← Chapters

နေရာလွတ်နတ်ဘုရားမျှော်စင်ရဲ့ ခက်ခဲမှုက ဒီလောက်ပဲလား ၂

Vol. 36 Ch. 540

နေရာလွတ်နတ်ဘုရားမျှော်စင်ရဲ့ ခက်ခဲမှုက ဒီလောက်ပဲလား ၂

Vol. 36 Ch. 540

ရီထျန်းရှင်းသည် အမှန်တကယ်တိုက်ပွဲက အထပ်ကိုးဆယ်ပြီးနောက် ဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်ပြီး အလျင်အမြန် ထွက်ခွါသွားပြန်သည်။

‘ရှစ်ဆယ့်သုံးထပ် ရှစ်ဆယ့်လေးထပ်’

အချိန်တရွေ့ရွေ့ ကုန်သွားပြီးနောက် နေရာလွတ်နတ်ဘုရားမျှော်စင်အတွင်း ရီထျန်းရှင်း၏ အရှိန်က ပြင်းထန်နေဆဲပင်။ နောက်ဆုံးတွင် ရီထျန်းရှင်းသည် လန်ယာနတ်ဘုရား၏ အထပ်ကိုကျော်လွန်၍ အဆင့် ၁၃ ၌မယုံနိုင်စွာ ရှိနေသည်။ နောက်ဆုံးတွင် သူ၏အထပ်က ကိုးဆယ်သို့ ရောက်သွား၏။

အကယ်၍ သူသာ နောက်ထပ်ထပ်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့လျှင် ထိပ်တန်းဆယ်ယောက်အတွင်းသို့ ဝင်ရောက်နိုင်ပြီး ကောင်းကင်ချိတ်ဆက်နယ်မြေရှိ ထိပ်တန်းဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာနိုင်သည်။ ရီထျန်းရှင်း၏ အရှိန်ဖြင့် ဤအောင်မြင်မှုက အလွန်ဖြစ်နိုင်ချေရှိသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ပေဟွမ်နတ်ဘုရားသားတော်သည် မယုံကြည်နိုင်စွာဖြင့် သူ့မျက်လုံးကို မှေးကျဉ်းလိုက်သည်။ အကယ်၍ ရီထျန်းရှင်းသည် ယခင်ကတည်းက ကျော်ကြားမှုရှိခဲ့လျှင် လူတိုင်း ဤမျှထိတ်လန့်နေမည် မဟုတ်ပေ။ သို့သော် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိ ထွက်ပေါ်လာပြီး ပါရမီရှင်များစွာကို ကျော်ဖြတ်ခဲ့သော ရီထျန်းရှင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

စစ်မှန်သောနတ်ဘုရားများပင်လျှင် ဤကဲ့သို့သော ပါရမီရှင်ကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

ထိပ်တန်းဆယ်ယောက်တွင် အဆင့်သတ်မှတ်ခံရခြင်းဖြင့် စစ်မှန်သောနတ်ဘုရား ဖြစ်လာရန်မှာ သေချာသည်။

အထူးကြိုးစားအားထုတ်မှုမရှိဘဲ စစ်မှန်သောနတ်ဘုရားလောင်းအား လုယူနိုင်မည့်အခွင့်အရေးကို စစ်မှန်သောနတ်ဘုရားများပင် လက်လွတ်ခံမည်မဟုတ်ချေ။

"ဂိုဏ်းကို စာပြန်လိုက်။ ဂိုဏ်းချုပ်ကို ချက်ချင်းအသိပေးရမယ်”

စစ်မှန်သောနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ အများအပြားသည် ဤပါရမီရှင်ကို ၎င်းတို့၏ဂိုဏ်းသို့ဆွဲဆောင်ရန် ကြိုးပမ်းရန်အတွက် ချက်ချင်း သတင်းပို့လိုက်သည်။ ယခုတော့ ၎င်းတို့ ရီထျန်းရှင်း မည်သည့်အထပ်သို့ရောက်မည်ကို စောင့်နေကြသည်။

အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွား၏။ ၎င်းတို့အတွက် ရီထျန်းရှင်း တက်လှမ်းသွားသည့်အချိန်တွင် မျက်စိတစ်မှိတ်သာကြာသည်။ ရီထျန်းရှင်း ကိုးဆယ့်ခြောက်ထပ်သို့ တက်သွားသောအခါ သူ၏အဆင့်သည် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကောင်းကင်ဘုံချိတ်ဆက်နယ်မြေရှိ ထိပ်တန်းနတ်ဘုရားဂိုဏ်းများမှ ချီးမြှောက်ခံရသော ပါရမီရှင်သုံးဦးရှိသည်။ သို့သော် ၎င်းတို့၏ဂိုဏ်းများတွင် စစ်မှန်သောနတ်ဘုရား အလယ်အလတ်အဆင့်ထက် အားကောင်းသည့်သူများရှိကြ၏။

သာမာန်အင်အားစုမှ ကျင့်ကြံသူ ရီထျန်းရှင်းသည် ဤအဆင့်သို့ရောက်လာခြင်းကြောင့် မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ ကျင့်ကြံသူအများအပြားသည် ယနေ့ ၎င်းတို့အံ့ဖွယ်တစ်စုံတစ်ခုကို တွေ့ရဦးမည်ဟု စဉ်စားမိသည်။

လက်ရှိအဆင့်တွင် ပထမအဆင့် ပါရမီရှင်သည် ကိုးဆယ့်ရှစ်ထပ်သို့ ရောက်ရှိနေသည်။ နေရာလွတ်နတ်ဘုရားမျှော်စင်တွင် စုစုပေါင်း အထပ်ကိုးဆယ့်ကိုးထပ်ရှိသည်။ အဆင့်အားလုံးကိုကျော်ဖြတ်ပြီးနောက် နေရာလွတ်နတ်ဘုရားမျှော်စင်ပိုင်ရှင်၏ အမွေကိုရနိုင်သည်ဟုကောလာဟလများရှိ၏။

သို့သော် နေရာလွတ်နတ်ဘုရားမျှော်စင်ကို မည်သူမျှ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်း မရှိသောကြောင့် အမွေအနှစ်ကို မည်သူမျှ အောင်မြင်စွာမရရှိခဲ့ပေ။

၎င်းကိုတစ်ယောက်ယောက်က ရှင်းလင်းနိုင်တော့မည်ဟူသည့်သတင်းက လျင်မြန်စွာပျံ့နှံ့သွားသည်။

တဖြည်းဖြည်းနှင့် နေရာလွတ်နတ်ဘုရားမျှော်စင် အပြင်ဘက်တွင် ကျင့်ကြံသူများ ပိုများလာသည်။

ဤကျင့်ကြံသူများသည် နေရာလွတ်နတ်ဘုရားအဆင့်သတ်မှတ်ချက်ကို လုံးဝအာရုံစိုက်ထားပြီး ရီထျန်းရှင်းက သမိုင်းသစ်ရေးနိုင်မည်လား သိလိုကြသည်။

ထို့အပြင် နေရာလွတ်နတ်ဘုရားမျှော်စင်နှင့်ပတ်သက်သော ကောလာဟလများ မှန်ကန်ခြင်း ရှိ၊ မရှိကိုလည်း သိချင်ကြ၏။ အမှန်ဆိုလျှင် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေသည် အံ့ဖွယ်ဖြစ်လာလိမ့်မည်။

သေချာသည်မှာ နေရာလွတ်နတ်ဘုရားမျှော်စင် ၏ပိုင်ရှင်သည် လက်ရှိ ကောင်းကင်ချိတ်ဆက်နယ်မြေ၏ စစ်မှန်သောနတ်ဘုရားများနှင့် တူညီသောအဆင့်မဟုတ်လောက်ပေ။

နေရာလွတ်နတ်ဘုရားမျှော်စင်ပိုင်ရှင်က အမွေအနှစ်တစ်ခု အမှန်တကယ်ချန်ထားခဲ့သောကြောင့် ဤစစ်မှန်သောနတ်ဘုရားများသည် သွေးဆောင်မခံရဘဲ မနေနနိုင်ကြချေ။ ရီထျန်းရှင်း၏ နောက်ကွယ်မှသူများသည် သာမာန်မဟာသူတော်စင်အင်အားစုမျှသာဖြစ်ပြီး ဤအမွေအနှစ်မျိုးကို မကာကွယ်နိုင်ပေ။

ရုတ်တရက် ကောင်းကင်ယံတွင် တစ်စုံတစ်ဦးထွက်ပေါ်လာသည်။

"လန်ယာစစ်မှန်သောနတ်ဘုရား!"

