← Chapters

ဟင်း

Vol. 8 Ch. 118

ဟင်း

Vol. 8 Ch. 118

အရေအတွက် အတိအကျကိုတော့ ယွီဟွေးဖေးက မရေနိုင်ဘူး၊ ဒါပေမဲ့ နောက်တစ်ခါ ထပ်စိုက်ပျိုးပြီး အထွက်နှုန်းကောင်းကောင်း ထပ်ရဖို့ လုံလောက်တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်းပဲ။

ဒါကြောင့် ယွီဟွေးဖေးက နွားခေါင်းကို ချက်ချင်းပဲ ဆလတ်ရွက်ခင်းကို တူးခိုင်းပြီး မျိုးစေ့ကို စိုက်ထည့်ပြီးတော့ အနီးအနားက ရေကန်ထဲကနေ ရေခပ်ပြီး စပါးခင်းထဲကို လောင်းထည့်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ယွီဟွေးဖေးက ရူးမတတ် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ ဒီစပါးခင်းက ရေစိမ့်တာ အရမ်းမြန်တော့ သူလောင်းတဲ့ အရှိန်က ရေစိမ့်တဲ့ အရှိန်ကို မမီဘူး။

"တူးမြောင်းတစ်ခု တူးလိုက်ပါလား" နွားခေါင်းက ဒါကိုမြင်တော့ အကြံဝင်ပေးတာပေါ့။

ယွီဟွေးဖေးက ခေါင်းညိတ်တယ်။ လက်ရှိအခြေအနေမှာတော့ ဒီလိုပဲ လုပ်လို့ရတော့မယ်။

အဲ့တော့ အောက်ထပ်ဆင်းပြီး မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်တို့ကိုပါ ခေါ်ပြီးတော့ တစ်ယောက်တစ်ချောင်း ပေါက်တူးကိုင်ပြီး အလုပ်စလုပ်ကြတော့တယ်။

နွားခေါင်းကတော့ အဓိက အင်အားစုပဲ၊ ဒီကောင်က လူပုံစံနဲ့ နွားခေါင်းတံဆိပ် တူးစက်ကြီး၊ တစ်နွားတည်းနဲ့ ရှေ့ဆောင်။ မြင်းမျက်နှာက နောက်ကနေ လိုက်တာလည်း မနှေးဘူး။ နောက်ဆုံးမှာတော့ ယွီဟွေးဖေးနဲ့ သရဲဖြူ၊ သရဲနက်တို့က လုံးဝ အသုံးမဝင်တော့ဘူး၊ ကြည့်နေရုံပဲ တတ်နိုင်တော့တယ်လေ။ ဒါမှမဟုတ် နွားခေါင်းတူးထုတ်လိုက်တဲ့ မြေကြီးတွေကို ဘေးကို ညီညာအောင် ညှိပေးပြီး ဒီနေရာကို လှပအောင် လုပ်ပေးရုံပဲ။

မကြာခင်မှာပဲ တူးမြောင်းက နေရာကျသွားပြီ။ ရေကန်ထဲက ရေကို ဆွဲသွင်းပြီးတော့ ယွီဟွေးဖေးက မျိုးစေ့ကို စပါးခင်းထဲ စိုက်ထည့်လိုက်တယ်။ ပြီးတော့ သူက နွားခေါင်း၊ မြင်းမျက်နှာတို့ကို ကူညီခိုင်းပြီး အဲ့ဒီဆိုင်ကယ်ကို လယ်ကွင်းဘက်ကို မျက်နှာမူပြီး အိတ်ဇောငွေ့တွေ မှုတ်ခိုင်းတာပေါ့။ ဒါပေမဲ့ ဒီဆိုင်ကယ်ရဲ့ အင်ဂျင်က အရမ်းသေးတော့ သိသိသာသာပဲ အသုံးမဝင်တော့ဘူး။

