← Chapters

လူ့လောကမှ မကောင်းဆိုးဝါး (အပိုင်း ၂)

Vol. 8 Ch. 106

လူ့လောကမှ မကောင်းဆိုးဝါး (အပိုင်း ၂)

Vol. 8 Ch. 106

"သူနဲ့ ဘာစကားတွေ အများကြီး သွားပြောနေတာလဲ။ ကျွန်မပြောရရင်တော့ ရိုက်တာ နည်းတောင်နည်းသေးတယ်။ ဒီကောင်မလေး၊ အရေပြားက ဘယ်လိုတောင် ထူနေရတာလဲ။ ကြက်မွေးတံတောင် နှစ်ချောင်းကျိုးသွားပြီ"

အလွန်တရာမှ ဒေါသထွက်ပြီး ရက်စက်တဲ့ အသံပိုင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ အသံထွက်လာပြီးတော့မှ လူငယ်တစ်ယောက်ရဲ့ အသံကို ကြားရပြန်တယ်။

"အဖေနဲ့အမေကလည်း ခေတ်နောက်ကျလိုက်တာ။ အခုခေတ်မှာ ဘယ်သူက ပိုက်ဆံကို ကိုယ်နဲ့မကွာ ဆောင်ထားတော့လို့လဲ။ သူ့ပိုက်ဆံတွေက မိုဘိုင်းဘဏ်ထဲမှာဖြစ်ဖြစ်၊ Alipay တို့ WeChat တို့ထဲမှာဖြစ်ဖြစ် ရှိမှာပေါ့။ သူ့ရဲ့ ဖုန်းငွေပေးချေမှု စကားဝှက်ကိုသာ မေးလိုက်စမ်းပါ။ သူ့ဖုန်းထဲမှာ ပိုက်ဆံရှိ၊ မရှိ ကျွန်တော်စစ်ကြည့်လိုက်မယ်"

ဒီစကားကိုကြားတော့မှ ရွှီကျဲဆီက အသံထွက်လာပါတော့တယ်။ သူ့မောင်ကို ဒေါသတကြီး အော်ဟစ်နေတဲ့ပုံပါပဲ။

"ငါက ဘာလို့ နင့်ကို ပေးရမှာလဲ။ ဒါ ငါရှာထားတဲ့ ပိုက်ဆံတွေ"

"နင်ရှာထားတာ ဟုတ်လား။ ဟဲ့ကောင်မ၊ နင့်မှာ အရှက်ဆိုတာ နည်းနည်းပါးပါး ရှိသေးရဲ့လား။ ငါတို့မရှိရင် နင်ဆိုတာ ဖြစ်လာမလား။ အခု နင့်မောင်လေးက ရည်းစားထားတော့မှာ၊ ပိုက်ဆံက အရေးတကြီးလိုနေတာကို နင်က ဝှက်ထားရုံတင်မကဘူး၊ ပြန်တောင်အော်နေသေးတယ်ပေါ့ ဟုတ်လား။ မြန်မြန် ပေးစမ်း" ရွှီကျဲရဲ့အမေက မာန်ဖီရင်း ထပ်အော်ပါလေရော။

ရွှီကျဲကလည်း အားကျမခံ ပြန်အော်တယ်။ "မပေးဘူး၊ ဘာဖြစ်လဲ။ ဘာလို့ ပေးရမှာလဲ"

ရွှီကျဲရဲ့အမေက ဒေါသတကြီးနဲ့ "ဘာလို့ ဟုတ်လား။ ငါက နင့်အမေ၊ သူက နင့်မောင်အရင်း ဖြစ်နေလို့ပေါ့ဟဲ့။ နင့်မှာ အသိတရားဆိုတာ မရှိတော့ဘူးလား။ အစ်မတစ်ယောက်အနေနဲ့ ကိုယ့်မောင်ကို ကူညီတာ ဘာဖြစ်သွားမှာမို့လို့လဲ။ ပိုက်ဆံလေးနည်းနည်းအတွက်နဲ့ သံယောဇဉ်ကိုတောင် ပစ်ပယ်တော့မလို့လား"

