဝေလဲ ငါအခုသိပြီ... အဲဒီအမဲသားအရည်အသွေးနဲ့ ယုံအောင်လုပ်ဖို့ပဲ''

"သူတို့က ဆိုက်ကိုနည်းသုံးနေတာ... ဒါပေမဲ့ ဒါငါတို့ရဲ့ပိတ်ပင်မှုက ထိရောက်တယ်ဆိုတဲ့သဘောပဲ... မဟုတ်ရင် သူတို့ဘာလို့ဒီလောက်အားစိုက်ပြီး အများကြီးလုပ်နေမလဲ?''

Yagyama yoshichiro က သူ့အတွေးမှန်သည်ထင်သည်။

သူ့မျက်နှာတွင် ယုံကြည်မှုပြန်လည်ထင်ဟပ်လာ၏။

"မစ္စတာ Yagyama yoshichiro... ဒါဆို သူတို့အကြောင်းသိအောင်ဖော်ထုတ်လိုက်ရအောင်''

လက်ထောက်ကပြောသည်။

"မပူနဲ့... သူတို့က တခြားမွေးမြူရေးခြံတွေကိုလာကြည့်စေချင်တာမလား? ငါတို့ပိတ်ပင်ထားတာကိုဖွင့်အောင် အကွက်ရွှေ့နေတာသေချာတယ်''

"ငါတို့ဝဂ်ယူအတွက် သူတို့အများကြီးအားစိုက်ထားတာ... ဒါပေမဲ့ ငါတို့ကမရဘူး... သူတို့လှည့်စားတာမခံဘူး''

"သတင်းထဲမှာဖော်ထုတ်မယ့်အစား လူတွေကိုယ်တိုင်သွားပြီး ဝဂ်ယူနွားကိုကြည့်ကြတာပိုကောင်းတယ်... အားလုံးမြင်လေ ပိုကောင်းလေပဲ''

"မီဒီယာတွေခေါ်ဖို့မမေ့နဲ့ဦးနော်... အဲဒါမှ သူတို့ပိုပြီးအရှက်ကွဲမှာ... သူတို့ကစော်ကားချင်ရင် ဘယ်သူအစော်ကားခံရမလဲကြည့်ကြတာပေါ့''

ထိုသို့တွေးပြီး Yagyama yoshichiro က အလောတကြီးနှင့်_

"မဟုတ်ဘူး... ဒီတစ်ခါ ငါကိုယ်တိုင်သွားမယ်... ဘာအမှားမှရှိလို့မရဘူး... ငါ့ကိုလက်မှတ်ဖြတ်ပေး!''

လက်ထောက်ကညွှန်ကြားချက်ရသည်နှင့် သွားစီစဉ်သည်။

အင်တာနက်မှာ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ချင်းလင်စံအိမ်ဗီဒီယိုပေါက်သွားသောကြောင့် မွေးမြူရေးခြံတွေကမြင်သွားကြသည်။

နွားမွေးသောခြံများက ဝဂ်ယူနွားကို အကောင်းဆုံးနွားတစ်မျိုးမှန်းသိကြသည်။

ထို့ကြောင့် မွေးမြူရေးခြံများက ဝဂ်ယူနွားရောင်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရှိပေ။

အခုချင်းလင်စံအိမ်ကသတင်းတွေ့ပြီး 'သော*က်အခွင့်အရေးကြီးပဲ'ဟုခံစားရသည်။

ချင်းလင်စံအိမ်က Yagyama yoshichiro တို့ကို သင်ခန်းစာပေးတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ သူတို့က နွားသုတ်ရည်ကို ယွမ် ၂၀၀ နဲ့ရနိုင်တာ လုံးဝအခွင့်အရေးကောင်းပင်။

ထို့ကြောင့် မွေးမြူရေးခြံအတော်များများကသတင်းတွေ့ပြီးနောက် ချင်းလင်စံအိမ်ကိုလျှောက်လွှာတင်ပြီး ရုံချန်းဘက်ထွက်လာကြသည်။

သူဌေးချင်လင်က ဂျပန်ဝဂ်ယူအဖွဲ့ကိုအရှက်ခွဲတော့မည်။ သူ့အောက်ကလူတွေက သေချာပြင်ဆင်ထားရ၏။ ထို့ကြောင့် မွေးမြူရေးခြံပိုင်ရှင်တွေလာပြီးသားစပ်နိုင်ရန် အမြန်ဆုံးစီစဉ်ထားသည်။

