← Chapters

ရုတ်တရက် အပူချိန်ကျဆင်းခြင်း

Vol. 8 Ch. 120

ရုတ်တရက် အပူချိန်ကျဆင်းခြင်း

Vol. 8 Ch. 120

တကယ်ကြီး လျိုရှင်းက စာတစ်ကြောင်း ပြန်ထားတယ်။

"အခြေအနေကြည့်ပြီးပေါ့၊ အချိန်ရှိရင်တော့ ငါလည်း လာချင်ပါတယ်။ အဲ့ဒီမှာ ငါကြိုက်တဲ့ ရှုခင်းတွေ အများကြီး မဆွဲရသေးဘူး"

ဒီစားလေးကြောင့် ယွီဟွေးဖေးရဲ့ စိတ်ထဲမှာ နည်းနည်းလေး ပျော်ရွှင်သွားတယ်။ ဒါ သဘောတူလိုက်တာလား။

"ကောင်းပြီ၊ ငါတို့ နင့်ကို စောင့်နေမယ်"

ရိုးရှင်းတဲ့ စာတစ်ကြောင်း၊ ဒါပေမဲ့ ကိစ္စကို အတည်ပြုလိုက်တဲ့သဘော။

ဒါ ချွေ့ကျွယ်ရဲ့ လက်ရာဖြစ်လောက်မယ်။

"ကောင်းပါပြီ၊ အပြုံးမျက်နှာလေးတစ်ခုနဲ့ 😊"

"ကောင်းပြီ၊ မပြောတော့ဘူးနော်... အိပ်ပြီ Good Night"

ဒါက အဆုံးသတ်စကား။

လျိုရှင်းက စာတစ်ကြောင်း ပြန်တယ် "အင်း"

ယွီဟွေးဖေးရဲ့ မျက်နှာက မည်းသည်းနေပြီ... ဒီကောင်တွေ ဖွန်ကြောင်တာ သူထက်တောင် ကျွမ်းကျင်သေးဟ။ ဒါတွေ တကယ်ပဲ ငရဲပြည်က ငရဲတမန်တွေလား။ နှစ်ပေါင်းထောင်ချီနေတဲ့ ကာမဘီလူးဘိုးဘေးတွေက ဟန်ဆောင်နေတာ မဟုတ်လောက်ပါဘူးနော်။

အဲ့ဒီအချိန်မှာ သရဲဖြူက ကပ်လာပြီး တစ်ဖက်က ပြန်တဲ့ "အင်း" ကို ကြည့်ပြီး လေးနက်တဲ့ပုံစံနဲ့ "ဒီအချိန်မှာ... မင်းက "မဟုတ်ဘူး" လို့ပြန်ဖြေသင့်တယ်"

ယွီဟွေးဖေးက နားမလည်တဲ့ပုံစံနဲ့ သရဲဖြူကို ကြည့်ပြီးနောက် ချက်ချင်း နားလည်သွားကာ "သွားစမ်းပါဗျာ" လို့ သူ့ကိုပြန်ပြောလိုက်တာပေါ့။

ဖုန်းမှာလည်း တစ်ဖက်က လှုပ်ရှားမှုမရှိတော့ဘူး။ ယွီဟွေးဖေးရဲ့ စိတ်က ကြောင်လေးတစ်ကောင်က ကုတ်ခြစ်နေသလိုပဲ၊ တစ်ဖက်က ဘာသဘောလဲဆိုတာကို စဉ်းစားနေသေးတယ်လေ။

အဲ့ဒီအချိန်မှာ လျိုရှင်းက ထပ်ပို့လာရော။ "လက်မှတ်ဝယ်ပြီးပြီ၊ နောက်သုံးရက်ကြာရင် ထွက်လာခဲ့မယ်"

ယွီဟွေးဖေးရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။ ရှင်းပြချင်ပေမယ့် ကိစ္စက ဒီလိုဖြစ်နေပြီ၊ သူ ထပ်ရှင်းပြရင် အရမ်းကို စိတ်ထိခိုက်စေမှာပဲ။ ဒါကြောင့် ယွီဟွေးဖေးက "ကြိုဆိုပါတယ်" လို့ပဲပြန်ဖြေလိုက်ရရော။

သရဲဖြူက ပါးစပ်ဖြဲပြီး ရယ်ကာ "ဂုဏ်ယူပါတယ်၊ မင်း လူပျိုဘဝကနေ ကျွတ်တော့မယ်"

အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန်က ဝါကျင့်ကျင့် ဘူးသီးခြောက်ကို ကိုက်ပြီး လျှောက်လာချိန် မျက်ပြူးကြီးက ဘူးသီးခြောက်ထဲကနေ ခေါင်းပြူထွက်လာပြီး ဟက်ဟက်ပက်ပက် ရယ်တော့တာပဲ။

"လူပျိုဘဝကျွတ်မယ် ဟုတ်လား။ မင်းက ကောင်မလေးကို ကျွေးမွေးနိုင်လို့လား။ ဒါမှမဟုတ် မင်းက ကောင်မလေးကို ကျွေးမွေးခိုင်းမလို့လား"

ယွီဟွေးဖေးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ကျုပ်လိုသက်ရှိလူတစ်ယောက်က... ဒါနဲ့ပဲ အောင့်အီးပြီး ငတ်သေသွားမှာလား။ အများဆုံးတော့ ကိုယ့်အားကိုယ်ကိုးပေါ့။ နောက်တောင်မှာ မြေရှိတယ်၊ တတိယထပ်မှာလည်း မြေရှိတယ်၊ ကျုပ် စားစရာမရှိဘဲ နေမှာလား"

"ဒါဆို မင်းက သူမကို မင်းနဲ့အတူ တစ်သက်လုံး လယ်စိုက်ခိုင်းမယ်ပေါ့"

"သေချာပေါက် တစ်သက်လုံး လယ်စိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခုက ဒီပတ်ဝန်းကျင်ပဲ။ သူကြိုက်ရင် နေ၊ မကြိုက်ရင် ကျုပ်လည်း မတတ်နိုင်ဘူး"

ယွီဟွေးဖေးက ဒီအချက်ကိုတော့ တွေးတောပြီးသား၊ ကိစ္စတွေကို စိတ်အေးလက်အေး လုပ်ရုံပဲ၊ သူတပါးကို အတင်းအကျပ် လုပ်ခိုင်းစရာမလိုဘူး။ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ထားလိုက်။

"မင်း ဒီလိုတွေးနိုင်ရင် ငါ စိတ်အေးသွားပြီ၊ ငါက မင်း တွင်းထဲကျပြီး ချက်ချင်း အမြီးနှံ့ခွေး ဖြစ်သွားမှာကို စိုးရိမ်နေတာ" ဘေးက သရဲနက်က ပြောတော့ ရှောင်ထျန်းချန်က မကျေမနပ်ဖြစ်သွားလေရော။

"မင်း ဘယ်သူ့ကို ပြောတာလဲ"

သရဲနက် - "@#¥%..."

ယွီဟွေးဖေးက လက်ခါပြပြီး "တော်ပြီ၊ စကားမများနဲ့တော့... အိပ်မပျော်ဘူး။ အပြင်ထွက် လမ်းလျှောက်မယ်၊ ကျင့်ကြံမယ်"

ဒီလောက်ကြာ ကျင့်ကြံပြီးတော့ ယွီဟွေးဖေးက သူ့ခန္ဓာကိုယ်မှာ သိမ်မွေ့တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သိသိသာသာ ခံစားမိတယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ အသက်ရှူနှုန်းက ပိုရှည်လာတယ်လေ။

