← Chapters

#သွေးကြောအမျက်ဒေါသ#

Vol. 90 Ch. 1261

#သွေးကြောအမျက်ဒေါသ#

Vol. 90 Ch. 1261

ရှန်းကျီ လေထဲတွင်လွင့်မြောနေရင်း လက်နှစ်ဖက်စလုံးကို ဖြန့်ထားစဉ် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတံဆိပ်နှင့် ပင်လယ်ဖုံးတံဆိပ်တို့က သူ့လက်ဖဝါးအထက်တွင် မျောလွင့်ကာ အေးစိမ့်စိမ့်သတ်ဖြတ်ခြင်းအော်ရာနှင့် လွှမ်းမိုးနေသည့် ဖိနှိပ်အားတစ်ခုကို ထုတ်လွှတ်နေသည်။

ရှောင်ဟိုင်အောက်တွင်ရပ်နေပြီး သွေးကြောအရှုပ်အထွေးက သူ့ကိုယ်နှင့် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ရစ်ပတ်ထားသည်။ သွေးကြောအမျှင်စများက မြွေနဂါးလေးများပမာ သူ့ကိုယ်ခန္ဓာနှင့် တင်းပုတ်ပေါ်သို့ တက်လိုက်၊ လည်ပတ်လိုက်လုပ်နေကြသည်။

သူတို့နှစ်ဦးစလုံးက မလှုပ်ရှားကြသေးသော်လည်း ထုတ်လွှတ်ထားသည့် မမြင်ရသောအရှိန်နှင့် ဖိနှိပ်ခြင်းအားများက လေထဲတွင် အဆက်မပြတ်တိုက်မိသည်။

သို့စေကာမူ ရှင်းရှင်းလင်းလင်းမြင်နိုင်သူတစ်ယောက်အဖို့ ချန်းကျီ၏အော်ရာက ပို၍ဖိနှိပ်နေသည်မှာ ရှင်းနေသည်။ လေထဲတွင် ရှောင်ဟိုင်၏ နတ်ဆိုးနက်ချီစီးကြောင်းများက ဓားအစွန်းများ နတ်ဆိုးချီကို ထိုး‌ဖောက်နေသည့်အလား ဒီအေးစိမ့်စိမ့်သတ်ဖြတ်ခြင်းအော်ရာကြောင့် ဖိနှိပ်ခံရသည်။

ကျန်ငါးယောက်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ထန်ကျုံ့ကျောက် ဒီမြင်ကွင်းကို တစ်ချက်ကြည့်လိုက်မိစဉ် အနည်းငယ်မျက်မှောင်ကြုတ်ရင်း ရှောင်ဟိုင်၏ အင်္ကျီလက်ထဲတွင် လှည့်ကွက်များရှိသေးသလားဆိုတာ တွေးနေမိသည်။

ယခုအခြေအနေအတိုင်းသာဆိုပါက ချန်းကျီ၏ ဒုတိယနှင့်တတိယရတနာတံဆိပ်ကို ခံနိုင်ရည်ရှိရန်ဟူသည် အတော်လေး အန္တရာယ်များသည်။

သို့စေကာမူ ထန်ကျုံ့ကျောက်ဒီလိုတွေးနေစဉ် ‌ဘေးမှ တိုက်ခိုက်မှုတစ်ခုကလည်း စတင်နေလေပြီ။

ဓားအလင်းတစ်ချက် လင်း၀င်းသွား၏။

ကောတာလဲ့ကျယ်လောင်စွာ ရယ်မောသည်။

"ထန်ကျုံ့ကျောက်၊ မင်းကငါတို့အားလုံးထက် ပိုအားကောင်းတယ်ဆိုပေမယ့် ငါတို့ငါးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို မင်းရင်ဆိုင်နေရတာတောင် တခြားကိစ္စတွေကို တွေးရင်း ငါတို့ကို ပေါ့ပေါ့လေးမှတ်ယူနေတာလား"

အကယ်၍ တစ်ယောက်နှစ်ယောက်သာဆိုပါက ထန်ကျုံ့ကျောက်အတွက် ဘာမှမဟုတ်ပါ။

သို့သော် ကောတာလဲ့အပါအ၀င် ငါးဦးတွဲပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ထန်ကျုံ့ကျောက် အလေးအနက်ထားရန် လိုအပ်သည်။

