← Chapters

အဇူရာနဂါး စေ့စပ်ကြောင်းလမ်းဖို့ ဆုံးဖြတ်လိုက်ပြီ

Vol. 36 Ch. 526

အဇူရာနဂါး စေ့စပ်ကြောင်းလမ်းဖို့ ဆုံးဖြတ်လိုက်ပြီ

Vol. 36 Ch. 526

အိုးထျန်းသည် အိုးကျင်းကို လျစ်လျူရှုလိုက်ပြီး အဇူရာနဂါးဆီသို့ လျှောက်သွားသည်။ စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် အဇူရာနဂါးသည် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။

သူ့ယောက္ခမက သူ့ကိုသတ်ဖို့များ ကြံစည်နေသလား။ သူ့အနေဖြင့် မျိုးနွယ်စုခေါင်းဆောင်ကို ခေါ်သင့်လား။

ထိုသူအနေဖြင့် သူ့ကို ချက်ချင်းတိုက်ခိုက်မည် မဟုတ်တန်ရာ။

အိုးကျင်းသည်လည်း အိုးထျန်း၏ရောင်ဝါကြောင့် ချက်ခြင်းထိတ်လန့်သွားသည်။

"လူငယ်လေး မင်းက တကယ်ကိုတော်တာပဲ၊ ငါ့သမီးကို မင့်လက်ထဲ အပ်ပါတယ်"

"အဖေ့ သမီးမှာ သူ့ကိုယ်ဝန်ရှိနေပြီ"

ထိုစကားနှစ်ခွန်းကို တစ်ပြိုင်နက်နီးပါး ပြောလိုက်ရာ

လေထုက ချက်ချင်း လေးနက်သွား၏။

အဇူရာနဂါးသည် တကိုယ်လုံးတုန်လှုပ်သွားပြီး အိုးကျင်းပြဿနာမရှာရန် ဆုတောင်းနေရသည်။ သူမ မည်သည့်အချိန်က သူ့ကလေးကို လွယ်ထားရမှန်း သူကိုယ်တိုင်ပင် မသိလိုက်ပေ။

အိုးကျင်းလည်း မှင်တက်သွားသည်။ အိုးထျန်းက သူမကို အဇူရာနဂါးနှင့်ကိစ္စကို တားဆီးလိမ့်မည်ဟု သူမထင်ထားခဲ့သည်။ သို့သော် သူ့စကားအရတော့ တားဆီးလိုသည့် ရည်ရွယ်ချက်ရှိပုံမပေါ်ချေ။

အိုးထျန်း၏မျက်နှာပေါ်က အပြုံးသည်လည်း အေးခဲသွားသည်။ သူ့သမီးကို အဇူရာနဂါးထံပေးအပ်ရန် ဆန္ဒရှိသော်လည်း အဖြစ်အပျက်ကမြန်ဆန်လွန်းသည်။ သူ့အနေဖြင့် အဘိုးဖြစ်ရန် မပြင်ဆင်ရသေး။

အဇူရာနဂါးနှင့်ပတ်သက်၍ အိုးထျန်းကိုယ်တိုင်ကပင် အမှန်တကယ် ကျေနပ်သည်။ အကြီးအကဲများက အဇူရာနဂါး၏ စွမ်းအားကို မသိသော်လည်း အိုးထျန်းစစ်မှန်သောနတ်ဘုရားကတော့ သူ့က်ို လက်လွတ်ခံမည်မဟုတ်ချေ။ အဇူရာနဂါး၏ စွမ်းရည်က အိုးကျင်းထက် အဆများစွာ ပိုအားကောင်းသည်။ သူက အိုးကျင်းထက် နတ်ဘုရားဖြစ်လာရန် ပိုအခွင့်အလမ်းရှိပုံရသည်။

အိုးထျန်းသည် အိုးကျင်းအား အခြေအမြစ်မရှိသည့် သူတစ်ယောက်ယောက်နှင့် အဆုံးသတ်သွားမည်ကို စိုးရိမ်နေခဲ့ရသော်လည်း ယခုတွင် ဤသားမက်ကို ရနိင်မည့်အခွင့်အရေးကို လက်လွတ်မခံလိုပါ။

သူ့အနေဖြင့် အဇူရာနဂါးကို ကြိုးရှည်ရှည်ပင် မလှန်ထားချင်ပေ။ ၎င်းကကြောက်ရွံ့ထွက်ပြေးသွားလျှင် ဤကဲ့သို့သော သမက်ကောင်းမျိုး ဘယ်မှာထပ်ရှာရမည်နည်း။

