#ဓားသွားကိုသွေးနဲ့စတေးခြင်း#
Vol. 90 Ch. 1263
ထန်ကျုံ့ကျောက်၏ခွန်အားက အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်ဟု ဆိုရပေမည်။
နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်တွင် နယ်ပယ်တူက ပါရမီရှင်ငါးဦး၏ အားအပြည့်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့်တိုင် သူမတုန်လှုပ်ဘဲ ရှိနေသေးပြီး အနည်းငယ်မျှ ဆုတ်ခွာခြင်း သို့မဟုတ် ဒဏ်ရာရသည့် လက္ခဏာကိုပင် ပြသခြင်းမရှိချေ။
သူ့မြင်းမြီးကြာပွတ်ဖြူအမျှင်သုံးထောင်က ဒီလေဟာနယ်အတွင်း ရှုပ်ထွေးနေသည့် ကွန်ရက်တစ်ခုပမာ လိမ်ယှက်နေသည့်အလားပင်။
အမွေးတိုင်တစ်တိုင်စာ ကုန်သွားသောအခါ ထန်ကျုံ့ကျောက်ဘေးမှ အနက်ရောင်အရိပ်တစ်ခု ဝှီးခနဲမြည်သံနှင့်အတူ ကောတာလဲ့ထံ တိုက်ရိုက်၀င်ရောက်တိုက်ခိုက်သည်။
ဒါကိုမြင်သောအခါ ထန်ကျုံ့ကျောက် ကျယ်လောင်စွာ ရယ်မောသည်။
"အရမ်းကောင်းတယ်၊ တန်ပြန်တိုက်ခိုက်မှုစတင်ပြီ"
ဒီစကားပြောနေစဉ် ထန်ကျုံ့ကျောက် မြင်းမြီးကျာပွတ်ကို ပြင်းထန်စွာ လှုပ်ယမ်းလိုက်သောအခါ နတ်ဆိုးချိုးဖျက်ခြင်းအစစ်အမှန်ဧကရာဇ်က ချက်ချင်းပျောက်ကွယ်သွားပြီး အဖြူရောင်အမျှင်စများက ဆက်လက်ရစ်ပတ်ကာ နောက်ထပ်ပုံရိပ်တစ်ခု အသွင်ပေါ်လာသည်။
"ကြာပွတ်ဖြူသူတော်စင်သရုပ်ပြစွမ်းရည်၊ ရှားယင်အစစ်အမှန်ဧကရာဇ်၊ သရုပ်ပြစမ်း"
ရုတ်တရက်လှံရှည်ကိုင်ထားသည့် အရပ်ရှည်ပုံရိပ်တစ်ခု စတင်သိပ်သည်းလာသည်။
ဒီပုံရိပ်က မယုံနိုင်စရာကောင်းလောက်အောင် အသက်၀င်နေပြီး ထုတ်လွှတ်နေသည့် သေခြင်းအော်ရာက လူတိုင်း၏နှလုံးကိုပင် တုန်ယင်စေသည်။
ယခုလိုသေခြင်းအော်ရာမျိုးကို ပိုင်ဆိုင်နိုင်သူများက သွေးပင်လယ်ကိုဖြတ်ပြီး လက်ထဲတွင် မရေမတွက်နိုင်လောက်သည့် သွေးစွန်းနေသူများသာ ဖြစ်သည်။
သို့သော် ထန်ကျုံ့ကျောက်က သူ့မြင်မြီးကြာပွတ်ရှိ အဖြူရောင်အမျှင်များနှင့်အတူ ဒီသေခြင်းအော်ရာနှင့် ပုံရိပ်ကို သိပ်သည်းစုစည်းနိုင်ခဲ့သည်။
ဒီအချက်တစ်ချက်တည်းကပင် ကြာပွတ်ဖြူသူတော်စင်သရုပ်ပြစွမ်းရည်၏ နတ်စွမ်းရည်ကို ပြသနေသည်။
ထန်ကျုံ့ကျောက်အော်ဟစ်သည်။
"တစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်၊ ကျန်လေးယောက်က မင်းကို မထိခိုက်လာစေရဘူး"
ထို့နောက် ရှောင်ဟိုင်ပြေး၀င်သွားသောသူက ဆေဘာဓားကြီးတစ်လက်ကိုင်ထားသည့် ကောတာလဲ့ဖြစ်သည်။
ရှောင်ဟိုင်ပြေး၀င်လာတာကို မြင်သောအခါ ကောတာလဲ့ပြုံးသည်။
"ချန်းကျီသူ့ပြိုင်ဘက်ကို လျှော့တွက်ပြီး မှားယွင်းတဲ့ခြေလှမ်းကို လှမ်းခဲ့ပေမယ့် ငါလည်းအလားတူလုပ်မှာမဟုတ်ဘူး၊ ဘယ်သူ့ကိုမဆို ငါအားအပြည့်နဲ့တိုက်ခိုက်မှာပဲ"
