← Chapters

နေရာလွတ်နတ်ဘုရားမျှော်စင်၊ လေးသင်္ကေတသွေးမျိးဆက်

Vol. 36 Ch. 535

နေရာလွတ်နတ်ဘုရားမျှော်စင်၊ လေးသင်္ကေတသွေးမျိးဆက်

Vol. 36 Ch. 535

ရီမိသားစုသို့ ပြန်လည်ရောက်ရှိိပြီးနောက် ရီဖန်သည် ယခင်ကကဲ့သို့ သာမန်ဘဝမျိုးကို ပြန်လည်ခံစားမိခဲ့သည်။ ရီမိသားစုတွင် ကျင့်ကြံသူအများစုသည် ဖြတ်ကျော်မှုအသီးသီးပြုလုပ်နေကြသည်ကို ရီဖန်ခံစားမိသည်။

ရီထျန်ရှင်း၏ဂူမှ အလယ်အလတ်မဟာတော်စင်နောက်ဆုံးအဆင့်၏ရောင်ဝါကို သူခံစားမိလိုက်သည်။

“နောက်ဆုံးတော့ ငါ အလယ်အလတ်မဟာသူတော်စင်ရဲ့နောက်ဆုံးအဆင့်ကို ရောက်ခဲ့ပြီ”

ရီထျန်ရှင်းက ယခင်တည်းက ကျင့်ကြံမှုများကို စုပေါင်းနိုင်ခဲ့ပြီဖြစ်သည်။ နောက်တခေါက် ထိုသို့ မြန်မြန်ဖြတ်ကျော်နိုင်ရန် မလွယ်တော့ပါ။ စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူတစ်ဦး၏ အကူအညီမရှိပါက ရီထျန်ရှင်းအတွက် အရင်းအမြစ်များ အလွန်နည်းပါးသွားမည်ဖြစ်သည်။

တစ်ကိုယ်တည်းကျင့်ကြံလျှင် ပိုမိုလျင်မြန်စွာအဆင့်မြှင့်နိုင်သည်ကို သူမယုံကြည်ခဲ့ချေ။ မဟာသူတော်စင်အဆင့်ရှိသူများထဲတွင် သူသည် အသက်တစ်ထောင်ပင် မပြည့်သေးသည့်အတွက်အလွန်ငယ်ရွယ်ဆဲဖြစ်သဖြင့် သူ၏ တာအိုနှလုံးသားသည်လည်း မတည်ငြိမ်သေးချေ။

“အတွေ့အကြုံတစ်ခုခုရဖို့ အပြင်ထွက်ရအောင်၊ ကောင်းကင်ထိစပ်နယ်မြေရဲ့ တခြားမျိုးဆက်သစ်လူငယ်တွေကိုလည်း မြင်ချင်တယ်”

ရီထျန်ရှင်းက ပြောလိုက်သည်။ ဗုဒ္ဓအလင်းဂိုဏ်းတွင် ရှိခဲ့စဉ်က ကောင်းကင်ထိစပ်နယ်မြေ၏တည်ရှိနေပုံကို သူအနည်းငယ်သဘောပေါက်ခဲ့သည်။ အားနည်းဆုံးဖြစ်သည့် အရှေ့ဒေသမှလွဲ၍ အခြားဒေသများတွင် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူများနှင့် အင်အားကြီးမျိုးနွယ်စုအစည်းများ ရှိကြသည်။

စွမ်းအားကြီးသူများ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး၊ မျိုးဆက်သစ်လူငယ်များလည်း အများအပြားရှိနေကြသည်။ ၎င်းတို့အနက် မြောက်ပိုင်းဒေသတွင် နေရာလွတ်နတ်ဘုရားမျှော်စင်တည်ရှိသည်။ ၎င်းကို စစ်မှန်သောနတ်ဘုရားထက် အဆင့်မြင့်သူတစ်ဦးက တပည့်ရွေးချယ်ရန်အတွက် တမင်တည်ထောင်ထားသည်ဟုဆိုကြသည်။