အဇူရာနဂါးနှင့် အိုးကျင်းတို့နှစ်ဦးလုံး နတ်ဘုရားများဖြစ်လာနိုင်ပါက နဂါးမျိုးနွယ်စုတွင် စစ်မှန်သောနတ်ဘုရားသုံးပါး ရှိလာလိမ့်မည်။ ထိုအချိန်တွင် ဖီးနစ်မျိုးနွယ်စုက ၎င်းတို့နှင့် မည်သို့ယှဉ်ပြိုင်နိုင်တော့မည်နည်း။ ထိုဇာတ်ညွှန်းကို အိုးထျန်း၏ နှလုံးသားထဲတွင် ရေးသားထားပြီးဖြစ်သည်။

အရာအားလုံးက အိုးကျင်း အပေါ်တွင်မူတည်သည်။ အိုးထျန်းသည် အိုးကျင်းကို သူ၏နတ်အာရုံဖြင့် ကြည့်ရှုရာတွင် အိုးကျင်းထံ၌ ကလေးနေနေသာသာ ဘာဆိုဘာမျှမရှိကြောင်း သိလိုက်သည်။

"အဇူရာနဂါး ကျေးဇူးပြုပြီး ဒီကလေးနဲ့ အိုးကျင်းကို ဂရုစိုက်ပေးပါ"

အိုးထျန်းသည် သူ့သမီးအား အလွန်အားကိုး၍မရကြောင်းကို သေချာသိထားသည်။

သူမ၏ တစ်ခုတည်းသော ကောင်းကွက်မှာ သူမ၏ ကောင်းမွန်သော အရည်အချင်းများသာရှိသည်။

သို့သော် အဇူရာနဂါးအတွက်တော့ အိုးကျင်း၏အရည်အချင်းများက အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်မည်မဟုတ်ချေ။

အဇူရာနဂါးသာ သူ့သမီး၏သဘာဝအမှန်ကို သိသွားပြီး နောက်ပိုင်း မကြိုက်တော့လျှင် မည်သို့လုပ်ရမည်နည်း။ အဇူရာနဂါးကို ယခုတည်းက ကြိုတင်သတိပေးခြင်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်။

မူလက အဇူရာနဂါးကိုအရှက်ခွဲရန် မျိုးနွယ်စုခေါင်းဆောင်အား အသုံးချမည်ဟု ကြံစည်ထားသော အကြီးအကဲများသည်လည်း မျိုးနွယ်စုခေါင်းဆောင်၏ သဘောထားကြောင့် ဆက်မလုပ်ရဲကြတော့ချေ။ မင်းသမီးလေးအနေဖြင့် သူမချစ်ရသူကို ရှာတွေ့သွားခြင်းက လုံလောက်ပါပြီ။ ၎င်းတို့အနေဖြင့် အခြားဘာမှပြောပိုင်ခွင့်မရှိနေပေ။

မကြာမီတွင် ဧည့်ခံပွဲကို တရားဝင်ကျင်းပခဲ့သည်။ အဇူရာနဂါးကိုယ်တိုင်ပင်လျှင် အရာအားလုံး သူထင်သည်ထက် ချောမွေ့နေမည်ဟု မမျှော်လင့်ထားပေ။သို့သော် အိုးကျင်း၏ဖခင်က စစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်ဖြစ်သောကြောင့် သင့်လျော်သော ခန်းဝင်ပစ္စည်းက အနည်းငယ်အဆင်မပြေနေချေ။

သူကိုယ်တိုင်၏အင်အားဖြင့် သင့်လျော်သည့်ခန်းဝင်လက်ဆောင် ပြင်ဆင်ရန်မှာ သေချာပေါက်လွယ်ကူမည်မဟုတ်ပေ။ သို့သော် သူကမည်သူနည်း။ ရီမိသားစုမှ သူတစ်ယောက်ဖြစ်သည်မလား။ ဤခန်းဝင်အတွက် မျိုးနွယ်စုခေါင်းဆောင်ကို အားကိုးရမည်။

အဇူရာနဂါးသည် နဂါးတောင်ကြားတွင် ခဏအနားယူပြီးနောက် အိုးကျင်းကို ၎င်း၏မျိုးနွယ်စုခေါင်းဆောင်နှင့်တွေ့ဆုံရန် ၎င်း၏မျိုးနွယ်စုသို့ ပြန်ခေါ်သွားမည်ဖြစ်ကြောင်းပြောလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ်လာလည်ပြီး တရားဝင် လက်ထပ်ခွင့်တောင်းမည်။

