ရီဖန်နောက်လိုက်ခြင်း ၂
Vol. 36 Ch. 532
ရှေ့တွင်ကြုံတွေ့ရမည့် ခရီးစဉ်မှာ လွယ်ကူမည်မဟုတ်တော့ချေ။ ယခုအခါ ရီဖန်အနေဖြင့် စစ်မှန်သောနတ်ဘုရားအဆင့်ရှိ တိုက်ခိုက်မှုအစွမ်းသာမရှိလျှင်၊ အသွင်ပြောင်းနဂါးဆေးလုံးကိုဖန်တီးနိုင်သည်ဆိုသောအချက်ကို လျှို့ဝှက်ထားနေမည်မှာသေချာသည်။
အင်အားအပြည့်အဝမရှိမီအချိန်တွင် အလွန်တန်ဖိုးကြီးသောဆေးလုံးများကိုပိုင်ဆိုင်ထားခြင်းက အကျိုးထက်အန္တရာယ်ဖြစ်လာရလေ့ရှိသည်။ ယခု ရီဖန်၏အထွတ်အထိပ်မဟာသူတော်စင်အဆင့်စွမ်းရည်အတိုင်းဆိုလျှင် စိတ်ဝင်စားသူများသည် တစ်ဦးတည်းမဟုတ်ပဲ များစွာရှိလာနိုင်သည်။
နဂါးမျိုးနွယ်စု၏နယ်မြေမှထွက်ခွါပြီးနောက် မိုင်ပေါင်းဆယ်သန်းအရောက်တွင် ရီဖန်သည် သူ့နောက်မှလျှို့ဝှက်စွာလိုက်လာသူ အနည်းဆုံးဆယ်ဦးခန့်ရှိနေသည်ဟု ခံစားမိလာသည်။ ထိုသူများထဲတွင် အိုးထျန်းစစ်မှန်သောနတ်ဘုရားလဲပါဝင်သည်ဟု ခံစားမိသည်။
သို့သော် အိုးထျန်းသည် ရီဖန်ကို လိုက်လံကာကွယ်ခြင်းဖြစ်ကြောင်း သိရသော်လည်း အခြားမဟာသူတော်စင်များ၏ရည်ရွယ်ချက်ကိုမူ သေချာမသိရချေ။ ၄င်း၏စွမ်းအားသည် အလွန်အဆင့်မြင့်သဖြင့် သူ၏တည်ရှိမှုကိုဖုံးကွယ်လိုပါက မဟာသူတော်စင်များသည် သူ့ရှိနေမှုကို လုံးဝသိနိုင်မည်မဟုတ်။
ထိုမဟာသူတော်စင်များက စစ်မှန်သောနတ်ဘုရားတစ်ဦး ၄င်းတို့အနီးအနားတွင်ပုန်းနေသည်ကိုသာ သိသွားမည်ဆိုလျှင် အလွန်ကြောက်လန့်နေကြမည်ဖြစ်သည်။ ရီဖန်၏ ငြင်းပယ်မှုကိုရရှိခဲ့သော်လည်း အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် အချိန်တစ်ခုအထိ သူ့ကို လိုက်လံကာကွယ်သွားမည်ဟု စိတ်ကူးထားနေဆဲဖြစ်သည်။
အကြောင်းမှာဤတစ်ကြိမ်တွင် ရီဖန်သည် စစ်မှန်သောနတ်ဘုရားတစ်ဦးနှင့် ရင်ဆိုင်ရနိုင်ခြေရှိသောကြောင့်ဖြစ်သည်။ ရရှိထားသည့်သတင်းအချက်အလက်များအရ၊ ရီဖန်သည် ဗုဒ္ဓနတ်ဘုရားကို အနိုင်ယူခဲ့ပြီး စစ်မှန်သောနတ်ဘုရားအဆင့်၏ တိုက်ခိုက်စွမ်းအားကို ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ဗုဒ္ဓနတ်ဘုရားသည် ချော့ဝူနတ်ဘုရားသာဖြစ်ပြီး ဟေးကျောက်သည် စစ်မှန်သောနတ်ဘုရားဖြစ်သည်။ ၎င်းတို့နှစ်ဦးအကြားရှိခြားနားမှုသည် အလွန်ကြီးမားသည်။ အန္တရာယ်တစ်စုံတစ်ရာမဖြစ်လာစေရန် အိုးထျန်းသည် ရီဖန်နှင့်အတူလိုက်ရန်စီစဉ်ခဲ့သည်။