ယွီဟွေးဖေးက အကြံတစ်ခု ရသွားပြီး အောက်ထပ်ဆင်း၊ အောက်ခန်းထဲမှာ အရင်က သူ့အဘိုး ဖန်လုံအိမ်ဆောက်တုန်းက သုံးတဲ့ ပစ္စည်းတွေကို ရှာတွေ့တယ်။ အဲ့တော့ အပေါ်ထပ် ပြန်တက်လာပြီး သရဲဖြူ၊ သရဲနက်တို့ကို အဲ့ဒီဖန်လုံအိမ်ဘောင်တွေကို သွားယူခိုင်းတယ်။ သူတို့က စပါးခင်းတစ်ခုလုံးကို ဖန်လုံအိမ်နဲ့ ဖုံးအုပ်လိုက်မို့ပဲ။

နောက်ဆုံးမှာတော့ ဆိုင်ကယ်ကို တစ်ခုတည်းသော ထွက်ပေါက်မှာထား၊ အရှိန်ကုန်ဖွင့်၊ အိတ်ဇောငွေ့တွေ တဒုတ်ဒုတ်နဲ့ အတွင်းကို မှုတ်သွင်း။ ညနေစောင်းတော့ ယွီဟွေးဖေးက အားလုံး ကြီးထွားလာတဲ့ စပါးပင်တွေကို ကြည့်ပြီး ရယ်မောလိုက်လေရဲ့။

"ဟူး... နောက်ဆုံးတော့ စားစရာပြတ်မှာကို မစိုးရိမ်ရတော့ဘူး"

"ယွီလေးရေ... ဒီဆိုင်ကယ် ဘယ်လိုလုပ် မလှုပ်တော့တာလဲ"

အဲ့ဒီအချိန်မှာ မြင်းမျက်နှာက အော်လိုက်တဲ့အသံကို ယွီဟွေးဖေး ကြားလိုက်တော့ ကပ်သွားပြီး ကပ်သွားကြည့်လိုက်တော့... သေစမ်း... ဆီကုန်သွားပြီဟ။

ယွီဟွေးဖေး ချက်ချင်းပဲ နည်းနည်းအားနာသွားတယ်၊ ဘာပဲဖြစ်ဖြစ် ဒီဆိုင်ကယ်က ငှားလာတာကိုး။

ဆိုင်ကယ်ငှားလာတာက ပိုက်ဆံမကုန်ပေမယ့် သူများဆီကို သုံးပြီးရင်တော့ ပြန်ဖြည့်ပေးရမှာပေါ့။

ဒါပေမဲ့ ပြဿနာက သူမှာ ပိုက်ဆံမရှိဘူး။

ယွီဟွေးဖေး စဉ်းစားပြီးရင်း စဉ်းစား၊ နောက်ဆုံးမှာတော့ နွားခေါင်းကို ဆိုင်ကယ်ကို အောက်ထပ်သယ်ခိုင်းလိုက်ပြီးတော့ တခြားလူတွေကို ဆန်သိမ်းခိုင်းတယ်။

မကြာခင်မှာပဲ စုန့်လောင်အာရဲ့ အိမ်တံခါးဝမှာ ရှေ့က ဆီတစ်စက်မှ မကျန်တော့တဲ့ ဆိုင်ကယ်နဲ့ သူ့ရှေ့မှာ ချထားတဲ့ ဆန်တစ်အိတ်ကို ကြည့်ပြီး သူ့ခဗျာ ကြောင်တောင်တောင် ဖြစ်နေရှာရော။

ယွီဟွေးဖေးက "အားနာပါတယ်၊ ဒီ... ဆီတွေ အကုန် ကုန်သွားပြီ။ ကျုပ်မှာလည်း ခင်ဗျားကို ဆီပြန်ဖြည့်ပေးဖို့ ပိုက်ဆံမရှိဘူး၊ ဒီဆန်တစ်အိတ်က ဆီဖိုးလို့ပဲ သဘောထားလိုက်ပါ"

စုန့်လောင်အာက အဲ့ဒီတော့မှ ယွီဟွေးဖေး ဘာလုပ်ချင်တာလဲဆိုတာ နားလည်သွားတယ်၊ ချက်ချင်းပဲ ယွီဟွေးဖေးကို မျက်လုံးစွေကြည့်ရင်း "သွားစမ်းပါကွာ... မင်း ဘယ်သူ့ကို အထင်သေးနေတာလဲ။ ငါ စုန့်လောင်အာရဲ့ အသက်က မင်းကယ်ထားတာ၊ ဒီလောက် ဆီဖိုးလေးကို ယူရမှာလား"

ယွီဟွေးဖေးက ခေါင်းခါပြီး "စကားကို ဒီလိုပြောလို့မရဘူး..."