အိုးထျန်းသည် အဇူရာနဂါး၏နောက်ကွယ်မှ မျိုးနွယ်စုအကြောင်းကို သိချင်နေခဲ့၏။ သို့သော် ၎င်းက လူသားမျိုးနွယ်ဖြစ်ကြောင်း သိလိုက်ပြီးနောက်တွင် ချက်ချင်းပင် စိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။

ဝေးလံခေါင်သီသောအရပ်မှ မျိုးနွယ်စုငယ်တစ်ခု၊ အထူးသဖြင့် လူသားမျိုးနွယ်စုက စွမ်းအားကြီးလွန်းမည်မဟုတ်တန်ရာ။

၎င်းတို့၏နဂါးမျိုးနွယ်စုအနေဖြင့် အဇူရာနဂါး၏ ကျင့်ကြံရေးအရင်းအမြစ်များအတွက် ပိုမိုပံ့ပိုးပေးသင့်ပုံရသည်။ စစ်မှန်သောနတ်ဘုရားနယ်မြေတွင် ကျင့်ကြံနေသော အိုးထျန်းအနေဖြင့် အဇူရာနဂါးနှင့် အိုးကျင်းတို့အတွက် ကျင့်ကြံရေးအရင်းအမြစ်များကို သေချာပေါက် ပံ့ပိုးပေးနိုင်ပါသည်။

အဇူရာနဂါးသည် အိုးကျင်းကို သူနှင့်အတူခေါ်ဆောင်သွားပြီး ရီမိသားစုဆီသို့ ဦးတည်သွားသည်။ လမ်းခရီးတွင် ရီမိသားစု၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူမကို အကြမ်းဖျင်းရှင်းပြခဲ့၏။ ရီဖန်တို့အကြောင်းကိုလည်း အိုးကျင်းအား မိတ်ဆက်ပြောထားသည်။ သို့မှသာ သူတို့ပြန်ရောက်လျှင် ၎င်းတို့ကို မှတ်မိနိုင်မည်ဖြစ်သည်။

ထိုအချိန်အထိ အဇူရာနဂါးသည် ရီဖန်က စစ်မှန်သောနတ်ဘုရားကိုသတ်ခဲ့ကြောင်း သတိမထားမိသေးချေ။ ရီမိသားစုသည် ယေဘူယျအားဖြင့် နှုတ်လုံကြသောကြောင့် အိုးကျင်း၏စိတ်ထဲတွင် ရီမိသားစုသည် မဟာသူတော်စင်ရှိသည့် သေးငယ်သောအင်အားစုဖြစ်လိမ့်မည်ဟု ထင်ထားသည်။

ထိုအချိန်တွင် ရီမိသားစု၌ ရီဖန်သည် အစောပိုင်း မဟာသူတော်စင်အဆင့်ကျင့်ကြံသူကို အလွယ်တကူချေမှုန်းပစ်နိုင်သည့် အရှိန်အဟုန်ပြင်းသော မီးတောက်စစ်ကို အသုံးပြုနေသည်။ ရီဖန်သည် ပစ္စည်းများကို တစ်ခုပြီးတစ်ခုသန့်စင်ပြီးနောက် သူ့ရှေ့တွင် နတ်ရွှေရည်များအဖြစ် ပေါင်းစည်းထားသည်။ နောက်ဆုံးတွင် သူသည် သူ၏မူလနိယာမကို ၎င်းအထဲသို့ ပေါင်းစည်းလိုက်၏။

နတ်ရွှေရည်သည် အဆက်မပြတ်လောင်ကျွမ်းပြီးနောက် စတင်ပုံပေါ်လာပြီဖြစ်သည်။ အသစ်ပြုလုပ်ထားသော မဟာသူတော်စင်ဓားရှည်မှ ထိပ်တန်း မဟာသူတော်စင်လက်နက် ရောင်ဝါထွက်ပေါ်လာသည်။ ၎င်းက ပြီးပြည့်စုံသည့် ထိပ်တန်းမဟာသူတော်စင်လက်နက်တစ်ခု ဖြစ်လာပြီ။

ရီမိသားစုနှင့် ရီဖန်တို့ မဆုတ်မနစ်ကြိုးစားပြီးနောက်တွင် ၎င်းတို့၏ လက်နက်သန့်စင်ခြင်းနည်းစနစ်နှင့် ဆေးပညာသည် နောက်ဆုံးတွင် ထိပ်တန်းမဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်သွားသည်။ ၎င်းလက်နက်သည် ရီဖန်ကိုယ်တိုင် သန့်စင်ထားသော အင်မော်တယ်သုတ်သင်ခြင်းဓားဖြစ်၏။

