← Chapters

ငါအတုရောင်းတာ! အိမ်မပြန်နိုင်!

Vol. 68 Ch. 1020

ငါအတုရောင်းတာ! အိမ်မပြန်နိုင်!

Vol. 68 Ch. 1020

Yagyama yoshichiro က နွားပေါက်ကိုမြင်ရုံသာမက သူအတွေ့အကြုံအရ စစ်ဆေးကြည့်ပြီး အလွန်အရည်အသွေးကောင်းသောဝဂ်ယူနွားမှန်း အလွယ်တကူဆုံးဖြတ်နိုင်သည်။

သူလုံးဝလန့်သွားသည်။

ချင်းလင်မွေးမြူရေးခြံမှာ တကယ်ဝဂ်ယူနွားရှိနေသည်။ သူကချက်ချင်း နွားရုံထဲတွင် တခြားဝဂ်ယူနွားပေါက်များကိုလိုက်ကြည့်သည်။

သူ့အတွေ့အကြုံအရ နွားငယ်လေးများဖြစ်မည်။

မွေးမြူရေးခြံပိုင်ရှင်များကလည်း နွားငယ်ကိုစစ်ဆေးပြီးခဏအကြာ ရေရွတ်ကြသည်_

"တကယ်ဝဂ်ယူပဲ!''

"ချင်းလင်မွေးမြူရေးခြံက အံ့ဩစရာ... တကယ်ဝဂ်ယူနွားမွေးထားတယ်''

"ပြီးတော့ ဒီလောက်အ​ခြေအနေကောင်းတဲ့ဝဂ်ယူနော်!''

“…”

Yagyama yoshichiro ခေါ်လာသောလူများမှာ ထူးထူးဆန်းဆန်းမျက်နှာထားများဖြစ်သွားကြသည်။

ချင်းလင်မွေးမြူရေးခြံလာပြီး နွားအတု၊အမဲသားအတုအကြောင်းဖော်ထုတ်ခြင်းဖြစ်သော်လည်း အခြေအနေသိပ်မကောင်း။

ချင်းလင်မွေးမြူရေးခြံမှာ ဝဂ်ယူနွားရှိကြောင်းအတည်ပြုပြီးနောက် မွေးမြူရေးခြံပိုင်ရှင်များအံ့ဩနေသည်။

"တာဝန်ခံတို့... အခု နွားကြီးကဘယ်မှာလဲ သိပါရစေ?''

ခြံပိုင်ရှင်တစ်ဦးကမေးသည်။

"ဟုတ််တယ်... အဲနွားကြည့်ခွင့်ရမလား?''

နောက်တစ်ယောက်ကမေးသည်။

"အားလုံးမပူပါနဲ့... ခင်ဗျားတို့ကိုဒီခေါ်လာတာ နွားမျိုးစပ်ဖို့လေ... အခုချက်ချင်း နှစ်ကောင်ထုတ်ပြမယ်''

ဝဂ်ယူနွားမွေးသောတာဝန်ခံသုံးယောက်က ဝဂ်ယူနွားငယ်များကို ရုံထဲပြန်ထည့်လိုက်သည်။

ထို့နောက် တခြားဘက်မှအဝါရောင်နွားကြီးနှစ်ကောင်မောင်းလာ၏။

နွားကြီးများကိုမောင်းလာသည့်အခိုက်တွင် ခြံပိုင်ရှင်အားလုံးအာရုံစိုက်မိကြသည်။

အားလုံးနွားမွေးသူများဖြစ်၍ တစ်ချက်ကြည့်ရုံနှင့် အလွန်ကောင်းသောနွားကြီးများဖြစ်ကြောင်းသိသည်။ အမှတ်တမဲ့ နွားကြီးနှစ်ကောင်ဆီသွားလိုက်ကြ၏။

နွားနှစ်ကောင်ထွက်လာသောအခါ Yagyama yoshichiro နှလုံးပြုတ်ကျမတတ်ဖြစ်သွားသည်။

သေချာပေါက်အရည်အသွေးကောင်းသောနွားကြီးနှစ်ကောင်မှန်း သူတစ်ချက်ကြည့်ရုံနှင့်သိသည်။

ဒါ သူ့အရည်အချင်းပင်။

မဟုတ်ရင် ဝဂ်ယူအဖွဲ့ဥက္ကဌဖြစ်မှာမဟုတ်။

ဒါပေမဲ့ ရှန်မူမွေးမြူရေးခြံက ချင်းလင်စံအိမ်ကိုရောင်းလိုက်တာ အတုတွေမလား?

