ကြီးစိုးလာသော ရီမိသားစု ၂
Vol. 36 Ch. 530
ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် လူစုလူဝေး၏နောက်ဘက်မှနေ၍ ရီဖန်နှင့် အဇူရာနဂါးကို စိတ်ဝင်စားစွာကြည့်နေသည်။ အထွတ်အထိပ်မဟာသူတော်စင်တစ်ဦးနှင့် နဂါးမျိုးနွယ်စုဝင်တစ်ဦးကို အိုးထျန်းစစ်မှန်သောနတ်ဘုရားက ဂုဏ်ပြုသည်ဆိုသည်မှာ အံ့ဩဖွယ်ရာဖြစ်နေသည်။
ဟေးကျောက်စစ်မှန်သောနတ်ဘုရားက ၎င်းတို့သည် တကယ်ပင် ဂုဏ်သတင်းအတိုင်း စွမ်းအားကြီးမည်လားဟု စိတ်ဝင်စားနေသည်။ စစ်မှန်သောနတ်ဘုရားခြင်း တူညီသော်လည်း အိုးထျန်းစစ်မှန်သောနတ်ဘုရားကို မရင်ဆိုင်ရသည့် အကြောင်းမှာ ၄င်း၏ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပေ။
ယခုအခါ သတို့သားလည်း ရောက်ရှိလာပြီဖြစ်သဖြင့် မင်္ဂလာပွဲကို စတင်ရန် အချိန်ရောက်လာပြီဖြစ်သည်။ နဂါးတောင်ကြားရှိအလုပ်သမားများသည် ရီဖန်၏လက်ဖွဲ့ဖြစ်သော အကြီးစားသေတ္တာကို နဂါးတောင်ကြားထဲသို့ သယ်ဆောင်ရန် တာဝန်ယူထားကြသည်။ ဤအချိန်တွင် လူတစ်ဦးက ပြောသ်။
“နဂါးမျိုးနွယ်စုဖက်က မင်္ဂလာလက်ဆောင်အဖြစ် ဘာတွေများယူလာပါလိမ့်။ အိုးကျင်းမင်းသမီးရဲ့ အဆင့်အတန်းနဲ့ရော ကိုက်ညီရဲ့လားဆိုတာကို စိတ်ဝင်စားမိတယ်”
ထိုစကားထွက်သည့်အချိန်တွင် လူစုအတွင်းမှတီးတိုးပြောဆိုသံများ ထွက်လာသည်။ နဂါးမျိုးနွယ်စု မင်းသမီး၏ မင်္ဂလာပွဲဖြစ်သည့်အတွက် လက်ဖွဲ့သည် မခမ်းနားပါက နဂါးမျိုးနွယ်စု၏ဂုဏ်ကို ထိခိုက်စေမည်။ သို့သော် ထိုကဲ့သို့သော အကြောင်းကို ပြောထုတ်သည့်သူသည် မည်သူဖြစ်မည်ကိုလည်း လူအများစိတ်ဝင်စားကြသည်။
အများစုလှည့်၍ကြည့်လိုက်သည့်အခါ ထိုသို့ပြောသူသည် ကျောက်လုံစစ်မှန်သောနတ်ဘုရား ဖြစ်နေသည်ကို တွေ့ကြရသည်။ ၄င်းသာထိုသို့ပြောခြင်းသည် အကျိုးအကြောင်းဆီလျော်သည်။
တခြားသူတစ်ဦးသာထိုသို့ပြောပါက နဂါးမျိုးနွယ်စု၏ တုံ့ပြန်မှုကို စိုးရိမ်ရမည်။ သို့သော် ကျောက်လုံစစ်မှန်သောနတ်ဘုရားသာဆိုလျှင် ထိုသို့စိုးရိမ်ရန်မလိုပါ။ အမှန်တကယ်ပင် ကျောက်လုံ စစ်မှန်သောနတ်ဘုရားသည် ရည်ရွယ်ချက်ကောင်းဖြင့် လာရောက်ခဲ့ခြင်းမဟုတ်ပေ။
