← Chapters

ရီဖန်နောက်လိုက်ခြင်း

Vol. 36 Ch. 531

ရီဖန်နောက်လိုက်ခြင်း

Vol. 36 Ch. 531

အမြင့်ဆုံးအဆင့်ရှိသော မဟာသူတော်စင်ဆေးလုံးများကို ရရန်အလွန်ခက်ခဲသည်။ ဆေးလုံးများထက် ၄င်းတို့ကိုပြုလုပ်နိုင်သော ဆေးပညာရှင်က ပို၍ပင်ရှားသေးသည်။

အကယ်၍၄င်းတို့ကို ရှေးဟောင်းဆေးစာအုပ်များတွင်သာ မှတ်မထားခဲ့လျှင် သန့်စင်ရန် လုံးဝမဖြစ်နိုင်ချေ။ ၄င်းဆေးလုံးများသည် နတ်ဆိုးမျိုးနွယ်စုအတွက် အလွန်အရေးပါသည်။

ထိုမျိုးနွယ်စုမှကျင့်ကြံသူများ၏ ရီဖန်အပေါ်အမြင်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏အထူးခြားဆုံးစွမ်းရည်မှာ ကျင့်ကြံမှုမဟုတ်ဘဲ ဆေးဖော်စပ်နိုင်သည့် အစွမ်းဖြစ်ကြောင်း ၄င်းတို့ သိခဲ့ကြပြီဖြစ်သည်။ နဂါးမျိုးနွယ်စုမှ သူ့အားထိုသို့ဆက်ဆံကြခြင်းမှာ ထိုအချက်ကြောင့်ဖြစ်ကြောင်းနားလည်သွားကြသည်။

အိုးကျင်းအတွက်ပေးသော ရီမိသားစု၏လက်ဆောင်များမှာ သူမအတွက် အဆင့်မြင့်လွန်းသည်။ ရီမိသားစု၏ရက်ရောမှုကို ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် မည်သို့တုံ့ပြန်ရမည်မသိဖြစ်နေ၏။

၄င်းတို့လှည့်ကြည့်လိုက်သောအခါ ခံစားချက်ကင်းမဲ့နေသော ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ မျက်နှာကိုမြင်လိုက်ရသည်။ အနီးကပ်ကြည့်လိုက်လျှင် ၄င်း၏မျက်လုံးတွင် မနာလိုမှုများကိုပင် မြင်နေရသည်။

ထိုအသွင်ပြောင်းနဂါးဆေးလုံးသည် နဂါးမျိုးနွယ်စုအတွက်သာမက အခြားမျိုးနွယ်စုများအတွက်လည်း အလွန်အကျိုးရှိသည်။ အထူးသဖြင့် နဂါးမျိုးနွယ်စုနှင့် မျိုးရိုးနီးစပ်သည့် ကျောက်လုံမျိုးနွယ်စုအတွက်ဆိုလျှင် ထိုဆေးလုံးသုံးလုံးရှိလျှင် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ပင် ရောက်ရှိအောင်ပြုလုပ်နိုင်သည်။

အကယ်၍၄င်းတို့တွင်သာ စစ်မှန်သောနတ်ဘုရားနှစ်ဦးရှိလျှင် ကြေးခွံမျိုးနွယ်စုတွင် ၄င်းတို့သာခေါင်းဆောင်ဖြစ်ကြောင်း နဂါးမျိုးနွယ်စုအား မှန်လောက်အောင် ပညာပြမည်ဖြစ်သည်။

သို့သော်ကံမကောင်းစွာပင် နဂါးမျိုးနွယ်စုတွင် ထိုဆေးလုံးသုံးလုံးရှိပြီး ၄င်းတို့တွင် တစ်လုံးမျှမရှိပေ။ အကယ်၍ နဂါးမျိုးနွယ်စုသာ ထိုဆေးလုံးများကိုသုံး၍ နောက်ထပ်စစ်မှန်သောနတ်ဘုရားတစ်ပါးထပ်မံထုတ်လိုက်မည်ဆိုလျှင် ကြေးခွံမျိုးနွယ်စု၏ခေါင်းဆောင်မှာ နဂါးမျိုးနွယ်စုသာဖြစ်ကြောင်း သေချာသွားမည်။

ဟေးကျောက်သည် သူ့အတွက် အခွင့်အရေးမရှိတော့ပြီလားဟုတွေးမိနေသည်။ သို့သော်သူလက်မလျှော့သေးချေ။ ရီမိသားစုသည် ထိုဆေးလုံးသုံးလုံးထက်မက ထုတ်နိုင်မည်မှာ သေချာသည်။ ထိုဆေးလုံးတို့ကိုသာ ၄င်းလိုက်လံစုဆောင်းနိုင်လျှင် ၄င်း၏ ကျောက်လုံမျိုးနွယ်စုသည် နဂါးမျိုးနွယ်စုထက် သာလွန်နိုင်သေးသည်။

