← Chapters

နေရာလွတ်နတ်ဘုရားမျှော်စင်၊ လေးသင်္ကေတသွေးမျိူးဆက် ၂

Vol. 36 Ch. 536

နေရာလွတ်နတ်ဘုရားမျှော်စင်၊ လေးသင်္ကေတသွေးမျိူးဆက် ၂

Vol. 36 Ch. 536

ကြက်သွေးရောင်အစင်းကြောင်းများက သူ့ခန္ဓာကိုယ်မျက်နှာပြင်အနှံ့ ပျံ့နှံ့နေသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ မူလသွေးမျိုးဆက်ကို ဤသင်္ကေတလေးခု၏ သွေးမျိုးဆက်ဖြင့် ဆက်လက်အစားထိုးနေသည်ကို သူခံစားရ၏။ ထိုနာကျင်မှုက မဟာသူတော်စင်အဆင့်ကို ကျင့်ကြံသူပင် မခံမရပ်နိုင်ဖြစ်စေသည်။

သွေးမျိုးဆက်အသွင်ပြောင်းမှုက ပြီးဆုံးရန် အချိန်တစ်နှစ်ကြာမြင့်သွားသည်။

"အလုပ်ဖြစ်တယ်”

နတ်ဆိုးကောင်းကင်မဟာသူတော်စင်၏ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေသော နတ်ဆိုးကမ္ဘာက ရုတ်တရက်ပြောလိုက်သည်။ နတ်ဆိုးကမ္ဘာ၏ စကားမဆုံးမီ နတ်ဆိုးကောင်းကင် မဟာသူတော်စင်က စတင်အဆင့်ကျော်ဖြတ်သွားသည်။

အလယ်အလတ် အထွတ်အထိပ်အဆင့်ရှိ နတ်ဆိုးကောင်းကင် မဟာသူတော်စင်၊ နှောင်းပိုင်း နတ်ဆိုးကောင်းကင်မဟာသူတော်စင်၊ နှောင်းပိုင်း အထွတ်အထိပ်အဆင့် နတ်ဆိုးကောင်းကင် မဟာသူတော်စင်အဖြစ် အဆင့်ဆက်တိုက်ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် သူ၏တင်းကြပ်စွာမှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။

"နတ်ဆိုးကောင်းကင် မင်းဘယ်လိုနေလဲ!"

နတ်ဆိုးကမ္ဘာပင်လျှင် သွေးမျိုးဆက်ပေါင်းစပ်ခြင်း လျှို့ဝှက်နည်းစနစ်ကို မသေချာချေ။ သူသည် သွေးမျိုးဆက်ပေါင်းစပ်ခြင်း လျှို့ဝှက်နည်းစနစ်ကိုရယူပြီးချိန်မှစ၍ ၎င်းကိုအောင်မြင်ရန်ကြိုးစားခဲ့သည်။

သူသည် စစ်မှန်သောနတ်ဘုရား နယ်ပယ်၏အလယ်အလတ်အဆင့်တွင် အကြာကြီးရပ်တန့်နေခဲ့ပြီး သူ၏သွေးမျိုးဆက်အရင်းမြစ် ကန့်သတ်ချက်ကြောင့် အဆင့်တက်လှမ်းအောင်မြင်ခြင်းကို မပြုလုပ်နိုင်ခဲ့ပေ။

သွေးမျိုးဆက်ပေါင်းစပ်မှု လျှို့ဝှက်နည်းစနစ်ကို ရရှိပြီးနောက်မှသာ သူ့အတွက်ရောင်နီလာပြီဟု ခံစားရသည်။ ၎င်းကနည်းစနစ်ကို သူကိုယ်တိုင်တွေ့ထားခြင်းမဟုတ်ဘဲ အချို့သောမျိုးနွယ်စုထံမှ လက်ဆောင်ရခြင်းဖြစ်သည်။ အဖိုးအခအနေဖြင့် သူသည် ၎င်းမျိုးနွယ်စုနှင့် ချက်ချင်းလက်တွဲလိုက်ရသည်။

သွေးမျိုးဆက်ပေါင်းစည်းခြင်းအတွက် အဖိုးအခ သေချာပေါက်ပေးရမည်ကို သူသိသည်။ သို့သော် နတ်ဆိုးကမ္ဘာသည် သူ ဤနယ်မြေတွင် ကြာမြင့်စွာ ပိတ်မိနေခဲ့ပြီး သူမဖြတ်သွားနိုင်သေးပါက စိတ်ပိုင်းဆိုင်ရာ ပြိုကွဲလုနီးဖြစ်နေပြီဟု ခံစားခဲ့ရသည်။