ထိုကြောင့် လူစုလူဝေးများသည် နဂါးမျိုးနွယ်စုမှ မည်သို့ တုံ့ပြန်မည်ကို စိတ်ဝင်စားလာကြသည်။ မကြားဟန်ဆောင်မည်လား သို့မဟုတ် လက်ဖွဲ့များကို ပြသမည်လား ဆိုသည်ကို စိတ်ဝင်စားနေကြသည်။ ဒေါသကြီးသည်ဟု နာမည်ကျော်သော အိုးထျန်းစစ်မှန်သောနတ်ဘုရားသည်ပင် နေရခက်နေသကဲ့သို့ ထင်ရသည်။
ဤအရာသည် သူ၏ဂုဏ်သိက္ခာကို ရန်စခံရခြင်းဖြစ်သည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ရီဖန်နှင့် မညှိနှိုင်းထားသဖြင့် လက်ဆောင်တွင် မည်သည့်အရာများပါဝင်သည်ကို မသိထားသေးချေ။
အကယ်၍ လက်ဆောင်သည် မခမ်းနားပါက သူနှင့် သူ့မိသားစုတို့သည် အရှက်ရကြရမည်။ ထို့ပြင် လက်ဆောင်ကို လူအများအား မပြသပါကလည်း အရှက်ရကြရမည်ဖြစ်သည်။ အချိန်အနည်းငယ်အကြာ အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် တုံ့ဆိုင်းနေိမိသည်။
ဤအချိန်တွင် ရီဖန်က “မိတ်ဆွေအိုးထျန်း သူတို့ကမြင်ချင်နေကြတော့လည်း ပြလိုက်ပါ” ဟူ၍ ပြောလိုက်သည်။
၎င်းစကားများကြောင့် အိုးထျန်းစစ်မှန်သောနတ်ဘုရား၏ စိုးရိမ်ပူပန်မှု သက်သာသွားသည်။ ရီဖန်သည် ယုံကြည်ချက်ရှိစွာ စကားပြောနိုင်သည်ဆိုလျှင် လက်ဖွဲ့သည် မျက်နှာပျက်စေမည့်အရာ မဖြစ်နိုင်ပေ။
“ချန်ရီမိတ်ဆွေက ပြောမှတော့ သူတို့ကိုပြလိုက်ကြတာပေါ့” ဟူ၍ အိုးထျန်းစစ်မှန်သောနတ်ဘုရားကလည်း ပြန်ပြောလိုက်သည်။
ထို့နောက် သူသည် နတ်စွမ်းအားဖြင့် သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်။ သေတ္တာများ၏ အတွင်းထဲ၌ ပါဝင်သည့်ပစ္စည်းများသည် တစ်ခုပြီးတစ်ခု လူအများအရှေ့၌ ပေါ်ထွက်လာသည်။
ပထမဆုံး သေတ္တာခုနစ်ခု၏ အတွင်းရှိပစ္စည်းများကို ကြည့်သောအခါ လူအများသည် အနည်းငယ် စိတ်မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့သည် သာမန်အရင်းအမြစ်များသာ ဖြစ်နေသည်။ အရင်းအမြစ်များသည် ကောင်းမွန်သော်လည်း နဂါးမျိုးနွယ်စု မင်းသမီး၏ အဆင့်အတန်းနှင့် ကိုက်ညီစေရန်အထိ လုံလောက်စွာ ထူးခြားမှုမရှိ။
သို့သော် ရှစ်ခုမြောက်သေတ္တာကို ဖွင့်သောအခါ လူအများ မှင်သက်ကုန်ကြသည်။ ရှစ်ခုမြောက်သေတ္တာအတွင်း၌ အထွတ်အထိပ် မဟာတော်စင်လက်နက်ငါးခု ပါဝင်နေသည်။ ၎င်းတို့ထံမှ ထွက်ပေါ်သည့် စွမ်းအင်ကို ကြည့်လျှင် ထိုလက်နက်များသည် ထိုအဆင့်တွင်ပင် အကောင်းစားများဖြစ်ကြောင်း သိနိုင်သည်။