သို့သော် ယခုအချိန်တွင် တိုက်ခိုက်ရန်မသင့်သေးပေ။ အိုးထျန်း စစ်မှန်သောနတ်ဘုရား ရှိနေသေးသဖြင့် သူသည် ရီမိသားစုကို ကာကွယ်ထားမည်ဖြစ်သည်။ သို့သော် ၄င်းနတ်ဘုရားသည်လည်း အမြဲတမ်းကာကွယ်နိုင်မည်မဟုတ်သဖြင့် တိုက်ခိုက်နိုင်မည့်အချိန်ကောင်းကို စောင့်ရမည်။

၄င်းသည် တိတ်ဆိတ်နေသဖြင့် အခြားသူများလည်း ၄င်းအပေါ်တွင် အာရုံမရှိကြတော့ပေ။ အခြားသူများအမြင်တွင် ၄င်းသည် ရီမိသားစုအား ဦးညွတ်လိုက်ပြီဟုပင် ထင်နေကြသည်။ ကျင့်ကြံခြင်းတွင် ရှုံးနိမ့်ရခြင်းသည် အကြီးအကျယ် စိတ်ညစ်စရာမဟုတ်သေး။ အမှန်တကယ်စိတ်ညစ်ရသည်မှာ အရင်းအမြစ်များဖြတ်တောက်ခံရခြင်းဖြစ်သည်။

နဂါးမျိုးနွယ်စုသည် ရီမိသားစု၏အကူအညီဖြင့် အလျင်အမြန်တိုးတက်လာသည်။ ထိုသို့ဆက်သွားမည်ဆိုလျှင် အနာဂတ်တွင် ၄င်းတို့သည် နဂါးမျိုးနွယ်စုအား ခစားနေကြရလိမ့်မည်။ နဂါးမျိုးနွယ်စု၏အခြားသောနတ်ဆိုးကျင့်ကြံသူများသည် အလွန်ပျော်ရွှင်နေကြသည်။ ၄င်းတို့သည် အသွင်ပြောင်းနဂါးဆေးလုံးကိုရရှိရန်မမျှော်လင့်ရဲကြသော်လည်း အနာဂတ်တွင် ရီမိသားစုထံမှ အခြားဆေးလုံးအချို့အား တောင်းဆိုနိုင်မည်ဟု ထင်နေကြသည်။

၄င်းတို့သည် ဆေးပညာအတတ်တွင် အလွန်အားနည်းကြသဖြင့် လိုအပ်သော ဆေးလုံးများကို ရရှိရန် လူသားမျိုးနွယ်စုများနှင့် ကြီးမားသောအပေးအယူများလုပ်ရန်လိုသည်။ အကယ်၍ ထိုသို့ရရှိရန် အခြားနည်းလမ်းတစ်ခုရှိလာလျှင် ၄င်းတို့အတွက် အလွန်အကျိုးရှိသည်။

မကြာခင်တွင် ရီကျင်းထျန်ကဲ့သို့ ရီမိသားစု၏ ဒုတိယမျိုးဆက်သည် အားလုံး၏အာရုံစိုက်မှုကို ခံလာရသည်။ အရွက်တစ်ထောင်ဆေးခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် ထိုသို့ငွေများစွာရရှိမည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။ မကြာမီတွင် သူ၏စီးပွါးရေးသည် ပို၍ပင်ကျယ်ပြန့်လာလိမ့်မည်။

ထိုအထွတ်အထိပ်မဟာသူတော်စင်များသည် ဆေးခန်း၏ အကြီးစားဖောက်သည်များဖြစ်သည်။ ထို့ကြောင့်ဤတစ်ချီတွင် သူသည် အချီကြီးမြတ်လိမ့်မည်။

ဟေးကျောက်မရှိတော့သဖြင့် အခမ်းအနားသည် ချောမွေ့စွာ ပြီးဆုံးခဲ့သည်။ အားလုံး၏ အကူအညီဖြင့် သူတို့နှစ်ဦးသည် တာအိုလက်တွဲဖော်များဖြစ်လာခဲ့သည်။ အခမ်းအနားပြီးဆုံးသောအခါ ကျေနပ်နေသော ဧည့်သည့်များသည် ပြန်သွားကြသည်။

၄င်းတို့ပြန်သွားသောအခါ အိုးထျန်း စစ်မှန်သောနတ်ဘုရားသည် ရီဖန်ထံသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ရီဖန်၏လက်ထဲသို့အသွင်ပြောင်းနဂါးဆေးလုံးသုံးလုံးကို ပြန်ထည့်ပေးလိုက်သည်။