ရွှီကျဲကလည်း ပြန်ခံပြောတာပေါ့။ "သံယောဇဉ် ဟုတ်လား။ ကျွန်မမှာ အဲ့ဒါမျိုး ရှိခဲ့ဖူးလို့လား။ ကျွန်မက သူ့ထက်ကြီးတယ် ဟုတ်လား။ ဟုတ်တယ်လေ၊ တစ်နှစ်ပဲ ကြီးတာ။ ဘာလို့ နေရာတကာမှာ သူ့ကိုပဲ ဦးစားပေးနေရမှာလဲ။ ကျွန်မ တက္ကသိုလ်တက်ဖို့ သုံးနှစ်လုံးလုံး ပိုက်ဆံစုခဲ့ရတယ်။ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာ၊ ကိုယ့်ဘာသာကိုယ် ရပ်တည်ခဲ့ရတာ။ သုံးနှစ်လုံးလုံး အလုပ်လုပ်ပြီး မဟာဘွဲ့ဆက်တက်ဖို့ စုထားတဲ့ ပိုက်ဆံလေးကို ရှင်တို့က သူ့ကို ရည်းစားထားဖို့ ပေးခိုင်းနေတယ် ဟုတ်လား"

"ဒါဆို ကျွန်မကရော ဘယ်လိုလုပ်ရမလဲ။ ကျွန်မ သူ့ကို ပိုက်ဆံပေးရမယ်။ ကျွန်မ ကျောင်းတက်တုန်းက ရှင်တို့ တစ်ပြားတစ်ချပ်မှ ပေးခဲ့ဖူးလို့လား။ အထက်တန်းအောင်တော့ တစ်ရွာလုံး လျှောက်ပြီး အဘိုး၊ အဘွားတွေဆီက ပိုက်ဆံချေးငှားခဲ့ရတာ။ အဲ့ဒီပိုက်ဆံတွေကိုတောင် ရှင်တို့ကယူပြီး သူ့အတွက် အဝတ်အစားတွေ သွားဝယ်ပေးခဲ့တယ် မဟုတ်လား။ ကျွန်မ ကျောင်းတက်နိုင်ဖို့ အမှိုက်ကောက်ခဲ့ရတယ်၊ သူငယ်ချင်းတွေနဲ့ တိတ်တိတ်လေး ဈေးရောင်းခဲ့ရတယ်။ နောက်မှ အတန်းပိုင်ဆရာမက သိသွားပြီး ပထမနှစ်ကျောင်းစရိတ်ကို ထုတ်ပေးခဲ့တာ။ ရှင်တို့ကရော ဘာလုပ်ပေးခဲ့လဲ။ ကျွန်မကို ဒီလိုစုတ်ပြတ်နေတဲ့ ရွာမှာပဲထားပြီး မြန်မြန်အိမ်ထောင်ချ၊ ပိုက်ဆံဖြစ်အောင် လုပ်ဖို့ပဲ စဉ်းစားခဲ့ကြတာ မဟုတ်လား"

"ရှင်တို့ရင်ထဲမှာ ကျွန်မဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူတစ်ယောက်ပဲ ရှိခဲ့တာ။ ငယ်ငယ်ကတည်းက ဒီအတိုင်းပဲ။ သကြားလုံးဝယ်ရင်လည်း သူ့အတွက်ပဲ။ ကျွန်မ တစ်လုံးလောက်စားမိရင်တောင် အရိုက်ခံရတယ်"

"အရုပ်ဝယ်ရင်လည်း သူကြိုက်တဲ့ သေနတ်ပဲ ဝယ်ပေးတယ်။ ပျက်သွားရင်တောင် ကျွန်မကိုင်လို့မရဘူး။ ကျွန်မဘာသာ အမှိုက်ကောက်ပြီး အရုပ်မလေးတစ်ရုပ် ဝယ်လာတော့လည်း ရှင်တို့က ကျွန်မကို တိုးတက်လိုစိတ်မရှိဘူး၊ အသုံးမကျဘူး၊ အမှိုက်ပဲဆိုပြီး ရိုက်နှက်ခဲ့ကြတယ်။ ပြီးတော့ ကျွန်မရှေ့မှာပဲ အဲ့ဒီအရုပ်မလေးကို မီးဖိုထဲ ပစ်ထည့်ပြီး မီးရှို့ပစ်ခဲ့ကြတယ်"