ရီမိသားစုသည် အံ့ဩဖွယ်ကောင်းအောင်ပင် ချမ်းသာကြသည်။ အထွတ်အထိပ်မဟာသူတော်စင်အများစုပင် ထိပ်တန်းအဆင့်လက်နက်ကို မဝယ်ယူနိုင်သဖြင့် အလယ်အလတ်အဆင့်လက်နက်များနှင့်သာ ကျေနပ်ကြရသည်။
သို့သော် ရီမိသားစုက တစ်ပြိုင်တည်း ငါးခုလုံး ထုတ်ပြလိုက်သည်။ ၎င်းသည် ကြောက်မက်ဖွယ် ကြွယ်ဝမှုဖြစ်၏။ အထွတ်အထိပ်မဟာသူတော်စင်တစ်ဦးပင် ဤကဲ့သို့ပြုနိုင်မည်မဟုတ်။
လူအများစုသာမက နဂါးမျိုးနွယ်စု အကြီးအကဲများပင် ဤလက်ဆောင်ပစ္စည်းကို အံ့အားသင့်မိကြသည်။ ရီမိသားစုမှ လက်ဆောင်ပစ္စည်းများကို အလွန်ကြီးမားစွာ ပြင်ဆင်လာခဲ့သလို နဂါးမျိုးနွယ်စုသည်လည်း ပြင်ဆင်လာခဲ့ကြသည်။ သို့သော်
နဂါးမျိုးနွယ်စုသည် မွေးရာပါအရည်အချင်းကို အဓိကထားကာ ကျင့်ကြံမှုပြုလေ့ရှိပြီး ဆေးစပ်ခြင်း သို့မဟုတ် လက်နက်သန့်စင်ခြင်း၌ အထူးကျွမ်းကျင်မှု မရှိကြချေ။ သို့သော် အိုးထျန်းသည် အိုးကျင်းအတွက် အထွတ်အထိပ်မဟာသူတော်စင်လက်နက် တစ်ခုကို မင်္ဂလာလက်ဆောင်အဖြစ် စီစဉ်ထားခဲ့သည်။
မူလက ၎င်းတို့၏ပြင်ဆင်မှုသည် အလွန်ကောင်းမွန်ပြီဟု ထင်ခဲ့သော်လည်း ယခုအခါ ၎င်းသည် အနည်းငယ် မပြည့်စုံသည့်အဖြစ် ဖြစ်သွားသည်။ ရီမိသားစု၏ ရက်ရောမှုသည် လူအများမျှော်လင့်သည်ထက်ပင် ပို၍ ကျော်လွန်နေသည်။
“ကျောက်လုံစစ်မှန်တဲ့နတ်ဘုရား၊ အခု မင်းရဲ့အမြင်ကဘယ်လိုလဲ”
လူများသည် ကျောက်လုံစစ်မှန်သောနတ်ဘုရားအား လှည့်ကြည့်လိုက်သောအခါ မည်းနက်နေပြီးသား ကျောက်လုံစစ်မှန်သောနတ်ဘုရား၏မျက်နှာသည် ပို၍ပင် မည်းနက်သွားသည်ကို တွေ့ကြရသည်။ ရီမိသားစုသည် ဤလောက်ထိ ကြွယ်ဝနိုင်မည်ဟု သူ မျှော်လင့်ထားမိမည်မဟုတ်ချေ။
အထွတ်အထိပ်မဟာသူတော်စင်လက်နက်များ၏ ရောင်ဝါကို ဖုံးကွယ်ရန်အတွက် ရီဖန်သည် သေတ္တာများအတွင်း သီးခြားသီးခြားအကန့်များ တည်ဆောက်ခဲ့သည်။ ကျောက်လုံစစ်မှန်သောနတ်ဘုရားမှ အရှက်ခွဲရန် စကားထွက်ပြောခဲ့သည့် အကြောင်းမှာ ပထမဆုံး သေတ္တာရှစ်ခုထဲရှိ အရင်းအမြစ်များသည် သာမန်ဟုသာ ထင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သို့သော် ထိုရတနာများသည် ရှစ်ခုမြောက်သေတ္တာထဲ၌ ပါဝင်နေမည်ဟို မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း ယခုအဖြစ်အပျက်မှာအစသာဖြစ်သည်။ ရှစ်ခုမြောက်သေတ္တာတွင်ပါဝင်သည့် အရာများကို ဖော်ထုတ်သည့်အခါ နောက်ထပ် အထွတ်အထိပ်မဟာသူတော်စင်လက်နက်ငါးခုကို တွေ့မြင်ကြရသည်။