စုန့်လောင်အာကလည်း " ဒါဆိုကောင်းပြီ... မင်းပိုက်ဆံပေးလည်းရတယ်။ ဒါပေမဲ့ ငါ စုန့်လောင်အာရဲ့ ဒီအသက်က ဘယ်လောက်တန်လဲဆိုတာ မင်းပြန်တွက်ပေးရမယ်"

ယွီဟွေးဖေး ဘာပြန်ပြောရမှန်းမသိတော့ဘူး...။

စုန့်လောင်အာက ပါးစပ်ကိုမဲ့ပြီး ပြုံးလိုက်ရင်း "တန်ဖိုးမရှိတဲ့ အသက်တစ်ချောင်းပေမယ့် ငါကတော့ အရမ်းတန်ဖိုးထားတယ်။ ငါက အဖိုးမဖြတ်နိုင်ဘူးလို့ပြောရင် မင်း ကန့်ကွက်စရာ မရှိဘူးမလား"

ယွီဟွေးဖေး နောက်ဆုံးမှာတော့ ခါးသီးစွာ ပြုံးပြီး အဲ့ဒီဆန်တစ်အိတ်ကိုထမ်းပြီး အိမ်ပြန်သွားတယ်။

အိမ်ပြန်ရောက်တော့ အောက်ခန်းထဲက ဆန်ထည့်တဲ့ စတီးပုံးထဲမှာ အပြည့်ဖြစ်နေတဲ့ ကြည်တော်ဝင်ဆန်ကို ကြည့်ပြီး မျက်နှာကြီးက ပြုံးဖြီးနေတော့တာပဲ...။

"နှစ်ရာက တကယ်ဈေးမကြီးဘူး။ ဆိုင်ကယ်အတွက်ကတော့ နည်းနည်းပြသနာရှိသား..." ယွီဟွေးဖေးက တိုးတိုးလေး ရေရွတ်ပြီး လှည့်ထွက်သွားတော့တာပဲ။

ညစာကို ယွီဟွေးဖေးက ကြည်တော်ဝင်ဆန်တစ်အိုး ချက်လိုက်တယ်။ မျက်ပြူးကြီးက ကြည်တော်ဝင်ဆန်က ဘုန်းကြီးကျောင်းသားနဲ့ ဗုဒ္ဓသားတော်တွေ စားတာ၊ အရသာက ရှယ်ပဲလို့ ပြောခဲ့ပေမယ့် ယွီဟွေးဖေးက အခု သူ့စကားကို အခြေခံအားဖြင့် သိပ်မယုံတော့ဘူး၊ နားနဲ့ကြားတာက မမှန်ဘူး၊ မျက်စိနဲ့မြင်မှ အမှန်။

"ကလေးယွီရယ်၊ ငါမင်းကို ပြောမယ်၊ အဲ့ဒါ တကယ်ပဲ တိဗက်ဘုရင် ဘုန်းကြီးယောင်ဆောင်ကောင်က ခွေးကျွေးတာဟ"

ယွီဟွေးဖေးက မြည်းကြည့်ပြီးမှ ပြောမလို့ရှိသေး မြင်းမျက်နှာက ကပ်လာပြီး အိုးထဲက ဆန်ကို မနှစ်မြို့တဲ့ပုံစံနဲ့ ကြည့်ပြီး ပြောပါလေရော။

မျက်ပြူးကြီးကလည်း ဘာရမလဲ ချက်ချင်း ပြန်အော်တာပေါ့။ "ဘာ ခွေးကျွေးတာလဲ။ ဒါ ကြည်တော်ဝင်ဆန်ကွ။ ဘုန်းကြီးတွေ စားတာ"

မြင်းမျက်နှာက မျက်လုံးပြူးကြီးကို တစ်ချက်ကြည့်ပြီး "ငါသိတယ်... ဒါပေမဲ့ တိဗက်ဘုရင် အဲ့ဒီကတုံးက ဒါနဲ့ ခွေးကျွေးတာလေ။ မင်း တကယ်ပဲ စားမှာလား"