"ကျွန်မက မောင်လေးထက် တစ်နှစ်ပဲ ကြီးတာပါနော်။ သန်းခေါင်ယံမတိုင်ခင်နဲ့ သန်းခေါင်ယံကျော်သွားတဲ့ စက္ကန့်ပိုင်းလေးအတွင်းက တစ်နှစ်ပဲလေ။ သူက ကလေးဖြစ်နေတဲ့အချိန်မှာ ကျွန်မကရော လူကြီးဖြစ်နေပြီလား။ ဘာလို့ သူက ကလေးဘဝကို ပိုင်ဆိုင်ခွင့်ရှိပြီး ကျွန်မက မရှိရတာလဲ။ ဘာလို့ သူတက္ကသိုလ်စာမေးပွဲကျတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန်ရောင်းပြီး ပုဂ္ဂလိကကျောင်းမှာ ပညာသင်ခိုင်းရတာလဲ။ ပြီးတော့ လစဉ်မုန့်ဖိုးတစ်ထောင်တောင် ပေးသေးတယ်။ ကျွန်မကတော့ ကိုယ့်ဘာသာ အလုပ်လုပ်ပြီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်မ မနည်းစုထားတဲ့ ပိုက်ဆံကို ဘာလို့ သူ့ကို ပေးရမှာလဲ။ ဘာလို့လဲ... ဘာလို့လဲလို့..."

ရွှီကျဲတစ်ယောက် အသံကုန်ခြစ်ပြီး အော်ဟစ်နေတော့တယ်။ ဒီလိုမေးခွန်းတွေဆက်တိုက်ကြားရတော့ ယွီဟွေးဖေးတောင် သူ့ကိုယ်စား ဒေါသထွက်လာရော။ ဟုတ်တယ်လေ၊ သူမက သူ့မောင်ထက် တစ်နှစ်ပဲ ကြီးတာ။ သူ့မောင် ကလေးဖြစ်နေတဲ့အချိန်မှာ သူမကရော လူကြီးဖြစ်နေပြီလား။ ဒီလိုဆက်ဆံတာကတော့ တော်တော်လွန်တာပေါ့ဗျာ။

ယွီဟွေးဖေးက ရွှီကျဲရဲ့မိဘတွေ ဒီလိုမေးခွန်းတွေကြားရင် အပြစ်ရှိသလို ခံစားရမယ်၊ အနည်းဆုံးတော့ စဉ်းစားမိမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကြားလိုက်ရတာကတော့ ရွှီကျဲရဲ့အဖေ ဒေါသတကြီး အော်ဟစ်သံပါပဲ။

"နင်... နင် ငါတို့ကို ပြန်အော်ရဲတယ်ပေါ့ ဟုတ်လား။ ကောင်မ၊ နင်တော်တော် သတ္တိတွေရှိနေပါလား။ ငါ... ငါ နင့်လို အမွေခံမထိုက်တန်တဲ့ကောင်မကို သတ်ပစ်မယ်။ နင်မရှိဘူးလို့ပဲ ငါသဘောထားလိုက်မယ်"

ပြောပြီးတာနဲ့ တရစပ်ရိုက်နှက်သံတွေ ထွက်လာရော။ တစ်ပြိုင်နက်တည်းမှာပဲ ရွှီကျဲရဲ့အမေကလည်း ဝင်ပြောလေရဲ့။

"ရိုက်... ကောင်းကောင်းရိုက်... ဒီကောင်မ သတ္တိတွေ သိပ်ရှိနေတာ။ ငါတို့ကို ပြန်အော်ရဲတယ်ပေါ့။ အစကတည်းက နင့်ကို မမွေးခဲ့သင့်တာ"

ရွှီကျဲက နာကျင်စွာ အော်ဟစ်ရင်းနဲ့ "မမွေးချင်လို့မှ မရတာ။ အမြွှာပူးလေ၊ ကျွန်မသေရင် သူလည်းသေမှာပဲ။ ကျွန်မ မသိဘူးများ ထင်နေလား။ ကျွန်မအဒေါ်သာ မရှိခဲ့ရင် ငယ်ငယ်ကတည်းက ရှင့်လက်ထဲမှာ ရေနစ်သေနေလောက်ပြီ"

"ပါးစပ်ပိတ်စမ်း... ဖယ်၊ ငါရိုက်မယ်"