အကယ်၍ သူအသက်ရှင်နေသေးသည့်တိုင် သူ့စိတ်ဓာတ်ပြိုလဲသွားလျှင် ဖြတ်ကျော်ရန် မျှော်လင့်ချက်များ လုံးဝဆုံးရှုံးသွားမည်ဖြစ်သည်။

"သခင် ကျွန်တော် အခုအဆင်ပြေသွားပြီ"

နတ်ဆိုးကောင်းကင် မဟာသူတော်စင် ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသည်။ သူ့သွေးမျိုးဆက်ကို အစားထိုးလိုက်ပြီးနောက် သူ၏စွမ်းရည် အလွန်တိုးတက်လာကာ အတိတ်က စွမ်းဆောင်ရည်ကိုပင် ကျော်လွန်သွားသည်ဟု ခံစားရသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ သွေးမျိုးဆက်အားကိုးနှင့် သူ၏နတ်စွမ်းအားကို ဆန္ဒနှင့် ပေါင်းစည်းရန် စတင်နေပြီဖြစ်သည်။ ထို့အပြင် သူ၏နတ်စွမ်းအားကိုလည်း မတူညီသောဆန္ဒလေးခုဖြင့် ပေါင်းစပ်ထားသည်။ သူသည် ဤဆန္ဒများကို အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း ၎င်းတို့ကို စိတ်အားထက်သန်စွာ ပေါင်းစပ်နိုင်ခဲ့သည်။

မဟာသူတော်စင်အဆင့်မှ စစ်မှန်သည့်နတ်ဘုရားနယ်မြေဆီသို့ ဖြတ်ကျော်ရန်အတွက် အခက်ခဲဆုံးခြေလှမ်းကို သူပြီးမြောက်ခဲ့လေပြီ။ ယခုအချိန်မှစ၍ သူလိုအပ်သည်မှာ စဉ်ဆက်မပြတ် ကျင့်ကြံခြင်းဖြစ်ပြီး သူသည် စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်ဖြစ်လာမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူ မှန်ကန်သည့် လောင်းကစားလုပ်ခဲ့သည်ဟု ခံစားမိ၏။

"ကောင်းပြီ၊ မင်းဖြတ်ပြီးသွားရင် နေရာလွတ်နတ်ဘုရားမျှော်စင်ကို ဖြတ်ကျော်ပြီးတော့ ငါတို့ဘုရားကျောင်းရဲ့ ပါရမီရှင်ကို တခြားသူတွေ မြင်စမ်းပါစေ"

နတ်ဆိုးကမ္ဘာသည် ဘုရားကျောင်း၏စွမ်းအားကိုပြသရန်အတွက် ပြောကြားလိုက်သည်။ သို့သော် ၎င်းက အောင်မြင်သောပေါင်းစပ်မှုတစ်ခုဟုထင်ရသော်လည်း လျှို့ဝှက်အန္တရာယ်များရှိမရှိကို မည်သူမျှမသိကြောင်း နတ်ဆိုးကမ္ဘာသိသည်။

နေရာလွတ်နတ်ဘုရားမျှော်စင်တွင် စစ်မှန်သောနတ်ဘုရားများပင်လျှင် ၎င်းကိုလှည့်စားနိုင်မည်မဟုတ်ပေ။ နေရာလွတ်နတ်ဘုရားမျှော်စင်၏ အားကိုးဖြင့် နတ်ဆိုးကောင်းကင် မဟာသူတော်စင်၏ စွမ်းရည်အမှန်တကယ် တိုးလာသလား ဆုံးဖြတ်နိုင်သည်။

အမှန်တကယ်သာတိုးလာခဲ့လျှင် ဤလျှို့ဝှက်နည်းက အောင်မြင်သည်။

ထိုအချိန်တွင် သူသည်ထိုနည်းစနစ်ကို သူကိုယ်တိုင်အတွက် အသုံးပြုနိုင်သည်။ အခြားအင်အားစုများကို နတ်ဆိုးကမ္ဘာက လုံးဝအယုံအကြည်မရှိချေ။ စစ်မှန်သောနတ်ဘုရားတိုင်းက မရေမတွက်နိုင်သောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရသောကြောင့် မည်သူကိုမျှ အပြည့်အဝယုံကြည်ရန် မဖြစ်နိုင်ပေ။

သေချာမှုအပြည့်မရှိဘဲ နတ်ဆိုးကမ္ဘာသည် သူ့ကိုယ်ပိုင်သွေးမျိုးဆက်နှင့် အစားထိုးမည်မဟုတ်ပေ။