ဒုတိယအနေနဲ့ကတော့ ခွန်အားပဲ။ သူ့ရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ ဝန်အလေးချိန် ကီလိုမီတာနှစ်ဆယ် ပြေးတာကတော့ သူ့ကို ခွေးသေလို ပင်ပန်းစေတုန်းပဲ။ ဒါပေမဲ့ အခု နေ့တိုင်း သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်ပြီးရင်တောင် မောဟိုက်တာ မရှိတော့ဘူး။ အရင်က ခါးနာ၊ ကျောနာတယ်။ အခုကျ လုံးဝ မခံစားရတော့ဘူး။

ချွေ့ကျွယ်ရဲ့ စကားအရတော့ ပုစဉ်းခွံကိုးလွှာပြောင်းလဲခြင်းဆိုတဲ့ ဒီကျင့်စဉ်က အသက်ရှည်ခြင်းကို မကျင့်ကြံပေမယ့် အသက်ကိုတော့ ကျင့်ကြံတယ်။ လူကို ဒီကနေ ပြောင်းလဲစေနိုင်တယ်၊ အကြိမ်တိုင်းမှာ အထွတ်အထိပ်တစ်ခုဆီကို တွန်းပို့တယ်။ စူပါမင်း မဖြစ်နိုင်ပေမယ့် တစ်ကိုယ်လုံးက စွမ်းဆောင်ရည်တွေကို လူသားရဲ့ အထွတ်အထိပ်အထိ ဖွံ့ဖြိုးအောင် လုပ်နိုင်တာကတော့ ပြဿနာမရှိဘူး။

ယွီဟွေးဖေးက အခု ပထမအဆင့် ပြောင်းလဲမှုအဆင့်မှာပဲ ရှိနေသေးပေမယ့် ခန္ဓာကိုယ်မှာတော့ အကျိုးကျေးဇူးတွေ အများကြီး ရနေပြီ။

တံခါးအပြင်ထွက်တော့ ယွီဟွေးဖေး အံ့ဩသွားတာက အဘိုးကြီးကျန်းကလည်း စောစောထနေပြီး ဆိုင်ခင်းနေတာပဲ။

"အဘိုးကြီး... ဒီလောက်စောစော ဆိုင်ခင်းတာ၊ ခင်ဗျား ဒါ တစ္ဆေစီးပွားရေးလုပ်နေတာလား"

အဘိုးကြီးကျန်းက မျက်ခုံးပင့်ပြီး ယွီဟွေးဖေးကို တစ်ချက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်တော့ကော။

"လာ... လာ။ အဘိုးက မင်းကို ဇစ်ပြင်ပေးမယ်"

ဒါက ရှင်းရှင်းလင်းလင်းပဲ၊ မင်းကောင်လေးက တစ္ဆေပဲလို့ ပြောနေတာ။

ယွီဟွေးဖေးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "မနောက်ပါနဲ့ဗျာ။ အဘိုး အရင်က ဒီလောက်စောစော ဆိုင်မခင်းပါဘူး"

"မင်း သတင်းမကြည့်ဘူးလား"

အဘိုးကြီးကျန်းရဲ့ စကားကို ယွီဟွေးဖေးက နားမလည်တဲ့ပုံစံနဲ့ "ဘာသတင်းတုန်း" လို့ ပြန်မေးတာပေါ့။

"ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကမ္ဘာ့ရာသီဥတုက ထူးဆန်းလာတယ်။ မကြာခင် အပူချိန်ကျတော့မယ်၊ ငါခန့်မှန်းကြည့်ရသလောက် နှင်းမုန်တိုင်း တိုက်နိုင်တယ်။ ဒီနှင်းမုန်တိုင်း တိုက်ပြီးရင် အားလုံး ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး"

"ဟုတ်သားပဲ... ကြားရတာတော့ အခု တောင်ပိုင်းက ပင်လယ်အောက်မှာ အေးခဲရေစီးကြောင်းတွေ အများကြီး တွေ့ရှိထားတယ်တဲ့။ မူလက နွေးထွေးတဲ့ ရေစီးကြောင်းရဲ့ အပူချိန်ကလည်း ကျဆင်းနေတယ်"