ရွှီကျဲရဲ့အမေက အော်ဟစ်ပြီး တဖျတ်ဖျတ်နဲ့ ရိုက်နှက်သံတွေ ထွက်လာပြန်တယ်။ ယွီဟွေးဖေး ဒီအထိကြားလိုက်ရတော့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထောင်သွားတယ်။ ဒါ မိဘတွေမှ ဟုတ်ရဲ့လား။ ဒါက တကယ့်ကို မကောင်းဆိုးဝါးတွေပဲ။ ရွာထဲကလူတွေက ရွှီကျဲဟာ ကလေးကောင်းတစ်ယောက်၊ ဒါပေမဲ့ မွေးဖွားလာတဲ့ မိသားစုက မှားနေတယ်လို့ ပြောကြတာ မဆန်းတော့ဘူးပဲ။

ယွီဟွေးဖေးက ဇာတ်လမ်းထဲကလူ မဟုတ်ပေမယ့် အခုအချိန်မှာတော့ ဒေါသထွက်လွန်းလို့ အဆုတ်တွေတောင် ပေါက်ကွဲထွက်မတတ်ပါပဲ။ အဲ့ဒီအချိန်မှာ ရွှီကျဲရဲ့မောင်က ရုတ်တရက် အော်ပြောလိုက်တယ်။

"အမေ၊ အဖေ၊ ကျွန်တော် မှန်းတာမှန်တယ်။ သူ့ရဲ့ ငွေပေးချေမှု စကားဝှက်က တကယ်ပဲ အဖေ အမေတို့နှစ်ယောက်ရဲ့ မွေးနေ့ကို ပေါင်းထားတာပဲ။ ပိုက်ဆံက ယွမ်နှစ်သောင်းတောင်ရှိတယ်။ ကျွန်တော် အခုပဲ လွှဲလိုက်တော့မယ်"

ယွီဟွေးဖေး ကြားလိုက်တော့ ရင်ထဲမှာ စူးခနဲ ဖြစ်သွားတယ်။ ဒီလိုမိဘတွေကိုတောင် သူမက သူတို့ရဲ့မွေးနေ့ကို သူ့အတွက် အရေးကြီးဆုံးဖြစ်တဲ့ စကားဝှက်အဖြစ် သုံးခဲ့တာပါလား။ သူ့ရင်ထဲမှာ သူတို့အပေါ် ကောင်းတဲ့စိတ်လေးတွေ ရှိနေသေးတာပဲ။ ဒီလောက်ဖြစ်နေတာတောင် သူတို့နှစ်ယောက် စိတ်မကောင်းဖြစ်သွားမယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့...

"တကယ်လား။ မြန်မြန် ပိုက်ဆံလွှဲလိုက်စမ်း" ရွှီကျဲရဲ့အဖေက အော်ပြောလိုက်တဲ့အပြင် ရွှီကျဲရဲ့အမေကလည်း ဆက်ပြီး ဆဲဆိုတယ်။

"နင် တော်တော် အရှက်မရှိတဲ့ကောင်မပဲ။ ပိုက်ဆံတွေ ဒီလောက်တောင် ဝှက်ထားတယ်။ ငါပြောထားမယ်... ဒီနေ့ကစပြီး နင် တစ်ပြားမှ ဝှက်ထားခွင့်မရှိဘူး။ ပြီးတော့ ငါ နင့်အတွက် ဘေးရွာက အရူးဝမ်နဲ့ စီစဉ်ထားပြီးပြီ။ နှစ်ကုန်ရင် လက်ထပ်ရမယ်"

ဒါကို ရွှီကျဲ ကြားလိုက်တော့ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။

"ဘာလို့လဲ"

"ဘာလို့ ဟုတ်လား။ ငါ နင့်ကို မွေးထားလို့ပေါ့။ ပြီးတော့ အရူးဝမ်က ဘာဖြစ်နေလို့လဲ။ သူ့နာမည်ကသာ အရူးဝမ်၊ လူက မရူးပါဘူးဟဲ့။ သူတို့အိမ်က ချမ်းသာတယ်။ မင်္ဂလာဦးတင်တောင်းဖို့ ယွမ်နှစ်သိန်းပေးမယ်၊ မြို့ထဲက တိုက်ခန်းတစ်ခန်းပါ ပေးဦးမှာ။ နင်က ဘာဖြစ်ချင်သေးတာလဲ။ နတ်ပြည်တက်ချင်နေတာလား။ အဲ့ဒီတိုက်ခန်းကို နင့်မောင်နာမည်နဲ့ ငါရေးထားမလို့။ နောင်ကျရင် နင့်မောင် မင်္ဂလာဆောင်တဲ့အခါ သုံးဖို့ပေါ့..."