ထို့အပြင် ၎င်းတို့၏ရောင်ဝါများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေပြီး အထွတ်အထိပ်မဟာသူတော်စင်လက်နက်တစ်ဆက် ဖြစ်ကြောင်း သိလိုက်သည်။
“ဟယ်”
အထွတ်အထိပ်မဟာသူတော်စင်လက်နက် ငါးခုတိတိပါဝင်သည့် အစုတစ်စုသည် အထွတ်အထိပ်အဆင့် လက်နက်တစ်ခုနှင့် တူညီစွာတန်ဖိုးရှိသည်။ စစ်မှန်သောနတ်ဘုရားအဆင့်ကို တက်ရောက်ပြီးသူများအတွက် အလုံးစုံအသုံးပြုသည့်အရာမှာ အထွတ်အထိပ်မဟာသူတော်စင်လက်နက်များသာ ဖြစ်ကြသည်။ ၎င်းတို့ကို စစ်မှန်သောနတ်ဘုရားများအတွက်ပင် ရရှိရန်ခက်ခဲကြသည်။
ဥပမာ ဟေးကျောက်စစ်မှန်သောနတ်ဘုရားနှင့် အိုးထျန်းစစ်မှန်သောနတ်ဘုရားတို့သည် မကြာသေးမီကမှ ကျင့်ကြံလာကြသဖြင့် အခြေခံ မနက်ရှိုင်းသေးပဲ အသုံးပြုသည့်အရာမှာ အထွတ်အထိပ်သူတော်စင်လက်နက်များသာဖြစ်သည်။
အိုးထျန်းစစ်မှန်သောနတ်ဘုရားသာ ဤလက်နက်ကို ရယူနိုင်မည်ဆိုလျှင် ဟေးကျောက်စစ်မှန်သောနတ်ဘုရားက သူ့ကိုမယှဉ်န်ိုင်တော့ပေ။
ရီမိသားစုသည် အမှန်တကယ်ပင် သွားမစသင့်သူများဖြစ်သည်။ ၎င်းတို့သည် သူ့အား မျက်နှာပျက်စေရုံမက နဂါးမျိုးနွယ်စုကိုပါ အားပေးပံ့ပိုးလိုက်ခြင်းကြောင့် လုံးဝသေသင့်သည်။
“မိတ်တွေချန်ရီ။ ဒါက… ” အိုးထျန်းစစ်မှန်သောနတ်ဘုရားသည်ပင် ထိန်းချုပ်မထားနိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
၎င်းတို့ကအလွန်တန်ဖိုးကြီးလွန်းကြသည်။ သူ၏ သမီးကသာ တန်ဖိုးမပြည့်စုံစွာ ဖြစ်နေသကဲ့သို့ ခံစားမိခဲ့သည်။
ရီဖန်က ရယ်လျက် ပြောလိုက်သည်။
“မိတ်ဆွေအိုးထျန်း၊ မင်းသမီးကို ရီမိသားစုဝင်ဖြစ်စေတဲ့အတွက် ဂုဏ်ပြုရမည်မှာ သဘာဝကျပါတယ်။ ဒါတွေက အထွတ်အထိပ်မဟာသူတော်စင်လက်နက် နည်းနည်းလေးပဲ။ ဒီလို အားနာစရာမလိုပါဘူး”
ထို့နောက် ရီဖန်သည် သူ၏မျက်လုံးကို နောက်ဆုံးသေတ္တာဆီ ကြည့်လိုက်သည်။ ထို့နောက် ဆေးလုံးများတစ်ခုချင်းစီက အားလုံးရှေ့တွင် ပေါ်လာသည်။ ဆေးလုံးများသည် အရေအတွက် မများပဲ၊ ဆယ့်နှစ်လုံးသာ ပါဝင်သည်။