ထိပ်တန်း မဟာသူတော်စင် လက််နက်သန့်စင်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ပြီးနောက် ရီဖန်သည် အခြားသော မဟာသူတော်စင်လက်နက်များကို အဆင့်မြှင့်တင်ရန် အခက်အခဲမရှိ ဆက်လက်လုပ်ဆောင်ခဲ့သည်။

အလယ်အလတ်အဆင့် မဟာသူတော်စင်လက်နက်သည် သာမန်မဟာသူတော်စင်များ အသုံးပြုရန် လုံလောက်နေပြီဖြစ်သည်။ အထွတ်အထိပ် မဟာသူတော်စင်ပင်လျှင် ဤထိပ်တန်း မဟာသူတော်စင်လက်နက်များ ပိုင်ဆိုင်လိမ့်မည်မဟုတ်ပေ။

ရီဖန်သိထားသည်အရ ယခုအချိန်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်၌ ထိပ်တန်းမဟာသူတော်စင်အဆင့် လက်နက်သန့်စင်သူမရှိသေးပါ။ ကျန်သည့်ထိပ်တန်း မဟာသူတော်စင်လက်နက်များကို အခြားစကြာဝဠာမှ သန့်စင်ထားခြင်း သို့မဟုတ် ရှေးခေတ်စွမ်းအားရှင်များထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

သို့သော် ၎င်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင်သာဖြစ်သည်။ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ ရှိ အခြားနေရာများတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထက် ပိုမိုများပြားသော မဟာသူတော်စင်လက်နက်သန့်စင်သူများ ရှိနိုင်သည်။ ရီဖန်သည် ထိပ်တန်း မဟာသူတော်စင်လက်နက်များအပြင် ထိပ်တန်း မဟာသူတော်စင်ဆေးလုံးအများအပြားကို သန့်စင်ခဲ့သည်။

ဤနေရာတွင် ရီဖန်အနေဖြင့် ဝမ်ရှူမဟာသူတော်စင်နှင့် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားတို့ကို ကျေးဇူးတင်ကြောင်းဖော်ပြရမည်။ ၎င်းတို့ပေးသောပစ္စည်းများကြောင့်မဟုတ်လျှင် ရီဖန်၏လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာအဆင့်အောင်မြင်မှုသည် အချည်းနှီးဖြစ်သွားလိမ့်မည်။

ယခု ဤဆေးလုံးများကို သန့်စင်ပြီးနောက် ၎င်းတို့က ရီမိသားစုမှကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်လိမ့်မည်။ ကျင့်ကြံရေးအဆင့်တိုးလာသော ရီမိသားစုမှ ကျင့်ကြံများက နောက်ထပ်နေရာများကို ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး ရီဖန်အတွက် အရင်းအမြစ်များ ပိုမိုရရှိလာလိမ့်မည်။ အရာအားလုံးက ပိုကောင်းသည့်လမ်းကြောင်းကို ဦးတည်နေ၏။

ဗုဒ္ဓစစ်မှန်သောနတ်ဘုရား ကိစ္စအပြီးတွင် ရီမိသားစု၏ဂုဏ်သတင်းသည် အရှေ့နယ်မြေတွင် ပိုမိုထင်ရှားလာခဲ့သည်။ လက်ရှိတွင် အရှေ့နယ်မြေ၌ စွမ်းအားအကြီးဆုံးမှာ အထွတ်အထိပ်မဟာသူတော်စင် အနည်းငယ်မျှသာဖြစ်သည်။

တာ့ယွီနတ်မင်းဆက်ကို ချဲ့ထွင်ပြီးနောက်တွင် မည်သူမျှ ၎င်းတို့ကို မတားဆီးရဲကြတော့ချေ။ ထို့အပြင် တာ့ယွီနတ်မင်းဆက်သည် ၎င်းအင်အားစုများထံမှ အလွန်အကျွံ မတောင်းဆိုသောကြောင့် ၎င်းတို့သည် လက်အောက်ခံအင်အားစုများ ဖြစ်လာခဲ့သည်။

၎င်းတို့အတွက် တာ့ယွီနတ်မင်းဆက်သို့ ဝင်ရောက်ခြင်းက အလွန်အကျိုးရှိသည်။

ပထမတစ်ခုမှာ ၎င်းတို့သည် တာ့ယွီနတ်မင်းဆက်အတွင်း ဆေးလုံးများနှင့် လက်နက်များက်ို လဲလှယ်နိုင်သည်။ ဒုတိယတစ်ခုအနေဖြင့် စစ်မှန်သောနတ်ဘုရား၏တိုက်ခိုက်ရေးစွမ်းအားရှိသောကြောင့် ၎င်း၏ကာကွယ်မှုအောက်တွင် စစ်မှန်သောနတ်ဘုရားထံမှ ချေမှုန်းခံရမည်ကို စိုးရိမ်စရာမလိုချေ။