ထို့ကြောင့် အရှေ့ပိုင်းနယ်မြေသို့ တိတ်တဆိတ်ဖြတ်သွားကြခြင်းဖြစ်သည်။ ကျင့်ကြံသူအချို့သည် ရီဖန်နောက်သို့ လျှို့ဝှက်စွာလိုက်နေသူများကို သတိထားမိကြသော်လည်း ဂရုမစိုက်ကြချေ။ မျိုးနွယ်စုအားလုံးတွင် ရည်ရွယ်ချက်တစ်ခုတည်းရှိသည်။
အနိုင်ရလဒ်ကို ရရှိရန်မှာ ၎င်းတို့၏စွမ်းအားနှင့်နည်းလမ်းပေါ်တွင်သာ မူတည်သည်။ ရီဖန်ကိုစောင့်ကြည့်နေသူများမှာ အနိမ့်ဆုံးအဆင့်အဖြစ် အလယ်အလတ်မဟာသူတော်စင်အဆင့်ရှိသူများဖြစ်ပြီး အများစုမှာ အထွတ်အထိပ်မဟာသူတော်စင်အဆင့်ရှိသူများဖြစ်ကြသည်။ စွမ်းအားအဆင့်အနိမ့်အလွန်နည်းသောသူများကတော့ ထိုသို့ နောက်မှမလိုက်ဝံ့ကြချေ။
တစ်နေရာတွင် ဟေးကျောက်သည် နေရာလွတ်အတွင်း ခန္ဓာကိုယ်ကိုဝှက်ထားပြီး ရီဖန်ရောက်လာမည်ကို စောင့်နေသည်။ အိုးထျန်းနတ်ဘုရား၏ ဖုံးကွယ်မှုကို မဟာသူတော်စင်များ မမြင်နိုင်အောင်ဖုံးလွှမ်းနိုင်သော်လည်း ဟေးကျောက်နတ်ဘုရား၏မြင်နိုင်မှုကိုမူ မရှောင်လွဲနိုင်ချေ။
အိုးထျန်းနတ်ဘုရားအားမြင်လိုက်သောအခါ ဟေးကျောက်နတ်ဘုရားသည် အနည်းငယ်တွန့်ဆုတ်သွားသည်။ အကယ်၍ အိုးထျန်းနတ်ဘုရားသည် ရီဖန်အားအသက်ပေးကာကွယ်မည်ဆိုလျှင် တိုက်ခိုက်ရန် ခက်ခဲလာမည်ဖြစ်ပြီး၊ နဂါးမျိုးနွယ်စုနှင့် ကျောက်လုံ မျိုးနွယ်စုကြားတွင် အကြီးအကျယ်ပြဿနာ ဖြစ်ပေါ်နိုင်သည်။
သို့သော် နဂါးမျိုးနွယ်စုသည် အသွင်ပြောင်းနဂါးဆေးလုံးသုံးလုံးကို ရရှိပြီးဖြစ်၍ မကြာမီတွင် နတ်ဘုရားအသစ်တစ်ပါးမွေးဖွားလာနိုင်ပြီး ကျောက်လုံမျိုးနွယ်စုသည် ကြေးခွံမျိုးနွယ်စုတွင်ဘုရင်ဖြစ်လာမည့်အလားအလာသည် ပျက်စီးနိုင်သည်ကို စဉ်းစားမိသောအခါ ဟေးကျောက်နတ်ဘုရားသည် အခွင့်အရေးကို လက်မလွှတ်ရန်ဆုံးဖြတ်လိုက်သည်။
အသွင်ပြောင်းနဂါးဆေးလုံးသည် စစ်မှန်သောနတ်ဘုရား မွေးဖွားပေးနိုင်မှုကို အာမခံမပေးနိုင်သော်လည်း ဟေးကျောက်နတ်ဘုရားသည် မသေချာမှုကို မစောင့်စားနိုင်ပေ။ အကယ်၍ နဂါးမျိုးနွယ်စုတွင်သာ နတ်ဘုရားမွေးဖွားနိုင်ခဲ့လျှင် ၄င်းအတွက် တိုက်ခိုက်ရန် အချိန်နှောင်းလွန်းသွားပြီဖြစ်သည်။
ထို့အပြင် နဂါးမျိုးနွယ်စုသည် ယခုအကြိမ်တွင် မအောင်မြင်ခဲ့လျှင်ပင် ရီမိသားစုသည် အသွင်ပြောင်းနဂါးဆေးလုံးကိုဖန်တီးနိုင်ခြင်းကြောင့် အနာဂတ်တွင် စစ်မှန်သောနတ်ဘုရား သေချာပေါက်ပေါ်ပေါက်လာမည်ဖြစ်သည်။
အသွင်ပြောင်းနဂါးဆေးလုံးသည် ခက်ခက်ခဲခဲဖန်တီးရပြီး၊ ကုန်ကြမ်းများသည်စျေးကြီးသည်။ သို့သော် နဂါးမျိုးနွယ်စုသည် ထိုသို့စမ်းသပ်ဖန်တီးရန်ကုန်ကြမ်းအချို့ကို ထောက်ပံ့နိုင်သည်။ ထိုကြောင့် ဟေးကျောက်နတ်ဘုရားသည် တွန့်ဆုတ်မနေတော့ဘဲ တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။