နတ်ဆိုးကောင်းကင် မဟာသူတော်စင်သည် နတ်ဆိုးကမ္ဘာ၏ဆုံးဖြတ်ချက်ကိုကန့်ကွက်ခြင်းမရှိသည့်အပြင် ကြိုးစားရန်ပင် စိတ်အားထက်သန်နေခဲ့သည်။

သူသည် နေရာလွတ်နတ်ဘုရားမျှော်စင်ကို ယခင်က စိန်ခေါ်ခဲ့ဖူးသော်လည်း အဆင့်ခုနှစ်ဆယ်အထိသာ ရောက်ရှိခဲ့သည်။ နတ်ဆိုးကောင်းကင်၏ အမြင့်ဆုံးအဆင့်မှာ မဟာသူတော်စင်အဆင့်သာဖြစ်သည်။

ထူးခြားသော အခွင့်အရေးတစ်ခုမရှိလျှင် အဆင့်ရှစ်ဆယ်အောက်တွင် စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်သည့် မည်သူမျှမရှိပေ။ ထို့ကြောင့် နေရာလွတ်နတ်ဘုရားမျှော်စင်၏အဆင့်ကို အသိအမှတ်ပြုကြခြင်းဖြစ်သည်။

အကယ်၍ စစ်မှန်သောနတ်ဘုရားနယ်မြေကို ဖြတ်ကျော်ရန် မျှော်လင့်ချက်ကင်းမဲ့ခြင်းကြောင့်သာ မဟုတ်ပါက နတ်ဆိုးကောင်းကင်မဟာသူတော်စင်သည် သူ၏သွေးမျိုးဆက်ကို လဲလှယ်သည်အထိ စွန့်စားမည်မဟုတ်ချေ။ ယခုတစ်ကြိမ်တွင် သူသည် အခြားနတ်ဘုရားသားတော်များနှငိ့ သမီးတော်များထက် မနှိမ့်ကျကြောင်း ထိုသူများကို သိစေမည်ဖြစ်သည်။

နတ်ဆိုးကောင်းကင် မဟာသူတော်စင်၏ ကျင့်ကြံမှုအဆင့် တည်ငြိမ်သွားပြီးနောက် သူသည်မြောက်ပိုင်းသို့ ဦးတည်လာခဲ့သည်။ သူသည် မဟာသူတော်စင်အဆင့်တွင်သာရှိသောကြောင့် တောင်ပိုင်းဒေသမှ မြောက်ပိုင်းသို့ခရီးသွားရန် အချိန်အနည်းငယ်လိုအပ်သည်။ သူ၏စွမ်းရည်များကို ပြသဖို့ရန်ပင် မစောင့်နိုင်တော့ချေ။

ထိုအချိန်တွင် ရီမိသားစုတွင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း မဟာသူတော်စင်အဆင့်တွင် အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့သည်။ စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ဖြတ်ကျော်ခြင်းသည် ရီဖန်အတွက် အတားအဆီးတစ်ခုဖြစ်သော်လည်း ကြီးကြီးမားမားတော့မဟုတ်ပေ။

သူအဆင့်မတက်းသေးသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ၏အခြေခံအုတ်မြစ် အလွန်နက်နဲသောကြောင့် ဖြစ်သည်။ နောက်တစ်ဆင့်ကို ဖြတ်ကျော်ရန်အတွက် အခြားသူများထက် အရင်းအမြစ်အများကြီးလိုသေးသည်။

ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ ပံ့ပိုးကူညီမှုကြောင့်မဟုတ်ပါက ရီဖန်သည် အရင်းအမြစ်များနှင့်ပတ်သက်၍ စိုးရိမ်နေရဦးမည်။

ကျောက်လုံမျိုးနွယ်စုမှ အရင်းအမြစ်များကို အခြားသူများသိမ်းယူသွားသော်လည်း ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏ အရင်းအမြစ်အနည်းငယ် ကျန်နေသေးသည်။

အထူးသဖြင့် ဟေးကျောက်စစ်မှန်သောနတ်ဘုရား၏အသားနှင့်အသွေးသည် ဆေးလုံးပြုလုပ်ရန် အလွန်ကောင်းမွန်သောပါဝင်ပစ္စည်းဖြစ်သည်။

ကျောက်လုံစစ်မှန်သောနတ်ဘုရား၏အသွေးအသားပါရှိသော ကျောက်သွေးဆေးလုံးသည် ထိပ်တန်းအဆင့် မဟာသူတော်စင်ဆေးလုံးနှင့်ယှဉ်လျှင်ပင် အားမနည်းပေ။ ယခုအချိန်တွင် ရီဖန်၏လက်ထဲတွင် ကျောက်သွေးဆေးလုံး ဆယ်လုံးရှိသည်။