ဒီစကားနှင့်အတူ ကောတာလဲ့ဆေဘာဓားကြီးကနေ အေးစက်သည့်အလင်းတန်းတစ်ခုထွက်လာသည်။ ၎င်း၏တောက်ပမှုက မိုးနှင့်မြေကိုပင် လွှမ်းမိုးသွားပြီး ဆေဘာဆန္ဒက အလွန်အမင်းကြီးစိုးနေကာ ဓားတာအိုနိယာမ၏ ထက်ရှမှုနှင့် လုံး၀ကိုကွဲပြားသည်။
ဆေဘာဆန္ဒက ထက်ရှသော်လည်း လွှမ်းမိုးမှုဖက်ပိုဆန်ပြီး ကြီးစိုးသည့်တည်ရှိမှုအား ပိုလိုလားသည့်အသွင်။
ဒီရှုထောင့်တွင် ဓားကြီး၏နည်းလမ်းက ဓားအားလုံးနှင့်ဆင်တူသည်။
ယဲ့ချိုးပိုင်၏ဓားတာအိုနိယာမကမူ ထက်ရှမှုကို အဆုံးစွန်ထိ ရောက်စေသည်။
ဆေဘာဓားမကျရောက်လာခင်မှာပင် ကြီးစိုးသည့်ဆန္ဒက ရှောင်ဟိုင်အား တိုက်ခိုက်နေလေပြီ။
ရုတ်ချည်းဆိုသလို ရှောင်ဟိုင်တစ်ယောက် သူ့ကိုယ်ထဲက သွေးစီးဆင်းမှုနှင့် နှလုံးခုန်သံက ဖိနှိပ်ခံလိုက်ရသည့်အလား ကိုယ်ခန္ဒာလေးလံလာတာကို ခံစားရပြီး သူ့ရပ်တည်ချက်ကို ပြောင်းလဲရန်ပင်ခက်ခဲလာကာ အမြန်နှုန်းကိုပင် စတင်နှေးသွားစေသည်။
ကောတာလဲ့ ဆေဘာဓားကို လက်နှစ်ဖက်နှင့်ဖမ်းကိုင်ပြီး ကျယ်လောင်စွာ ရယ်မောသည်။
"နှေးကွေးစမ်း၊ ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်ရင်း ငါ့ဆေဘာဓားကို လက်ခံလိုက်"
သူစကားပြောလိုက်စဉ် ရုတ်တရက်အောက်သို့ ဆေဘာဓားအား ထိုးဆင်းစေပြီး ရှောင်ဟိုင့်ခါးကို ဖြတ်ပစ်ရန် ရည်ရွယ်လိုက်၏။
ဒီဆေဘာ၏ထက်ရှမှုနှင့် စွမ်းအားကို ခံစားမိသောအခါ ရှောင်ဟိုင် အရင်ကကဲ့သို့ ပိတ်ဆို့၍မရနိုင်တာကို ချက်ချင်းနားလည်သွားသည်။
ဒီဓားချက်က သူ့ခါးပေါ်ကျလာပါက သူ့ကိုယ်ခန္ဓာက နှစ်ပိုင်းပြတ်သွားလောက်သည်။
သို့စေကာမူ ဒီအလွန်အမင်းကြီးစိုးနေသည့် ဆေဘာဆန္ဒနှင့် ကောတာလဲ့၏ လျင်မြန်သည့် ဓားချက်ကြောင့်ဖိနှ်ပ်ခံနေရသဖြင့် ရှောင်ဟိုင်အချိန်မီ မရှောင်ရှားနိုင်ပေ။
သူရှောင်ရှားပါကလည်း အသာစီးရတော့မည်မဟုတ်ပေ။ ရှောင်ဟိုင်တွင် ဒီလိုလုပ်ရန်အတွက်လည်း ရည်ရွယ်ချက်မရှိ။ ယင်းအစား သူ ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ပစ်ချပြီး ဘေးကမြေကြီးပေါ်သို့ ထိုးစိုက်ပစ်သည်။
မယုံနိုင်စရာကောင်းစွာပင် သူ ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးပုဆိန်ကို မြေပေါ်ထိုးစိုက်ပစ်စဉ် ဆေဘာဓားကြီးကလည်း ၎င်းကိုတိုက်ရိုက်ထိမှန်သည်။
ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးပုဆိန်၏ အဆင့်ကိုထည့်တွက်လိုက်ပါက ၎င်းက ပုဆိန်ကိုခွဲမရနိုင်သဖြင့် ယင်းအစား မြေကြီးကိုသာ ပိုင်းခြမ်းပစ်ကာ အပိုင်းအစများအား ပျံသန်းသွားစေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ လက်သီးက ကောတာလဲ့၏ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သည်။
ခရက်ခ် ခရက်ခ်!
အရိုးကျိုးသံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ကောတာလဲ့မျက်လုံးဖွင့်လိုက်စဉ်မှာပင် လွင့်စင်သွားရသည်။
သူပါးစပ်အပြည့် လတ်ဆတ်သည့်သွေးတစ်လုပ်အန်ထုတ်ရင်း မြေကြီးပေါ်၌ အကြိမ်ရေအနည်းငယ်ခန့် လိမ့်သွားပြီး နောက်ဆုံးတွင်ရပ်ကာ ရင်ဘတ်ကို ဆုပ်ကိုင်ရင်း ရှောင်ဟိုင်အား လေးနက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်သည်။
"လက်နက်ကိုစွန့်ပစ်လိုက်တာလား၊ ချန်းကျီပြောသလို မင်းကတကယ်ရဲတင်းတဲ့သူပဲ"
ယေဘုယျအားဖြင့်ဆိုရပါက လက်နက်သုံးခြင်းအပေါ် ကျင့်သားရနေသောသူများက သူတို့လက်နက်များကို အလွယ်တကူစွန့်လွှတ်ပြီး တိုက်ခိုက်ကြမည်မဟုတ်။
ဥပမာအားဖြင့် ဓားသမားများက သူတို့၏ဓားကို ဘယ်တော့မှ မခွဲမခွာထားတတ်ကြသည်။
နောက်ထပ်ဥပမာတစ်ခုက ကောတာလဲ့ကိုယ်တိုင်ပင်လျှင် သူ့လက်ထဲက ဆေဘာဓားကြီးကို မည်သောအခါမှ မစွန့်လွှတ်ခဲ့ပေ။
သို့သော်သူတို့မသိတာက ရှောင်ဟိုင်က လက်သီးများကိုအသုံးပြုရာ၌ အလိုက်ဖက်၊ အကျွမ်းကျင်ဆုံးဆိုတာကိုပင်။
လက်သီးတစ်ချက်ပြီးတစ်ချက်ထိုးကျွေးရင်း တိုက်ရိုက်ထိတွေ့နိုင်သည့်တိုက်ပွဲက ရှောင်ဟိုင်အကြိုက်ဆုံးနှင့် အကောင်းဆုံးတိုက်ခိုက်နည်းပေတည်း။
ကောတာလဲ့ပြန်ထလာတာကိုပင် စောင့်မနေဘဲ ရှောင်ဟိုင်၏ခြေက မြေကြီးကို ပြင်းထန်စွာတက်နင်းစဉ် ပြိုကွဲသွားပြီး သွေးချီလှိုင်းတစ်ခု ပွင့်ထွက်လာသည်။
သွေးကြောအရှုပ်အထွေးက သူ့လက်သီးချက်များအပေါ် ရစ်ပတ်ထားကြ၏။
သွေးကြောအမျက်ဒေါသနှင့်အတူ သွေးကြောများက ရှောင်ဟိုင်ကိုယ်မျက်နှာပြင်၌ မျောလွင့်နေကြသည်။
ရုပ်ခွန်အားကလည်း ထိုးတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ကောတာလဲ့ရှေ့သို့ ပြေး၀င်တိုက်ခိုက်နေလေပြီ။
ကောတာလဲ့ရယ်မောသည်။
"မင်းတို့လိုခန္ဓာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရတာ ငါကြိုက်တယ်၊ မင်းတို့က လိပ်ခွံထဲမှာပုန်းအောင်တတ်တဲ့၊ ရှောင်တိမ်းပြီးနည်းဗျူဟာတွေပဲ သုံးတတ်တဲ့ တခြားကောင်တွေနဲ့မတူဘူး"
ဒီစကားပြောရင်း ကောတာလဲ့ လက်ချောင်းကို ဓားသွားအစွန်းနှင့် ထိလိုက်ပြီး တဖြည်းဖြည်းဆွဲယူလာကာ ဆေဘာဓားအား သွေးသစ်ဖြင့် ဖုံးလွှမ်းစေသည်။