အခုဘာလို့အစစ်ဖြစ်သွားတာလဲ?

ခြံပိုင်ရှင်များက အရည်အသွေးမြင့်နွားကြီးနှစ်ကောင်ကိုမြင်ပြီးနောက် ရေရွတ်လိုက်ကြသည်_

"ဒီဝဂ်ယူနွားကြီးနှစ်ကောင်က မယုံနိုင်စရာကောင်းချက်! လုံးဝအရည်အသွေးမြင့်တယ်!''

"ငါဂျပန်ရောက်ဖူးတယ်... ဂျပန်မှာ ဒီလောက်အရည်အသွေးရှိတဲ့နွားမျိုးသိပ်မရှိတာသေချာတယ်''

"ဒီနွားမျိုးက ဂျပန်မှာတကယ့်နိုင်ငံ့ရတနာပဲ''

"ဂျပန်ဝဂ်ယူအဖွဲ့ကလူတွေ အကွက်ရွှေ့နေကြတာ... ချင်းလင်မွေးမြူရေးခြံမှာ ဒီလိုဝဂ်ယူမျိုးရှိမှန်းမသိကြဘူးပဲ''

“……”

“သေစမ်း!!!”

Yagyama yichiro က ကြိတ်ဆဲလိုက်သည်။

သစ္စာဖောက်ခဲ့တာ ရှန်မူမွေးမြူရေးခြံပေါ့။

မဟုတ်ဘူး။ အခုထိ သစ္စာဖောက်။

ဒီလိုဝဂ်ယူနွားမျိုးကို ဒီနိုင်ငံကိုတင်သွင်း၊ ဒီမွေးမြူရေးခြံကိုရောင်းပြီး သူတို့ကိုအရှက်ကွဲအောင်လုပ်သေးသည်။

ထိုအခိုက်_

ခြံပိုင်ရှင်များက ပိုစိတ်လှုပ်ရှားလာပြီးမေးကြ၏_

"တာဝန်ခံတို့... ချင်းလင်မွေးမြူရေးခြံက တကယ်မျိုးစပ်ခွင့်ပေးမှာလား?''

"ဟုတ်ပါ့... ဒါကြီးက အရည်အသွေးကောင်း အံဩစရာကောင်း!''

“……”

ခြံပိုင်ရှင်များမှာဒီအတွက်လာသည်ဆိုသော်လည်း ဝဂ်ယူနွားကြီးကိုမြင်ပြီး ဟုတ်မဟုတ်မသေချာတော့။

အလုပ်သမားတစ်ယောက်ကရယ်ပြီး_

"မယုံမရှိပါနဲ့... ကျွန်တော်တို့ချင်းလင်မွေးမြူရေးခြံကကြေညာထားမှတော့ အမှန်ပါ... ခင်ဗျားတို့ကိုတကယ်စပ်ခွင့်ပေးမှာပါ''

နောက်တာဝန်ခံတစ်ယောက်ကလည်း ရယ်လိုက်ကာ_

"ဟုတ်ပါတယ်... ဒါနွားပဲလေ... သူဌေးကပြောတယ်... ဂျပန်ကဒါကိုရတနာလိုသဘောထားတာ... တို့နိုင်ငံမှာဘာမှမဟုတ်ဘူးတဲ့... နွားသုတ်ရည်ကို ယွမ် ၂၀၀ နဲ့ဝယ်လို့ရတယ်တဲ့''

"သူဌေးကတောင်းဆိုတာ တစ်ခုပဲ... အဲဒါ ဒီနွားတွေကို မြေပေါ်အနှံ့မွေးစေချင်တယ်တဲ့... ဂျပန်ကနိုင်ငံ့ရတနာကို တို့လိုသာမန်လူတွေရဲ့ထမင်းဝိုင်းပေါ်က သာမန်ဟင်းဖြစ်စေချင်တယ်တဲ့''

ထိုစကားကြောင့် ခြံပိုင်ရှင်များရယ်လိုက်သည်။ တစ်ချိန်တည်းမှာ ချင်းလင်မွေးမြူရေးခြံသူဌေးကို စိတ်ထဲကလေးစားသွားကြသည်။

