← Chapters

နောက်ကွယ်က ကြိုးကိုင်သူ

Vol. 36 Ch. 534

နောက်ကွယ်က ကြိုးကိုင်သူ

Vol. 36 Ch. 534

ရီဖန်သည် ၄င်းတို့ဖက်မှသာ မဟုတ်ခဲ့လျှင် ယနေ့တွင် တစ်ခုခုဖြစ်သွားနိုင်သည်။ အိုးထျန်းစစ်မှန်သောနတ်ဘုရားနှင့် ၄င်းတို့ နှစ်ပူးပေါင်းတိုက်ခိုက်လျှင်ပင် ရီဖန်သည် လက်သီးနှစ်ချက်ထဲဖြင့် အနိုင်ယူနိုင်မည်ဟု ၄င်းထင်သည်။

ရီဖန်သည် မည်သည့်လျှို့ဝှက်နည်းပညာကိုပင် သုံးသည်ဖြစ်စေ ဟေးကျောက်စစ်မှန်သောနတ်ဘုရားကို သတ်နိုင်ခဲ့ခြင်းသည် ပြောင်းလဲ၍မရသော အမှန်တရားတစ်ခုဖြစ်သည်။ မဟာသူတော်စင်အချို့သည်လည်း လုံးဝကြောက်ရွံ့လွန်း၍ အရုပ်ကြိုးပြတ်ပင် ဖြစ်သွားခဲ့ကြသည်။

စစ်မှန်သောနတ်ဘုရားတစ်ဦးပင် ရီဖန်အားရှုံးနိမ့်လျှင် ၄င်းတို့သည် ရှင်သန်နိုင်မည့်မျှော်လင့်ချက်ပင် ကျန်မည်မဟုတ်။ ဟေးကျောက်စစ်မှန်သောနတ်ဘုရား သေဆုံးသွားခဲ့လျှင် ရီဖန်သည် နဂါးမျိုးနွယ်စု၏အရင်းအမြစ်များကို လက်လွှတ်တော့မည်မဟုတ်ချေ။ စစ်မှန်သောနတ်ဘုရားတစ်ဦးပိုင်ဆိုင်ထားသော အရင်းအမြစ်များသည် အလွန်များပြားသည်။

“မိတ်ဆွေအိုးထျန်း၊ နဂါးမျိုးနွယ်စုနယ်မြေအကြောင်း မေးချင်လို့ပါ” ဟု ရီဖန်က ပြုံးလျက်ပြောသည်။

“မိတ်ဆွေချန်ရီ။ ကျွန်တော် အဲ့ဆီခေါ်သွားပေးပါ့မယ်” ဟုဆိုပြီး အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် အချိန်နှင့်အာကာသထိန်းချုပ်မှုစွမ်းရည်ဖြင့် ရီဖန်နှင့်အတူ နဂါးမျိုးနွယ်စုနယ်မြေသို့ ထွက်ခါသွားသည်။

သူတို့နှစ်ဦးထွက်ခွါသွားခြင်းက မဟာသူတော်စင်များကို စိတ်သက်သာမှုရာရစေသည်။ ၄င်းတို့ထင်သကဲ့သို့ အခုလက်ရှိအခြေအနေသည် လွတ်မြောက်နိုင်မည့်အလားအလာတစ်ခုကျန်ရှိနေသေးသည်။ သို့သော် နောက်ထပ်အခိုက်အတန့်အတွင်း၌ နတ်စွမ်းအားလှိုင်းတစ်ခုသည် ၄င်းတို့၏ခန္ဓာကိုယ်များပေါ်မှ ဖြတ်သန်းသွားပြီး မဟာသူတော်စင်အချို့သည် လုံးဝပျောက်ကွယ်သွားသည်။

အလွန်ဝေးသည့် ဖီးနစ်မျိုးနွယ်စုနယ်မြေတွင် ဖီးနစ်ကောင်းကင်စစ်မှန်သောနတ်ဘုရားသည် သူတို့နှစ်ဦးထွက်သွားသည်ကို မြင်သောအခါ စိတ်သက်သာရာရပြီး အသက်ရှူချောင်သွားသည်။ ဒီအကြိမ်တွင် ဖီးနစ်မျိုးနွယ်စုသည် ရီဖန်အတွက် အစီအစဉ်တစ်ခု စဉ်းစားထားသော်လည်း ဟေးကျောက်စစ်မှန်သောနတ်ဘုရား လှုပ်ရှားသည်ကို မြင်သောအခါ ၄င်းသည် အကြံအစည်ကို ရပ်တန့်လိုက်သည်။