“မိတ်ဆွေ၊ ဒီဆေးလုံးတွေက အလွန်တန်းဖိုးရှိတဲ့အတွက် ငါတို့နဂါးမျိုးနွယ်စုက မယူဝံ့ပါဘူး။ ကျေးဇူးပြုပြီး ပြန်ယူသွားပါ”

တကယ်တန်းတွင် အိုးထျန်းစစ်မှန်သောနတ်ဘုရားသည်လည်း အကြံအစည်တစ်ခုရှိသည်။ နဂါးမျိုးနွယ်စုမှ နှစ်ဦးသည်သာ ရီမိသားစုဝင်အနေဖြင့်ရှိသေးသည်။ အဇူရာနဂါးအစွမ်းဖြင့်ဆိုလျှင် ဆေးလုံးများပင်မလိုပင် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်နိုင်သည်။

ထို့ကြောင့် ဆေးလုံးများသည် နောက်ဆုံးတွင် အိုးကျင်း ထံသို့ရောက်ရှိသွားမည်ဖြစ်သည်။ အိုးကျင်းသည် နဂါးမျိုးနွယ်စုတွင် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်နိုင်ရန် အလားအလာအရှိဆုံးသူဖြစ်သော်လည်း ထိုအချက်မှာ ယခုအချိန်ထိ မျှော်လင့်ချက်သာဖြစ်သေးသည်။

စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်ခြင်းသည် အလွန်လွယ်ကူမည်ဆိုလျှင် ကောင်းကင်ထိစပ်နယ်မြေတွင် စစ်မှန်သောနတ်ဘုရားများစွာရှိနေမည်ဖြစ်သည်။ သူ့သမီးသည် အိမ်ထောင်ကျပြီး ဖြစ်သော်လည်း သူသည် ဖခင်တစ်ဦးအနေဖြင့် အကောင်းဆုံးများကိုသာ လုပ်ပေးချင်ဆဲဖြစ်သည်။

ရီဖန်သည် သူ၏အကြံစည်ကို သိသဖြင့် “မိတ်ဆွေ၊ အိုးကျင်းကလည်း အခု ရီမိသားစုဝင် ဖြစ်သွားပြီဖြစ်သည့်အတွက် ငါတို့သူ့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးမှာပါ။ ဒါ့အပြင် ကောင်းကင်ထိစပ်နယ်မြေက အလွန်ကျယ်ပြန့်တဲ့အတွက် ဘယ်အချိန်ဘဲပြန်လာလာ ငါတို့က ကြိုဆိုနေမှာပါ။ ဒီအတွက် စိတ်ပူစရာမလိုပါဘူး” ဟု ပြုံး၍ပြောလိုက်သည်။

ထိုစကားများက အိုးထျန်း စစ်မှန်သောနတ်ဘုရားအား မသက်မသာဖြစ်သွားစေပြီး သူ၏အကြံစည်များအား သိနေသည့်အတွက် အနည်းငယ်ရှက်သွားသည်။ သို့သော်လည်း ရီဖန်ကထိုသို့ဆိုသည့်အတွက် သူမငြင်းတော့ပါ။ ဆေးလုံးများသည် နဂါးမျိုးနွယ်စုအတွက် အရေးပါဆဲဖြစ်သည်။

အကယ်၍မျိုးနွယ်စုတွင် စစ်မှန်သောနတ်ဘုရားနောက်ထပ်တစ်ဦးရှိမည်ဆိုလျှင် အလွန်အင်းအားကြီးသွားမည်ဖြစ်သည်။ မျိုးနွယ်စုမှ အထွတ်အထိပ်မဟာသူတော်စင်အချို့သည် ဆေးလုံးများကို အလွန်လိုချင်နေကြသည်။

ထိုဆေးလုံးများကို ခွဲဝေပေးခြင်းသည် အိုးထျန်းစစ်မှန်သောနတ်ဘုရားအပေါ်တွင်သာ မူတည်သည်။ ဆေးလုံးများသည် စစ်မှန်သောနတ်ဘုရားနှစ်ဦးသို့မဟုတ် ကံကောင်းလျှင် သုံးဦးအထိ မွေးဖွားပေးနိုင်သည်။

ရီဖန်သည်လည်း အိုးထျန်းနတ်ဘုရား၏ တောင်းဆိုမှုကို ငြင်းပယ်ပြီးနောက်တွင် မဟာသူတော်စင်လက်နက်ပစ္စည်းဖြင့်ပြုလုပ်ထားသော

ယာဉ်ပျံကိုစီးကာ အရှေ့ပိုင်းဒေသသို့ ထွက်ခွါသွားသည်။

All Chapters