အကယ်၍ အိုးထျန်းနတ်ဘုရားသည် ရီဖန်အာကားကွယ်ရန်အတွက် အလွန်ယုံကြည်ချက်ရှိနေလျှင် ၎င်းအား လှုပ်ရှားခွင့်ပင်မပေးတော့ဘဲ အလျင်အမြန် တိုက်ခိုက်လိုက်မည်။ နဂါးမျိုးနွယ်စုအား မုန်းသည့်အချက်မှာ ယုံကြည်မှုလွန်ကဲခြင်းဖြစ်သည်။
ရီဖန်အားဖမ်းဆီးနိုင်ခဲ့လျှင် အိုးထျန်းအတွက်များစွာ ခက်ခဲစေလိမ့်မည်။ ထို့နောက် ရီမိသားစုအား အသွင်ပြောင်းနဂါးဆေးလုံးအနည်းငယ် ဖန်တီးစေကာ ကျောက်လုံမျိုးနွယ်စုအတွက် နတ်ဘုရားသို့ဖြတ်ကျော်ခြင်းကို စီစဉ်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် နဂါးမျိုးနွယ်စုမှ ဖြတ်ကျော်နိုင်သည်ကို ကြောက်စရာမလိုတော့ချေ။
အရေးကြီးသည်မှာ ရီမိသားစုအား အသေမသတ်လျှင် အိုးထျန်းသည် ၄င်းအား တကယ်တိုက်ခိုက်မည် မဟုတ်ဟုသာ ထင်သည်။ မကြာခင်မှာပင် ရီမိသားစု၏ ယာဉ်ပျံသည် ၄င်း၏အနီးအနားသို့ရောက်ရှိလာသည်။ ဟေးကျောက်နတ်ဘုရားသည်လည်း တိုက်ခိုက်ရန်ပြင်ဆင်ထားပြီးဖြစ်သည်။
မဟာသူတော်စင်များအနက် စစ်မှန်သောနတ်ဘုရားတစ်ပါး၏တည်ရှိမှုကို ခံစားနိုင်မည့်သူမှာ ပုံမှန်မဟုတ်သောရီဖန်သာဖြစ်မည်။ အိုးထျန်းနတ်ဘုရား၊ ဟေးကျောက်နတ်ဘုရားတို့ကို တစ်ရက်ထဲတွင် တွေ့ရသဖြင့် ယနေ့သည် တကယ်ပင် လှုပ်လှုပ်ရှားရှား ဖြစ်လွန်းသည့်နေ့တစ်ရက်ဖြစ်သည်။ နတ်ဘုရားအဆင့်ရှိသောကျောက်လုံသည် နတ်ဘုရားအဆင့် စစ်ရေးလက်နက်တစ်စုံ ဖန်တီးရန်အတွက် ကောင်းမွန်သောကုန်ကြမ်းဖြစ်သည်။
ရီဖန်အနေဖြင့် စစ်မှန်သောနတ်လက်နက်တစ်ခုကို တီထွင်ဖန်တီးနိုင်ရန် အစွမ်းမရှိသေးသော်လည်း ကြိုတင်ပြင်ဆင်ထားကာ လိုအပ်သည်များကိုစုဆောင်းထားခြင်းသည် သူ့အတွက် အဆင်ပြေသည်။ အသွေးအသားများနှင့် အရိုးများကို ရီမိသားစုမှ ကျင့်ကြံသူများအတွက် ဆေးလုံး ဖန်တီးရာတွင်အသုံးပြုနိုင်သည်။
စစ်မှန်သောနတ်အဆင့်ရှိသူ၏ အသွေးသားသည် ရီမိသားစုမှ ကျင့်ကြံသူများ၏စွမ်းအားမြှင့်တင်မှုကို မြန်ဆန်စေနိုင်ကာ စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်နိုင်ရန်လည်း နီးစပ်စေလိမ့်မည်။
ရီဖန်သည် သတိလွန်ကဲစွာ တုံ့ဆိုင်းနေမည့်အစား အန္တရာယ်ပေါ်လာသောအခါ ပြတ်ပြတ်သားသား ပြုမူတတ်သူမျိုးဖြစ်သည်။ ဦးစွာတိုက်ခိုက်လျှင် အားသာသည်၊ စောင့်ဆိုင်းနေလျှင် ရှုံးနိမ့်နိုင်သည် ဟူသောအချက်ကို သူသည် လက်တွေ့သင်ခန်းစာများမှ ရရှိပြီးဖြစ်သည်။