လူအများသည် ထိုဆေးလုံးများကို မြင်လိုက်မှသာ ပြန်လည်စိတ်သက်သာရာရခဲ့ကြသည်။ နောက်ဆုံးတွင် သာမန်ဆန်ဆန် ဖြစ်စဉ်ကို မြင်တွေ့ရခဲ့ပြီ ဖြစ်သည်။ အထွတ်အထိပ်အဆင့်ဆေးလုံးများသည် တန်ဖိုးကြီးကြောင်း သေချာသော်လည်း အထွတ်အထိပ်အဆင့်လက်နက်များနှင့် နှိုင်းလျှင် တန်ဖိုးမကြီးချေ။
နဂါးမျိုးနွယ်စုထဲတွင် အရည်အချင်းအရှိဆုံးဆေးပညာရှင် တတိယအကြီးအကဲသည် တစ်ချက်ကြည့်ရုံနှင့် အသွင်ပြောင်းနဂါးဆေးလုံးကို သတိပြုမိသည်။
“အသွင်ပြောင်းနဂါးဆေးလုံးလား” ဟု ထိုအကြီးအကဲက မေးမြန်းလိုက်သည်။
၎င်းကနဂါးမျိုးနွယ်စုအတွက် အလွန်အရေးကြီးသော ဆေးလုံးဖြစ်ပြီး တကယ်ဟုတ်မဟုတ် စစ်ဆေးချင်ခဲ့သည်။ ထိုဆေးလုံးသုံးလုံးသာ တကယ့်အသွင်ပြောင်းနဂါးဆေးလုံးများဖြစ်ပါက အထွတ်အထိပ်အဆင့်လက်နက်တစ်ခုထက် တန်ဖိုးများစွာကြီးမားလာမည်ဖြစ်သည်။ နဂါးမျိုးနွယ်စုအတွက် စစ်မှန်သောနတ်ဘုရားအသစ်တစ်ဦး ထပ်မံပေါ်ထွက်လာနိုင်မည့် အခွင့်အလမ်းကို အတိအကျ အာမခံပေးနိုင်လိမ့်မည်။
“တတိယအကြီးအကဲ၊ အသွင်ပြောင်းနဂါးဆေးလုံးတွေ ဖြစ်တယ်လို့ ပြောလိုက်တာလား။ မင်းအမြင်မှားတာတော့ မဟုတ်သေးဘူးမလား။”
တတိယအကြီးအကဲ၏ စကားကို ကြားလိုက်သော အခြားအကြီးအကဲများသည် တုံ့ပြန်မိကြသည်။ နဂါးမျိုးနွယ်စုသာ အသွင်ပြောင်းနဂါးဆေးလုံး၏ တန်ဖိုးကို အမှန်အတိုင်းသိသည်။
အိုးထျန်းပင် အံ့သဩသွားခဲ့ပြီး “အသွင်ပြောင်းနဂါးဆေးလုံးလား?” ဟု တုံ့ပြန်မိခဲ့သည်။
“မိတ်ဆွေချန်ရီ၊ ဒီဟာတွေက တကယ့်အသွင်ပြောင်းနဂါးဆေးလုံးတွေလား” ဟု မေးမြန်းခဲ့သည်။
ရီဖန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် အဆင်သင့်ရှိနေတဲ့ နဂါးမြက်ပင် အနည်းငယ်ကို သုံးပြီး အဲဒီမှာပဲ လုပ်လိုက်တာပါ” ဟုသူပြောခဲ့သည်။
ရီဖန်က တည်ငြိမ်စွာပြောခဲ့သော်လည်း မျိုးနွယ်စုအတွက် အရေးကြီးသတင်းတစ်ခုကို သိမြင်သွားခဲ့သည်။ ထိုအသွင်ပြောင်းနဂါးဆေးလုံးများကို ရီဖန်ကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ မကြာမီ နဂါးမျိုးနွယ်စုအပြင် အခြားသူများလည်း ထိုဆေးလုံးကို အသွင်ပြောင်းနဂါးဆေးလုံးဟု သတိပြုမိလာကြသည်။