"လန်ယာစစ်မှန်တဲ့နတ်ဘုရားကို နှုတ်ဆက်ပါတယ်"

ကျင့်ကြံသူအများအပြားသည် ၎င်းကိုမြင်သောအခါ သူတို့၏နှလုံးသားထဲတွင် အေးခဲသွားကြသည်။ ရောက်ရှိလာသူသည် လန်ယာနတ်ဘုရားဂိုဏ်း လန်ယာနတ်ဘုရားသမီးတော်၏ အုပ်ထိန်းသူဖြစ်သော လန်ယာနတ်ဘုရားဂိုဏ်းမှ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားဖြစ်သည်။

"သခင်!"

လန်ယာနတ်ဘုရားသမီးတော်က ချက်ချင်းပင် ချဉ်းကပ်သွားကာ ဘေးတွင် ရပ်နေသည်။

လန်ယာနတ်ဘုရားသမီးတော်ကဲ့သို့ပင် လန်ယာစစ်မှန်သောနတ်ဘုရားမ၏အမူအရာသည် အေးစက်ပြီး အမူအရာမဲ့နေ၏။

"သခင်၊ ရီထျန်းရှင်းက ပျိုးပင်ကောင်းပဲ။ သူ့ကို ကျွန်မတို့ လန်ယာနတ်ဘုရားဂိုဏ်းထဲကို ဆွဲခေါ်ရမယ်"

လန်ယာနတ်ဘုရားဂိုဏ်းသည် အလားအလာအလွန်ကောင်းသော တပည့်များကိုသာ စုဆောင်းလေ့ရှိသော်လည်း နေရာလွတ်နတ်ဘုရားအဆင့်သတ်မှတ်ချက်၏ ထိပ်တန်းသုံးဆင့်သို့ ဝင်ရောက်နိုင်ခြင်းက လန်ယာနတ်ဘုရားအတွက်ဂိုဏ်းအတွက် ချွင်းချက်ဖြစ်ရန် လုံလောက်ပါသည်။

"အိုး လန်ယာဘေးက သူ့ကိုသဘောကျပုံပဲ"

စွဲမက်ဖွယ်အပြုံးက လန်ယာစစ်မှန်သောနတ်ဘုရားမ၏ မျက်နှာတွင် ပွင့်လန်းလာကာ ကျင့်ကြံသူအများအပြားက ကြောက်ရွံ့ထိတ်လန့်စွာ ခေါင်းမငုံ့မီအထိ ငေးမောနေမိသည်။

"သခင်!"

လန်ယာနတ်ဘုရားသမီးတော်သည် ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ခြေထောက်ကို အသာအယာဆောင့်နင်းလိုက်သည်။ ထိုကဲ့သို့ မိန်းကလေးဆန်သော အမူအရာမျိုးကို ရှားရှားပါးပါး မြင်တွေ့ရသောကြောင့် ပေဟွမ်၏မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားခဲ့သည်။

လန်ယာနတ်ဘုရားမသည် သူမ၏သမီးကို စနောက်ပြီးနောက် တစ်ဖန်မှုန်မှိုင်းသွားပြန်သည်။

"ဒီကလေးက ဒီတိုင်းစွမ်းရည်ရှိပုံပဲဆိုရင်လဲ ထားလိုက်ပါတော့လေ"

“ငါ အမှန်တကယ်စိုးရိမ်တာက သူ နေရာလွတ်နတ်ဘုရားမျှော်စင်ကို အမှန်တကယ် ရှင်းပစ်နိုင်မှာကိုပဲ။ အဲတာ သူ့အတွက် ကောင်းမှာ မဟုတ်ဘူး။

နေရာလွတ်နတ်ဘုရားမျှော်စင်ထဲမှာ အမွေဆက်ခံမှု အမှန်တကယ်ရှိရှိ မရှိရှိ သူပါဝင်နေတာကို ငြင်းဆန်နိုင်မှာမဟုတ်တော့ဘူး”