သူနှလုံးသားထဲကနေ သက်ပြင်းချမိသည်။ ယခုအချိန်တွင် ရှောင်ဟိုင်၌ တခြားအရေးပေါ်အကြောင်းအရာများ ရှိရန်သာ မျှော်လင့်နိုင်တော့သည်။

ဒီအခိုက်အတန့်တွင် ချန်းကျီ ကောင်းကင်အမြင့်တစ်နေရာ၌ ရပ်နေပြီး ရှောင်ဟိုင်ကို ငုံ့ကြည့်ရင်း အဆက်မပြတ်ဖိသိပ်ခံနေရသည့် နတ်ဆိုးနက်ချီကို ကြည့်ကာ အေးစက်စွာ ရယ်မောသည်။

"ဘယ်လိုထင်လဲ၊ မင်းဆုံးဖြတ်ချက်တစ်ခုချပြီးပြီလား၊ အခုအရှုံးပေးလိုက်၊ ဒါဆို မင်းအသက်ကို ကယ်တင်နိုင်သေးတယ်"

ရှောင်ဟိုင်မျက်ခုံးအနည်းငယ်ပင့်ကာ ပြုံးပြီး ခက်ထန်စွာပြောသည်။

"ငါပျော်လို့တောင်မ၀သေးဘူး၊ ဘာလို့ အရှုံးပေးရမှာလဲ"

ချန်းကျီ တစ်ခဏမျှထိတ်လန့်သွား၏။

ထိုတုံ့ဆိုင်းနေသည့်အချိန်မှာပင် ရှောင်ဟိုင်၏ ပုံရိပ်က ထိုနေရာကနေ ပျောက်ကွယ်သွားပြီး သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ချန်းကျီထံပြေး၀င်လာသည်။

ဒါကိုမြင်သော် ချန်းကျီအေးစက်စွာနှာမှုတ်သည်။

"သောက်ရူး၊ ဒီလိုဆိုမှတော့ ငါမင်းကို အခု ဒီငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်မှာပဲ မင်းဝိဉာဉ်ကို ပြန်လည်မွေးဖွားခြင်းထဲကို ၀င်ရောက်နိုင်အောင် သေခြင်းတရားဆီကို ပို့ဆောင်ပေးရတော့မှာပေါ့"

ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို ချန်းကျီ လက်အစုံကို ရှောင်ဟိုင်ထံ တွန်းလိုက်၏။

ရုတ်တရက် ချန်းကျီရှေ့တွင် ပင်လယ်ဖုံးတံဆိပ်က လိမ့်တက်လာသည့် ဆူနာမီတစ်စင်းအဖြစ် ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံးနှင့် ဒီမြေအပိုင်းကို လေထဲသို့ မြှောက်ပစ်လိုက်သည့်အလားပင်။

ကျန်လက်တစ်ဖက်ကမူ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတံဆိပ်၏ အေး‌စိမ့်စိမ် သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်ရင်း ပုံပေါ်လာသည်အထိ သိပ်သည်းကာ လှံရှည်ခုနှစ်ချောင်းအဖြစ် ပြောင်းသွားစေသည်။ ၎င်းတို့က ဆူနာမီကိုစီးနင်းရင်း လေထုကို ထိုးဖောက်သံများကို ထုတ်လွှတ်ကာ ရှောင်ဟိုင်ဆီသို့ ဟင်းလင်းပြင်ကို ချိုးဖျက်ကာ ဦးတည်သွားကြ၏။

ချန်းကျီအပြည့်အ၀ထုတ်လွှတ်ထားသည့် မည်သည့်တိုက်ခိုက်မှုမဆို ရှောင်ဟိုင်အာစ ကျယ်လောင်သည့် နှလုံးခုန်သံကိုပင် ခံစားရစေသည်။

အလွန်အမင်းအန္တရာယ်များခြင်း!