"ဆေဘာဓားသွားကို သွေးနဲ့စတေးခြင်း၊ ဒီတိုက်ခိုက်မှုကို ထန်ကျုံ့ကျောက်တောင်မှ ငါ့ကိုသုံးဖို့အတွက် တွန်းအားမပေးနိုင်ခဲ့ဘူး" ကောတာလဲ့လက်ထဲက ဆေဘာဓားက သွေးများနှင့်ဖြည်းဖြည်းချင်းဖုံးလွှမ်းသွား၏။ ဓားတာအိုနိယာမနှင့် ပေါင်းစပ်နေသည့် သွေးရောင်ဆေဘာအလင်းက ကောင်းကင်ပေါ် ထိုးတက်သွားသည်။
ရှောင်ဟိုင်ရှေ့သို့တိုးသွားရင်း ကောတာလဲ့၏စွမ်းအားအပေါ် တိတ်တဆိတ် အံ့ဩသင့်နေမိသည်။
ဒီတိုက်ခိုက်မှုက ယခုလေးတင်က ချန်းကျီ၏ ရတနာတံဆိပ်သုံးခုထက်ပင် ပိုအားကောင်းသည်။
သို့စေကာမူ အစောပိုင်းရထားသည့် ပြင်းထန်သောဒဏ်ရာများကနေ ကိုယ့်ကိုကိုယ်ကုစားခြင်းက ရှောင်ဟိုင်၏ခွန်အားကို ထပ်မံတိုးသွားစေသည်။
ဒါက ကိုယ့်ကိုကိုယ်ကုသနိုင်သည့် သွေးကြောစွမ်းရည်၏ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သည့် ရှုထောင့်တစ်ခုပေတည်း။
ဒီအခိုက်အတန့်၌ သွေးကြောအမျက်ဒေါသကလည်း အမြင့်ဆုံးထိရောက်သွားခဲ့သည်။
ဒါကိုအနှီမျက်စိနှင့်ပင် မြင်နိုင်ပြီး ရှောင်ဟိုင်ကိုယ်မျက်နှာပြင်ပေါ်၌ သွေးကြောများက လွင့်မြောရင်း ဆူပွက်နေသည့်သွေးများကို သူ့လက်သီးထဲသို့ သွန်ထည့်ပေးနေသည်။
ဆူပွက်နေသည့်သွေးက ရှောင်ဟိုင့်လက်သီးများပေါ်၌ သွေးရောင်မီးတောက်တစ်ခုကိုပင် တောက်လောင်စေသည်။
ကောတာလဲ့၏ဆေဘာဓားချက်ကို ရင်ဆိုင်ရသောအခါ ရှောင်ဟိုင်လုံး၀မထိန်ချန်ထားရဲပေ။
နတ်ဆိုးချီထိုးတက်လာစဉ် နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ဆင်းသက်လာသည်။
ဒီလက်သီးချက်က သက်ရှိအားလုံးကို အညံ့ခံရန်အတွက် အမိန့်ပေးနေသည့်အသွင် မိုးနှင့် မြေကို လှုပ်ခါသွားစေသည်။
ဒါကိုမြင်တွေ့ရသောအခါ ကောတာလဲ့ အူလှိုက်သည်းလှိုက်ရယ်မောသည်။
"ကျယ်ပြန့်လိုက်တဲ့နတ်ဆိုးစွမ်းအား၊ မင်းရဲ့နတ်ဆိုးစွမ်းအားက ပိုအားကောင်းသလား ဒါမှမဟုတ် ငါ့ရဲ့အာဏာရှင်ဆန်တဲ့ ဆေဘာဆန္ဒက ပိုကောင်းသလားဆိုတာ ငါတို့မြင်ရမှာပါ"
ဒီစကားလုံးများကျသွားသည့်အခိုက်အတန့်၌ ရှောင်ဟိုက်၏လက်သီးက ကောတာလဲ့၏မျက်သူငယ်အိမ်ထဲတွင် အဆုံးမဲ့ကျယ်ပြန့်လာသည်။
ရုတ်ချည်းဆိုသလို ကောတာလဲ့ ဆေဘာဓားကိုဆုပ်ကိုင်ကာ ထိုးနှက်လိုက်၏။
သွေးရောင်အရိပ်အစက်အပျောက်များကို ဆွဲယူသွားရင်း ဆေဘာဓားက ရှောင်ဟိုင့်လက်သီးနှင့် မိုးကြိုးပစ်ခတ်သည့်အလား တိုက်မိသည်။