သို့သော် ထိုစွမ်းအားကြီးသူ ပျောက်ကွယ်သွားခဲ့ပြီးနောက်ပိုင်းတွင် နေရာလွတ်နတ်ဘုရားမျှော်စင်သည် ကျင့်ကြံသူများ၏ စွမ်းအား စမ်းသပ်ရာနေရာဖြစ်လာသည်။ ထိုမျှော်စင်တွင် အထပ်ပေါင်း တစ်ရာရှိပြီး၊ ပထမအထပ်မှ ဆယ်ထပ်အထိ ရောက်ရှိနိုင်ခြင်းမှာ သူတော်စင်အဆင့်အထိ တက်လှမ်းနိုင်မည့် ပါရမီရှိကြောင်းကိုဖော်ပြသည်။

အထပ်လေးဆယ်အထိ တက်ရောက်နိုင်ပါက မဟာသူတော်စင်အဆင့်သို့ရောက်နိုင်သော ပါရမီရှိကြောင်း သက်သေပြသည်။ ထို့ထက်မက အထပ်ရှစ်ဆယ်၏ အပေါ်ပိုင်းအထိဖြတ်ကျော်နိုင်ပါက စစ်မှန်သောနတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်မည့် ပါရမီရှိကြောင်းကိုဖော်ပြသည်။

အထပ်ရှစ်ဆယ်အထိ ရောက်ရှိသူများသည် နေရာလွတ်နတ်ဘုရား အဆင့်ဇယားတွင် မှတ်သားခံရမည်။ ထိုအဆင့်ဇယားတွင် ပါဝင်သူအများစုသည် အင်အားကြီးမျိုးနွယ်စုအစည်းများ၏ သားသမီးများဖြစ်ကြသည်။

ကျင့်ကြံသူများသည်ပင် ဂုဏ်သိက္ခာနှင့် ချမ်းသာမှု၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။ အရေးကြီးဆုံးမှာ နေရာလွတ်နတ်ဘုရားအဆင့်ဇယားသို့ ဝင်ရောက်နိုင်သူသည် ကောင်းကင်ထိစပ်နယ်မြေ၏ အရေးပေးခြင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ထိုအဆင့်ဇယားသည် မျိုးဆက်သစ်လူငယ်များအကြား အလွန်ပြင်းထန်သည့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာခဲ့သည်။

စွမ်းအားကြီးအုပ်ချုပ်သူများ၏ သားသမီးများအပြင် ထူးခြားသော မျိုးဆက်သစ်လူငယ်အများအပြားသည်လည်း နေရာလွတ်နတ်ဘုရားမျှော်စင်တွင် ၎င်းတို့၏ပါရမီကို ပြသလိုကြသည်။ စစ်မှန်သောနတ်ဘုရားဖြစ်နိုင်သည့် အလားအလာရှိပါက ၄င်းတို့သည် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူတစ်ဦး၏ တပည့်အဖြစ်လက်ခံခြင်းကို ခံရနိုင်သည်။

ထိုအချက်သည် မျိုးဆက်သစ်လူငယ်များအား အလွန်ဆွဲဆောင်နေ၏။ စွမ်းအားကြီး စစ်မှန်သောနတ်ဘုရား၏ ထောက်ခံမှုသာရရှိပါက မျိုးဆက်သစ်လူငယ်တစ်ဦးသည် စစ်မှန်သောနတ်ဘုရားအဖြစ် မြင့်တက်နိုင်မည့်အခွင့်အလမ်း အလွန်များလာနိုင်သည်။

မျိုးဆက်သစ်လူငယ်များအပါအဝင် လူတိုင်းအတွက် အရင်းအမြစ်များ မဖြစ်မနေလိုအပ်သည်။ မဟာသူတော်စင်တစ်ဦးအနေဖြင့် စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူတစ်ဦးကို ပျိုးထောင်ပေးနိုင်ရန်မှာ အလွန်ခက်ခဲသည်။

