ရီမိသားစု၏လက်ဖွဲ့များ ၂
Vol. 36 Ch. 528
အင်အားအလွန်ကြီးမားသော မဟာသူတော်စင်အဆင့်အကြီးအကဲတစ်ဦး အနားတွင်ရှိခြင်းက ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ ရီဖန်နှင့်တွေ့ဆုံပြီးနောက် ၎င်းတို့၏ မင်္ဂလာအခမ်းအနားအကြောင်းဆွေးနွေးမှုကို စတင်ခဲ့သည်။
နဂါးမျိုးနွယ်စု၏ မင်းသမီးဖြစ်သည့်အတွက် အိုးကျင်း၏ မင်္ဂလာအခမ်းအနားကို အလွန်ရိုးရှင်းစွာပြုလုပ်၍မရဘဲ နဂါးမျိုးနွယ်စုနှင့် မိတ်ဖက်မျိုးနွယ်စုအစည်းများစွာကို ဖိတ်ကြားရန် လိုအပ်သည်။
ရီဖန်ဘက်မှ မင်္ဂလာအခမ်းအနားကို မည်သို့ ပြုလုပ်မည်ဆိုသည်မှာ ရီမိသားစုပေါ်သာ မူတည်သည်။ ရီဖန်သည် ရီမိသားစုရှိမျိုးနွယ်စုဝင်အားလုံးကို တူညီစွာသာဆက်ဆံသည်။ အလွန်ကြီးကျယ်သည့် မင်္ဂလာအခမ်းအနားကို လိုချင်ပါက ရီမိသားစုအနေဖြင့် အသေအချာဆောင်ရွက်ရမည်ဖြစ်သည်။
အကယ်၍ ထိုအချိန်တွင် ရီဖန်သည် ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းနယ်ပယ်တွင် ဖြတ်ကျော်မှုမပြုထားနိုင်ပါက လက်ဆောင်ပစ္စည်းအနေနှင့် ပေးစရာမရှိမည်ကို စိုးရိမ်နေရမည်။ သို့သော် ယခုအချိန်တွင် သူသည် ဖြတ်ကျော်မှုကို လုပ်ဆောင်ထားပြီးဖြစ်သောကြောင့် စွမ်းအားကြီးလက်နက်နှင့် ဆေးလုံးများ များစွာရှိနေပြီဖြစ်သည်။
ဤပစ္စည်းများသည် နဂါးမျိးနွယ်စုအတွက် အလွန်အဖိုးတန်သည်။ ထို့ကြောင့် အဇူရာနဂါးကို အခြားသူများက အထင်သေးကြမည်မဟုတ်ဟု သူယုံကြည်သည်။ မကြာမီတွင် မင်္ဂလာအခမ်းအနားရက်ကို အတည်ပြုလိုက်သည်။
ရီမိသားစုသည် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရန်အတွက် တောင်ပိုင်းဒေသရှိ နဂါးတောင်ကြားသို့ သွားရောက်ခဲ့ကြ၏။ နဂါးမျိုးနွယ်စု၏ မိတ်ဖက်များက မျက်မြင်သက်သေများအဖြစ် ဆောင်ရွက်ကြလိမ့်မည်။
ထို့နောက် အိုးကျင်းက ဆက်သွယ်ရေးကျောက်တုံးတစ်ခုကို ရီဖန်အား ပေးလိုက်သည်။ ဤဆက်သွယ်ရေးကျောက်တုံးသည် အိုးထျန်းး၏ပိုင်ဆိုင်မှုဖြစ်သည်။ ဂူအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက်တွင် ရီဖန်၏နတ်အာရုံသည် ထိုကျောက်တုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ဖက်တွင် အိုးထျန်းးသည်လည်း တစ်စုံတစ်ယောက်က ကျောက်တုံးကို အသုံးပြုနေသည်ကို ခံစားမိ၍ သူ၏အာရုံဖြင့် ရီဖန်နှင့် ဆက်သွယ်ရန် ဆောင်ရွက်ခဲ့သည်။ မကြာမီတွင် စွမ်းအားကြီးမားသည့် နတ်နဂါးတစ်ကောင်သည် ရီဖန်ရှေ့တွင် ပေါ်ထွက်လာသည်။