ရွှီကျဲက ဒေါသတကြီးနဲ့ "ကျွန်မ လက်မထပ်နိုင်ဘူး"

"လက်မထပ်ဘူး ဟုတ်လား။ ဒါကတော့ နင့်သဘောအတိုင်း ဖြစ်လာမှာမဟုတ်ဘူး။ နင် နောက်နှစ်ဆို ဘွဲ့ရတော့မှာ မဟုတ်လား။ နင့်ဘာသာနင် စဉ်းစားကြည့်ပေါ့။ နင်သာ လက်ထပ်ရင် ကျောင်းဆက်တက်ပြီး ဘွဲ့လက်မှတ် သွားယူလို့ရမယ်။ နင်သာ လက်မထပ်ဘူးဆိုရင် ဒီနေ့ ဒီအိမ်ထဲက နင်ထွက်သွားလို့ရမယ် မထင်နဲ့။ ကျောင်းကို တစ်ဝက်လောက် ပျက်လိုက်ရင် နင် ဘယ်လို ဘွဲ့လက်မှတ် သွားယူမလဲ ငါကြည့်ချင်သေးတယ်" လို့ ရွှီကျဲရဲ့အမေက ယုတ်မာတဲ့အသံနဲ့ ပြောလိုက်ရော။

ဒီစကားကြားတော့ ရွှီကျဲက အော်ဟစ်လိုက်တယ်။ "ရှင်တို့ ဒီလိုလုပ်လို့မရဘူး။ ရှင်တို့ ဘာတွေလုပ်ချင်နေကြတာလဲ။ ကျွန်မလည်း ရှင်တို့ရဲ့ သမီးအရင်းပါ... ဘာလို့ ကျွန်မကို ဒီလောက်တောင် ဖိအားပေးနေရတာလဲ"

ရွှီကျဲရဲ့အဖေက နာကျင်နေတဲ့ သူမကို ကြည့်ပြီး အသံနည်းနည်းပျော့သွားပြီး "တော်ပြီ၊ မငိုနဲ့တော့။ မျက်နှာသွားသစ်ပြီး အိပ်တော့။ နင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို သေချာစဉ်းစား။ နင်က အစ်မပဲဟာ၊ နင့်မောင်ကို ကူညီတာ ဘာဖြစ်လဲ"

"ဟုတ်တယ်လေ အစ်မ... အဲ့ဒီအရူးဝမ်က မကောင်းလို့လား။ သူတို့က ချမ်းသာတယ်။ သူ့အဖေအမေသာ သေသွားရင် အိမ်မှာ အရူးတစ်ယောက်ပဲ ကျန်မှာ။ အဲ့ဒီအခါကျရင် အိမ်က အစ်မပဲ ခြယ်လှယ်ရမှာ မဟုတ်လား" ရွှီကျဲရဲ့မောင်က လေသံစောင်းနဲ့ ဝင်ပြောလိုက်လေရဲ့။

ရွှီကျဲ ကြားလိုက်တော့ ဒေါသထွက်ပြီး သူ့ကို လက်ညှိုးထိုးရင်း "နင်... ပါးစပ်ပိတ်ထား"

ဖြောင်း...

ပါးရိုက်သံတစ်ချက် ထွက်လာရော။

"နင် တော်တော် စိတ်ကြီးနေပါလား။ လူကိုတောင် ပြန်အော်ရဲတယ်ပေါ့။ ကြည့်ရတာ ရိုက်တာ နည်းသေးတယ်ထင်တယ်" ရွှီကျဲရဲ့အမေက ထပ်ပြီး ဒေါသထွက်လာတယ်။

"ရွှီကြီး၊ ရှင်သူ့ကို ဆက်ရိုက်စမ်းပါ။ သူ့ခြေထောက်ကို ရိုက်ချိုးလိုက်။ ညဘက် ဘယ်လိုထွက်ပြေးမလဲ ကြည့်ချင်သေးတယ်"

ဆဲဆိုပြီးတော့ ရွှီကျဲရဲ့အမေက သူ့သားဘက်ကို လှည့်ပြီး နူးညံ့တဲ့အသံနဲ့ "အို... ငါ့သားလေး စိတ်မဆိုးနဲ့နော်။ နင့်အစ်မက အသိတရားမရှိလို့ပါ..."

All Chapters