ထိုစကားလုံးများက လန်ယာနတ်ဘုရားသမီးတော်၏ မျက်နှာကို ချက်ချင်းညှိုးနွမ်းစေခဲ့သည်။ လန်ယာစစ်မှန်သောနတ်ဘုရားမ၏ စကားလုံးများက ကြမ်းတမ်းသည့်အမှန်တရားဖြစ်သည်။

ရီထျန်းရှင်းတွင် ကျောထောက်နောက်ခံတစ်စုံတစ်ရာ ရှိခဲ့လျှင် ကောင်းမည်။ သို့သော် ထိုသို့မရှိလျှင် သူသည် စစ်မှန်သောနတ်ဘုရားအများအပြားကြားတွင် ငြင်းခုံစရာ အရာတစ်ခု ဖြစ်လာလိမ့်မည်။ထိုအချိန်တွင် လန်ယာစစ်မှန်သောနတ်ဘုရားမက ရီထျန်းရှင်းကိုကာကွယ်လိုလျှင်ပင် လွယ်ကူမည်မဟုတ်ပေ။

“ဒါပေမယ့် မင်းရယ်ထားတယ်ဆိုရင်လဲ သူ့ကို အကာအကွယ်ပေးမှာပါ”

လန်ယာနတ်ဘုရားဂိုဏ်းသည် သီလရှင်များမဟုတ်ကြချေ။ တကယ်တမ်းတွင် ၎င်းကို ကောင်းကင်ချိတ်ဆက်နယ်မြေတစ်ခုလုံးမှ တွဲဖက်များ၏ မူလနေရာအဖြစ် ယူဆနိုင်သည်။

လန်ယာနတ်ဘုရားဂိုဏ်းတွင် စွမ်းရည်ကောင်းမွန်ပြီး လှပသောသူများ အလွန်များသည်။ တပည့်တစ်ဦးစီ၏ တွဲဖက်အဖော်များမှတစ်ဆင့် လန်ယာနတ်ဘုရားဂိုဏ်းသည် အခြားသောနတ်ဘုရားဂိုဏ်းများကြားတွင် ထူးကဲသော အနေအထားတွင်ရှိသည်။

တကယ်တမ်း လန်ယာနတ်ဘုရားဂိုဏ်းကို စော်ကားမိပါက ၎င်းတို့၏သမက်ဖြစ်သည့် စွမ်းအားရှင်များကို ရန်စခြင်းနှင့်တူ၏။ လန်ယာနတ်ဘုရားဂိုဏ်းတွင် လက်တွဲဖော်ရှာနိုင်သည့် အရည်အချင်းပြည့်မီသူများသည် အားနည်းသူများမဟုတ်ကြချေ။

ထို့အပြင် လန်ယာနတ်ဘုရားမ၏ ကျင့်ကြံမှုအဆင့်သည်လည်း အားမနည်းသောကြောင့် သာမန်နတ်ဘုရားဂိုဏ်းများသည် လန်ယာနတ်ဘုရားဂိုဏ်းကို မလှုံ့ဆော်ဝံ့ကြပေ။ ဤအချက်ဖြင့် ရီထျန်းရှင်းကို သူမကာကွယ်ပေးနိုင်ရန် ယုံကြည်မှုရှိစေသည်။

လန်ယာစစ်မှန်သောနတ်ဘုရားမ၏ စကားကိုကြားသောအခါ လန်ယာသမီးတော်၏ လှပသောမျက်နှာပေါ်တွင် ပန်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။ သူမသည် ရီထျန်းရှင်း၏ အရည်အချင်းကို လေးစားရုံမျှသာဖြစ်ပြီး သူ့ကို အလားအလာရှိသော ပါရမီရှင်အဖြစ် မြင်ရုံသာဖြစ်သည်။ သူမ၏ သခင်က အဘယ်ကြောင့် ဤသို့ရှက်စရာကောင်းသည့် မှတ်ချက်မျိုး ပြောရပါသနည်း။

"ပေဟွမ်စစ်မှန်သောနတ်ဘုရား!"

"လိပ်နက်စစ်မှန်သောနတ်ဘုရား!"