ထိုနဂါးသည် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသည့် နတ်နဂါးဖြစ်သူ အိုးထျန်းဖြစ်ကြောင်း ရီဖန် ချက်ချင်းပင်ခံစားမိခဲ့သည်။ ၎င်းသည် စစ်မှန်သောနတ်ဘုရားအဆင့်၏ အစောပိုင်းတွင် ရောက်ရှိနေပြီး မကြာသေးမီက ဖြတ်ကျော်ထားသူတစ်ဦး ဖြစ်ကြောင်းကိုလည်း သိရှိလိုက်သည်။
ဤသည်မှာ တကယ့်စစ်မှန်သောနတ်ဘုရားတစ်ဦးဖြစ်ပြီး ချော့ဝူစစ်မှန်သောနတ်ဘုရားကဲ့သို့ မဟုတ်သည်ကို ရီဖန်သတိပြုမိသည်။ သို့သော် ယခုအခါတွင် ရီဖန်သည်လည်း ဖြတ်ကျော်မှု ပြုလုပ်ထားပြီးဖြစ်သောကြောင့် ချော့ဝူစစ်မှန်သောနတ်ဘုရားကို တိုက်ခိုက်စဉ်က အခက်အခဲကြုံခဲ့သည့် အချိန်ကဲ့သို့ မဟုတ်တော့ပေ။
သူ၏ ယခုရှိနေသောစွမ်းအားအားလုံးထုတ်မသုံးလျှင်ပင် လက်သီးတစ်ချက်ဖြင့် အနိုင်ရနိုင်မည်ဟု သူယုံကြည်သည်။ စွမ်းအားအကုန်သာ တစ်ချက်တည်းဖြင့် အသုံးပြုလိုက်လျှင် သေစေနိုင်လောက်သည်အထိ ဖြစ်သွားမည်။
ခန္ဓာကိုယ်သန့်စင်ခြင်း၌ အထွတ်အထိပ်မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ပြီးနောက်တွင် ရီဖန်၏သွေးမျိုးဆက်ကို ထိန်းချုပ်နိုင်စွမ်းသည် အလွန်တိုးတက်လာခဲ့သည်။ ၎င်းကို အသုံးချနိုင်သော စွမ်းအားသည်လည်း အလွန်တိုးလာခဲ့ကာ တစ်ချက်ထိုးရုံဖြင့် အားအင်ကုန်သွားမည့်အဆင့်မှ တိုးတက်လာပြီဖြစ်၏။
အိုးထျန်းးသည် အန္တရာယ်ကို ရုတ်တရက်ခံစားမိသော်လည်း ထိုခံစားချက်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုခံစားချက်ကြောင့် မူလက တည်ငြိမ်နေသော အိုးထျန်းးသည် ချက်ချင်း တင်းမာသွားခဲ့ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရာ ရှေ့တွင်ရှိနေသော တစ်ဦးတည်းသောသူမှာ ရီမိသားစုခေါင်းဆောင်ဖြစ်ကြောင်း တွေ့လိုက်သည်။
၎င်းအန္တရာယ်ရိပ်ယောင်က ရီမိသားစုခေါင်းဆောင်ထံမှ ထွက်ပေါ်လာခြင်းဟု ခံစားမိနေသည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ၎င်း၏ အာရုံခံစားမှုအပေါ် အပြည့်အဝယုံကြည်သည်။ ထိုအာရုံခံစားမှုသည် မှားယွင်းမှုမဟုတ်ကြောင်း သေချာသိသည်။
