← Chapters

ကြီးစိုးလာသော ရီမိသားစု

Vol. 36 Ch. 529

ကြီးစိုးလာသော ရီမိသားစု

Vol. 36 Ch. 529

ယနေ့တွင် နဂါးတောင်ကြားက စည်ကားနေသည်။ ပုံမှန်နေ့များတွင် အလည်အပတ်သူများ အလွန်နည်းသော်လည်း ယနေ့ အများကြီးဖြစ်နေသည်။

အိုးကျင်း၏ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုလာသောသူများအနက် အများစုမှာ နတ်ဆိုးမျိုးနွယ်စုများမှကျင့်ကြံသူများ ဖြစ်ကြပြီး လူသားမျိုးနွယ်စုမှ ကျင့်ကြံသူအနည်းငယ်လည်းလာသည်။

နဂါးများသည် အကြေးခွံရှိသောသတ္တဝါများ၏ ဘုရင်ဖြစ်သဖြင့် များစွာသော နတ်ဆိုးမျိုးနွယ်စုများကို ပိုင်ဆိုင်ထားကြသည်။ ယခုအခါ ၄င်းတို့၏ဘုရင်က မင်္ဂလာပွဲကျင်းပသဖြင့် ၄င်းတို့သည်လည်း ကိုယ်စားလှယ်များကို ပေးပို့ကာ ဂုဏ်ပြုလျက်ကြသည်။

ထိုနတ်ဆိုးမျိုးနွယ်စုများအနက် အင်အားအများစုသည် သူတော်စင်အဆင့်တွင်ရှိပြီး ၄င်းတို့ကို အကြီးအကဲများက ကိုယ်တိုင်ဧည့်ခံခဲ့ကြသည်။ မကြာမီ ဟေးကျောက်စစ်မှန်သောနတ်ဘုရားဦးဆောင်သော ဟေးကျောက်အမျိုးနွယ်မှ လူများသည် နဂါးတောင်ကြားသို့ ရောက်လာသည်။

အဇူရာနဂါး၏အကြောင်းကြားမှုကို အရင်ဆုံးရထားသော တတိယအကြီးအကဲသည် ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ လာရောက်မှုကို စိတ်ထဲတွင် မကျေနပ်နေခဲ့သည်။

ဟေးကျောက်အမျိုးနွယ်ကို နဂါးမျိုးနွယ်စု၏ ဆက်စပ်အမျိုးနွယ်များထဲမှ တစ်ခုအနေဖြင့် သတ်မှတ်ထားသော်လည်း စစ်မှန်သောနတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ၎င်းတို့က မျိုးနွယ်စုဝင်ဖြစ်နေခြင်းကို တန်ဖိုးမထားကြတော့ပေ။

စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ရှိသောအမျိုးနွယ်သည် သီးခြားရပ်တည်လေ့ရှိသည်။ နဂါးမျိုးနွယ်စုသည် အကြောင်းအရာ အတိအကျကိုမပြောထားသော်လည်း ဟေးကျောက်အမျိုးနွယ်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ မကောင်းမွန်တော့ချေ။

ထိုကြောင့် ဟေးကျောက်အမျိုးနွယ် လာရောက်ခြင်းသည် အမှန်တကယ် ဂုဏ်ပြုရန်မဟုတ်ဟုသာ တတိယအကြီးအကဲက ယုံကြည်ခဲ့သည်။ သို့သော် ဧည့်ခံရမည့်သူအားလုံးကို ဧည့်ခံရမည်သာဖြစ်သဖြင့် ၄င်းစိတ်ထဲတွင် မကျေနပ်သော်လည်း ဝတ္တရားအရ သွားကြိုခဲ့သည်။ သို့မဟုတ်ပါက အရှက်ရမည့်သူမှာ နဂါးမျိုးနွယ်စုပင် ဖြစ်လိမ့်မည်။

မကြာမီ အခြားသူများလည်း ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ ကြွရောက်မှုကို သတိထားမိကြပြီး ချက်ချင်းပင် စိတ်ဝင်စားလာကြသည်။ ဤအခမ်းအနားသည် ၄င်းတို့ ထင်ထားသလိုပင် စတင်၍မပြေမလည်ဖြစ်လာသည်။

ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် နဂါးမျိုးနွယ်စု၏ မင်းသမီးငယ်ကို အလွန်စိတ်ဝင်စားကြောင်း ကောလဟာလများရှိခဲ့သည်။ ၄င်းသည် မင်းသမီးငယ်ကို လက်ထပ်လိုကြောင်း အကြိမ်များစွာ လျှို့ဝှက်ထုတ်ဖော်ပြောကြားခဲ့သည်။

ယခု ထိုမင်းသမီးငယ်နှင့် ရီမိသားစုတို့၏ အခမ်းအနားကြီးသို့ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်းသည် ဂုဏ်ပြုရန်သာမဟုတ်ကြောင်း ထင်ရှားနေသည်။ အခန့်မသင့်လျှင် တိုက်ပွဲပင် ဖြစ်လာနိုင်သည်။