သူပဲ ဒါမျိုးတတ်နိုင်။

မဟုတ်ရင် ဒီဝဂ်ယူက လုံးဝအကျိုးအမြတ်ရပေါက်။ ဘယ်သူမှဒီလိုထုတ်ပြီး ဖြုန်းတီးပစ်မည်မဟုတ်ပေ။

Yagyama yichiro ခေါ်လာသောလူများက မေးခွန်းထုတ်နေသောမျက်လုံးများနှင့် သူ့ကိုကြည့်ကြသည်။

မြင်နေရတဲ့အခြေအနေက သူတို့အစီအစဉ်အတိုင်းလုံးဝမ​ဖြစ်။

"သွားကြစို့!''

Yagyama yichiro က ထိုလူများကိုပြောပြီး အလောတကြီးထွက်လာသည်။

ထိုမြင်ကွင်းကြောင့် ဘေးလူများစိတ်ဝင်စားသွားသည်။ သူတို့ဘာလို့ထွက်သွားလဲ စူးစမ်းမိကြသည်။

နွားမျိုးစပ်မယ့်အကြောင်းလည်းမပြော။

Yagyama yichiro ဒေါသက ထိန်းချုပ်ရခက်သည်။

အရည်အသွေးမြင့်နွားသုတ်ရည်ကို ယွမ် ၂၀၀ နဲ့ ချင်းလင်စံအိမ်ကိုဘယ်တော့မှရောင်းခွင့်မပြု။

သူတို့ကိုစော်ကားပြီး သူတို့နွားကိုအဖိုးမတန်အောင်လုပ်နေသည်။ သံတမန်နည်းနဲ့ဆန္ဒပြရမည်။

ပြီးတော့ ရှန်မူမွေးမြူရေးခြံကလူ။ ဘယ်လိုကြောင့် ဒါမျိုးလုပ်ရဲတာလဲ? အဲဒီသစ္စာဖောက်ကိုလွှတ်ထားလို့မဖြစ်။

ချင်းလင်မွေးမြူရေးခြံမှထွက်လာပြီးနောက် Yagyama yichiro က မင်စီရင်စုဘတ်စ်ကားပေါ်အမြန်တက်စီးလိုက်သည်။ တစ်ချိန်တည်းမှာ နိုင်ငံခြားရေးရာဌာနကိုလည်းချက်ချင်းဖုန်းဆက်သည်။

……

ပေကျင်းတွင် ဂျပန်ဝဂ်ယူအဖွဲ့ Yagyama yichiro တို့၏တုံ့ပြန်ချက်ကိုအာရုံစိုက်နေသူများရှိသည်။

သူတို့ပစ်မှတ်တွင် ဂျပန်ကဒီလူတွေပါကြောင်း သူတို့သဘောပေါက်သည်။ အရင်တစ်ခါ ဂျပန်က မြောက်ပိုင်းမဟာမိတ်အစည်းအဝေးတွင်ပါဝင်ပြီး သူတို့ကမ်းရိုးတန်းနားအတွင်းစစ်ရုံးကိုပစ်မှတ်ထားကြောင်းကြေညာခဲ့သည်။ ရည်ရွယ်ချက်ကရှင်းသည်။

ဝန်ကြီးလုလည်း ဒီကိစ္စကိုအာရုံစိုက်နေသည်။ ဂျပန်ဝဂ်ယူအဖွဲ့အပေါ် ချင်းလင်စံအိမ်၏လုပ်ရပ်ကိုကောင်းသည်ဟုသာပြောရမည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဝဂ်ယူအဖွဲ့က ဘယ်ကတည်းက နှစ်နိုင်ငံကိစ္စတွေမှာဝင်ပါလာတာလဲ?

ကိုယ့်နေရာနဲ့ကိုယ်မနေလို့ သူဌေးချင်ဖိနှိပ်တာခံရပြီ။

နိုင်ငံ့ရတနာလား?

မကြာခင် အတိတ်ဖြစ်တော့မည်။

ဝန်ကြီးလုတွေးတောနေစဉ် ခေါင်းဆောင်ဖုန်းဆက်လာ၍ ချက်ချင်းကိုင်လိုက်သည်_

"ခေါင်းဆောင်... ဘာညွှန်ကြားစရာရှိလဲ?''