သူ၏အာရုံသာအမှန်တကယ်ဆိုလျှင် ရီမိသားစုခေါင်းဆောင်သည် ၎င်းအား သေစေသည်အထိ အန္တရာယ်ပေးနိုင်သူဖြစ်သည်။ အိုးထျန်းး၏ မူလက ရီမိသားစုအား လျှော့တွက်ထားသည့်အမြင်က ချက်ချင်းပျောက်ကွယ်သွား၏။
“ဂါရဝပြုပါတယ်၊ မိတ်ဆွေချန်ရီ” အိုးထျန်းက သူ၏ နဂါးပုံစံမှ လူပုံစံသို့ ပြောင်းလဲပြီး ရီဖန်အား နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“မိတ်ဆွေအိုးထျန်းးက စွမ်းအားရှင်ကြီးပဲ။ နဂါးမျိုးနွယ်စုရဲ့ မင်းသမီးငယ်လေးနဲ့ အဇူရာနဂါးတို့ ဆုံတွေ့ရခြင်းက ကျွန်တော်တို့အတွက် တကယ့်ကံကောင်းမှုပါဘဲဗျာ” ဟု ရီဖန်က ပြန်လည်ပြောသည်။
အချင်းချင်း ချီးကျူးစကားပြောပြီးနောက်၌ ၎င်းတို့သည် လက်ထပ်ပွဲနေ့ရက်ကို အတည်ပြုခဲ့ကြသည်။ အိုးကျင်းသည် သူ၏ အချစ်ဆုံးသမီးဖြစ်သည့်အတွက် အိုးထျန်းးအနေဖြင့် သူ၏မိတ်ဆွေများကို ကြိုတင်အသိပေးရန် လိုအပ်သည်။
ဘဝတစ်သက်လုံးအတွက် မိတ်ဖက်ရွေးချယ်ခြင်းသည် အလွန်အရေးကြီးသောအရာဖြစ်သဖြင့် မိတ်ဆွေများအား အသိပေးသင့်သည်။ လက်ဖွဲ့ပစ္စည်းများအတွက်တော့ အိုးထျန်းးနှင့် ရီဖန်တို့သည် အများအပြားမပြောခဲ့ကြပါ။
အိုးထျန်းးအနေဖြင့် ရီဖန်က ၎င်း၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်ကို ခံစားမိခဲ့သဖြင့် ထိုသူက စစ်မှန်သောနတ်ဘုရားအဆင့် တိုက်ခိုက်ရေးစွမ်းအားရှိသူတစ်ဦးဖြစ်ကြောင်း သိသည်။ ထိုကဲ့သို့သော အစွမ်းထက်သူတစ်ဦးသည် သေးငယ်သောလက်ဆောင်ကြောင့်နှင့် မျက်နှာပျက်ခံမည်မဟုတ်ပေ။
သို့သော် အိုးထျန်းးအနေဖြင့် သူ့သမက်မိသားစု၏ အကြောင်းကို စုံစမ်းရန်လိုအပ်နေဆဲဖြစ်သည်။ မကြာမီ၌ နဂါးမျိုးနွယ်စု၏ စုံစမ်းမှုစတင်ခဲ့သည်။ မည်သို့ပင် အဆင့်အတန်းကွာခြားနေစေကာမူ ရီမိသားစုအကြောင်းကိုရှာရန် ၎င်းတို့အတွက် ခက်ခဲမှုမရှိခဲ့ပေ။
အရှေ့နယ်မြေတစ်ခုလုံးကို ရီမိသားစုက ထိန်းချုပ်ထားသည်။ ရီမိသားစုခေါင်းဆောင်၊ ချန်ရီမဟာသူတော်စင်၊ ရီဖန်သည် ချော့ဝူနတ်ဘုရားကို သတ်ပစ်ခဲ့သည့် တိုက်ပွဲမှတ်တမ်းရှိသူဖြစ်သည်။
ချော့ဝူနတ်ဘုရားဟုဆိုသော်လည်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအဖြစ်ဟန်ဆောင်ထားနိုင်သည် ချော့ဝူသည် သာမန်မဟုတ်ပေ။ အိုးထျန်းးသည်လည်း ဗုဒ္ဓစစ်မှန်သောနတ်ဘုရားအကြောင်းကို ကြားဖူးပြီးသားဖြစ်သည်။