လူတိုင်းသည် အိုးထျန်းစစ်မှန်သောနတ်ဘုရားသို့ ကြည့်လိုက်ကြသောအခါ သူ၏မျက်နှာအမူအရာသည် အပြောင်းအလဲ မရှိဘဲ ဟေးကျောက်စစ်မှန်သောနတ်ဘုရားအား အပြုံးဖြင့်ပင် ကြိုဆိုနေသည်ကို တွေ့မြင်ကြရသည်။

ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည်လည်း မည်သည့် ထူးခြားသည့်လက္ခဏာမျှ မပြသဘဲ အပြန်အလှန်ဂုဏ်ပြုလာသကဲ့သို့ အမှန်တကယ်ပြုမူနေသည်။ ပတ်ဝန်းကျင်အခြေအနေသည် ပို၍ပင် ထူးဆန်းလာသည်။

ထိုအချိန်တွင် ရီမိသားစုဝင်များလည်း ရောက်ရှိလာခဲ့ကြသည်။ ရီဖန်သည် မျိုးနွယ်စုကို ဦးဆောင်လာခဲ့ပြီး ရီကျင်းထျန်ကဲ့သို့ ဒုတိယမျိုးဆက်များလည်း လိုက်ပါလာခဲ့သည်။ စစ်မှန်သောနတ်ဘုရားမိသားစု၏ မင်္ဂလာအခမ်းအနားသို့လာခြင်းဖြစ်သဖြင့် ၎င်းတို့ခမ်းနားစွာ ဝင်ရောက်ခဲ့သည်။

အဇူရာနဂါးသည် အနီရောင်တောက်တောက် သတို့သားဝတ်စုံကို ဝတ်ဆင်ထားပြီး သေချာကြည့်ပါက ထိုအင်္ကျီမှာ အထွတ်အထိပ်အဆင့်ရှိ မဟာသူတော်စင်လက်နက်တစ်ခုဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

“သတို့သားရောက်ပြီ”

နဂါးမျိုးနွယ်စု၏ပွဲရှိလူများသည် ရီဖန်နှင့် မျိုးနွယ်စုဝင်များအား အဝေးမှမြင်မိသည်နှင့် တပြိုင်နက် မျိုးနွယ်စုတစ်ခုလုံးကို ချက်ချင်း အသိပေးလိုက်သည်။

အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ၄င်း၏ပုလ္လင်မှထကာ ဝတ်ရုံကိုပြင်လိုက်ပြီး နဂါးတောင်ကြားဝကို ဦးတည်သွားခဲ့သည်။ ဤအပြုအမူကြောင့် ကြည့်နေသူ အများအပြားသည် အံ့ဩမိခဲ့ကြသည်။

အိုးကျင်း၏သတို့သားကို အိုးထျန်းစစ်မှန်သောနတ်ဘုရားကိုယ်တိုင် နဂါးတောင်ကြားဝသို့ သွားကြိုသည်အထိ အလေးထားကြောင်း ပေါ်လွင်နေသည်။ အမှန်တကယ်တွင် အိုးထျန်းသည် စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်သဖြင့် ခန်းမကြီး၌ပင် ထိုင်စောင့်နေသင့်သည်။

သို့သော် သူ့ကိုယ်တိုင်သွားကြိုခြင်းက အလေးအနက်ထားကြောင်းကို ဖော်ပြနေသည်။ ၄င်းတို့သည် ရီမိသားစုနှင့် မရင်းနှိးကြသေးပေ။ အကယ်၍ ရီမိသားစုထဲမှ စစ်မှန်သောနတ်ဘုရားတစ်ဦး ပေါ်ထွက်ခဲ့လျှင် ထိုသတင်းက နာမည်ကြီးနေလိမ့်မည်။ ထိုသို့မကြားဖူးကြသဖြင့် ၎င်းတို့ကို မျိုးနွယ်စုငယ်တစ်ခုသာဟု အများစုက ထင်မှတ်ကြသည်။

အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ထိုသို့မျိုးနွယ်စုငယ်များကို အလေးထားနေခြင်းက တကယ်တန်းတွင် မည်သူ့ကို မျက်နှာလုပ်နေသနည်းဟု တွေးမရဖြစ်နေကြသည်။ သို့သော် ရီမိသားစုအကြောင်း အနည်းငယ်သိထားသူများကမူ စိတ်လှုပ်ရှားနေကြသည်။

ရီမိသားစုသည် သာမန်မျိုးနွယ်စုမဟုတ် နတ်ဘုရားများကိုပင် သတ်ခဲ့သူများဖြစ်သည်။ သို့ရာတွင် ထိုသတင်းကို သိထားသူများသည် အခြားသူများထံ မမျှဝေလိုကြပေ။