"မင်းလည်း သိမှာပဲ... ငါတို့ရဲ့ ဒီကမ္ဘာဂြိုဟ်၊ မြောက်ပိုင်းအပူချိန် အများစုက သမုဒ္ဒရာရေစီးကြောင်းကနေ အီကွေတာအနီးအနားက နွေးထွေးတဲ့ရေကို မြောက်ပိုင်းကို သယ်ဆောင်သွားပြီး အပူချိန်မြှင့်တင်ပေးတာ။ ဒီတစ်ခါ သမုဒ္ဒရာရေစီးကြောင်း အပူချိန်ကျဆင်းတော့ မြောက်ပိုင်းကလည်း သေချာပေါက် အကြီးအကျယ် အအေးဒဏ်ကျတော့မှာ။ ဒါက သဘာဝဘေးအန္တရာယ်ပဲ... ငါကတော့ စောစောထွက်ပြီး နည်းနည်းရရင်ရသလောက် ရှာတာပေါ့"

ဒီစကားကြားတော့ ယွီဟွေးဖေးရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်၊ အမြန် ဖုန်းထုတ်ပြီး မကြာသေးခင်က သတင်းနဲ့ ရာသီဥတုကို ရှာကြည့်လိုက်တော့ အခု မီဒီယာတွေမှာ ဒီလိုအလားတူသတင်းတွေ အပြည့်အနှက် တင်ထားတယ်လေ။

မြို့တော်တော်များများက ဆောင်းရာသီအတွက် ပစ္စည်းတွေ အများကြီး စုဆောင်းသိုလှောင်နေကြပြီ။ ယွီဟွေးဖေးက ကောင်းကင်ကို မော့ကြည့်လိုက်တော့ အခုမှ အောက်တိုဘာလကုန်။ ပုံမှန်အားဖြင့်တော့ နိုဝင်ဘာလမှ အရှေ့မြောက်ပိုင်းက တရားဝင် ဆောင်းဝင်တာ။

အဲ့ဒီအချိန်မှာ နှင်းတွေက တောင်တွေကို ဖုံးလွှမ်း၊ ရေခဲမြစ်တွေ မိုင်ထောင်ချီ၊ လူတွေက အခြေခံအားဖြင့် အိမ်ထဲမှာမီးလှုံပြီး အပြင်သိပ်မထွက်ကြဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ လတစ်ဝက်လောက် စောပြီး အကြီးအကျယ် အအေးဒဏ်ကျပြီး ဆောင်းရာသီဝင်တော့မယ်။

ယွီဟွေးဖေးမှာ အရမ်းကို မကောင်းတဲ့ နိမိတ်တစ်ခု ခံစားနေရတယ်။ မိုးလေဝသခန့်မှန်းချက်ကို ထပ်ကြည့်လိုက်တော့ အေးစက်တဲ့ လေထုက သုံးရက်ကြာရင် ရောက်လာတော့မယ်တဲ့။ ဒီသတင်းကြောင့် ယွီဟွေးဖေး ချက်ချင်း ကြောင်သွားတယ်။

ဒါ အရမ်းတိုက်ဆိုင်လွန်းတယ်မလား။ လျိုရှင်းက လာတော့မယ်၊ ဒါပေမဲ့ နှင်းမုန်တိုင်းကလည်း တိုက်တော့မယ်။ ဒါ... သူမ လာလို့ရပါ့မလား။ ယွီဟွေးဖေး မထိုင်နိုင်တော့ဘူး။ လျိုရှင်းကို ချက်ချင်း စာပို့တော့တယ်။

"သုံးရက်ကြာရင် နှင်းမုန်တိုင်းကြီး တိုက်တော့မယ်နော်၊ နင် တကယ်ပဲ လာမှာလား"