ယခင်က အရှေ့နယ်မြေတွင် စစ်မှန်သောနတ်ဘုရား၏ အကာအကွယ်မရှိသောကြောင့် ၎င်းတို့သည် အရှေ့နယ်မြေအတွင်းတွင်သာ ပိတ်မိနေကာ အခြားကျယ်ပြန့်သောနယ်မြေများသို့ စွန့်စားဝံ့ခြင်းမရှိပေ။ယခုအခါ အရှေ့နယ်မြေတွင်လည်း စစ်မှန်သောနတ်ဘုရားတစ်ပါးရှိနေပြီဖြစ်သောကြောင့် အခြားသူများအား မရည်ရွယ်ဘဲရန်စမိမည်ကို စိုးရိမ်စရာမလိုတော့ဘဲ ထွက်ခွါနိုင်ပြီဖြစ်သည်။

တာ့ယွီနတ်မင်းဆက်အပြင် ရီမိသားစု၏တိုးတက်မှုသည်လည်း ကောင်းမွန်လှသည်။ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်အဆင့်၏ အလယ်အလတ်သို့ ရောက်ရှိသွားသည်။ ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့၏ ကျင့်ကြံရေးအဆင့်များသည်လည်း မဟာသူတော်စင်အဆင့် အလယ်အလတ်အထိ ရောက်ရှိလာကြ၏။

ရီမိသားစု၏ ဒုတိယနှင့် တတိယမျိုးဆက်တို့တွင် မဟာသူတော်စင်နယ်မြေ ကျင့်ကြံသူအရေအတွက် ဆယ်ဂဏန်းကျော်သွားပြီဖြစ်သည်။ ရီဖန်မရှိလျှင်ပင် ယခုအခါ ရီမိသားစုကို မဟာသူတော်စင်အင်အားစုအဖြစ် သတ်မှတ်နိုင်သည်။

ရီဖန်၏ ကျင့်ကြံရေးအဆင့်က အထွတ်အထိပ် မဟာသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ချီစွမ်းအားကျင့်ကြံခြင်း နှစ်ခုစလုံးသည်လည်း အထွတ်အထိပ် မဟာသူတော်စင်အဆင့်တွင်ရှိနေသည်။ အကယ်၍ သူသာ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားနှင့် ရင်ဆိုင်ရလျှင် ၎င်းကိုချေမှုန်းအတွက် ပြီးပြည့်စုံသော သွေးမျိုးဆက်ပေါက်ကွဲစေရန်ပင် လိုအပ်မည်မဟုတ်ပေ။

ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို အနည်းငယ်မြှင့်တင်ရန်သာ လိုတော့ကာ စစ်မှန်သောနတ်ဘုရားနယ်မြေသည် သူ၏ လက်လှမ်းတွင်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် အဇူရာနဂါးသည် အိုးကျင်းနှင့်အတူ အရှေ့နယ်မြေသို့ ရောက်လာလေပြီ။ မဟာသူတော်စင်နှစ်ဦး အထူးသဖြင့် နဂါးမျိုးနွယ်စုဝင်နှစ်ဦးဖြစ်သည့်အတွက် ၎င်းတို့ အရှေ့နယ်မြေထဲသို့ ဝင်လာသည်နှင့် တာ့ယွီနတ်မင်းဆက် စစ်တပ်၏အာရုံကို ချက်ချင်းဆွဲဆောင်မိသည်။

"ဒါဘယ်သူတွေလဲ။ ခနရပ်ပါ”

သူတို့နှစ်ဦး၏ရောင်ဝါကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပေါ်တင်ထုတ်လွှတ်ထားသောကြောင့် ၎င်းတို့ တာ့ယွီနတ်မင်းဆက်သို့ ဝင်ရောက်လာသော ရည်ရွယ်ချက်နှင့်ပတ်သက်၍ သံသယမဝင်ဘဲ မနေနိုင်ပေ။ စျေးဝယ်ရန်အတွက် အရွက်တစ်ထောင်ဆေးခန်းသို့ ကောင်းကောင်းဝင်လာသော မဟာသူတော်စင်များကိုတော့ ဤတပ်ဖွဲ့များက တားဆီးမည်မဟုတ်ချေ။

All Chapters