အသက်အန္တရာယ်ပြင်းထန်စွာ ကြုံတွေ့ရသည့်အချိန်တွင် ဗုဒ္ဓ၏ စစ်မှန်သောနတ်ဘုရားသည် စစ်မှန်သောနတ်ဘုရားတိုက်ပွဲစွမ်းအားကို ထုတ်သုံးနိုင်သည်။ ထိုကဲ့သို့သော ချော့ဝူသည် ပုံမှန်စစ်မှန်သောနတ်ဘုရားနှင့် များစွာမခြားနားချေ။
‘ငါနဲ့အမျိုးတော်လာမဲ့သူတွေကလည်း စစ်မှန်တဲ့နတ်ဘုရားစွမ်းအားရှိသူ ဖြစ်နေမယ်လို့ တစ်ခါမှမထင်ခဲ့ဘူး’ ဟု အိုးထျန်းး စဉ်းစားမိသည်။
ရီဖန်သည် နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်သည့်အပြင် စစ်မှန်သောနတ်ဘုရားကို သတ်ပစ်ခဲ့သည့် မှတ်တမ်းပါရှိနေသည်။ ရရှိထားသည့် သတင်းအချက်အလက်များအရ ရီမိသားစုသည် ၎င်းတို့ထက် ပို၍အင်အားကြီးနေခဲ့သည်။ ထိုကဲ့သို့သော မိတ်ဖက်ကို ရရှိခြင်းသည် နဂါးမျိုးနွယ်စုအတွက် အလွန်ကြီးမားသည့် အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
သို့သော် အိုးထျန်းးအနေဖြင့် ရီမိသားစု၏အကြောင်း အများသိသည်ကို မလိုချင်သောကြောင့် နဂါးမျိုးနွယ်စု အကြီးအကဲအနည်းငယ်ကိုသာ ပြောပြခဲ့သည်။ အကြီးအကဲများသည် အဇူရာနဂါး၏ နောက်ခံကိုကြားပြီးနောက်တွင် စကားမပြောနိုင်အောင်ပင် အံ့အားသင့်သွားခဲ့ကြသည်။
“မင်းသမီးငယ်လေးက ကျွန်တော်တို့ကို အန္တရာယ်တွင်းထဲ ဆွဲသွင်းနေတာပါဘဲ” ဟု ထိုအကြီးအကဲများ စဉ်းစားမိသည်။
၎င်းတို့သည် မူလက အဇူရာနဂါးကို အင်အားမရှိသည့် သာမန်နဂါးဟုသာ ထင်ခဲ့ကြသော်လည်း တစ်ခဏအတွင်းတွင် စစ်မှန်သောနတ်ဘုရားရှိသည့် အင်အားစုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကြီးအကဲအနည်းစုသည် ယခင်က အဇူရာနဂါးကို ဆက်ဆံခဲ့သည့် အမူအရာများကို ပြန်လည်စဉ်းစားကြည့်သောအခါ မချေမငံဆက်ဆံခြင်းမပြုခဲ့သဖြင့် စိတ်သက်သာရာရခဲ့ကြသည်။
သို့သော် ၎င်းတို့အနေဖြင့် အဇူရာနဂါးကို မိသားစုထဲသို့ ခေါ်ယူလိုသဖြင့် လက်ထပ်စေခဲ့ခြင်းမဟုတ်ဘဲ မင်းသမီးငယ်အား ပျော်ရွှင်စေလိုသောကြောင့်သာဖြစ်သည်။ အဇူရာနဂါးကသာ မင်းသမီးငယ်ကို နှိပ်စက်ညှဉ်းပန်းပါက စစ်မှန်သောနတ်ဘုရားစွမ်းအားပင်ရှိသည်ဖြစ်စေ ၎င်းတို့ကို အလွတ်ပေးမည်မဟုတ်ပေ။
အသွင်ပြောင်းနဂါးဆေးလုံးသည် မဟာသူတော်စင်အဆင့် အခက်ခဲဆုံးဖြစ်သည့် ဆေးနည်းဖြစ်၏။ သာမန်မဟာသူတော်စင်အဆင့်ရှိ ခေါင်းဆောင်ဆေးဆရာများပင် ထိုဆေးလုံးကို ဖန်တီးရန် ခက်ခဲကြသည်။ အကယ်၍ ရီဖန်၏ အမွေအနှစ်သာမရှိလျှင် ထိုဆေးကို ပြုလုပ်ရန် လုံးဝလွယ်ကူမည်မဟုတ်။