ဒါက ရှောင်ဟိုင် အစကနေ မကြုံစဖူးရှားပါးလွန်းသည့် ခံစားချက်ပေတည်း။

ဒီခံစားချက်ကပင် ချန်းကျီဘယ်လောက်ထိ အားကောင်းသလဲဆိုတာ နားလည်စေရန် လုံလောက်သည်။

တစ်ခဏအကြာတွင် ရှောင်ဟိုင် ခေးအောစ့်နယ်မြေကို စိတ်၀င်စားလာသည်။

ထိုနေရာရှိ ကျင့်ကြံခြင်း အစဉ်အလာက မယုံနိုင်စရာကောင်းလောက်အောင် ထွန်းတောက်လင်း၀င်းနေပုံပင်။

သို့စေကာမူ ယခုအချိန်က ဒီအကြောင်းများကို တွေးနေရမည့်အချိန်မဟုတ်ပေ။ ပြင်းထန်သည့်လူသတ်လိုသောဆန္ဒကိုာသယ်ဆောင်ထားသည့် လှံခုနှစ်ချောင်းနှင့် သူ့ထံ၀င်ရောက်လာသည့် မိုးထိလုတမျှ မြင့်မားသောဆူနာမီတို့ကို ရင်ဆိုင်နေရင်း သွေးကြောများက ရှောင်ဟိုင်ခန္ဓာနှင့် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို လွှမ်းခြုံရစ်ပတ်ထားသည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကိုယ်ထဲက အော်ရာရိုင်းတစ်ခု လျင်မြန်စွာထွက်လာသည်။

ဒီမြင်ကွင်းကိုကြည့်ရင်း ချန်းကျီ အနည်းငယ် မျက်ခုံးကျုံ့လိုက်မိသည်။

ရှောင်ဟိုင်၏ခန္ဓာက ဖြည်းဖြည်းချင်း နီရဲလာနေတာကို သူမြင်နေရသည်။

ထူထဲသည့်သွေးကြောဖြစ်စေ၊ ပါးလွှာသည့်သွေးကြောဖြစ်စေ ဒီတဒင်္ဂ၌ ပေါ်လာသည့် သွေးကြောတိုင်းကို ရှောင်ဟိုင်တစ်ကိုယ်လုံးတွင် ရှင်းလင်းစွာမြင်နိုင်သည်။

ဟူး....ဟူး......ဟူး.....!

အော်ရာရိုင်းနှင့် သွေးကြောတို့ထိုးတက်လာသောအခါ အရေပြားမျက်နှာပြင်ပေါ်၌ မြင်ရသည့်သွေးကြောများက တဖြည်းဖြည်း စတင်လောင်ကျွမ်းလာသည်။

သွေးကြောအမျက်ဒေါသ!

ရှောင်ဟိုင်၏ တတိယသွေးကြောစွမ်းရည်!

ချက်ချင်းဆိုသလို ရှောင်ဟိုင်၏ အော်ရာက မြင့်တက်လာပြန်သည်။

သို့စေကာမူ ယခုလိုအခြေအနေ၌ သူ့ကိုယ်ပေါ်ကဖိအားက အတော်လေးကြီးမားလေရာ ရှောင်ဟိုင်၏ ခန့်မှန်းချက်အရ ဒီနှုန်းအတိုင်းသာ ဆက်သွားပါက သွေးကြောအမျက်ဒေါသက အမွေးတိုင်တစ်တိုင်စာမျှသာ ကြာနိုင်ပြီးနောက် သူလုံး၀အားနည်းသည့် အခြေအနေထဲ ကျရောက်သွားပေလိမ့်မည်။

ထို့ကြောင့် ဒီအချိန်ကာလအတွင်း သူချန်းကျီကို ဖြေရှင်းရပေမည်။

ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်၏ အမြန်နှုန်းက မကျသွားသည့်အပြင် အမှန်တကယ် တိုးလာခဲ့သည်။

ညင်သာစွာတစ်ချက်အော်ရင်း သူ့ထံ လှိမ့်၀င်လာသည့် လှိုင်းများအား တင်းပုတ်ဖြင့် လွှဲယမ်းပစ်သည်။

ဘန်း......!