"ဂျပန်က ဆန္ဒပြနေတယ်... ချင်းလင်မွေးမြူရေးခြံက ယွမ် ၂၀၀ နဲ့နွားမျိုးဖြန့်လို့တဲ့''

ခေါင်းဆောင်ကပြောသည်_

"သူတို့နိုင်ငံ့ရတနာကို ငါတို့ကစော်ကားတာတဲ့''

ထိုစကားကြောင့် ဝန်ကြီးလုရယ်ရမှန်းငိုရမှန်းမသိ_

"ခေါင်းဆောင်... ဂျပန်ကလူတွေရူးနေတာလား? သူတို့ပဲစလုပ်ပြီး သူတို့ကဆန္ဒပြရဲသေးတယ်လား?''

ခေါင်းဆောင်ကပြုံးပြီး_

"အဲဒါကြောင့် အထက်လူတွေက ငွေပမာဏတစ်ခုခွင့်ပြုချက်ပေးဖို့ဆုံးဖြတ်ထားတယ်... ဝဂ်ယူနွားသုတေသနအတွက် မင်းသီးသန့်လျှောက်လွှာရေးလိုက်ပါ... ဝဂ်ယူအမဲသားကိုကူဖြန့်ပေးမယ်... အိမ်တိုင်းအိမ်တိုင်း ဝဂ်ယူအမဲသားစားပြီးသပိတ်မှောက်မယ်... အဲဒါမျိုးစျေးသက်သာတာလိုချင်တယ်''

"သိပါပြီ ခေါင်းဆောင်!''

ဝန်ကြီးလုကနားထောင်ရင်း ရယ်လိုက်သည်။

ဒီလိုဖြစ်ရမှာ။

ဂျပန်ကအဖွဲ့အစည်းသေးသေးလေးက ပြဿနာပေးရဲရင် သူတို့လုပ်ငန်းကိုဖျက်ဆီးပြီး သူတို့နိုင်ငံ့ရတနာကိုအဖိုးမတန်အောင်လုပ်သင့်သည်။

ဝန်ကြီးလုကအချိန်မဆိုင်းဘဲ ချက်ချင်းလျှောက်လွှာရေးလိုက်သည်။ တစ်ခါတည်း ကြေညာခိုင်း၏။ တရုတ်သိပ္ပံအကယ်ဒမီက သုတေသနအဖွဲ့တစ်ဖွဲ့ထောင်ပြီး အမဲသားပြန့်ပွားရေးအထူးသုတေသနလုပ်မည်။

ဂျပန်ဆန္ဒပြသတင်းနှင့်တချိန်တည်းလိုလို ကြေညာချက်ထွက်လာ၏။

ဂျပန်ဝဂ်ယူအဖွဲ့ကဆန္ဒပြသောကြောင့် အားလုံးစိတ်လှုပ်ရှားသွားသည်။

ဒါ ချင်းလင်မွေးမြူရေးခြံမှာ ဝဂ်ယူနွားတကယ်ရှိတဲ့သဘော။ ဒီဂျပန်ကလူတွေဘာမှမတတ်နိုင်လို့ဆန္ဒပြနေတာမလား?

အားလုံး စိတ်သက်သာရာရသွားသည်။

နွားကိုအသည်းအသန်လုပ်ပြီး လူမုန်းအောင်လုပ်နေတာမလား? အခု ဆန္ဒဘယ်လိုပြရလဲသိပြီလား?

နိုင်ငံခြားသားတွေနဲ့ပတ်သက်ရင် ချင်းလင်ကုမ္ပဏီကအကောင်းဆုံး!

တရုတ်သိပ္ပံအကယ်ဒမီရဲ့ထောက်ခံချက်နဲ့အမဲသားပြန့်ပွားရေးကြေညာချက်က ပိုတောင်ကျေနပ်စရာကောင်းသေး။

တစ်နည်းပြောရရင် အထက်လူတွေက ဂျပန်တွေကိုခေါင်းထဲမထည့်ဘဲ ခနဲ့တောင်ခနဲ့လိုက်သေးသည်။

တရုတ်သိပ္ပံအကယ်ဒမီကဝင်ပါရင် ဂျပန်အမဲသားကိုကယ်နိုင်ပါဦးမလား?