…

မိုးကုပ်စက်ဝိုင်းအထက်တွင် အမျိုးမျိုးသော စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်များကို ကိုယ်စားပြုသည့် စွမ်းအားကြီးရောင်ဝါများ ပေါ်လာတော့သည်။ ဤစစ်မှန်သောနတ်ဘုရားနယ်မြေစွမ်းအားရှင်များသည် ၎င်းတို့၏မူလပုံစံ သို့မဟုတ် ၎င်းတို့၏လူပုံဖြင့် ရောက်လာသည်။

သို့သော် သူတို့၏အာရုံသည် နေရာလွတ်နတ်ဘုရားအဆင့်သတ်မှတ်ချက်အပေါ် ဦးတည်ထား၏။ နောက်ဆုံးတွင် နေရာလွတ်နတ်ဘုရားအဆင့်သတ်မှတ်ချက်၌ ပထမအဆင့်ရခဲ့သော ရီထျန်းရှင်း၏အမည်သည် ထပ်မံတုန်ခါသွားပြန်သည်။

ထို့နောက် သူ့နာမည်ဘေးမှ အထပ်အရေအတွက်သည် ကိုးဆယ့်ကိုးထပ်အထိ တိုးလာ၏။

သူရှင်းပြီးသွားပြီ!

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ နေရာလွတ်နတ်ဘုရားမျှော်စင်ကိုရှင်းလင်းပြီးနောက် အမွေဆက်ခံမှုရှိမရှိကိုပင်။ စစ်မှန်သောနတ်ဘုရား များစွာရှိသောကြောင့် ထိုအမွေသည် ၎င်းတို့နှင့်မသက်ဆိုင်ချေ။ သို့သော် အမွေဆက်ခံခြင်းရှိမရှိနှင့် ပတ်သက်၍ ၎င်းတို့၏စူးစမ်းလိုစိတ်ကို မတားဆီးခဲ့ပေ။

၎င်းတို့တင်မဟုတ်ဘဲ စစ်မှန်သောနတ်ဘုရားနယ်မြေ စွမ်းအားရှင်များစွာကပင် ၎င်းကို သိချင်နေခဲ့သည်။

နေရာလွတ် နတ်ဘုရားမျှော်စင်၏ အထပ် ကိုးဆယ့်ကိုးထပ်တွင် ကောလာဟလများအရ အုပ်စိုးရှင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်၏ အမွေဆက်ခံမှုပါ၀င်လိမ့်မည်။

၎င်းတို့၏စုံစမ်းစစ်ဆေးမှုအရ နေရာလွတ်နတ်ဘုရားမျှော်စင်ပိုင်ရှင်သည် ဒဏ္ဍာရီများတွင်ဖော်ပြထားသည့်အတိုင်း အုပ်စိုးရှင်တစ်ပိုင်း စွမ်းအားရှင်ဖြစ်နိုင်သည်။ ၎င်းက သူတို့မတွေးဝံ့သော အရာဖြစ်သည်။

သို့သော် ၎င်းတို့သာ ဤအမွေအနှစ်ကို ရရှိပြီး နောက်ထပ်တစ်လှမ်းတိုးကာ နှောင်းပိုင်း စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်နိုင်လျှင် ဒဏ္ဍာရီလာ အုပ်စိုးရှင်တစ်ပိုင်းနယ်မြေသို့ဝင်ရောက်ရန် ထိုက်တန်လိမ့်မည်။

တစ်ဖက်တွင် လန်ယာစစ်မှန်သောနတ်ဘုရားသည် လန်ယာသမီးတော်ဘေးတွင် ရပ်နေစဉ် သက်ပြင်းချလိုက်သည်။ သူမအစိုးရိမ်ဆုံးအရာက ဖြစ်လာသည်။ ရီထျန်းရှင်းသည် နေရာလွတ်နတ်ဘုရားမျှော်စင်ကို အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေက ဖြေရှင်းရန် လွယ်မည်မဟုတ်ပေ။

ဤစစ်မှန်သောနတ်ဘုရားများ၏ သဘာဝအရ ရီထျန်းရှင်း အမှန်တကယ်အမွေမရရှိခဲ့လျှင်ပင် ၎င်းတို့လက်လျှော့မည်မဟုတ်ချေ။

All Chapters