လျှောက်လွှာပို့လိုက်သည်နှင့် တာဝန်ခံကအရင်ဆန်းစစ်သည်။ မွေးမြူရေးခြံပိုင်ရှင်ဖြစ်ပြီး ခြံကအတိုင်းအတာတစ်ခုအထိရှိရင် တာဝန်ခံကခွင့်ပြုပေးသည်။

ထို့ကြောင့် မျိုးစပ်မည့်နေ့တွင် ရုံချန်းကျုံးမင်ဟိုတယ်ကိုသီးသန့်လာကြိုသည်။ ရောက်လာသောမွေးမြူရေးခြံသမားများကို စီစဉ်ပေးပြီး နောက်တစ်နေ့တွင်ချင်းလင်မွေးမြူရေးခြံလာကြိုပေးမည်။

Yagyama yoshichiro ကရုပ်ဖျက်ပြီး မွေးမြူရေးခြံမှလူများနှင့်ရောနှောဝင်လာသောကြောင့် ဘယ်သူမှသတိမထားမိ။

သူနှင့်အတူ လူတချို့လည်းခေါ်လာသည်။ သတင်းထောက်များလည်းပါသည်။

သူခိုးဝင်လာနိုင်တာ ပိုက်ဆံသုံးနိုင်သောကြောင့်ပင်။ လွယ်လွယ်ကူကူမစီမံနိုင်ဘဲဆုံးရှုံးမှုရှိသောမွေးမြူရေးခြံပိုင်ရှင်များရှိတတ်စမြဲ​​ဖြစ်၍ သူကအကွက်နည်းနည်းရွှေ့လိုက်ရုံသာ။

Yagyama yoshichiro နှင့်တခြားမွေးမြူရေးခြံသမားများက နွားမွေးသောနေရာဆီရောက်သွားသည်။

သူတို့ရောက်သောအခါ တာဝန်ခံသုံးဦးကလည်းညွှန်ကြားချက်ရထားပြီးဖြစ်သည်။ သူတို့သုံးဦးက မွေးမြူရေးခြံသမားများကိုနွားခြံထဲခေါ်သွားသည်။

"အားလုံးက နွားထီးအတွက်လာတာဖြစ်မယ်ထင်ပါတယ်''

"အဲဒီမတိုင်ခင် အားလုံးကို ကျွန်တော်တို့နွားမွေးမြူတဲ့လုပ်ငန်းစဉ်ကြည့်ခွင့်ပေးပါမယ်''

မွေးမြူရေးသမားများက နွားပေါက် ၁၆ ကောင်ရှိသောနွားရုံထဲခေါ်ပြသည်။

တာဝန်ခံတစ်ယောက်ကနွားပေါက်တစ်ကောင်ကိုတောင်ထုတ်လာပြီး_

"ကျွန်တော်တို့မွေးမြူရေးခြံမှာ ဝဂ်ယူနွားမွေးထားပါတယ်... ဂျပန်ကလူတွေက သူတို့ဝဂ်ယူနွားကိုအဖိုးတန်တယ်ဆိုပြီး ပိတ်ပင်ဖို့တောင်လုပ်ကြတယ်... ကျွန်တော်တို့ကမွေးထားပြီးပြီဆိုတာ သူတို့မသိလောက်ဘူး''

သူ့စကားတွင်ထေ့လုံးများပါနေ၍ Yagyama yoshichiro မျက်နှာမှုန်မှိုင်းသွားသည်။

ဒီလိုအပြောခံရတာ ဘယ်သူမှစိတ်သက်သာမည်မဟုတ်။

ဒါပေမဲ့ အခုဂရုမစိုက်အား။ သူနဲ့အတူလာသောလူတချို့ကိုကြည့်လိုက်ရာ ကိရိယာလေးများကိုဓာတ်ပုံရိုက်နေကြသည်။ ဒီလူတွေလိမ်နေကြောင်းဖော်ထုတ်ပြီးမှပဲ သူစိတ်ပြေမည်။

Yagyama yoshichiro က မွေးမြူရေးခြံသမားများနောက်လိုက်ပြီး ဝဂ်ယူနွားအခြေအနေကိုကြည့်လိုက်သည်။

သို့ရာတွင် ခဏအကြာ သူ့မျက်နှာထားပြောင်းသွားသည်_

"ဒါ.. ဒါ.. ဒါ...''

ဝဂ်ယူအဖွဲ့ဥက္ကဌဖြစ်၍ နွားအကဲဖြတ်ရာတွင်ပြိုင်ဘက်ကင်းသူပင်။

ဒီကောင်က တကယ့်နွားပဲ!

All Chapters