ရေများကနေရာတိုင်းပက်ဖြန့်သွားကြ၏။ အံ့ဩစရာကောင်းစွာပင် ရှောင်ဟိုင်၏ အားက ဧရာမလှိုင်းကြီး၏ ဘေးတွင် ကွက်လပ်ကြီးတစ်ခုကို ပေါက်ကွဲသွားစေသည်။

ရှောင်ဟိုင်ကိုယ်တိုင်ကလည်း ခြေလှမ်းဒါဇင်ကျော် နောက်ဆုတ်လိုက်ရသည်။

ချန်းကျီဒီမြင်ကွင်းကိုကြည့်ရင်း သူ့မျက်သူငယ်အိမ်များက တစ်ခဏကြာကျုံ့သွားသည်။ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် အေးစိမ့်စိမ့်သတ်ဖြတ်ခြင်းဆန္ဒနှင့် လှံခုနှစ်ချောင်းက ဝှီးခနဲမြည်သံနှင့်အတူ လေထုကိုချက်ချင်းဖြတ်သွားပြီး နောက်ဆုတ်နေသည့် ရှောင်ဟိုင်အား အလျင်အမြန်ထိုးဖောက်ပစ်သည်။

ဒီလှံခုနှစ်ချောင်း၏လမ်းကြောင်းက ပကတိမျက်စိနှင့်လိုက်ဖမ်းရန်အတွက် အတော်လေးမြန်ဆန်လွန်းသည်။ သို့စေကာမူ သူ့ကိုလွှမ်းခြုံပစ်သည့် ဒီလွှမ်းမိုးနိုင်သော သတ်ဖြတ်ခြင်းအော်ရာက ထိုးဖောက်လာစဉ် ဘာမျက်စိမှမလိုဘဲ ရှောင်ဟိုင်အာရုံခံမိသားဖြစ်သည်။

ရှောင်ဟိုင်လျှာတစ်ချက်ကိုက်လိုက်မိပြီး အရှိန်ကိုအတင်းရပ်လိုက်သည်။ လက်နှစ်ဖက်နှင့် တင်းပုတ်ကိုကိုင်ရင်း ခြေထောက်အောက်က အဝါရောင်မြေကို ရုတ်တရက်တက်နင်းလိုက်စဉ် ဧရာမလေပွေတစ်ခုပေါ်လာပြီး လှံခုနှစ်ချောင်းထံ ရှောင်ဟိုင် တိုး၀င်သွား၏။

လှံခုနှစ်ချောင်းက လှည့်လည်သွားလာနေသည့် နဂါးခုနှစ်ကောင်ပမာ လမ်းကြောင်းအမျိုးမျိုးတွင်ရှိနေပြီး ရှောင်ဟိုင်ကို လမ်းကြောင်းခုနှစ်ခုကနေ တိုက်ခိုက်သည်။

ဒါကိုမြင်သော် ရှောင်ဟိုင် တင်းပုတ်ကို ခေါင်းထိမလိုက်ပြီး အလယ်တည့်တည့်တွင် ဆုပ်ကိုင်ကာ စတင်အမြန်လှည့်လိုက်၏။

ဧရာမသွေးနက်မုန်တိုင်းကြီးတစ်စင်းက မုန်တိုင်းအလယ်ဗဟိုတွင်ရပ်နေသည့် ရှောင်ဟိုင်အနီးတွင် ထိုးထွက်လာပြီး အပြင်ဘက်သို့ ပျံ့သွားသည်။

လူတိုင်း၏စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် လှံခုနှစ်ချောင်းက သွေးနက်မုန်တိုင်းကို ၀င်တိုက်သည်။

သို့စေကာမူ လှံများက မုန်တိုင်းကို ၀င်တိုက်စဉ် ချက်ချင်းတွန်းထုတ်ခံရပြီး ပစ်ချခံရသည်။

ဒီမြင်ကွင်းကို ကြည့်ရင်း ချန်းကျီ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူတကယ်ပဲ ပင်လယ်ဖုံးတံဆိပ်နှင့် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတံဆိပ်နှစ်ခုစလုံးကို ပိတ်ဆို့နိုင်ခဲ့တာလား!