၎င်းတို့ကို တစ်ခုပြီးတစ်ခု စုပ်ယူမည့်အစား ရီဖန်သည် ကျောက်သွေးဆေးလုံး ဆယ်ခုလုံးကို သူ့ပါးစပ်ထဲသို့ ချက်ချင်းထည့်လိုက်သည်။ ထို့နောက် ရီဖန်၏ခန္ဓာကိုယ်ထဲမှ ကြီးမားသောစွမ်းအားများ ထွက်ပေါ်လာသည်။ ရီဖန်သည် သူ၏ သန်မာသောကိုယ်ခန္ဓာဖြင့်ပင် ပြင်းထန်သော စွမ်းအားပေါက်ကွဲမှုကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။

ရီဖန်၏ခန္ဓာကိုယ်အတွင်းမှ သူ၏နှလုံးခုန်သံသည် ဒရမ်တီးသကဲ့သို့ ထွက်ပေါ်လာသည်။ နတ်စွမ်းအားဖြင့် ပေါင်းစည်းခြင်းခြေလှမ်းကို ရီဖန်ပြီးမြောက်သွားပြီဖြစ်သည်။ မူလအခြေခံနိယာမ ရာနှင့်ချီသောပေါင်းစပ်သည့် လမ်းကြောင်းက ရီဖန်၏ နတ်စွမ်းအားကို မကြုံစဖူးသန်မာစေခဲ့သည်။

မိမိကိုယ်တိုင်ကျင့်ကြံပြီးသည့် အဓိကနယ်မြေကို ဖြတ်ကျော်ခြင်းက သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။

ကျောက်သွေးဆေးလုံးကြောင့် နတ်စွမ်းအားစတင်လည်ပတ်လာပြီး ရီဖန်၏အသားကို အာဟာရဖြည့်တင်းပေးသည်။

တစ်ချိန်တည်းတွင် ရီဖန်၏ကိုယ်တွင်းရှိ သွေးမျိုးဆက်သည်လည်း သူ့ကိုယ်ပိုင်သွေးမျိုးဆက်အဖြစ် ပြောင်းလဲလာသည်။

နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် စတင်အောင်မြင်ခဲ့သည်။ ၎င်းက ရီဖန်ထံတွင် နက်နဲသည့်အခြေခံအုတ်မြစ်များ ရှိနေခြင်းကြောင့်ဖြစ်သည်။

ရီဖန်သည် ကျောက်သွေးဆေးလုံးဆယ်လုံးကို အသုံးပြုလျှင် သူ့အတွက်လုံလောက်မည်ဟု မူလက ထင်ထားသည်။ သို့သော် သူ၏အောင်မြင်မှုအတွက် လိုအပ်သောစွမ်းအားကို လျှော့တွက်မိထားပုံရသည်။ ၎င်းက လုံးဝ မလုံလောက်ချေ။ ရွေးချယ်စရာမရှိသော ရီဖန်သည် ကျောက်လုံ၏ကိုယ်ထည်ကိုထုတ်ယူကာ အသားအမြောက်အမြားယူလိုက်ရသည်။

၎င်း အသားကို ရိုးရိုးရှင်းရှင်း ချက်ပြုတ်ပြီးနောက် ရီဖန်၏ပါးစပ်ထဲသို့ ချက်ခြင်းမျိုချကာ နတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းကြောင့် ရီဖန်သည် နောက်ဆုံးတွင် စွမ်းအားသုံးစွဲမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။

"စနစ်၊ ပေါင်းစည်းလိုက်တော့!"

ရီဖန်သည် နည်းလမ်းအားလုံးကို တစ်ကြိမ်တည်း အသုံးချခဲ့သည်။ သူ၏ပန်းတိုင်သည် စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ပြီးပြည့်စုံစွာ ဖြတ်ကျော်ရန်ဖြစ်သည်။

…

နေရာလွတ်နတ်ဘုရားမျှော်စင်တည်ရှိရာ မြောက်ပိုင်းတွင် ယနေ့ထူးခြားစွာ သက်ဝင်နေသည်။

"ပေဟွမ်နတ်ဘုရားရဲ့သားတော် ပေဟွမ်က ဘာလို့ ရုတ်တရက် ရောက်လာတာလဲ"