ငိုဖို့နေရာ မြန်မြန်ရှာပေတော့!

ဝဂ်ယူအဖွဲ့မှ Yagyama yoshichiro တို့က သတင်းကြားပြီးငိုချင်နေသည်။

ဒီလိုကိုယ့်ရှူးကိုယ်ပတ်မည်ဟုလုံးဝမထင်မိ။

သူတို့ကိုလျစ်လျူရှုပြီး ကူတောင်ဖြန့်ပေးနေလိုက်သေး။

ဒါသူတို့နိုင်ငံ့ရတနာကို လုံးဝနင်းခြေလိုက်ခြင်းပင်။

ရုတ်တရက် Yagyama yoshichiro နောင်တရလာသည်။ သူ့အဖွဲ့ဘယ်လောက်တုံးလဲ သူနားလည်ပြီထင်သည်။

ရုတ်တရက် လူတစ်ယောက်ရောက်လာပြီးအစီရင်ခံ၏_

"မစ္စတာ Yagyama yoshichiro... ခင်ဗျားစုံစမ်းခိုင်းတာသိရပါပြီ... ရှန်မူမွေးမြူရေးခြံမှာ ဘယ်ကမှန်းမသိတဲ့ယွမ်ငါးသန်းဝင်ထားတယ်... ငွေလွှဲမှတ်တမ်းမရှိဘူး... ခြေရာခံဖို့ခက်တယ်... တစ်ခုခုပဲ''

ရှန်မူကဝဂ်ယူနွားနှစ်ကောင်ကိုယွမ်ငါးသန်းနဲ့ဝယ်ပြီး ချင်းလင်မွေးမြူရေးခြံကိုရောင်းတာပဲ။ ဒါကြောင့် ချင်းလင်မွေးမြူရေးခြံက ဝဂ်ယူအမဲသားထုတ်နိုင်တာ။

"ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး... အဲဒီသစ္စာဖောက်က ငါတို့နိုင်ငံ့ရတနာကို ယွမ်ငါးသန်းနဲ့ဖျက်ဆီးပစ်တာ''

Yagyama yoshichiro အတော်ဒေါသထွက်သွားသည်။

ဒါတွေအားလုံးက လောဘကြီးတဲ့ရှန်မူကြောင့်။

သူ့ကိုခွင့်လွှတ်ပေးလို့မရ။

…

ရှန်မူမွေးမြူရေးခြံတွင် ရှန်မူက နွားပေါက်၊စပ်နွားအရောင်းစာရင်းများကိုကြည့်နေသည်။ ဒါသူဘယ်လောက်မြတ်လဲနှင့်ဆိုင်သည်။

ဝဂ်ယူအဖွဲ့မှာဘာတွေဖြစ်နေပြီလဲ သူသိချင်သည်။

အဖွဲ့ကို ချင်းလင်မွေးမြူရေးခြံကနွားတွေအကြောင်းပြောပြထားသည်။ အဖွဲ့ကဖော်ထုတ်ပြီးဖြစ်မည်။ ချင်းလင်မွေးမြူရေးခြံကမသိလောက်။

ရှန်မူတွေးတောနေစဉ် ချူကျွင်းအလောတကြီးရောက်လာပြီး မယုံနိုင်ပုံနှင့်_

"မစ္စတာရှန်မူ... ငါတို့မင်မြို့တော်ကိုရောင်းလိုက်တဲ့ဝဂ်ယူတွေက ဘယ်လိုလုပ်ပြီးအစစ်ဖြစ်နေတာလဲ?''

ရှန်မူကခေါင်းခါပြီး_

"ချူကျွင်း... ဘာတွေတွေးနေတာလဲ? အဲနွားတွေကအတုမှန်း မင်းသိတယ်မလား? ဘယ်လိုလုပ်အစစ်ဖြစ်မလဲ?''

ချူကျွင်းက မယုံနိုင်_

"မဖြစ်သင့်ဘူး... သတင်းကထွက်လာပြီ... ချင်းလင်မွေးမြူရေးခြံကနွားကြီးနှစ်ကောင်အပါအဝင် ဝဂ်ယူအစစ်တွေတဲ့... ငါတို့ရောင်းလိုက်တဲ့နှစ်ကောင်နဲ့တော်တော်တူတယ်... အခုဂျပန်နိုင်ငံခြားရေးရာကဆန္ဒပြနေပေမဲ့ တရုတ်သိပ္ပံအကယ်ဒမီက ကြေညာထားတယ်... ဝဂ်ယူတွေကိုပြန့်ပွားအောင် သီးသန့်ရံပုံငွေထောင်မယ်တဲ့''

“ဘာ?”