နဂါးမျိုးနွယ်စုဘက်မှ ဆေးလုံးအနည်းငယ်ကိုကြည့်၍ ပျော်ရွှင်နေသည်ကို မြင်သောအခါ အခြားကျင့်ကြံသူများသည် ထိုဆေးလုံးများသည် မည်သို့ထူးဆန်းသည်ကို စတင်စုံစမ်းစဉ်းစားမိကြသည်။ ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုကို နားထောင်ပြီးနောက်တွင် အကြေးခွံမျိုးနွယ်စုမှ ကျင့်ကြံသူများသည် မျက်လုံးများနီသွားသည်။
ထိုဆေးလုံးများသည် နဂါးမျိုးနွယ်စုအတွက်သာမက ၎င်းတို့အတွက်လည်း အလွန်အရေးကြီးသော သက်ရောက်မှုရှိနေသည်။ အသွင်ပြောင်းနဂါးဆေးလုံးသုံးလုံးသည် အထွတ်အထိပ် မဟာသူတော်စင်အဆင့်တွင် ရပ်တည်နေသူတို့ကို စစ်မှန်သောနတ်ဘုရားအဆင့်သို့ တက်လှမ်းစေသည့် အခွင့်အလမ်းဖြစ်စေနိုင်သည်။
ဖြစ်နိုင်လျှင် ယခုချိန်မှာပင် ဆေးလုံးများကို ချင်းချင်းသိမ်းဆည်းချင်ကြသည်။ သို့သော် အိုးထျန်းစောင့်ကြည့်နေသည်ကို တွေးမိပြီး ၎င်းတို့တိုက်ခိုက်ရန် မလွယ်ကူကြသေးကြောင်း သဘောပေါက်ကြသည်။
လုယူရန်ကြိုးစားမိလျှင် နဂါးတောင်ကြားမှ ထွက်ပြေးရန် အခွင့်အလမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် ၄င်းတို့သည် အလွန်းမကျေမနပ်ဖြစ်နေကြသည်။ ၄င်းတို့မျိုးနွယ်စုတွင် အိုးကျင်းကဲ့သို့ အရည်အချင်းရှိသူ မရှိသည်ကို အားမရနေကြသည်။ အကယ်၍ ထိုသို့အစွမ်းထက်သူတစ်ဦးရှိခဲ့လျှင် ယခုအသွင်ပြောင်းနဂါးဆေးလုံးများသည် ၄င်းတို့ပိုင်ဆိုင်မှုဖြစ်နိုင်မည်ဟု စဉ်းစားမိနေကြသည်။
အဇူရာနဂါးဘက်တွင် ရပ်တည်နေသော အိုးကျင်းသည် အနည်းငယ် ထိတ်လန့်နေခဲ့သည်။ ‘အိုးကျင်းဆိုတဲ့ငါက တကယ်တန်ဖိုးရှိသလား’ ဟူ၍ အတွေးထဲတွင် ပြန်လည်မေးမြန်းနေမိသည်။ အဇူရာနဂါးသည် အိုးကျင်း၏လက်ကို ပုတ်ကာ စိတ်အေးအေးထားရန် နှစ်သိမ့်နေသည်။
“ဒါတွေက အမြည်းဘဲ ရှိပါသေးတယ်။ မင်းသာ ရီမိသားစုထဲကို ဝင်ရောက်ပြီးရင် တကယ့်အကျိုးကျေးဇူးတွေကို သိရှိလာမှာဘဲ” ဟု အဇူရာနဂါးက စိတ်ထဲတွင် ပြောခဲ့သည်။
ရီမိသားစု၏ပညာရပ်များတွင် ကျွမ်းကျင်မှုသည် အကြီးဆုံးသော ကောင်းချီးပေးခံရခြင်း ဖြစ်သည်။ မကြာမီတွင် အသွင်ပြောင်းနဂါးဆေးလုံးများအပြင် အခြားဆေးလုံးများကိုလည်း ၄င်းတို့တွေ့လိုက်ရသည်။