စစ်မှန်သောနတ်ဘုရားသွေးမျိုးဆက်၏ ၈၀ရာခိုင်နှုန်းကိုသုံးလိုက်သောအခါ အဆုံးမဲ့သောစွမ်းအား ပေါ်ထွက်လာသည်။ စစ်မှန်သောနတ်ဘုရားများကိုပင် တုန်လှုပ်စေနိုင်သော ပြင်းထန်သည့်ရောင်ဝါသည် ရီဖန်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
နေရာလွတ်တွင် ပုန်းကွယ်၍ ရီဖန်အားဖမ်းယူရန် ပြင်ဆင်နေသော ဟေးကျောက်သည် ရီဖန်ထံမှ ရောင်ဝါများ ထွက်လာသည်ကို ထံစားမိသောအခါ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလာသည်။ ရီမိသားစု၏ခေါင်းဆောင်သည် အင်အားမဲ့သော ဆေးဆရာတစ်ဦးမဟုတ်ဘဲ စစ်မှန်သောနတ်များကိုပင် ခြိမ်းခြောက်နိုင်သော အစွမ်းထက်သူတော်စင်တစ်ဦးဖြစ်ကြောင်း သဘောပေါက်လာသည်။
ကောင်းကင်နှင့်မြေကြီး၏နိယာမကို သုံးလိုက်သောအခါ ရီဖန်၏ခန္ဓာကိုယ်သည် လျှပ်စီးနှုန်းဖြင့် ကြီးထွားလာပြီး ချက်ချင်းပင် ဟေးကျောက် နတ်ဘုရားနှင့်တူညီသော အရွယ်အစားရှိလာသည်။ သို့သော် လက်ရှိအချိန်တွင် ရီဖန်၏စွမ်းအားသည် ကောင်းကင်မြေကြီးနိယာမတရားကဲ့သို့သော နတ်ကျမ်းပညာများကြောင့် ထပ်မံမတိုးတက်တော့ပေ။
သို့သော် အင်အားဖြင့်ကြီးမားသည့် ရန်သူတစ်ဦးကို ရင်ဆိုင်ရသောအခါတွင် အသုံးဝင်သေးသည်။ မဟုတ်လျှင် အရွယ်အစားမညီမျှခြင်းကြောင့် အရေးမသာဖြစ်တတ်သည်။
“တိုက်ခိုက်ကြစို့!” ဟု ရီဖန်ကပြောလိုက်သည်။
ထို့နောက် ဟေးကျောက်၏လက်ထဲမှ နဂါးလက်သည်းကို ဖမ်းဆုတ်လိုက်သည်။ ပိုမိုပြင်းထန်သောအစွမ်းတစ်ခုသည်လည်း ဟေးကျောက်ထံမှ ချက်လျင်းပင် ပေါက်ကွဲထွက်လာသည်။ ထို့နောက်ဆုတ်ပြဲသံများထွက်ပေါ်လာသည်။
အလွန်အင်အားကြီးသော နတ်ခန္ဓာကိုယ်မှ လက်သည်းတစ်ချောင်းကို ရီဖန်သည် ဆုတ်ဖြဲလိုက်သည်။ နောက်ကွယ်မှသာကူညီရန် စိတ်ကူးထားခဲ့သော အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ထိုမြင်ကွင်းကိုမြင်သောအခါ မှင်သက်သွားသည်။ နတ်ဆိုးမျိုးနွယ်စုသည် ခန္ဓာကိုယ်အလွန်သန်မာခြင်းကြောင့် အလွန်ကျော်ကြားသည်။
စစ်မှန်သောနတ်ဘုရားနယ်မြေတွင်ပင် ၄င်းတို့၏အင်အားက လူသားများထက် သာလွန်သည်။ သို့သော် ရီဖန်သည် အထွတ်အထိပ်မဟာသူတော်စင်ဖြစ်သည့်အတွက် ဆုတ်ဖြဲနိုင်ခဲ့သည်။ သာမန်အားဖြင့် နတ်ဆိုးနတ်ဘုရားတစ်ဦးသည်ပင် ထိုသို့ မဆုတ်ဖြဲနိုင်ပေ။