၄င်း၏အကြံမှာ နဂါးမျိုးနွယ်စုအား အခက်ကြုံစေရန် ဖြစ်သဖြင့် မည်သူလုပ်သည် ဆိုသည်မှာ အရေးမကြီး။ ဖီးနစ်၊ နဂါး၊ ချီလင် မျိုးနွယ်စုများသည် ရှေးကပင် ရန်ငြှိုးအသီးသီးရှိခဲ့ကြသောမျိုးနွယ်စုများဖြစ်သည်။ ကြာလွန်းလှပြီ ဖြစ်သဖြင့် ထိုသုံးဖွဲ့စလုံး၏ မျိုးနွယ်စုခေါင်းဆောင်များမှလွဲ၍ ကျန်လူတို့သည် ထိုသို့ အကြီးအကျယ်အငြင်းပွါးမှုများ ဖြစ်ရသည့် အကြောင်းအရင်းကိုပင် မသိကြတော့ပေ။

လက်ရှိအချိန်တွင် ချီလင်မျိုးနွယ်စုသည် စကြာဝဠာမှ ပျောက်ကွယ်သွားပြီဖြစ်သဖြင့် နဂါးနှင့်ဖီးနစ်မျိုးနွယ်စုများသာ ကျန်ရှိတော့သည်။ ဟေးကျောက်စစ်မှန်သောနတ်ဘုရား ကျဆုံးသွားသည်ကိုခံစားရသည့်အခိုက်အတန့်တွင် ဖီးနစ်ကောင်းကင်စစ်မှန်သောနတ်ဘုရားသည် သေလုအောင်ကြောက်လန့်သွားသည်။

ဒီနေ့တွင် ၄င်းသာလှုပ်ရှားမိခဲ့လျှင် ကျဆုံးမည်မှာ ၄င်းဖြစ်သည်။ ရီဖန်သည် မယုံနိုင်လောက်အောင် အစွမ်းထက်သော မဟာသူတော်စင်တစ်ဦးဖြစ်သည်။ သူ့တိုက်ခိုက်စွမ်းအားသည် သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦးတွင် ရှိနေသင့်သောအဆင့်မဟုတ်ပေ။

နဂါးမျိုးနွယ်စုသည်လည်း အလွန်ကံကောင်းသည်။ အနာဂတ်တွင် နဂါးမျိုးနွယ်စုသည် ဖီးနစ်မျိုးနွယ်စု ယှဉ်ပြိုင်နိုင်မည့်အခြေအနေထက် ကျော်လွန်သွားမည်ဟု ၄င်းခန့်မှန်းသည်။ အနာဂတ်တွင် အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် ရီဖန်အား ဖီးနစ်မျိုးနွယ်စုကို တိုက်ခိုက်ရန် မနာလိုစိတ်ဖြင့်တောင်းဆိုနိုင်သည်။

စစ်မှန်သောနတ်ဘုရားတစ်ဦး၏ ကာကွယ်မှုမရှိလျှင် ၄င်းတို့ဖီးနစ်မျိုးနွယ်စု ရှေးယခင်ကပင် ဆက်ခံလာခဲ့သော အမွေအနှစ်များသည် အခြားကျင့်ကြံသူများ၏ လုယူခြင်းကို ခံရလိမ့်မည်။ ၄င်းတို့သာ လုံလောက်အောင် မသန်မာခဲ့လျှင် ဤမျိုးနွယ်စုများ၏တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘဲ မျိုးနွယ်စုသည် ရှေးကပင်ပျက်သုဉ်းခဲ့မည်ဖြစ်သည်။

“အခု အရှေ့ပိုင်းနယ်မြေက ရီမိသားစုဆီကိုသွားပြီး မိသားစုဝင် တစ်ယောက်ယောက်ကို ခေါ်ခဲ့” ဟု ပြောလိုက်သည်။

၄င်း၏စကားကို နားထောင်နေသော ဖီနစ်နတ်ဘုရားသားတော်ကိုကြည့်ရင်း ၄င်းသည် ဒေါသထွက်လာသည်။ နတ်ဘုရားသားတော်များထဲတွင် သူသည် အားမကိုးရဆုံးသူဖြစ်သည်။ သူသာ ဖီးနစ် အစစ်အမှန်ဖြစ်လျှင် ၄င်းသည် သူ့အားရီမိသားစုထံ ချက်ချင်းပို့လိုက်နိုင်သည်။