တခြားသူတွေ ကြားလိုက်တော့လည်း မနှစ်မြို့တဲ့ပုံစံတွေနဲ့ပေါ့။ ယွီဟွေးဖေးက သူတို့ကို ဂရုမစိုက်ဘူး၊ ထမင်းတစ်အိုး ချက်ကျက်သွားတော့ အိုးဖုံးကို ဖွင့်လိုက်တဲ့ တစ်ခဏမှာ သူသိလိုက်ပြီ။ မျက်ပြူးကြီးက ဒီတစ်ခါ သူ့ကိုမလိမ်ဘူး၊ တကယ်ပဲ သူ့ကို အကြီးအကျယ် မြတ်အောင် ကူညီပေးခဲ့တာပဲ။

ကြည်တော်ဝင်ဆန် ချက်ကျက်သွားတော့ ဖျော့တော့တဲ့ ရွှေရောင်က ပျောက်ကွယ်သွားပြီး ကြည်လင်တဲ့ အဖြူရောင် ဖြစ်သွားတယ်။ စေ့တိုင်းက ပြည့်တင်းနေပြီး မီးရောင်နဲ့ ထောင်ကြည့်လိုက်ရင် ကြည်လင်ထွင်းဖောက်လုနီးပါးပဲ။ ပါးစပ်ထဲ ထည့်လိုက်တော့ ဆန်စေ့အပြင်ဘက်မှာ ပါးလွှာတဲ့ အလွှာလေးတစ်ခုနဲ့ ဖုံးအုပ်ထားသလိုပဲ၊ ချောမွေ့တယ်။

ညင်ညင်သာသာ ကိုက်လိုက်တော့ ပါးလွှာတဲ့ အလွှာလေးက ပေါက်ကွဲသွားပြီး အရသာက ချက်ချင်းပဲ ချောမွေ့ရာကနေ နူးညံ့အိစက်တဲ့ ခံစားမှုအဖြစ် ပြောင်းလဲသွားတယ်၊ တစ်ပြိုင်နက်တည်းမှာပဲ ဆန်ရဲ့ ထူးခြားတဲ့ မွှေးရနံ့က ပါးစပ်ထဲမှာ ပျံ့နှံ့သွားရော။

ဒီဆန်က အရမ်းမွှေးသလို မွှေးရနံ့ထဲမှာ ချိုမြိန်တဲ့အရသာ ပါနေသေးတော့ ယွီဟွေးဖေး စားဖူးသမျှ ဆန်အားလုံးထက် ပိုကောင်းတယ်။ သူက အရမ်းကို ပျော်ရွှင်စွာနဲ့ ဒီထမင်းတစ်အိုးကို မပြီး အပြင်ထွက်လာပြတာပေါ့။

"အားလုံး ကြည့်ကြ၊ ဒီဆန် တကယ်ကောင်းတယ်"

ဒါပေမဲ့ တွေ့လိုက်ရတာက နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ ချွေ့ကျွယ်အပါအဝင် အားလုံးက ဘာမှမဖြစ်သလို ပုံစံတွေနဲ့။

"တကယ်ကောင်းတာနော်"

နွားခေါင်းက "ကောင်းမှန်းသိတယ်၊ ဒါပေမဲ့... ဒီပစ္စည်းကို ငရဲပြည်မှာ ငါတို့ နှစ်တွေအများကြီး စားခဲ့ပြီးပြီ။ ငါတို့စားတာက ဗုဒ္ဓကြည်တော်ဝင်ဆန် မဟုတ်ပေမယ့် နတ်ပြည်မှာလည်း အထူးထောက်ပံ့တာ ရှိတယ်... ငရဲတမန်တွေက ထမင်းစားစရာမလိုပေမယ့် ငါတို့ရဲ့ ငရဲဝိညာဥ်ဆန်ရဲ့ အရသာက ဒါထက် မညံ့ဘူး။ ကဲ... ယွီလေးရာ ထားလိုက်ပါတော့။ ငါတို့ ညစာအတွက် အသားရော ပါလား"