"လန်ယာနတ်ဘုရားရဲ့သမီးတော်က လာမှတော့၊ ပေဟွမ်နတ်ဘုရားရဲ့သားတော်လည်း လာမှာပေါ့"

“ပေဟွမ်နတ်ဘုရားသားတော်က လန်ယာနတ်ဘုရားသမီးတော်ကို ကြာလှပြီ လိုက်နေရှာတာ၊ သူမကို စိတ်လှုပ်ရှားစေတာလဲ မမြင်ဖူးသေးပေါင်"

"နတ်ဘုရားသမီးတော်က ပေဟွမ်နတ်ဘုရားသားတော်ကို ဘယ်လိုလက်ခံမှာလဲ။ သူမက နောက်ပိုင်း လန်ယာဂိုဏ်းရဲ့ စစ်မှန်တဲ့နတ်ဘုရားဖြစ်လာဖို့ ရည်မှန်းထားတာ။ ပေဟွမ် နတ်ဘုရားသားတော်ကို လက်မခံမှာ သေချာတယ်"

“ပြောမနေနဲ့တော့။ ပင်လယ်နတ်ဘုရားရဲ့သားတော်လည်း ရောက်ပြီ”

"နတ်ဘုရားသားတော်တွေနဲ့ နတ်ဘုရားသမီးတော်တွေ အများကြီးတွေ့ရတဲ့နေ့ပါလား!"

ပုံမှန်နေ့များတွင် တွေ့ရခဲသော နတ်ဘုရားသားတော်များနှင့် နတ်ဘုရားသမီးတော်များသည် ယနေ့ အုပ်စုလိုက်ပေါ်လာပြီး ကျင့်ကြံသူအများအပြားကို ပဟေဠိဖြစ်စေခဲ့သည်။ နေရာလွတ်နတ်ဘုရားအဆင့်ကိုတက်လှမ်းရန် စိတ်ကူးယဉ်နေသော သာမန်ပါရမီရှင်များသည်လည်း စိတ်လှုပ်ရှားလာသည်။

ဤနတ်ဘုရားသားတော်သမီးတော်များက အပျော်သဘောမဟုတ်ဘဲ နေရာလွတ်နတ်ဘုရားမျှော်စင်ပေါ်တက်ရောက်ရန် လာရောက်ကြခြင်းဖြစ်ရမည်။ ၎င်းတို့သည် နေရာလွတ်နတ်ဘုရားမျှော်စင်ကိုစိန်ခေါ်ရန်ကြံရွယ်နေခြင်းဖြစ်သည်။

အကယ်၍ ၎င်းတို့သာ နတ်ဘုရာသားတော်များနှင့် သမီးတော်များကို ကျော်လွန်၍ နေရာလွတ်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေမည်မှာ သေချာသည်။ ထိုအချိန်တွင် စစ်မှန်သောနတ်ဘုရားများက ၎င်းတို့ကို သတိပြုမိပြီး ၎င်းတို့၏တပည့်များအဖြစ် လက်ခံလာနိုင်သည်။

ဤစိတ်အားထက်သန်သော သာမန်ပါရမီရှင်များကို ကြည့်ပြီး ကျင့်ကြံသူအများအပြား ခေါင်းယမ်းကြသည်။ကျင့်ကြံမှုကမ္ဘာသည် ပျင်းရိဖွယ်ရာ စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေသော မိမိကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သူများ ဘယ်သောအခါမှ ပြတ်လပ်ခြင်းမရှိချေ။

နတ်ဘုရားသားတော်များနှင့် သမီးတော်များကို ကျော်လွန်ရန်သာ အရမ်းလွယ်မည်ဆိုလျှင် နေရာလွတ် နတ်ဘုရားမျှော်စင်၌ လူဒါဇင်မျှသာရှိနေမည် မဟုတ်ချေ။ ထို့အပြင် ၎င်းတို့က နတ်ဘုရားသားတော် သမီးတော်များထက် သာလွန်နေလျှင်ပင် ဘာအရေးနည်း။ စစ်မှန်သောနတ်ဘုရားများက ၎င်းတို့ကိုတပည့်အဖြစ် အမှန်တကယ်ခေါ်ယူလိမ့်မလား။

နေရာလွတ်နတ်ဘုရားမျှော်စင်တွင်ရှိနေခြင်းသည် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူဖြစ်လာရန်မျှော်လင့်ချက်သာဖြစ်သည်။

၎င်းတို့သာ ထိပ်ဆုံးဆယ်ဦးသို့ မဝင်နိုင်လျှင် စစ်မှန်သောနတ်ဘုရားများ၏အာရုံသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။

All Chapters