ထိုသတင်းကြောင့် ရှန်မူမျက်နှာထားပြောင်းသွားသည်။

သူ သတင်းနှစ်ခုကြားတာ။

ပထမက ချင်းလင်မွေးမြူရေးခြံနဲ့ဝဂ်ယူနွား။

ဒုတိယက ဂျပန်ဆန္ဒပြပေမဲ့ လျစ်လျူရှုခံရသည်။ တရုတ်သိပ္ပံအကယ်ဒမီကပြန်ပွားအောင်တောင်ကူညီသေးသည်။

သူတို့ဂျပန်ဝဂ်ယူကပြီးပြီပေါ့?

"မဟုတ်ဘူး... ငါတို့က ဝဂ်ယူနွားရောင်းလိုက်တယ်လို့ပြောနေတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

ရုတ်တရက်အခြေအနေပြင်းထန်လာသည်ကို ရှန်မူနားလည်သည်။

ဘယ်လိုဟာသလဲ?

သူတို့ရောင်းတာတွေအကုန် အတုတွေ။ မင်မြို့တော်ရောက်မှ ဘယ်လိုဖြစ်ပြီးစစ်သွားတာလဲ?

"အင်း... သတင်းကထွက်လာပြီ''

ချူကျွင်းကသတင်းအမြန်ရှာပြီး ရှန်မူကိုပြသည်။

ရှန်မူမှာသတင်းဖတ်ပြီးနောက် သူ့မျက်နှာသွေးဆုတ်ပြီးဖြူဖျော့သွား၏။

ချင်းလင်မွေးမြူရေးခြံကိုသူနွားရောင်းတယ်လို့ အဖွဲ့ကအထင်လွဲနေတာလား?

သူမလုပ်ဘူး။ လူတိုင်းကိုကျိန်ပြောရဲတယ်။ သူရောင်းသမျှက အတုတွေ။ အစစ်မဟုတ်ဘူး။

ထိုအချိန်တွင် နိုင်ငံခြားမှရှန်မူအဖေဖုန်းဆက်လာသည်။

သူကအမြန်ဖုန်းကိုင်လိုက်၏။ သူပြောမလို့ရှိသေး သူ့အဖေကလောလောနှင့်_

"ရှန်မူ... အဲနိုင်ငံကလူတွေက မင်းဘာလို့နွားရောင်းလိုက်တာလဲ? အခု မင်းအဖမ်းခံရတော့မယ်... ပြန်မလာနဲ့! သွား!!!!!''

ဖုန်းထဲမှရန်တွေ့သံကြားရပြီး ဖုန်းချသွား၏။

"နိုင်ငံ့ရတနာကိုရောင်းစားတဲ့သစ္စာဖောက်? မဟုတ်ဘူး မဟုတ်ဘူး... ငါတကယ်အတုတွေရောင်းတာ!''

ရှန်မူကြောင်သွားသည်။ ဒီကိစ္စအရေးကြီးမှန်း သူလည်းသိသည်။

သူနွားရောင်းလိုက်တယ်လို့ဂျပန်ကထင်သွားရင် သူ့တစ်သက်လုံးအိမ်ပြန်နိုင်တော့မည်မဟုတ်။

သူဖြစ်ပျက်နေပုံကို ချူကျွင်းကကြည့်ရင်းမေးသည်_

"ရှန်မူ... ဘာဖြစ်လို့လဲ?''

ရှန်မူက ချူကျွင်းကိုကယ်တင်ရှင်တွေ့သလိုကြည့်လိုက်ပြီး_

"သခင်ချူ... မင်းမှာညီမရှိတယ်ဆို? ငါ့ကိုမိတ်ဆက်ပေး... မင်းယောက်ဖလုပ်မယ်... မင်းတို့မိသားစုထဲဝင်မယ်... ချူမူဖြစ်ဖြစ် ချူရှန်ဖြစ်​ဖြစ် ရတယ်''

ချူကျွင်း: “……?”

All Chapters