“ဖီးနစ်မျိုးနွယ်စုတစ်ခုလုံး နဂါးမျိုးနွယ်စုကို ရန်မစနဲ့တော့လို့ သတင်းစကားပါးလိုက်”

၄င်းတို့အနေဖြင့် ရီမိသားစုဝင်မဖြစ်သေးခင်အချိန်ထိ နဂါးမျိုးနွယ်စုအား ရန်မစသင့်တော့ပေ။ အိုးထျန်းနတ်ဘုရား၏အလျင်ဖြင့် ၄င်းတို့သည် နဂါးမျိုးနွယ်စုထံ တစ်ခဏအတွင်း ပြန်လည်ရောက်ရှိသွားသည်။ သို့သော်၄င်းတို့မျက်နှာပျက်နေကြသည်။

ရီဖန်သည် ဟေးကျောက်နတ်ဘုရားကို သတ်လိုက်သည်ပင် တစ်ခဏပင်ရှိသေးသော်လည်း နဂါးမျိုးနွယ်စုပိုင်နက်တွင် တစ်ဦးတစ်ယောက််မှ ရှိမနေတော့ပါ။ ထွက်ပြေးသွားသူများသည် ခြေရာပင်မကျန်အောင် ဖျောက်သွားကြသည်။ ထို့ကြောင့် ခြေရာကောက်၍ နောက်မှ လိုက်ရန်ပင် မဖြစ်နိုင်ချေ။ ထိုသို့ ခြေရာဖျောက်ရန် သာမန်စစ်မှန်သောနတ်ဘုရားတစ်ဦး လုပ်ဆောင်နိုင်မည်မဟုတ်။

“မိတ်ဆွေချန်ရီ၊ တစ်ယောက်ယောက်ကတော့ ငါတို့ထက် အရင်လှုပ်ရှားသွားပြီ”

၄င်းသည် နဂါးမျိုးနွယ်စုတွင် ဟေးကျောက်သည်သာ တစ်ဦးတည်းသော စစ်မှန်သောနတ်ဘုရားဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ဒေါသအရ အကယ်၍ တခြားစစ်မှန်သောနတ်ဘုရားများရှိခဲ့မည်ဆိုပါက ၄င်းသည် နဂါးမျိုးနွယ်စုကို တိုက်ခိုက်ရန် ကြိုးပမ်းပြီးဖြစ်မည်။

ရီဖန်သည် စိတ်တိုလာခဲ့ပြီး နောက်ဆက်တွဲသက်ရောက်မှုမှာ အလွန်ကြီးမားခဲ့သည်။ ထိုတစ်စုံတစ်ဦးသည် နဂါးမျိုးနွယ်စုမှ လူအားလုံးကိုသာမက အရင်းအမြစ်များအားလုံးကိုပါ ခိုးယူခေါ်ဆောင်သွားခဲ့ပြီး၊ ရီဖန်အတွက်တစ်စုံတစ်ရာပင် ချန်မထားခဲ့ပေ။ ၎င်းသည် ရီဖန်၏ ဘဝအတွင်း ကြုံတွေ့ဖူးသမျှအကြီးမားဆုံးဆုံးရှုံးမှုဖြစ်လာခဲ့သည်။

“နောက်ကွယ်က ကြိုးကိုင်တဲ့သူရေ၊ မင်းတော်တယ်၊ အရမ်းတော်တယ်” ဟု ရီဖန်က အံကြိတ်ကာပြောလိုက်သည်။

ရီဖန်သည် စော်ကားခံရသည်ကို ငြိမ်ခံမည့်လူမျိုးမဟုတ်။ ယနေ့ စော်ကားခံရသည်ကို တစ်ချိန်တွင် မည်သည့်နည်းနဲ့မဆို ပြန်လည်လက်စားချေမည်ဖြစ်သည်။

“အိုးထျန်းစစ်မှန်တဲ့နတ်ဘုရား၊ ခဏစောင့်ပါ!”