အောက်က ထန်ကျုံ့ကျောက်နှင့် ကျန်သောသူများကို တစ်ချက်ကြည့်လိုက်မိစဉ် ချန်းကျီအံကြိတ်ထားမိသည်။

ရတနာခုနှစ်သွယ်သူတော်စင်ဂိုဏ်း၏ ဂုဏ်သတင်း သူ့လက်ထက် ပျက်စီးသွားမှာကို သူခွင့်မပြုနိုင်ပေ။

ဒီအချိန်မှာပင် သူဒေါသတကြီး လက်နှစ်ဖက်ကို အတူတကွပူးကပ်လိုက်စဉ် ပင်လယ်ဖုံးတံဆိပ်နှင့် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတံဆိပ်တို့၏ အော်ရာများက စတင် ပေါင်းစည်းသွားကြ၏။

လေထဲတွင် ကြီးမားသည့်လှိုင်းများက စတင်ကျုံ့လာပြီး လှံခုနှစ်ချောင်းက အေးစိမ့်စိမ့်သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် တောက်ပနေသည့် ဧရာမလှံတစ်ချောင်းအဖြစ် ပေါင်းစည်းသွားသည်။

ထို့နောက်သိပ်သည်းနေသည့်လှိုင်းများက လှံကိုဝိုင်းရံထားပြီး ၎င်း၏ထက်ရှမှုကိုမူ စကားလုံးနှင့် ပြောနေစရာပင်မလို။

လေဟာနယ်ထဲ တိတ်တဆိတ်ဝဲပျံနေရင်း လှံထိပ်က ပတ်၀န်းကျင်က လေထုကို ဖြည်းဖြည်းချင်း စတင်ဆုတ်ဖြဲပစ်သည်။

ချန်းကျီအော်ဟစ်ကာ လက်နှစ်ဖက်စလုံးနှင့် ရုတ်တရက်ရှေ့သို့ တွန်းလိုက်၏။

ဒီအေးစက်သည့်လှံက ချက်ချင်းဆိုသလို ရှောင်ဟိုင်အား ထိုးဖောက်ရန် ပစ်၀င်သွားသည်။

ဒါကိုမြင်သောအခါ မုန်တိုင်းကရပ်သွားပြီး ရှောင်ဟိုင် တိုး၀င်လာနေသည့်လှံကို စိုက်ကြည့်ရင်း သူ့တစ်ကိုယ်လုံးမှ သွေးကြောစွမ်းအားက ပြင်းထန်စွာပေါက်ကွဲသွားသည်။

ဒီအမျက်ထန်နေသည့်အားက အရင်ကထက် အဆပေါင်းများစွာပိုအားကောင်းသည်။

သို့သော် စွမ်းအင်ယိုစိမ့်ခြင်းအရိပ်အယောက်တော့မရှိပါ။

နတ်ဆိုးနက်ချီရော သွေးကြောအော်ရာပါ ရှောင်ဟိုင်တစ်ကိုယ်လုံးတွင် စတင်စုစည်းလာပြီး စွအ်းအားကို အဆုံးစွန်အထိ သိပ်သည်းစေသည်။

ရှောင်ဟိုင် တင်းပုတ်ကို တင်းတင်းကိုင်ပြီး ရှေ့သို့လွှဲချလိုက်လေသည်။

တင်းပုတ်က သူ့ထံပြေး၀င်လာနေသည့် လှံနှင့် အပြင်းအထန်တိုက်မိသည်။

ဘန်း......!

လေသီးကြောင်းများထိုးတက်လာသည်။

လှံကပြိုကွဲသွားရသည်။

ချန်းကျီ၏ မှင်သက်နေသည့်အကြည့်အောက်၌ သူ့မျက်လုံးထဲတွင် တင်းပုတ်အလင်းတစ်ချက် ရောင်ပြန်ဟပ်သွားသည်။

ရှောင်ဟိုင် တင်းပုတ်ကိုကိုင်ရင်း ချန်းကျီ၏ မျက်ခုံးအလယ်တည့်တည့်တွင် မျောလွင့်နေစေလေရာ တင်းပုတ်၏တည်ရှိမှုက ချန်းကျီ၏ကျောရိုးတစ်လျှောက်ကိုပင် အေးစိမ့်သွားစေသည်။

"ကြည့်ရတာ အရှုံးကို၀န်ခံသင့်တဲ့သူက မင်းပဲထင်တယ်"

အပိုင်း(1262) coming။

All Chapters