လျိုရှင်းက စာတစ်ကြောင်း ပြန်တယ်။ "လက်မှတ်ဝယ်ပြီးပြီ၊ လက်မှတ်ရောင်းနေသေးတယ်ဆိုရင်တော့ ပြဿနာမရှိဘူးလို့ ဆိုလိုတာပဲ"

ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ သဘာဝဘေးအန္တရာယ်က ကြောက်စရာကောင်းပေမယ့် သူက နိုင်ငံတော်ရဲ့ အင်အားကိုလည်း အရမ်းယုံကြည်တယ်။ ဖုန်းကို သိမ်းပြီးတော့ ယွီဟွေးဖေးက အတော်ကြာ စဉ်းစားခန်းဝင်နေလေရော။

လက်ရှိအခြေအနေမှာ အိမ်မှာ ဆန်မပြတ်ပေမယ့် တကယ်ပဲ နှင်းမုန်တိုင်း တိုက်ပြီး လမ်းပိတ်သွားရင် ရွာထဲက ပစ္စည်းဈေးနှုန်းတွေက သေချာပေါက် တက်သွားမှာ၊ ပစ္စည်းတွေတောင် ရှားပါးသွားနိုင်တယ်။

ဒါကြောင့် တတ်နိုင်သလောက် ဆောင်းရာသီအတွက် ပစ္စည်းတွေ စုဆောင်းထားရမယ်။

အဘိုးကြီးကျန်းကို နှုတ်ဆက်ပြီးတော့ သူက ဒီကိစ္စတွေကို စတင်တွက်ချက်နေတယ်၊ ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံမရှိတော့ ကျွမ်းကျင်တဲ့ အိမ်ရှင်မက ဆန်မရှိဘဲ ထမင်းချက်လို့မရသလိုပဲပေါ့။

အတော်ကြာ နည်းလမ်းတွေ စဉ်းစားပြီးတော့ ယွီဟွေးဖေးက နောက်ဆုံးမှာတော့ အားလုံးကို လက်လျှော့လိုက်တယ်၊ သူ တကယ်ပဲ ပိုက်ဆံမရှိဘူး။ အမေဆီကနေ အကူအညီတောင်းဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ သူလည်း တက္ကသိုလ်ဘွဲ့ရပြီးပြီ၊ အခုလည်း ကိုယ်ပိုင်တည်းခိုခန်း ရှိနေပြီ။

ဒီအချိန်မှာတောင် အမေဆီကနေ ပိုက်ဆံတောင်းရင် သူကိုယ်တိုင်တောင် မျက်နှာပူတယ်။

ပိုက်ဆံချေးဖို့ကတော့ ယွီဟွေးဖေးက ပထမဆုံးအကြိမ်မှာပဲ ငြင်းပယ်လိုက်တယ်။ သူ အခု အကြွေးတွေ တစ်ပုံတစ်ပင်နဲ့၊ ထပ်ချေးရင် ရွာတစ်ရွာလုံးက သူ့ကို blacklist လုပ်ပစ်မှာ။

နောက်ဆုံးမှာတော့ ယွီဟွေးဖေးက သက်ပြင်းချပြီး အိမ်ပြန်သွားရော။

ဒီနေ့ည တောင်ကြီးထဲမှာ မိုးခြိမ်းသံတွေ တဒိုင်းဒိုင်းနဲ့၊ ဒီအသံက အရင်ကလည်း ကြားဖူးခဲ့ပေမယ့် ယွီဟွေးဖေးက ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ယွီဟွေးဖေးက စိတ်ထဲထားလိုက်တယ်၊ သူခန့်မှန်းတာက တောင်ထဲမှာ နှင်းကျနေလောက်ပြီ၊ နှင်းက ဘယ်နေရာကို ကျနေလဲဆိုတာပဲ မသိတာ။

All Chapters