ယွီဟွေးဖေး ချက်ချင်းပဲ စကားမပြောနိုင်တော့ဘူး၊ သူ မေ့သွားတယ်လေ။ ဒီကောင်တွေက ငရဲပြည်က ငရဲတမန်တွေပဲ။ အဆင့်အတန်းက သာမန် ဘုန်းကြီးတွေထက် အများကြီး မြင့်တယ်၊ သူတို့စားတာက နန်းတွင်းအထူးထောက်ပံ့၊ ဘယ်လိုလုပ် ဒီဗုဒ္ဓဆန်ထက် ညံ့မှာလဲ။ သူတို့ တောင့်တတာက အသားပဲ။

ယွီဟွေးဖေးက ခါးသီးစွာ ပြုံးပြီး "နောက်ရက်နည်းနည်းလောက် သည်းခံလိုက်ပါဦး၊ ဧည့်သည်လာရင် အဆင်ပြေသွားမှာပါ"

ဘာပြောနိုင်မှာလဲ။ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့ပြီး ထမင်းစားကြတော့တယ်...

နွားခေါင်းကတော့ "ဒီတစ်ခါတော့ တကယ်အကျဉ်းကျနေတာပဲ။ အရင်ဆုံး မြက်စား၊ ပြီးတော့ ထမင်းစား၊ ဟင်းတောင်မရှိဘူး... အား... ဘဝ ဘဝ..." လို့ တိုးတိုးလေး ရေရွတ်နေလေရဲ့။

ယွီဟွေးဖေး ဒီစကားကြားလိုက်တော့ ဉာဏ်အလင်းတစ်ခု ရသွားရော။ "ဟင်းရှိတယ်"

"ဘာဟင်းလဲ"

သူက ချက်ချင်း မီးဖိုချောင်ထဲပြေးပြီး ထောင့်မှာထားတဲ့ အိုးကြီးကို ထမ်းထွက်လာတယ်။ ဒါက အရင်က လျိုရှင်းက ကင်မ်ချီစိမ်ဖို့ သုံးတဲ့ အိုးကြီးပဲ။ ကင်မ်ချီက တစ်ရက်တည်းနဲ့ စိမ်လို့မရဘူး၊ ပုံမှန်အားဖြင့် တစ်လလောက် စိမ်ရတယ်။ အခု အချိန်က တစ်လမပြည့်သေးပေမယ့် မတတ်နိုင်တော့ဘူး၊ အရင်ဆုံးထုတ်ပြီး အာသာဖြေလိုက်ရုံပေါ့။

ယွီဟွေးဖေးက အိုးကို ဖွင့်ပြီး အတွင်းကနေ ကင်မ်ချီတစ်ထုပ်ကို ထုတ်လိုက်တယ်။ ကင်မ်ချီက နီရဲနေပြီး ငရုတ်သီးတွေ အပြည့်ကပ်နေရော။ တစ်ပြိုင်နက်တည်းမှာပဲ အချဉ်ဖောက်ပြီးနောက် ထူးခြားတဲ့ မွှေးရနံ့က ယွီဟွေးဖေးရဲ့ အာသာငမ်းငမ်းဖြစ်မှု စားချင်စိတ်အားလုံးကို ချက်ချင်း နှိုးဆွလိုက်တယ်။ မစားရသေးပေမယ့် သူအာမခံနိုင်တယ်၊ ဒီအရသာက သေချာပေါက် အစစ်အမှန်ပဲ။

တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက စိတ်ထဲမှာ လျိုရှင်းဆိုတဲ့ ကောင်မလေး၊ တော်လိုက်တာ၊ ဘာလုပ်လုပ် စားလို့ကောင်းတယ်လို့ ချီးကျူးနေမိသေး။

ကင်မ်ချီနှစ်ထုပ်ကို ထုတ်ပြီး ဓားနဲ့လှီး၊ စားပွဲပေါ် တင်လိုက်တယ်။ နွားခေါင်းတို့က မူလကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ပေါ့။ ဒါပေမဲ့ ကြည့်လိုက်တော့ ဟင်းသီးဟင်းရွက်ပဲ။ တော်တော်ရွံရှာစရာပဲဆိုတဲ့ မနှစ်မြို့တဲ့ပုံစံတွေ ဖြစ်နေကြလေရဲ့။

All Chapters