ဆေးလုံး၏ အဓိကအသုံးချမှုမှာ နဂါးမျိုးနွယ်စုမှ မဟာသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများအား ၎င်းတို့၏ နတ်စွမ်းအားကို မူလနိယာမနှင့် လွယ်ကူစွာ ပေါင်းစည်းနိုင်စေပြီး နောက်ဆုံးအတားအဆီးကို ကျော်လွှားကာ နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်နိုင်စေရန်ဖြစ်သည်။
ထိုဆေးသည် နဂါးမျိုးနွယ်စုအတွက်သာမက အခြားဒဏ္ဍာရီလာမွန်းစတားများအတွက်ပါ ထိရောက်မှုရှိသည်။ အသွင်ပြောင်းနဂါးဆေးလုံး သုံးလုံးရှိလျှင် နဂါးမျ်ိုးနွယ်စုတွင် စစ်မှန်သောနတ်ဘုရားအဆင့်စွမ်းအားရှင်တစ်ဦး မွေးဖွားလာနိုင်မည်ဟု အာမခံနိုင်သည်။
ဤအချက်က ဆေးပညာရှင်များ၏ အရေးပါမှုကို ပြနေသည်။ အစွမ်းထက်သော ဆေးပညာရှင်က မည်သည့်ကျင့်ကြံသူအတွက်မဆို အလွန်အရေးကြီးသည်။ စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူသည်ပင် ဖြတ်ကျော်ရန်အတွက် ၎င်းတို့၏ဆေးလုံးများကို လိုအပ်သည်။
သို့သော် ဆေးပညာရှင်တစ်ဦးသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့်စွမ်းအားမရှိပါက ၎င်းသည် ဆေးလုံးဖန်တီးရန်အတွက် အသုံးချခံရသည့် အသုံးချခံသာဖြစ်သွားမည်။ ရီဖန်အနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် အစွမ်းရှိသူဖြစ်သည်။ ထို့ကြောင့် သူသည် အစွမ်းထက်ဆုံးဆေးပညာရှင်ဖြစ်လာနိုင်မည်ဟု ယုံကြည်သည်။
ရီဖန်သည် အသွင်ပြောင်းနဂါးဆေးလုံးအပြင် ခက်ခဲသည့်အဆင့်မြင့်ဆေးများနှင့် အမြန်ဖန်တီးရန်လိုအပ်သည့် ပစ္စည်းအများအပြား ပြင်ဆင်ထားခဲ့ပြီး ၎င်းတို့က နဂါးမျိုးနွယ်စုအတွက် အလွန်ထိရောက်မှုရှိသည်။ ဤဆေးများနှင့် လက်နက်များကို လက်ဆောင်ပစ္စည်းအဖြစ် ဆက်လိုက်မည်ဆိုလျှင် နဂါးမျိုးနွယ်စုက အိုးကျင်းကို အဇူရာနဂါးနှင့် လက်ထပ်စေလိုသောဆန္ဒ ပိုရှိလာနိုင်သည်။
ထိုအချိန်တွင် အိုးကျင်း၏ လက်ထပ်ပွဲသတင်းသည် ကျောက်လုံမျိုးနွယ်စုသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုသတင်းကို ကြားလျှင် ကျောက်လုံမျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် အလွန်အမင်း အမျက်ထွက်သွားခဲ့သည်။