အခြားအင်အားစုများက ရီမိသားစုကို အပြစ်တင်သည်ကို နားထောင်ရခြင်းသည် ၄င်တို့အား ပျော်ရွှင်စေသည်။ တောင်ပိုင်းဒေသသည် ကျယ်ဝန်းသော်လည်း အရင်းအမြစ်များသည် အကန့်အသတ်ရှိသဖြင့် မျိုးနွယ်စုအရေအတွက်ကိုသာ လျော့ချနိုင်မည်ဆိုပါက ၄င်းတို့အတွက် အကျိုးအမြတ်အလွန်တိုးလာမည်။

အိုးထျန်းစစ်မှန်သောနတ်ဘုရားကိုယ်တိုင် ရီမိသားစုကို ကြိုဆိုခဲ့သည့်အတွက် အခြားသူများလည်း ခန်းမကြီးထဲတွင် ထိုင်မစောင့်နေရဲကြတော့ချေ။ ၄င်းတို့အားလုံးသည် အိုးကျင်းမင်းသမီး၏ သတို့သားသည် မည်သူဖြစ်သည်နှင့် အိုးထျန်းစစ်မှန်သောနတ်ဘုရားက ထိုလောက်အလေးထားသည့် အကြောင်းကို သိချင်နေကြသည်။

မျိုးနွယ်စုကို ဦးဆောင်လာသော ရီဖန်ကို မြင်သောအခါ နတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူများ အများအပြားသည် အံ့ဩသွားကြသည်။ နဂါးမျိုးနွယ်စု၏ သတို့သားသည် လူသားမျိုးနွယ်စုမှတစ်ဦး ဖြစ်သည်ကို အံ့ဩနေကြသည်။

အဇူရာနဂါးသည် တကယ့်နဂါးမျိုးနွယ်စု ဖြစ်ကြောင်း လက်ခံသော်လည်း လူသားမျိုးနွယ်စုမှ ပေါ်ထွက်လာသည့် နဂါးတစ်ဦးကို အိုးထျန်းစစ်မှန်သောနတ်ဘုရားက အလွန်အလေးထားခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

“မိတ်ဆွေချန်ရီ၊ နဂါးတောင်ကြားက ကြိုဆိုပါတယ်”

အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ရီဖန်နှင့် မျိုးနွယ်စုကို ကြိုဆိုရန် ကိုယ်တိုင် ရှေ့တိုးသွားခဲ့သည်။

“မိတ်ဆွေအိုးထျန်း အခုလိုအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်”

လက်ဆောင်များကို သယ်ဆောင်လာသူ ရီကျင်းထျန်သည် လက်ဆောင်များကို နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးထံ ပေးအပ်ခဲ့သည်။ အနီရောင်သေတ္တာအကြီး ၁၀လုံးသည် အဇူရာနဂါးအတွက် ရီဖန် ပေးအပ်သည့် လက်ထပ်လက်ဆောင်များဖြစ်သည်။ ဆေးလုံးများသည် နေရာများစွာမယူသော်လည်း၊ အရေးကြီးသည်မှာ အခမ်းအနားအတွက် လက်ဆောင်ဖြစ်နေခြင်းဖြစ်သည်။

“အရင် ဝင်ကြရအောင်”

စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် လူအားလုံးကို ဦးဆောင်ကာ နဂါးတောင်ကြားသို့ ဝင်သွားခဲ့သည်။ ရီဖန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို မဖုံးကွယ်ခဲ့ပေ။ သူသည် အထွတ်အထိပ်မဟာသူတော်စင်အဆင့်ရှိ ကျင့်ကြံမှုကိုပိုင်ဆိုင်ထားပြီး ၎င်းကို မဖုံးမကွယ်ဖော်ပြခဲ့သည်။

ထိုအချက်က အားလုံးကို အံ့အားသင့်စေသည်။ အထွတ်အထိပ်မဟာသူတော်စင်က အစွမ်းထက်သော်လည်း ဤနေရာတွင် ထိုအဆင့်တူ ကျင့်ကြံသူ ၅ ဦးရှိနေပြီး အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ၎င်းတို့ကို ထူးခြားစွာအလေးမထားခဲ့ချေ။ ထိုအထွတ်အထိပ်သူတော်စင်က မည်သို့ထူးခြားနေသည်ကို အားလုံးသိချင်နေကြသည်။

ထိုအချိန်တွင် လူတချို့သည် မကြာသေးမီက ပြန့်နှံ့လာသော ကောလဟာလတစ်ခုကို မှတ်မိလာကြသည်။ အရှေ့ပိုင်းဒေသ၌ မဟာသူတော်စင်တစ်ဦးက စစ်မှန်သောနတ်ဘုရားတစ်ဦးကို သတ်ခဲ့သည်ဟု ဆိုကြသည်။ ထိုသတ်ခဲ့သူသည် ၄င်းဖြစ်နေမည်ကို မယုံကြည်နိုင်လျက်ရှိကြသည်။

ထို့အပြင် မဟာသူတော်စင်တစ်ဦးက စစ်မှန်သောနတ်ဘုရားကို သတ်နိုင်ခဲ့သည်ဟူသည့် အချက်သည် အစစ်အမှန်ဖြစ်ကြောင်း မသေချာသေးချေ။

All Chapters