ရီဖန်သည် ထိုသို့ ပြောလိုက်ပြီးနောက်တွင် သိုလှောင်သည့်နေရာမှ ပစ္စည်းအမျိုးမျိုးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အလယ်အလတ်သူတော်စင်အဆင့်ရှိသည့် ကမ္ဘာ့ခြေရာကောက်ခြင်းဟုခေါ်သည့် လူသိနည်းသော အခင်းအကျင်းကိုထုတ်လိုက်သည်။

၎င်း၏ရည်ရွယ်ချက်မှာ ရောင်ဝါကဲ့သို့ ပုံမှန်နည်းလမ်းများဖြင့် ရှာဖွေနိုင်ခြင်းမရှိသောအရာများကို ရှာဖွေနိုင်ရန်ဖြစ်သည်။ ကျင့်ကြံမှုကမ္ဘာတွင်လည်း ပစ္စည်းခြင်းဖလှယ်သည့်နိယာမသည် အသုံးဝင်နေဆဲဖြစ်သည်။

ထိတွေ့ခဲ့သည့်တစ်စုံတစ်ရာသာရှိလျှင် ခြေရာသည် ကျန်နေမည်ဖြစ်သည်။ ရှာမတွေ့ပါက ရှာဖွေသူ၏ နည်းစနစ် မကျွမ်းကျင်ခြင်းကြောင့်သာဖြစ်သည်။ ရီဖန်သည် အခင်းအကျင်းကိုသုံး၍ ပစ္စည်းအချို့ကို နေရာလွတ်ထဲမှဆွဲထုတ်ကာ စိစစ်နေခဲ့သည်။

“ဒါမဟုတ်၊ ဒါလည်းမဟုတ်၊ ဒါလည်းမဟုတ်သေးဘူး”

ရီဖန်သည် သူရှာလိုသောအရာကို တစ်ခုခြင်းစိစစ်ကာ ရှာဖွေနေသည့်အခါ အိုးထျန်းစစ်မှန်သောနတ်ဘုရားသည် စိတ်ငြီးငြူလာသည်။ ရီဖန်သည် အလွန်အညှာအတာမဲ့သည်ဟုပင် တွေးမိနေသည်။

တပြိုင်နက်တွင်ပင် ရီဖန်ကို စိတ်တိုအောင်ပြုခဲ့သူကိုလည်း သနားမိလာသည်။ ရီဖန်အားရန်စမိသူသည် ကံမကောင်းမှုကို ကိုယ်တိုင်ယူဆောင်ခြင်းပင်ဖြစ်သည်။ ကျောက်လုံ မျိုးနွယ်စုအားကူညီခြင်းသည် ၄င်း၏အမှားယွင်းဆုံးရွေးချယ်မှုဖြစ်သည်။

“ရှာတွေ့ပြီ”

ရီဖန်သည် စိတ်လှုပ်ရှားစွာဖြင့် အိုးထျန်းကိုပြောလိုက်သည်။ သူ၏လက်ထဲတွင် အနက်ရောင်အငွေ့ပုံစံရောင်ဝါတစ်ခုကိုကိုင်ထားသည်။ ကမ္ဘာတိုင်းတွင် ခြေရာကောက်ခြင်းအခင်းအကျင်းကြောင့်သာမဟုတ်လျှင် စစ်မှန်သောနတ်ဘုရားနယ်မြေတွင် ထိုရောင်ဝါကိုရှာဖွေနိုင်ရန် မလွယ်ကူချေ။

ထိုရောင်ဝါသည်ကျောက်လုံ မျိုးနွယ်စုကျင့်ကြံသူများအား လွတ်မြောက်အောင် ကူညီပေးခဲ့သူ၏ အကျွင်းအကြံဖြစ်သည်။ အကယ်၍ရီဖန်တို့သာ အနည်းငယ်နောက်ကျပြီးမှ ရောက်ခဲ့လျှင် ၄င်းတို့ရှာမတွေ့နိုင်တော့ပေ။

ကြိုးကိုင်သူသည် အဆင်အခြင်မဲ့ခြင်းမဟုတ်ဘဲ ရီဖန်၏ အခင်းအကျင်းသည် အလွန်အစွမ်းထက်ခြင်းကြောင့်သာ ထိုသို့ရှာတွေ့ခြင်းဖြစ်သည်။ တော်ရုံလူသာဆိုလျှင် ကမ္ဘာတိုင်းတွင် ခြေရာကောက်ခြင်းကဲ့သို့ မထင်ရှားသောအခင်းအကျင်းကို သုံးရန်စဉ်းစားမိမည်မဟုတ်။