အခြားမျိုးနွယ်တို့၏အမြင်တွင် ကျောက်လုံမျိုးနွယ်စုက နဂါးမျိုးနွယ်စု၏ လက်အောက်ခံမျိုးနွယ်စုသာဖြစ်သည်။ သို့သော် ၎င်းတို့အနေဖြင့် ဘယ်တုန်းကမှ လက်အောက်ခံမျိုးနွယ်စုမဖြစ်လိုခဲ့ကြချေ။ ၎င်းတို့၏ အကြီးဆုံးအိပ်မက်မှာ နဂါးမျိုးနွယ်စုကို အစားထိုးပြီး စိုးမိုးလိုခြင်းဖြစ်သည်။
ထို့ကြောင့် ကျောက်လုံမျိုးနွယ်စုသည် နဂါးအသွင်ပြောင်းကျင့်ကြံနည်းကို စွန့်လွှတ်ခဲ့ပြီး ကျောက်လုံသွေးမျိုးဆက် တိုးတက်ရန်သာ ကြိုးပမ်းခဲ့သည်။ ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် ဤနယ်မြေတွင် အင်အားအကောင်းဆုံးဖြစ်သည်။
ကျောက်လုံ သွေးမျိုးဆက်ကို အင်အားကြီးလာရန် အဆက်မပြတ် အားထုတ်ခဲ့သဖြင့် ၎င်း၏ ကျင့်ကြံမှုအဆင့်သည် စစ်မှန်သောနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် စစ်မှန်သောနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ပြီးနောက်တွင် ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် နယ်မြေ၏ ချွတ်ယွင်းချက်ကို တွေ့ရှိခဲ့သည်။
ကျောက်လုံသွေးမျိုးဆက်ကို အင်အားတိုးမြှင့်ပေးခြင်းနှင့် စစ်မှန်သောနတ်ဘုရားအဆင့်ကို ဖြတ်ကျော်နိုင်ဖြင်းသည် ၎င်းတို့တိုးတက်မှုအတွက် အထောက်အကူမဖြစ်ပေ။ ကိုယ်ပိုင်သွေးမျိုးဆက် ပိုမိုသန်မာရန်အတွက်ဆိုလျှင် စွမ်းအားကြီးသွေးမျိုးဆက်နှင့် ခိုင်မာစွာ ပေါင်းစည်းရမည်ဖြစ်သည်။
နဂါးမျိုးနွယ်စုသည် မျိုးနွယ်အရ ကျောက်လုံမျိုးနွယ်စုနှင့် အလွန်တူညီသောကြောင့် ထိုအခွင့်အရေးကို ပေးနိုင်သူဖြစ်သည်။ နဂါးမျိုးနွယ်စုအတွင်းတွင် မျိုးနွယ်စုခေါင်းဆောင် အိုးထျန်းးအပြင် အိုးကျင်း၏သွေးမျိုးဆက်သာလျှင် ၎င်း၏ကိုယ်ပိုင်သွေးမျိုးဆက်ကို အားဖြည့်နိုင်သည်။
ထို့ကြောင့် ဟေးကျောက်အနေဖြင့် အိုးကျင်းကို မိမိအတွက်သာ စဉ်းစားထားခဲ့သည်။ ထိုကြောင့် ယခုအချိန်၌ အိုးကျင်းသည် လက်ထပ်တော့မည်ဟု ကြားရသောအခါ ဟေးကျောက်သည် လက်မခံနိုင်ဖြစ်နေသည်။
အကယ်၍ အိုးကျင်းသာမရှိလျှင် သူသည် သွေးမျိုးဆက်ကို အိုးထျန်းထံမှသာ ထုတ်ယူနိုင်တော့မည်။ စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူများဖြစ်ကြသော်လည်း ဟေးကျောက်အနေဖြင့် အိုးထျန်းစစ်မှန်သောနတ်ဘုရားနှင့် မတိုက်ခိုက်လိုပါ။
“အိုးကျင်းကို လက်ထပ်ချင်ရင် အရည်အချင်းရှိပါစေဦး!” ဟု ဟေးကျောက်စစ်မှန်သောနတ်ဘုရားက စိတ်ထဲတွင် တေးထားသည်။