နေရာလွတ်နတ်ဘုရားအဆင့်ဇယားသို့တက်ရောက်နိုင်ခြင်းက စစ်မှန်သောနတ်ဘုရားဖြစ်လာမည်ဟု အတည်ပြုသည်မဟုတ်ဘဲ ထိုသို့ဖြစ်နိုင်သော အလားအလာရှိကြောင်းကို ပြသခြင်းသာဖြစ်သည်။ နေရာလွတ်နတ်ဘုရားအဆင့်ဇယားတွင် ဝင်ရောက်နိုင်သည့် မျိုးဆက်သစ်လူငယ်များသည် ကောင်းကင်ထိစပ်နယ်မြေ၏ ဒေသလေးခုမှ ထိပ်တန်းအဆင့်ရှိသူများဖြစ်ကြသည်ဆိုသည်မှာ ငြင်းဖွယ်မရှိချေ။

ယခု ရီထျန်ရှင်း၏ ဦးတည်ချက်မှာ မြောက်ဒေသရှိ နေရာလွတ်နတ်ဘုရားမျှော်စင်ဖြစ်သည်။ ရီထျန်ရှင်းသည် စစ်မှန်သောနတ်ဘုရား၏ တပည့်ဖြစ်ရန် အလွန်စိတ်ဝင်စားနေသူတစ်ဦး မဟုတ်ချေ။ သူ့အတွက်အရေးကြီးသည်မှာ ကောင်းကင်ထိစပ်နယ်မြေအတွင်းရှိ အစွမ်းထက်သော မျိုးဆက်သစ်လူငယ်များကို တွေ့မြင်လိုခြင်းသာဖြစ်သည်။

ရီမိသားစုအတွင်း၌ လူတိုင်း၏ပါရမီသည် အများအားဖြင့် တူညီသဖြင့် ထိုကဲ့သို့သောပတ်ဝန်းကျင်သည် ရီထျန်ရှင်းအတွက် အားတက်စေခြင်းမရှိခဲ့ချေ။ သူသည် ကောင်းကင်ထိစပ်နယ်မြေရှိ မျိုးဆက်သစ်လူငယ်များသည် သူ့ကိုဖိအားပေးနိုင်လောက်အောင် စွမ်းအားရှိကြမည်ဟု မျှော်လင့်သည်။

နတ်ဘုရားတို့၏ သားသမီးများသည် အလွန်အစွမ်းထက်ကြမည်ဟု သူထင်သည်။ ဤမျှော်လင့်မှုများဖြင့် ရီထျန်ရှင်းသည် မြောက်ဒေသရှိ နေရာလွတ်နတ်ဘုရားမျှော်စင်သို့ ခရီးဆက်ခဲ့သည်။

တချိန်တည်းတွင် ဝေးကွာသည့် တောင်ပိုင်းဒေသရှိ ဟေးကျောက်အုပ်စုသည် ၄င်းတို့ရှေ့တွင်ရှိသောအရာကို ကြည့်ကာတုန်လှုပ်နေကြသည်။ ၎င်းတို့ပိုင်နက်မှ ထွက်ခွာလာခြင်းဖြင့် ပိုမိုကောင်းမွန်သောနာဂတ်တစ်ခုသို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားကြပြီး နောက်ထပ် ငရဲတစ်ခုကိုသာ ရောက်ရှိလာရမည်ဟု မမျှော်လင့်ထားကြပေ။

“ဒီကျောက်လုံသွေးမျိုးဆက်က နဂါးမျိုးနွယ်စု သွေးမျိုးဆက်ထက် အဆင့်နိမ့်ပေမဲ့ စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်တယ်။ ဒါကြောင့် သွေးမျိုးဆက်အကုန်လုံးကိုထုတ်ယူနိုင်ခဲ့ရင် လေးသင်္ကေတ သွေးမျိုးဆက်အနည်းငယ်ကို ရနိုင်တယ်”

ကျောက်လုံတစ်ဦးချင်းစီသည် မီးဖိုကြီးထဲသို့ ပစ်ချခံနေရပြီး ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်စွမ်းအားကို ထုတ်ယူခံနေရသည်။

“ဒီလေးသင်္ကေတသွေးမျိုးဆက် သန့်စင်ခြင်းကိုသာ အောင်မြင်နိုင်မယ်ဆိုရင် စစ်မှန်တဲ့မူလသွေးမျိုးဆက်ကိုလည်း ဆက်လက်သန့်စင်ဖို့အချိန်ရောက်ပြီ”