ထိုရောင်ဝါ၏အကူအညီကြောင့် ရီဖန်သည် ၄င်းတို့တည်နေရာကိုချက်ချင်းရှာဖွေနိုင်မည်မဟုတ်သော်လည်း ရီဖန်သည် ရောင်ဝါကို အသေအချာမှတ်သားထားလိုက်သည်။ နောင်တွင် ထိုသူနှင့်ပြန်တွေ့လျှင် ချက်ချင်းသိနိုင်စေရန်ဖြစ်သည်။

ရောင်ဝါသည် ကြမ်းတမ်းဆိုးစွမ်းပြီး လူဆိုးတစ်ဦး၏ရောင်ဝါမှန်း သိသာသည်။ သို့သော်လည်း၄င်းသည် အလွန်အစွမ်းထက်မည့်ပုံမပေါ်သေးဘဲ အစောပိုင်းစစ်မှန်သောနတ်ဘုရားအဆင့်ဟု ခန့်မှန်းနိုင်သည်။

၄င်းနှင့်ရန်ဆိုင်တွေ့ပါက ရီဖန်သည် ၄င်းအားသတ်နိုင်မည်ဟု ယုံကြည်သည်။ ထို့နောက် ရီဖန်နှင့် အိုးထျန်းတို့သည် ကျောက်လုံ မျိုးနွယ်စုအား ဆက်လက်မရှာဖွေတော့ဘဲ ထွက်ခွါလာခဲ့ကြသည်။ ထိုစဉ်တွင်နတ်လက်ရေးမူတစ်ခုသည် ကောင်းကင်မှ ပြုတ်ကျလာသည်။

ယခင်က အင်အားကြီးမျိုးနွယ်စုတစ်ခုသည် ယခုအခါ သမိုင်းတစ်ခုသာဖြစ်သွားပြီဖြစ်သည်။ သို့သော်လည်း ကျောက်လုံ မျိုးနွယ်စုကျဆုံးခြင်းသည် ကောင်းသောအရာဖြစ်သည့်အတွက် မည်သူမှ စိတ်မကောင်းမဖြစ်ကြပေ။

အရင်းအမြစ်များအား လုနေခဲ့သူများသည် ယခုအခါပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အပြင် ကျန်လူများသည် သေဆုံးခဲ့သော အထွတ်အထိပ်သူတော်စင်များ၏စွမ်းအားအကြွင်းအကျန်များအား လိုက်လံရှာဖွေနေကြပြီဖြစ်သည်။ ထို့ကြောင့်တောင်ပိုင်းဒေသ၏စွမ်းအားများသည် အပြောင်းအလဲကြီးကြီးမားမားဖြစ်လာသည်။

ကျင့်ကြံသူတစ်ဦးအတွက် အရေးအကြီးဆုံးမှာ ကိုယ်ပိုင်စွမ်အားဖြစ်ပြီး လုံလောက်အောင်သာအစွမ်းမထက်လျှင် မည်သည့်အချိန်တွင် အန္တရာယ်ကျရောက်မည်ကို သိနိုင်မည်မဟုတ်ပါ။ ပိုင်နက်တစ်ခုအတွင်းတွင် တိုက်ခိုက်၍ စွမ်းအားလုယူခြင်းများသည် အမြဲဖြစ်ပေါ်နေသည်။ တစ်ချိန်ထဲတွင်လည်း စွမ်းအားကြီးသူအသစ်များသည်လည်း ဆက်တိုက်ဆိုသလိုပေါ်ပေါက်နေသည်။

သို့သော်လည်း အထွတ်အထိပ်အဆင့်သို့ရောက်ရှိသူများမှာ နည်းပါးဆဲဖြစ်သည်။ ထို့ကြောင့် မနက်ဖြန်နှင့် အန္တရာယ် မည်သည်က အရင်လာမည်ဆိုသည်ကိုပင် မသိနိုင်ချေ။ ထိုသို့ဖြစ်နေစဉ်တွင် ရီဖန်တတ်နိုင်သည်မှာ ရီမိသားစုအားကာကွယ်နိုင်ရန် စွမ်းအားတိုးတက်စေရန် အစဉ်အမြဲ လေ့ကျင့်နေရန်ဖြစ်သည်။ ဤသို့ဖြင့် သူသည် ကျင့်ကြံမှုကိုဖြတ်ကျော်ရန်အချိန်သို့ ပြန်လည်ရောက်ရှိလာသည်။

All Chapters