ရီဖန်သည် နတ်ဆိုးကျင့်ကြံသူတစ်ဦး၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိကြောင်း သေချာမသိသေးသော အိုးထျန်း စစ်မှန်သောနတ်ဘုရားသည် ယခုအခါတွင် ကောင်းကောင်းသိလိုက်ပြီဖြစ်သည်။ အခြားသောမဟာသူတော်စင်များသည် စစ်မှန်သောနတ်ဘုရားများကို ယှဉ်မတိုက်နိုင်သော်လည်း ရီဖန်သည် တိုက်ခိုက်နိုင်သည်။
ယှဉ်တိုက်နိုင်ရုံသာမက ဟေးကျောက်ကိုပင် သတ်ပစ်နိုင်သည်ဟု ၄င်းထင်သည်။ ဟေးကျောက်သည် ရီဖန် ထိုသို့တိုက်ခိုက်လိုက်သည်ကို ၄င်းမြင်သောအခါ အနည်းငယ်စိတ်ရှုပ်သွားပြီး ၄င်း၏ရောင်ဝါများသည်လည်း ပေါက်ကွဲထွက်လာသည်။ ၄င်းသည်ဆက်လက်ပုန်းကွယ်မနေတော့ချေ။
ထိုအချိန်တွင် ၄င်းတို့နှစ်ဦးတိုက်ခိုက်နေသည်ကို တစ်စုံတစ်ဦးက နေရာလွတ်ထဲမှ လေ့လာနေသည်။ အနောက်မှ လိုက်လာခဲ့သော မဟာသူတော်စင်များသည် ဟေးကျောက်ကို မြင်သောအခါ အံ့ဩသွားကြပြီး အိုးထျန်းကိုပါမြင်သောအခါ အသက်ရှူရန်ပင် မေ့သွားကြသည်။ အိုးထျန်းသည် ယခုမှရောက်ရှိလာသည်မှာ မဖြစ်နိုင်။
ထို့ကြောင့် ၎င်းသည် ယခုအချိန်အထိဖြစ်နေသည်များကို စောင့်ကြည့်နေသည်ကို ၄င်းတို့ သဘောပေါက်သွားသည်။ မဟာသူတော်စင်ခန္ဓာကိုယ်များသည်ပင် မထိန်းချုပ်နိုင်လောက်အောင် ချွေးစေးများထွက်လာသည်။
ယခုအခါတွင် ၎င်းတို့၏ဆုံးဖြတ်ချက် မှားယွင်းသည်ကို သဘောပေါက်လာကြပြီး အသက်ဘေးကို စိုးရိမ်လာကြသည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရားနှင့် ရီဖန်တို့သည် ၄င်းတို့ကို အကြိမ်တစ်ရာသတ်နိုင်စွမ်းရှိသူများဖြစ်ကြသည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရား၏အာရုံသည် ရီဖန်နှင့် ဟေးကျောက်စစ်မှန်သောနတ်ဘုရားတို့၏ တိုက်ပွဲသို့ ရောက်နေသည်ကို သတိထားမိသောအခါ အထွတ်အထိပ်မဟာသူတော်စင်အချို့သည် တိုက်ပွဲမှ တိတ်တဆိတ်ထွက်ခွာရန် ကြိုးစားကြသည်။
သို့သော် “အားလုံး၊ ငြိမ်ငြိမ်နေပြီး ကြည့်ကြ” ဟု အိုးထျန်းစစ်မှန်သောနတ်ဘုရားက ပြောလိုက်သည်။
သူ၏စကားကို မဟာသူတော်စင်များ မငြင်းဆန်ဝံ့ကြဘဲ ၄င်းတို့ကို မည်သို့အရေးယူမည်ကို ငြိမ်သက်နေကြလျက် စောင့်ဆိုင်းနေကြသည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ၄င်းတို့အား ရီဖန်၏ လက်ထဲသို့ အပ်နှံလိုသည်။ တစ်ဖက်တွင် ရီဖန်နှင့် ဟေးကျောက်စစ်မှန်သောနတ်ဘုရားတို့၏ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ သို့သော် ဟေးကျောက်စစ်မှန်သောနတ်ဘုရားသည် ရီဖန်အား မယှဉ်နိုင်သည်မှာ ထင်ရှားလာသည်။