“မူလသွေးမျိုးဆက်တွေက ချီလင်၊ စစ်မှန်သောနဂါး၊ ဖီးနစ်မို့ စစ်မှန်တဲ့နဂါးနဲ့ ဖီးနစ်မျိုးနွယ်စုတို့ရဲ့ သွေးမျိုးဆက်ကိုရရှိဖို့ အရမ်းမခက်ဘူး။ ပြီးတော့ ချီလင်မျိုးနွယ်စုဆီက သတင်းလဲရရှိပြီးဖြစ်တဲ့အတွက် ၎င်းတို့ရဲ့တည်နေရာကို သိရတော့မှာပါ”

နတ်ဆိုးကမ္ဘာစစ်မှန်သောနတ်ဘုရားက လက်တစ်ဖက်လှုပ်လိုက်သည်နှင့် မီးဖိုအတွင်းရှိ ကျောက်လုံသွေးမျိုးဆက်များသည် ချက်ချင်းပင် ၎င်း၏လက်ထဲသို့ရောက်လာသည်။ ၎င်း၏ဘေးတွင် သွေးနံ့ပြင်းစွာထွက်နေသော သွေးမျိုးဆက်သုံးခုသည် လေထဲတွင်လွင့်မြောနေကြသည်။

နောက်ဆုံးကျောက်လုံ၏ သွေးမျိုးဆက်ထုတ်ယူပြီးချိန်တွင် ၄င်း၏လက်ထဲရှိ သွေးမျိုးဆက်လေးခုသည် တဖြည်းဖြည်းဖြင့် တစ်ခုထဲအဖြစ် ပေါင်းစည်းသွားသည်။ နောက်ဆုံးတွင် အရောင်လေးရောင်ပါဝင်သော သွေးမျိုးဆက်တစ်ခုက ၄င်း၏လက်ထဲတွင် ပေါ်လာခဲ့သည်။

“နတ်ဆိုးကောင်းကင် ထွက်လာခဲ့တော့” ဟု ၄င်းဘေးရှိ အလယ်အလတ်အဆင့်ရှိ မဟာသူတော်စင်တစ်ဦးအား ခေါ်ဆိုလိုက်သည်။

နတ်ဆိုးကောင်းကင်မဟာသူတော်စင်သည် အလွန်စိတ်လှုပ်ရှားနေပြီး သွေးမျိုးဆက်ကို အကြည့်မလွှဲနိုင်ဖြစ်နေသည်။ ၎င်းသွေးမျိုးဆက်ကို စစ်မှန်သောနတ်ဘုရားအဆင့်ရှိသူတစ်ဦးစီရှိသည့် မျိုးနွယ်စုလေးဖွဲ့ထံမှ ထုတ်ယူထားခြင်းဖြစ်သည်။ ဤသွေးမျိုးဆက်ကိုသာ ပေါင်းစည်းနိုင်ခဲ့လျှင် နတ်ဆိုးကောင်းကင်သည် စစ်မှန်သောနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ရန်အတွက် အတားအဆီးရှိတော့မည်မဟုတ်ပေ။

ကြိုမသိနိုင်သောအန္တရာယ်များရှိနိုင်သော်လည်း ၄င်းသည် အနည်းငယ်မျှ တွန့်ဆုတ်နေတော့မည်မဟုတ်ချေ။ ကျင့်ကြံမှုဆိုသည်မှာ ရနိုင်သမျှ အရင်းအမြစ်အားလုံးကို သိမ်းယူခြင်းဖြစ်သည်။ အန္တရာယ်ရှိသည်ဖြစ်စေ ထိုသို့စွန့်စားရန် ထိုက်တန်သည်။

“သခင်၊ ကျွန်တော် အဆင်သင့်ဖြစ်ပြီ” ဟု နတ်ဆိုးကောင်းကင်မဟာသူတော်စင်က တက်ကြွစွာ ပြောလိုက်သည်။ ထို့နောက် သွေးမျိုးဆက်ကို ၄င်း၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် ထိုးသွင်းလိုက်သည်။

“အား….”

ထို့နောက်နတ်ဆိုးကောင်းကင်သည် နာကျင်စွာအော်ဟစ်လျက်ရှိ၏။

All Chapters