ဂျုန်းခနဲမြည်သံနှင့်အတူ ရှောင်ဟိုင်နှင့် ကောတာခဲ့အထက်တွင် နတ်ဆိုးစွမ်းအားနှင့် သွေးရောင်ဆေဘာအလင်းလှိုင်းများက မှောင်မိုက်နေသည့်နေရာတစ်ခုလုံးကို ခွဲခြမ်းပစ်ပုံရသည်။ နှစ်ခုစလုံးက တူညီစွာပင် အာဏာရှင်ဆန်ကြပြီး အားနည်းချက်ကို ပြသရန်ဆန္ဒရှိဘဲ အဆက်မပြတ်တိုက်မိနေကြ၏။
သဲများကလွင့်ပျံသွားပြီး ကျောက်တုံးများက လွင့်စင်ကာ မှေးမှိန်သည့်တိမ်များက ပျံ့သွားသည်။
ကောတာလဲ့ သွေးရောင်ဆေဘာဓားကို လက်နှစ်ဖက်နှင့်ကိုင်ထားပြီး ရှေ့သို့ကိုင်းကာ သူ့မျက်နှာကို ရှောင်ဟိုင်အနားသို့ ယူဆောင်သွားရင်း ပြုံးသည်။
"ငါ့ရဲ့ဓားချက်ကို မင်းခန္ဓာနဲ့ရင်ဆိုင်ရဲတယ်ဆိုတာ မင်းနဲ့ရွယ်တူတွေထဲမှာ မင်းက ပထမဆုံးပဲ၊ တကယ်ကို အထင်ကြီးစရာ ကောင်းပါပေတယ်"
ရှောင်ဟိုင်ကလည်း အားကျမခံရှေ့သို့ ညွတ်ပြီး သူ့မျက်နှာတွင်လည်း အလားတူ ရူးသွပ်သည့်ရယ်မောသံတစ်ခုပေါ်လာကာ လက်သီးပေါ်က အရိုးတမျှနက်ရှိုင်းသည့်ဒဏ်ရာများနှင့်အတူ ဆေဘာဓားက အရိုးများကို ပွတ်တိုက်နေသည့်တိုင် သူရိုင်းစိုင်းသည့်ရယ်မောသံကို ထုတ်လွှတ်ဆဲပင်။
"ဒါဆို ဆက်တိုက်ကြရအောင်"
ကောတာလဲ့က ရှောင်ဟိုင်နှင့်တိုက်ခိုက်ရတာကို သဘောကျသည်မှာ ရှင်းနေသည်။
ကောတာလဲ့ခေါင်းခါယမ်းရင်း ရယ်မောသည်။
"ဒီဓားချက်အပြီး နောက်တစ်ကြိမ်ဆိုရင် ငါ့မှာခွန်အားအများကြီးရှိမှာ မဟုတ်တော့ဘူး"
ထိုသို့ဆိုပြီးနောက် သူဆေဘာဓားကို ပြန်ရုပ်သိမ်းလိုက်စဉ် သွေးရောင်ခြည်ကလည်း လျင်မြန်စွာ မှေးမှိန်သွား၏။
အသက်ပြင်းပြင်းရှုရင်း ကောတာလဲ့ပြောသည်။
"မင်းခေးအောစ့်နယ်မြေကို လာတဲ့အခါကျရင် ငါတို့တိုက်ပွဲကောင်းတစ်ခု ဆင်နွှဲကြတာပေါ့"
ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်သည်။
"မင်းထပ်ပြီးယှဉ်မပြိုင်တော့ဘူးလား"
ကောတာလဲ့ ထန်ကျုံ့ကျောက်ကို စိုက်ကြည့်သည်။
"မင်းသူနဲ့ပူးပေါင်းလိုက်ပြီဆိုတော့ မင်းတို့နှစ်ယောက်ကို ငါဘာမှမလုပ်နိုင်တော့ပါဘူး၊ ဘာပဲဆိုဆို ဒီနှစ်နေရာကို မင်းတို့ယူလို့ရတယ်၊ အခုအရှုံးသမားတွေ စောစော ထွက်သွားရမယ့်အချိန်ပဲ"
ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူရှင်းလင်းစွာပင် ကြေညာလိုက်လေသည်။
"ငါအရှုံးကို ၀န်ခံတယ်"
အပိုင်း(1264) coming။